מלכים א 8
Hebrew Old Testament, word by word (STEPBible TAHOT)Original language
Hebrew Old Testament, word by word (STEPBible TAHOT)
Judson Burmese Bible (1840)
1אָ֣ז יַקְהֵ֣ל שְׁלֹמֹ֣ה אֶת־זִקְנֵ֣י יִשְׂרָאֵ֡ל אֶת־כָּל־רָאשֵׁ֣י הַמַּטּוֹת֩ נְשִׂיאֵ֨י הָאָב֜וֹת לִבְנֵ֧י יִשְׂרָאֵ֛ל אֶל־הַמֶּ֥לֶךְ שְׁלֹמֹ֖ה יְרוּשָׁלִָ֑ם לְֽהַעֲל֞וֹת אֶת־אֲר֧וֹן בְּרִית־יְהוָ֛ה מֵעִ֥יר דָּוִ֖ד הִ֥יא צִיּֽוֹן׃
1ထိုအခါ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ဇိအုန် မည်သော ဒါဝိဒ် မြို့ မှ ဆောင် ခဲ့ လိုသောငှါ ၊ ရှောလမုန် သည် ဣသရေလ အမျိုးအသက်ကြီး သူအပေါင်းတို့နှင့် ဣသရေလ အဆွေအမျိုးအသီးအသီး ကို အုပ်သော ခေါင်း မင်း အပေါင်း တို့ကို ယေရုရှလင် မြို့၊ ရှင်ဘုရင် ထံ သို့ခေါ် တော်မူသည်အတိုင်း၊
2וַיִּקָּ֨הֲל֜וּ אֶל־הַמֶּ֤לֶךְ שְׁלֹמֹה֙ כָּל־אִ֣ישׁ יִשְׂרָאֵ֔ל בְּיֶ֥רַח הָאֵֽתָנִ֖ים בֶּחָ֑ג ה֖וּא הַחֹ֥דֶשׁ הַשְּׁבִיעִֽי׃
2ဣသရေလ လူ အပေါင်း တို့သည် ဧသနိမ် အမည် ရှိသောသတ္တမ လ ၌လုပ်သောပွဲ အတွင်း တွင် ရှောလမုန် မင်းကြီး ထံ သို့စုဝေး ရောက်လာကြ၏။
3וַיָּבֹ֕אוּ כֹּ֖ל זִקְנֵ֣י יִשְׂרָאֵ֑ל וַיִּשְׂא֥וּ הַכֹּהֲנִ֖ים אֶת־הָאָרֽוֹן׃
3ဣသရေလ အမျိုးတွင် အသက်ကြီး သူအပေါင်း တို့သည်လာ ၍ ၊ ယဇ် ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ သေတ္တာ တော်ကို ထမ်း လျက်၊
4וַֽיַּעֲל֞וּ אֶת־אֲר֤וֹן יְהוָה֙ וְאֶת־אֹ֣הֶל מוֹעֵ֔ד וְאֶֽת־כָּל־כְּלֵ֥י הַקֹּ֖דֶשׁ אֲשֶׁ֣ר בָּאֹ֑הֶל וַיַּעֲל֣וּ אֹתָ֔ם הַכֹּהֲנִ֖ים וְהַלְוִיִּֽם׃
4ပရိသတ်စည်းဝေး ရာ တဲ တော်၊ တဲ တော်နှင့် ဆိုင်၍ သန့်ရှင်း သော တန်ဆာ အလုံးစုံ တို့ကို ယဇ် ပုရောဟိတ်များနှင့် လေဝိ သားများတို့သည် ဆောင် ခဲ့ကြ၏။
5וְהַמֶּ֣לֶךְ שְׁלֹמֹ֗ה וְכָל־עֲדַ֤ת יִשְׂרָאֵל֙ הַנּוֹעָדִ֣ים עָלָ֔יו אִתּ֖וֹ לִפְנֵ֣י הָֽאָר֑וֹן מְזַבְּחִים֙ צֹ֣אן וּבָקָ֔ר אֲשֶׁ֧ר לֹֽא־יִסָּפְר֛וּ וְלֹ֥א יִמָּנ֖וּ מֵרֹֽב׃
5ရှောလမုန် မင်းကြီး မှစ၍ စည်းဝေး သော ဣသရေလ ပရိသတ် အပေါင်း တို့သည် မ ရေတွက် နိုင်။ အတိုင်း မ သိများစွာ သော သိုး နွား တို့ကို သေတ္တာ တော်ရှေ့ မှာ ယဇ် ပူဇော်ကြ၏။
6וַיָּבִ֣אוּ הַ֠כֹּהֲנִים אֶת־אֲר֨וֹן בְּרִית־יְהוָ֧ה אֶל־מְקוֹמ֛וֹ אֶל־דְּבִ֥יר הַבַּ֖יִת אֶל־קֹ֣דֶשׁ הַקֳּדָשִׁ֑ים אֶל־תַּ֖חַת כַּנְפֵ֥י הַכְּרוּבִֽים׃
6ယဇ် ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို အိမ်တော်အတွင်းသို့သွင်း၍၊ အလွန်သန့်ရှင်း ရာဌာနတည်းဟူသောဗျာဒိတ် ဌာနတော် ထဲ မှာ ခေရုဗိမ် အတောင် တို့အောက် ၊ သူ့ နေရာ ၌ ထား ကြ ၏။
7כִּ֤י הַכְּרוּבִים֙ פֹּרְשִׂ֣ים כְּנָפַ֔יִם אֶל־מְק֖וֹם הָֽאָר֑וֹן וַיָּסֹ֧כּוּ הַכְּרֻבִ֛ים עַל־הָאָר֥וֹן וְעַל־בַּדָּ֖יו מִלְמָֽעְלָה׃
7ခေရုဗိမ် တို့သည် မိမိအတောင် နှစ်ဘက်ကို သေတ္တာ တော်နေရာ အပေါ် မှာဖြန့် ၍ ၊ သေတ္တာ တော်နှင့် ထမ်းဘိုး တို့ကို လွှမ်းမိုး လျက် ရှိကြ၏။
8וַֽיַּאֲרִכוּ֮ הַבַּדִּים֒ וַיֵּרָאוּ֩ רָאשֵׁ֨י הַבַּדִּ֤ים מִן־הַקֹּ֙דֶשׁ֙ עַל־פְּנֵ֣י הַדְּבִ֔יר וְלֹ֥א יֵרָא֖וּ הַח֑וּצָה וַיִּ֣הְיוּ שָׁ֔ם עַ֖ד הַיּ֥וֹם הַזֶּֽה׃
8ထမ်းဘိုး တို့ကို ဆွဲထား သဖြင့် ထမ်းဘိုး ဖျား တို့ သည် ပြင် ခန်း၌ မ ထင်။ သန့်ရှင်း ရာဌာန၊ ဗျာဒိတ် ဌာန တော်၌ သာထင် ၍ ယနေ့ တိုင်အောင် ရှိ ကြ၏။
9אֵ֚ין בָּֽאָר֔וֹן רַ֗ק שְׁנֵי֙ לֻח֣וֹת הָאֲבָנִ֔ים אֲשֶׁ֨ר הִנִּ֥חַ שָׁ֛ם מֹשֶׁ֖ה בְּחֹרֵ֑ב אֲשֶׁ֨ר כָּרַ֤ת יְהוָה֙ עִם־בְּנֵ֣י יִשְׂרָאֵ֔ל בְּצֵאתָ֖ם מֵאֶ֥רֶץ מִצְרָֽיִם׃
9ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် မှ ထွက် ၍၊ ထာဝရဘုရား သည် သူတို့နှင့် ပဋိညာဉ် ဖွဲ့တော်မူသောအခါ ၊ မောရှေ သည် ဟောရပ် အရပ်၌ ရှိစဉ် သွင်း ထား သော ကျောက်ပြား နှစ် ပြားမှတပါး သေတ္တာ တော်ထဲ ၌ အဘယ် အရာမျှမရှိ။
10וַיְהִ֕י בְּצֵ֥את הַכֹּהֲנִ֖ים מִן־הַקֹּ֑דֶשׁ וְהֶעָנָ֥ן מָלֵ֖א אֶת־בֵּ֥ית יְהוָֽה׃
10ယဇ် ပုရောဟိတ်တို့သည် သန့်ရှင်း ရာ ဌာနထဲက ထွက် ကြသောအခါ ၊ ထာဝရဘုရား ၏ အိမ် တော်သည် မိုဃ်းတိမ် နှင့်ပြည့် ၏။
11וְלֹֽא־יָכְל֧וּ הַכֹּהֲנִ֛ים לַעֲמֹ֥ד לְשָׁרֵ֖ת מִפְּנֵ֥י הֶֽעָנָ֑ן כִּי־מָלֵ֥א כְבוֹד־יְהוָ֖ה אֶת־בֵּ֥ית יְהוָֽה׃ פ
11ထိုသို့ ထာဝရဘုရား ၏ အိမ် တော်သည် ဘုန်း တော်နှင့်ပြည့် လျက်၊ မိုဃ်းတိမ် တော်ကြောင့် ယဇ် ပုရောဟိတ်တို့သည် အမှု တော်ကို ဆောင်ရွက်လျက် ရပ် ၍ မ နေနိုင် ကြ။
12אָ֖ז אָמַ֣ר שְׁלֹמֹ֑ה יְהוָ֣ה אָמַ֔ר לִשְׁכֹּ֖ן בָּעֲרָפֶֽל׃
12ရှောလမုန် ကလည်း၊ ထာဝရဘုရား သည် ထူထပ် သော မှောင်မိုက်ထဲမှာ နေ တော်မူသည်ဟု စကား တော်ရှိ၏။
13בָּנֹ֥ה בָנִ֛יתִי בֵּ֥ית זְבֻ֖ל לָ֑ךְ מָכ֥וֹן לְשִׁבְתְּךָ֖ עוֹלָמִֽים׃
13အကယ်စင်စစ်ကိုယ်တော် ကျိန်းဝပ် တော်မူရာ အိမ် ၊ အစဉ်အမြဲ နေ တော်မူရာ ဌာန တော်ကို အကျွန်ုပ် တည်ဆောက် ပါပြီဟု မြွက်ဆို ၏။
14וַיַּסֵּ֤ב הַמֶּ֙לֶךְ֙ אֶת־פָּנָ֔יו וַיְבָ֕רֶךְ אֵ֖ת כָּל־קְהַ֣ל יִשְׂרָאֵ֑ל וְכָל־קְהַ֥ל יִשְׂרָאֵ֖ל עֹמֵֽד׃
14တဖန် ရှင် ဘုရင်သည် လှည့် ကြည့်၍ ဣသရေလ အမျိုး ပရိသတ် အပေါင်း ကို ကောင်းကြီး ပေးတော်မူ၏။ ဣသရေလ အမျိုးပရိသတ် အပေါင်း တို့သည် မတ်တပ် နေကြ၏။
15וַיֹּ֗אמֶר בָּר֤וּךְ יְהוָה֙ אֱלֹהֵ֣י יִשְׂרָאֵ֔ל אֲשֶׁר֙ דִּבֶּ֣ר בְּפִ֔יו אֵ֖ת דָּוִ֣ד אָבִ֑י וּבְיָד֥וֹ מִלֵּ֖א לֵאמֹֽר׃
15ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ဗျာဒိတ်တော်စကားဟူမူကား၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် သော နေ့ ကစ၍ ငါ့ နာမ တည်ရာ အိမ် ကိုဆောက် စေခြင်းငှါ ၊ ဣသရေလ ခရိုင် များတို့တွင်မြို့ တစုံတမြို့ ကို ငါမ ရွေး သေးသော်လည်း၊
16מִן־הַיּ֗וֹם אֲשֶׁ֨ר הוֹצֵ֜אתִי אֶת־עַמִּ֣י אֶת־יִשְׂרָאֵל֮ מִמִּצְרַיִם֒ לֹֽא־בָחַ֣רְתִּי בְעִ֗יר מִכֹּל֙ שִׁבְטֵ֣י יִשְׂרָאֵ֔ל לִבְנ֣וֹת בַּ֔יִת לִהְי֥וֹת שְׁמִ֖י שָׁ֑ם וָאֶבְחַ֣ר בְּדָוִ֔ד לִֽהְי֖וֹת עַל־עַמִּ֥י יִשְׂרָאֵֽל׃
16ငါ ၏လူ ဣသရေလ အမျိုးသားတို့ကိုအုပ်စိုး စေခြင်းငှါ ၊ ဒါဝိဒ် ကို ငါရွေး ပြီဟု ငါ့ ခမည်းတော် ဒါဝိဒ် အား ဗျာဒိတ် တော်ရှိသည်အတိုင်းပြုတော်မူသော ဣသရေလ အမျိုး၏ဘုရားသခင် ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။
17וַיְהִ֕י עִם־לְבַ֖ב דָּוִ֣ד אָבִ֑י לִבְנ֣וֹת בַּ֔יִת לְשֵׁ֥ם יְהוָ֖ה אֱלֹהֵ֥י יִשְׂרָאֵֽל׃
17ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် ခြင်းငှါ ၊ ငါ့ ခမည်းတော် ဒါဝိဒ် သည် အကြံ ရှိ သောအခါ၊
18וַיֹּ֤אמֶר יְהוָה֙ אֶל־דָּוִ֣ד אָבִ֔י יַ֗עַן אֲשֶׁ֤ר הָיָה֙ עִם־לְבָ֣בְךָ֔ לִבְנ֥וֹת בַּ֖יִת לִשְׁמִ֑י הֱטִיבֹ֔תָ כִּ֥י הָיָ֖ה עִם־לְבָבֶֽךָ׃
18ထာဝရဘုရား က၊ သင် သည် ငါ့ နာမ အဘို့ အိမ် တော်တည်ဆောက် ခြင်းငှါ အကြံ ရှိ သောကြောင့် ကောင်း သောအမှုကို ပြုပြီ။
19רַ֣ק אַתָּ֔ה לֹ֥א תִבְנֶ֖ה הַבָּ֑יִת כִּ֤י אִם־בִּנְךָ֙ הַיֹּצֵ֣א מֵחֲלָצֶ֔יךָ הֽוּא־יִבְנֶ֥ה הַבַּ֖יִת לִשְׁמִֽי׃
19သို့သော်လည်း သင် သည် အိမ် တော်ကို မ ဆောက် ရ။ သင် ၏သားရင်း သည် ငါ့ နာမ အဘို့ အိမ် တော်ကို ဆောက် ရမည်ဟု ငါ့ ခမည်းတော် ဒါဝိဒ် အား မိန့် တော်မူ၏။
20וַיָּ֣קֶם יְהוָ֔ה אֶת־דְּבָר֖וֹ אֲשֶׁ֣ר דִּבֵּ֑ר וָאָקֻ֡ם תַּחַת֩ דָּוִ֨ד אָבִ֜י וָאֵשֵׁ֣ב עַל־כִּסֵּ֣א יִשְׂרָאֵ֗ל כַּֽאֲשֶׁר֙ דִּבֶּ֣ר יְהוָ֔ה וָאֶבְנֶ֣ה הַבַּ֔יִת לְשֵׁ֥ם יְהוָ֖ה אֱלֹהֵ֥י יִשְׂרָאֵֽל׃
20ထာဝရဘုရား သည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့်၊ ငါသည် ငါ့ ခမည်းတော် ဒါဝိဒ် ၏ အရိပ်အရာကိုခံရ ၍၊ ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ဣသရေလ နိုင်ငံ၏ ရာဇပလ္လင် ပေါ်မှာ ထိုင် လျက်၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော်ကို တည်ဆောက် လေပြီ။
21וָאָשִׂ֨ם שָׁ֤ם מָקוֹם֙ לָֽאָר֔וֹן אֲשֶׁר־שָׁ֖ם בְּרִ֣ית יְהוָ֑ה אֲשֶׁ֤ר כָּרַת֙ עִם־אֲבֹתֵ֔ינוּ בְּהוֹצִיא֥וֹ אֹתָ֖ם מֵאֶ֥רֶץ מִצְרָֽיִם׃ ס
21ငါ တို့ ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ ၊ ထာဝရဘုရား နှုတ်ဆောင် သောအခါ ၊ သူ တို့နှင့် ဖွဲ့ တော်မူသော ပဋိညာဉ် ကျောက်စာပါသော သေတ္တာ တော်ထားရာအရပ် ကို ထို အိမ်တော်၌ လုပ် လေပြီဟု မြွက်ဆို၏။
22וַיַּעֲמֹ֣ד שְׁלֹמֹ֗ה לִפְנֵי֙ מִזְבַּ֣ח יְהוָ֔ה נֶ֖גֶד כָּל־קְהַ֣ל יִשְׂרָאֵ֑ל וַיִּפְרֹ֥שׂ כַּפָּ֖יו הַשָּׁמָֽיִם׃
22တဖန် ရှောလမုန် သည် ထာဝရဘုရား ၏ ယဇ် ပလ္လင် ရှေ့ ၊ ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ အလယ်မှာ နေ ၍ ၊ လက်ဝါး တို့ကို ကောင်းကင် သို့ ဖြန့် လျက်၊
23וַיֹּאמַ֗ר יְהוָ֞ה אֱלֹהֵ֤י יִשְׂרָאֵל֙ אֵין־כָּמ֣וֹךָ אֱלֹהִ֔ים בַּשָּׁמַ֣יִם מִמַּ֔עַל וְעַל־הָאָ֖רֶץ מִתָּ֑חַת שֹׁמֵ֤ר הַבְּרִית֙ וְֽהַחֶ֔סֶד לַעֲבָדֶ֕יךָ הַהֹלְכִ֥ים לְפָנֶ֖יךָ בְּכָל־לִבָּֽם׃
23အို ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၊ အထက် ကောင်းကင် ဘုံနှင့်အောက် အရပ်မြေကြီး ပေါ် မှာ ကိုယ်တော် နှင့် တူသော ဘုရား တဆူမျှမ ရှိပါ။ ရှေ့ တော်၌ စိတ် နှလုံးအကြွင်းမဲ့ ကျင့် သော ကိုယ်တော် ၏ ကျွန် တို့အဘို့ ပဋိညာဉ် တရားနှင့် ကရုဏာ တရားကို စောင့်ရှောက် တော်မူပြီ။
24אֲשֶׁ֣ר שָׁמַ֗רְתָּ לְעַבְדְּךָ֙ דָּוִ֣ד אָבִ֔י אֵ֥ת אֲשֶׁר־דִּבַּ֖רְתָּ ל֑וֹ וַתְּדַבֵּ֥ר בְּפִ֛יךָ וּבְיָדְךָ֥ מִלֵּ֖אתָ כַּיּ֥וֹם הַזֶּֽה׃
24အကျွန်ုပ် အဘ ဒါဝိဒ် ၌ ထားတော်မူသောဂတိတော် ကိုမဖျက် ၊ မိန့်တော်မူသည်အတိုင်း ယနေ့ ပြု တော်မူပြီ။
25וְעַתָּ֞ה יְהוָ֣ה׀ אֱלֹהֵ֣י יִשְׂרָאֵ֗ל שְׁ֠מֹר לְעַבְדְּךָ֨ דָוִ֤ד אָבִי֙ אֵת֩ אֲשֶׁ֨ר דִּבַּ֤רְתָּ לּוֹ֙ לֵאמֹ֔ר לֹא־יִכָּרֵ֨ת לְךָ֥ אִישׁ֙ מִלְּפָנַ֔י יֹשֵׁ֖ב עַל־כִּסֵּ֣א יִשְׂרָאֵ֑ל רַ֠ק אִם־יִשְׁמְר֨וּ בָנֶ֤יךָ אֶת־דַּרְכָּם֙ לָלֶ֣כֶת לְפָנַ֔י כַּאֲשֶׁ֥ר הָלַ֖כְתָּ לְפָנָֽי׃
25အို ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်က၊ သင်သည် ငါ့ ရှေ့ မှာကျင့် သကဲ့သို့ သင် ၏သား မြေးတို့သည် ငါ့ ရှေ့ မှာ ကျင့် လိုသောငှါ ၊ မိမိ တို့ သွားရာလမ်း ကို သတိပြု လျှင် ၊ ငါ့ မျက်မှောက် ၌ ဣသရေလ နိုင်ငံ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် ရသောသင် ၏ အမျိုး မင်းရိုးမ ပြတ် ရဟု ကိုယ်တော် ကျွန် အကျွန်ုပ် အဘ ဒါဝိဒ် ၌ ထားတော်မူသောဂတိ တော်ကို ယခု စောင့် တော်မူ ပါ။
26וְעַתָּ֖ה אֱלֹהֵ֣י יִשְׂרָאֵ֑ל יֵאָ֤מֶן נָא֙ דְּבָ֣רְךָ֔ אֲשֶׁ֣ר דִּבַּ֔רְתָּ לְעַבְדְּךָ֖ דָּוִ֥ד אָבִֽי׃
26အို ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော် ကျွန် အကျွန်ုပ် အဘ ဒါဝိဒ် အား မိန့် တော်မူသော စကား တော်ကို ယခု ပြည့်စုံ စေတော်မူပါ။
27כִּ֚י הַֽאֻמְנָ֔ם יֵשֵׁ֥ב אֱלֹהִ֖ים עַל־הָאָ֑רֶץ הִ֠נֵּה הַשָּׁמַ֜יִם וּשְׁמֵ֤י הַשָּׁמַ֙יִם֙ לֹ֣א יְכַלְכְּל֔וּךָ אַ֕ף כִּֽי־הַבַּ֥יִת הַזֶּ֖ה אֲשֶׁ֥ר בָּנִֽיתִי׃
27သို့ရာတွင် ဘုရားသခင် သည် မြေကြီး ပေါ် မှာ ဧကန် အမှန်ကျိန်းဝပ် တော်မူမည်လော။ ကောင်းကင် နှင့် ကောင်းကင် တကာတို့၏ အထွဋ်အမြင့်ဆုံးသော ကောင်းကင် သည် ကိုယ်တော် ကို မ ဆံ့ မခံနိုင်သည် ဖြစ်၍၊ အကျွန်ုပ်တည်ဆောက် သော ဤ အိမ် ကို အဘယ် ဆိုဘွယ်ရာရှိပါသနည်း။
28וּפָנִ֜יתָ אֶל־תְּפִלַּ֧ת עַבְדְּךָ֛ וְאֶל־תְּחִנָּת֖וֹ יְהוָ֣ה אֱלֹהָ֑י לִשְׁמֹ֤עַ אֶל־הָֽרִנָּה֙ וְאֶל־הַתְּפִלָּ֔ה אֲשֶׁ֧ר עַבְדְּךָ֛ מִתְפַּלֵּ֥ל לְפָנֶ֖יךָ הַיּֽוֹם׃
28သို့သော်လည်း အိုအကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော် ကျွန် သည် ရှေ့ တော်၌ ယနေ့ ကြွေးကြော် လျက် ပဌနာ ပြု၍ တောင်းလျှောက် သော စကားကို နားခံ နာယူတော်မူပါ။
29לִהְיוֹת֩ עֵינֶ֨ךָ פְתֻח֜וֹת אֶל־הַבַּ֤יִת הַזֶּה֙ לַ֣יְלָה וָי֔וֹם אֶל־הַ֨מָּק֔וֹם אֲשֶׁ֣ר אָמַ֔רְתָּ יִהְיֶ֥ה שְׁמִ֖י שָׁ֑ם לִשְׁמֹ֙עַ֙ אֶל־הַתְּפִלָּ֔ה אֲשֶׁ֣ר יִתְפַּלֵּ֣ל עַבְדְּךָ֔ אֶל־הַמָּק֖וֹם הַזֶּֽה׃
29ဤမည်သောအရပ် ၌ ငါ့ နာမ တည် ရမည်ဟု မိန့် တော်မူသည်အတိုင်း၊ ဤအရပ် ဌာနနှင့် ဤ အိမ် တော်ကို နေ့ ညဉ့် မပြတ် ကြည့်ရှု၍၊ ကိုယ်တော် ကျွန် သည် ဤ အရပ် ဌာန၌ ဆုတောင်း သော စကား ကို နားထောင် တော်မူပါ။
30וְשָׁ֨מַעְתָּ֜ אֶל־תְּחִנַּ֤ת עַבְדְּךָ֙ וְעַמְּךָ֣ יִשְׂרָאֵ֔ל אֲשֶׁ֥ר יִֽתְפַּֽלְל֖וּ אֶל־הַמָּק֣וֹם הַזֶּ֑ה וְ֠אַתָּה תִּשְׁמַ֞ע אֶל־מְק֤וֹם שִׁבְתְּךָ֙ אֶל־הַשָּׁמַ֔יִם וְשָׁמַעְתָּ֖ וְסָלָֽחְתָּ׃
30ကိုယ်တော် ကျွန် မှစ၍ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ဤ အရပ် ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ ၊ ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် ၍ အပြစ် မှလွှတ်တော်မူပါ။
31אֵת֩ אֲשֶׁ֨ר יֶחֱטָ֥א אִישׁ֙ לְרֵעֵ֔הוּ וְנָֽשָׁא־ב֥וֹ אָלָ֖ה לְהַֽאֲלֹת֑וֹ וּבָ֗א אָלָ֛ה לִפְנֵ֥י מִֽזְבַּחֲךָ֖ בַּבַּ֥יִת הַזֶּֽה׃
31လူ သည် မိမိ အိမ်နီးချင်း ကို ပြစ်မှား သောကြောင့် ၊ အကျိန် ခံရမည်ဟု အိမ်နီးချင်းဆိုလျက်၊ ဤ အိမ် တော်၌ ကိုယ်တော် ၏ယဇ် ပလ္လင်ရှေ့ မှာ အကျိန် တိုက်လျှင်၊
32וְאַתָּ֣ה׀ תִּשְׁמַ֣ע הַשָּׁמַ֗יִם וְעָשִׂ֙יתָ֙ וְשָׁפַטְתָּ֣ אֶת־עֲבָדֶ֔יךָ לְהַרְשִׁ֣יעַ רָשָׁ֔ע לָתֵ֥ת דַּרְכּ֖וֹ בְּרֹאשׁ֑וֹ וּלְהַצְדִּ֣יק צַדִּ֔יק לָ֥תֶת ל֖וֹ כְּצִדְקָתֽוֹ׃ ס
32ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။ မ တရားသောသူသည် မိမိ အပြစ်နှင့်အလျောက်ရှုံး စေခြင်းငှါ ၎င်း ၊ ဖြောင့်မတ် သောသူသည် မိမိ ဖြောင့်မတ် ခြင်း နှင့်အလျောက် အကျိုးကိုခံရ ၍ အပြစ် မှလွတ်စေခြင်းငှါ ၎င်း၊ ကိုယ်တော် ကျွန် တို့ကို တရား စီရင်တော်မူပါ။
33בְּֽהִנָּגֵ֞ף עַמְּךָ֧ יִשְׂרָאֵ֛ל לִפְנֵ֥י אוֹיֵ֖ב אֲשֶׁ֣ר יֶחֶטְאוּ־לָ֑ךְ וְשָׁ֤בוּ אֵלֶ֙יךָ֙ וְהוֹד֣וּ אֶת־שְׁמֶ֔ךָ וְהִֽתְפַּֽלְל֧וּ וְהִֽתְחַנְּנ֛וּ אֵלֶ֖יךָ בַּבַּ֥יִת הַזֶּֽה׃
33ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော် ကို ပြစ်မှား သောအပြစ်ကြောင့် ရန်သူ ရှေ့ မှာ ရှုံး ရသောအခါ ၊ ကိုယ်တော် ထံသို့ ပြန် လာ၍ ၊ နာမ တော်ကိုဝန်ခံ လျက် ၊ ဤ အိမ် တော်ကို မှီခို လျက် ဆုတောင်း ပဌနာပြုလျှင်၊
34וְאַתָּה֙ תִּשְׁמַ֣ע הַשָּׁמַ֔יִם וְסָ֣לַחְתָּ֔ לְחַטַּ֖את עַמְּךָ֣ יִשְׂרָאֵ֑ל וַהֲשֵֽׁבֹתָם֙ אֶל־הָ֣אֲדָמָ֔ה אֲשֶׁ֥ר נָתַ֖תָּ לַאֲבוֹתָֽם׃ ס
34ကောင်းကင် ဘုံ၌ နားထောင် ၍ ၊ ကိုယ်တော် ၏ လူ ဣသရေလ အမျိုးသားတို့ကို အပြစ် မှလွှတ် တော်မူပါ။ ဘိုးဘေး တို့အား ပေး သနားတော်မူသော ပြည် သို့ တဖန် ပို့ဆောင်တော်မူပါ။
35בְּהֵעָצֵ֥ר שָׁמַ֛יִם וְלֹא־יִהְיֶ֥ה מָטָ֖ר כִּ֣י יֶחֶטְאוּ־לָ֑ךְ וְהִֽתְפַּֽלְל֞וּ אֶל־הַמָּק֤וֹם הַזֶּה֙ וְהוֹד֣וּ אֶת־שְׁמֶ֔ךָ וּמֵחַטָּאתָ֥ם יְשׁוּב֖וּן כִּ֥י תַעֲנֵֽם׃
35ကိုယ်တော် ကို ပြစ်မှား သော အပြစ်ကြောင့် မိုဃ်း မ ရွာ၊ မိုဃ်းခေါင် သဖြင့် ကိုယ်တော်သည် ဆုံးမ တော်မူ သောအခါ ၊ သူတို့သည် ဤ အရပ် ဌာနတော်ကို မှီခိုလျက် ဆုတောင်း ၍ ၊ နာမ တော်ကိုဝန်ခံ လျက် မိမိ ဒုစရိုက် ကို စွန့်ပယ် လျှင်၊ 36ကောင်းကင် ဘုံ၌နားထောင် ၍ ၊ ကိုယ်တော် ၏ ကျွန် ၊ ကိုယ်တော် ၏လူ ဣသရေလ အမျိုးတို့ကို အပြစ် မှ လွှတ် တော်မူပါ။ သူတို့လိုက် ရသော လမ်း ကောင်း ကို ပြညွှန် ၍ ၊ ကိုယ်တော် ၏လူ တို့အား အမွေ ပေး သော မြေ ပေါ် မှာ မိုဃ်းရွာ စေတော်မူပါ။
36וְאַתָּ֣ה׀ תִּשְׁמַ֣ע הַשָּׁמַ֗יִם וְסָ֨לַחְתָּ֜ לְחַטַּ֤את עֲבָדֶ֙יךָ֙ וְעַמְּךָ֣ יִשְׂרָאֵ֔ל כִּ֥י תוֹרֵ֛ם אֶת־הַדֶּ֥רֶךְ הַטּוֹבָ֖ה אֲשֶׁ֣ר יֵֽלְכוּ־בָ֑הּ וְנָתַתָּ֤ה מָטָר֙ עַל־אַרְצְךָ֔ אֲשֶׁר־נָתַ֥תָּה לְעַמְּךָ֖ לְנַחֲלָֽה׃ ס
36ပြည် တော်၌ အစာအာဟာရခေါင်းပါး သော်၎င်း၊ လေ ထိ၍ အပင်သေသော်၎င်း၊ အရည် ယို၍ သေသော်၎င်း၊ အရာဘကျိုင်း ၊ ခါသိလ ကျိုင်း ကိုက်စားသော်၎င်း၊ ရန်သူ တိုက်လာ၍ မြို့ကို ဝိုင်းထား သော်၎င်း၊ ဘေးဥပဒ် ၊ အနာ ရောဂါတစုံတခု ရောက် သောအခါ၊
37רָעָ֞ב כִּֽי־יִהְיֶ֣ה בָאָ֗רֶץ דֶּ֣בֶר כִּֽי־יִ֠הְיֶה שִׁדָּפ֨וֹן יֵרָק֜וֹן אַרְבֶּ֤ה חָסִיל֙ כִּ֣י יִהְיֶ֔ה כִּ֧י יָֽצַר־ל֛וֹ אֹיְב֖וֹ בְּאֶ֣רֶץ שְׁעָרָ֑יו כָּל־נֶ֖גַע כָּֽל־מַחֲלָֽה׃
37ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားအချို့ တို့သည် အသီးအသီး ခံရသောဘေးဒဏ် ကိုသိ လျက်၊ ဤ အိမ် တော်သို့ မိမိ တို့လက်ဝါး ကို ဖြန့် ၍ ၊ တစုံတခု သောပဌနာ စကားအားဖြင့်ဆုတောင်း လျှင်၊
38כָּל־תְּפִלָּ֣ה כָל־תְּחִנָּ֗ה אֲשֶׁ֤ר תִֽהְיֶה֙ לְכָל־הָ֣אָדָ֔ם לְכֹ֖ל עַמְּךָ֣ יִשְׂרָאֵ֑ל אֲשֶׁ֣ר יֵדְע֗וּן אִ֚ישׁ נֶ֣גַע לְבָב֔וֹ וּפָרַ֥שׂ כַּפָּ֖יו אֶל־הַבַּ֥יִת הַזֶּֽה׃
38ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။
39וְ֠אַתָּה תִּשְׁמַ֨ע הַשָּׁמַ֜יִם מְכ֤וֹן שִׁבְתֶּ֙ךָ֙ וְסָלַחְתָּ֣ וְעָשִׂ֔יתָ וְנָתַתָּ֤ לָאִישׁ֙ כְּכָל־דְּרָכָ֔יו אֲשֶׁ֥ר תֵּדַ֖ע אֶת־לְבָב֑וֹ כִּֽי־אַתָּ֤ה יָדַ֙עְתָּ֙ לְבַדְּךָ֔ אֶת־לְבַ֖ב כָּל־בְּנֵ֥י הָאָדָֽם׃
39ဘိုးဘေး တို့အား ပေး သနားတော်မူသော ပြည် ၌ သူ တို့သည် အသက် ရှင်သော ကာလ ပတ်လုံးကိုယ်တော် ကို ကြောက်ရွံ ပါမည်အကြောင်း ၊ ကိုယ်တော် သာလျှင် လူ သတ္တဝါအပေါင်း တို့၏ စိတ် နှလုံးသဘောကို သိ တော်မူ သည်ဖြစ်၍ ၊ ဆုတောင်းသောသူတို့ ၏ စိတ် နှလုံးသဘောကိုသိ လျက်၊ သူတို့အပြစ်ကိုလွှတ် တော်မူပါ။ အသီးအသီး ပြုကြသည်အတိုင်း စီရင် တော်မူပါ။
40לְמַ֙עַן֙ יִֽרָא֔וּךָ כָּל־הַ֨יָּמִ֔ים אֲשֶׁר־הֵ֥ם חַיִּ֖ים עַל־פְּנֵ֣י הָאֲדָמָ֑ה אֲשֶׁ֥ר נָתַ֖תָּה לַאֲבֹתֵֽינוּ׃
40ကိုယ်တော် ၏လူ ဣသရေလ အမျိုးမ ဟုတ်၊ တပါး အမျိုးသားတို့သည် ကြီးမြတ် သော နာမ တော်၏ သိတင်းနှင့် တန်ခိုး ကြီး၍ ၊ ဆန့် တော်မူသောလက်ရုံး တော် ၏သိတင်းကိုကြား သောကြောင့်၊
41וְגַם֙ אֶל־הַנָּכְרִ֔י אֲשֶׁ֛ר לֹא־מֵעַמְּךָ֥ יִשְׂרָאֵ֖ל ה֑וּא וּבָ֛א מֵאֶ֥רֶץ רְחוֹקָ֖ה לְמַ֥עַן שְׁמֶֽךָ׃
41နာမ တော်ကိုထောက် သဖြင့် ဝေး သောပြည် မှ ရောက် လာ၍၊ ဤ အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင်၊
42כִּ֤י יִשְׁמְעוּן֙ אֶת־שִׁמְךָ֣ הַגָּד֔וֹל וְאֶת־יָֽדְךָ֙ הַֽחֲזָקָ֔ה וּֽזְרֹעֲךָ֖ הַנְּטוּיָ֑ה וּבָ֥א וְהִתְפַּלֵּ֖ל אֶל־הַבַּ֥יִת הַזֶּֽה׃
42ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော် ကို ကြောက်ရွံ့ သကဲ့သို့ မြေကြီး သား အပေါင်း တို့သည် ကြောက်ရွံ့လျက်၊ နာမ တော် ကို သိ စေခြင်းငှါ ၎င်း၊ အကျွန်ုပ်တည်ဆောက် သော ဤ အိမ် တော်ကို နာမ တော်ဖြင့် သမုတ် ကြောင်း ကို သိ စေခြင်းငှါ ၎င်း ၊ ထိုတပါး အမျိုးသားတို့သည် ဆုတောင်း သမျှ အတိုင်း ကျေးဇူးပြု တော်မူပါ။
43אַתָּ֞ה תִּשְׁמַ֤ע הַשָּׁמַ֙יִם֙ מְכ֣וֹן שִׁבְתֶּ֔ךָ וְעָשִׂ֕יתָ כְּכֹ֛ל אֲשֶׁר־יִקְרָ֥א אֵלֶ֖יךָ הַנָּכְרִ֑י לְמַ֣עַן יֵדְעוּן֩ כָּל־עַמֵּ֨י הָאָ֜רֶץ אֶת־שְׁמֶ֗ךָ לְיִרְאָ֤ה אֹֽתְךָ֙ כְּעַמְּךָ֣ יִשְׂרָאֵ֔ל וְלָדַ֕עַת כִּי־שִׁמְךָ֣ נִקְרָ֔א עַל־הַבַּ֥יִת הַזֶּ֖ה אֲשֶׁ֥ר בָּנִֽיתִי׃
43ကိုယ်တော်စေခိုင်း တော်မူသည်အတိုင်း ၊ ကိုယ်တော် ၏ လူ တို့သည် ရန်သူ တို့ရှိရာသို့ စစ်ချီ သောအခါ ၊ ရွေး တော်မူသော မြို့ ၊ နာမ တော်အဘို့ အကျွန်ုပ် တည်ဆောက် သော အိမ် တော်ကို မှီခိုလျက်၊ ထာဝရဘုရား အား ဆုတောင်း ကြလျှင်၊
44כִּי־יֵצֵ֨א עַמְּךָ֤ לַמִּלְחָמָה֙ עַל־אֹ֣יְב֔וֹ בַּדֶּ֖רֶךְ אֲשֶׁ֣ר תִּשְׁלָחֵ֑ם וְהִתְפַּֽלְל֣וּ אֶל־יְהוָ֗ה דֶּ֤רֶךְ הָעִיר֙ אֲשֶׁ֣ר בָּחַ֣רְתָּ בָּ֔הּ וְהַבַּ֖יִת אֲשֶׁר־בָּנִ֥תִי לִשְׁמֶֽךָ׃
44သူ တို့ ဆုတောင်း ပဌနာပြုသော စကားကို ကောင်းကင် ဘုံ၌ နားထောင် ၍ သူ တို့အမှု ကို စောင့် တော်မူ ပါ။
45וְשָׁמַעְתָּ֙ הַשָּׁמַ֔יִם אֶת־תְּפִלָּתָ֖ם וְאֶת־תְּחִנָּתָ֑ם וְעָשִׂ֖יתָ מִשְׁפָּטָֽם׃
45မ ပြစ်မှား တတ်သော လူ တယောက်မျှမ ရှိသည် ဖြစ်၍ ၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော် ကို ပြစ်မှား သောကြောင့် ၊ အမျက် တော်ထွက်၍ ရန်သူ လက်သို့ အပ် တော်မူသဖြင့် ၊ ရန်သူ တို့သည် ဝေး သောပြည်၊ နီး သောပြည် ၊ အခြားတပါးသောပြည်သို့ သိမ်း သွားလျှင်၎င်း၊
46כִּ֣י יֶֽחֶטְאוּ־לָ֗ךְ כִּ֣י אֵ֤ין אָדָם֙ אֲשֶׁ֣ר לֹא־יֶחֱטָ֔א וְאָנַפְתָּ֣ בָ֔ם וּנְתַתָּ֖ם לִפְנֵ֣י אוֹיֵ֑ב וְשָׁב֤וּם שֹֽׁבֵיהֶם֙ אֶל־אֶ֣רֶץ הָאוֹיֵ֔ב רְחוֹקָ֖ה א֥וֹ קְרוֹבָֽה׃
46ထိုပြည် ၌ အချုပ် ခံစဉ်၊ သူတို့သည် သတိရ ၍ ၊ အကျွန်ုပ်တို့သည် ပြစ်မှား ပါပြီ။ မ ဖြောင့်သောအမှု၊ ဆိုးညစ် သောအမှုကို ပြုမိပါပြီဟု စိတ် ပြောင်းလဲ ၍ တောင်းပန် သဖြင့်၊
47וְהֵשִׁ֙יבוּ֙ אֶל־לִבָּ֔ם בָּאָ֖רֶץ אֲשֶׁ֣ר נִשְׁבּוּ־שָׁ֑ם וְשָׁ֣בוּ׀ וְהִֽתְחַנְּנ֣וּ אֵלֶ֗יךָ בְּאֶ֤רֶץ שֹֽׁבֵיהֶם֙ לֵאמֹ֔ר חָטָ֥אנוּ וְהֶעֱוִ֖ינוּ רָשָֽׁעְנוּ׃
47သိမ်း သွားသော ရန်သူ တို့၏ ပြည် ၌ နေစဉ်၊ စိတ် နှလုံးအကြွင်းမဲ့ အထံ တော်သို့ပြန် လာ၍ ၊ ဘိုးဘေး တို့အား ပေး တော်မူသော ပြည် ၊ ရွေး တော်မူသော မြို့ ၊ နာမ တော်အဘို့ အကျွန်ုပ်တည်ဆောက် သော အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင် ၎င်း၊
48וְשָׁ֣בוּ אֵלֶ֗יךָ בְּכָל־לְבָבָם֙ וּבְכָל־נַפְשָׁ֔ם בְּאֶ֥רֶץ אֹיְבֵיהֶ֖ם אֲשֶׁר־שָׁב֣וּ אֹתָ֑ם וְהִֽתְפַּֽלְל֣וּ אֵלֶ֗יךָ דֶּ֤רֶךְ אַרְצָם֙ אֲשֶׁ֣ר נָתַ֣תָּה לַאֲבוֹתָ֔ם הָעִיר֙ אֲשֶׁ֣ר בָּחַ֔רְתָּ וְהַבַּ֖יִת אֲשֶׁר־בָּנִ֥יתִי לִשְׁמֶֽךָ׃
48သူ တို့ဆုတောင်း ပဌနာ ပြုသော စကားကို ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌နားထောင် ၍ သူ တို့ အမှု ကို စောင့် တော်မူပါ။
49וְשָׁמַעְתָּ֤ הַשָּׁמַ֙יִם֙ מְכ֣וֹן שִׁבְתְּךָ֔ אֶת־תְּפִלָּתָ֖ם וְאֶת־תְּחִנָּתָ֑ם וְעָשִׂ֖יתָ מִשְׁפָּטָֽם׃
49ကိုယ်တော် ၏လူ တို့သည် ကိုယ်တော် ကို ပြစ်မှား သော်လည်း ၊ ကိုယ်တော် ကို ပြစ်မှား လွန်ကျူးခြင်းအပြစ် အလုံးစုံ တို့ကို ဖြေရှင်း တော်မူပါ။ သိမ်း သွားသောသူတို့ သည် ကိုယ်တော်၏လူတို့ကို သနား စေခြင်းငှါ ၊ ကရုဏာ စိတ်သဘောကို ပေး တော်မူပါ။
50וְסָלַחְתָּ֤ לְעַמְּךָ֙ אֲשֶׁ֣ר חָֽטְאוּ־לָ֔ךְ וּלְכָל־פִּשְׁעֵיהֶ֖ם אֲשֶׁ֣ר פָּשְׁעוּ־בָ֑ךְ וּנְתַתָּ֧ם לְרַחֲמִ֛ים לִפְנֵ֥י שֹׁבֵיהֶ֖ם וְרִֽחֲמֽוּם׃
50အကြောင်း မူကား၊ သူ တို့သည် အဲဂုတ္တု ပြည်၏ သံ မီးဖို ထဲက နှုတ်ယူ တော်မူသော ကိုယ်တော် ၏လူ ၊ အမွေ ခံရတော်မူသောအမျိုးဖြစ်ပါ၏။
51כִּֽי־עַמְּךָ֥ וְנַחֲלָתְךָ֖ הֵ֑ם אֲשֶׁ֤ר הוֹצֵ֙אתָ֙ מִמִּצְרַ֔יִם מִתּ֖וֹךְ כּ֥וּר הַבַּרְזֶֽל׃
51ကိုယ်တော် ၏ ကျွန် မှစ၍ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားဆုတောင်း ပဌနာပြုသော စကား အလုံးစုံ တို့ကို နားထောင် ခြင်းငှါ ကြည့်ရှု မှတ်ယူတော်မူပါ။
52לִהְי֨וֹת עֵינֶ֤יךָ פְתֻחוֹת֙ אֶל־תְּחִנַּ֣ת עַבְדְּךָ֔ וְאֶל־תְּחִנַּ֖ת עַמְּךָ֣ יִשְׂרָאֵ֑ל לִשְׁמֹ֣עַ אֲלֵיהֶ֔ם בְּכֹ֖ל קָרְאָ֥ם אֵלֶֽיךָ׃
52အကြောင်း မူကား၊ အကျွန်ုပ် တို့ ဘိုးဘေး များကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသောအခါ ၊ ကိုယ်တော် ၏ ကျွန် မောရှေ အားဖြင့် မိန့် တော်မူသည်အတိုင်း ၊ ဣသရေလအမျိုးကို ကိုယ်တော် အမွေ ခံရာဖြစ်စေခြင်းငှါ ၊ မြေကြီး သားအမျိုးမျိုး ထဲက ရွေးနှုတ် ခွဲထားတော်မူပြီအရှင် ထာဝရဘုရား ဟု ပဌနာပြုလေ၏။
53כִּֽי־אַתָּ֞ה הִבְדַּלְתָּ֤ם לְךָ֙ לְֽנַחֲלָ֔ה מִכֹּ֖ל עַמֵּ֣י הָאָ֑רֶץ כַּאֲשֶׁ֨ר דִּבַּ֜רְתָּ בְּיַ֣ד׀ מֹשֶׁ֣ה עַבְדֶּ֗ךָ בְּהוֹצִיאֲךָ֧ אֶת־אֲבֹתֵ֛ינוּ מִמִּצְרַ֖יִם אֲדֹנָ֥י יְהוִֽה׃ פ
53ထိုသို့ ရှောလမုန် သည် ထာဝရဘုရား ရှေ့တော်၌ ဆုတောင်း ပဌနာပြု၍ ပြီး သောအခါ ၊ ထာဝရဘုရား ၏ ယဇ် ပလ္လင်ရှေ့ မှာ ဒူး ထောက် လျက်၊ လက်ဝါး တို့ကို ကောင်းကင် သို့ဖြန့် လျက်နေရာမှထ ၍၊
54וַיְהִ֣י׀ כְּכַלּ֣וֹת שְׁלֹמֹ֗ה לְהִתְפַּלֵּל֙ אֶל־יְהוָ֔ה אֵ֛ת כָּל־הַתְּפִלָּ֥ה וְהַתְּחִנָּ֖ה הַזֹּ֑את קָ֞ם מִלִּפְנֵ֨י מִזְבַּ֤ח יְהוָה֙ מִכְּרֹ֣עַ עַל־בִּרְכָּ֔יו וְכַפָּ֖יו פְּרֻשׂ֥וֹת הַשָּׁמָֽיִם׃
54မတ်တတ် နေပြီးလျှင် ၊ ဣသရေလ အမျိုး ပရိသတ် အပေါင်း တို့ကို ကျယ် သောအသံ နှင့် ကောင်းကြီး ပေးသော စကားဟူမူကား ၊
55וַֽיַּעְמֹ֕ד וַיְבָ֕רֶךְ אֵ֖ת כָּל־קְהַ֣ל יִשְׂרָאֵ֑ל ק֥וֹל גָּד֖וֹל לֵאמֹֽר׃
55ဂတိ တော်ရှိသမျှ အတိုင်း မိမိ လူ ဣသရေလ အမျိုးကို ငြိမ်ဝပ် စေခြင်းငှါစီရင် တော်မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။ မိမိ ကျွန် မောရှေ အားဖြင့် ထားတော်မူသော ဂတိ တော်ကောင်း တခွန်း မျှမ ပျက်၊
56בָּר֣וּךְ יְהוָ֗ה אֲשֶׁ֨ר נָתַ֤ן מְנוּחָה֙ לְעַמּ֣וֹ יִשְׂרָאֵ֔ל כְּכֹ֖ל אֲשֶׁ֣ר דִּבֵּ֑ר לֹֽא־נָפַ֞ל דָּבָ֣ר אֶחָ֗ד מִכֹּל֙ דְּבָר֣וֹ הַטּ֔וֹב אֲשֶׁ֣ר דִּבֶּ֔ר בְּיַ֖ד מֹשֶׁ֥ה עַבְדּֽוֹ׃
56ငါ တို့ဘုရားသခင် ထာဝရဘုရား သည် ငါ တို့ ဘိုးဘေး များနှင့်အတူ ရှိ တော်မူသည်နည်းတူ ငါ တို့နှင့်အတူ ရှိ တော်မူပါစေသော။ ငါ တို့ကို အလျှင်းစွန့်ပစ် တော် မ မူပါစေနှင့်။
57יְהִ֨י יְהוָ֤ה אֱלֹהֵ֙ינוּ֙ עִמָּ֔נוּ כַּאֲשֶׁ֥ר הָיָ֖ה עִם־אֲבֹתֵ֑ינוּ אַל־יַעַזְבֵ֖נוּ וְאַֽל־יִטְּשֵֽׁנוּ׃
57လမ်း တော်တို့သို့ လိုက် စေခြင်းငှါ ၎င်း၊ ဘိုးဘေး တို့အား မှာ ထားတော်မူသော စီရင် ထုံးဖွဲ့ချက်ပညတ် တရား တို့ကို စောင့်ရှောက် စေခြင်းငှါ ၎င်း၊ ငါ တို့စိတ် နှလုံးကို အထံ တော်သို့ သွေးဆောင် တော်မူပါစေသော။
58לְהַטּ֥וֹת לְבָבֵ֖נוּ אֵלָ֑יו לָלֶ֣כֶת בְּכָל־דְּרָכָ֗יו וְלִשְׁמֹ֨ר מִצְוֹתָ֤יו וְחֻקָּיו֙ וּמִשְׁפָּטָ֔יו אֲשֶׁ֥ר צִוָּ֖ה אֶת־אֲבֹתֵֽינוּ׃
58ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူကြောင်း ကို၎င်း၊ အခြား တပါးသော ဘုရားသခင်မ ရှိ ကြောင်းကို၎င်း၊ မြေကြီး သားအပေါင်း တို့သည် သိ ကြမည်အကြောင်း
59וְיִֽהְי֨וּ דְבָרַ֜י אֵ֗לֶּה אֲשֶׁ֤ר הִתְחַנַּ֙נְתִּי֙ לִפְנֵ֣י יְהוָ֔ה קְרֹבִ֛ים אֶל־יְהוָ֥ה אֱלֹהֵ֖ינוּ יוֹמָ֣ם וָלָ֑יְלָה לַעֲשׂ֣וֹת׀ מִשְׁפַּ֣ט עַבְדּ֗וֹ וּמִשְׁפַּ֛ט עַמּ֥וֹ יִשְׂרָאֵ֖ל דְּבַר־י֥וֹם בְּיוֹמֽוֹ׃
59ငါ တို့ဘုရားသခင် ထာဝရဘုရား သည် မိမိ ကျွန် နှင့် မိမိ လူ ဣသရေလ အမျိုးသားတို့၏အမှု ကို စောင့် စရာအကြောင်း ရှိသည်အတိုင်း၊
60לְמַ֗עַן דַּ֚עַת כָּל־עַמֵּ֣י הָאָ֔רֶץ כִּ֥י יְהוָ֖ה ה֣וּא הָאֱלֹהִ֑ים אֵ֖ין עֽוֹד׃
60အစဉ်စောင့်တော်မူ စေခြင်းငှါထာဝရဘုရား ရှေ့ တော်၌ ငါဆုတောင်း သော ဤ ပဌနာစကား သည် နေ့ ညဉ့်မပြတ်အနီး တော်၌ ရှိ ပါစေသော။
61וְהָיָ֤ה לְבַבְכֶם֙ שָׁלֵ֔ם עִ֖ם יְהוָ֣ה אֱלֹהֵ֑ינוּ לָלֶ֧כֶת בְּחֻקָּ֛יו וְלִשְׁמֹ֥ר מִצְוֹתָ֖יו כַּיּ֥וֹם הַזֶּֽה׃
61သင်တို့သည် ယနေ့ ကျင့်သကဲ့သို့ ၊ ငါ တို့ဘုရားသခင် ထာဝရဘုရား စီရင် တော်မူသောလမ်းသို့ လိုက် ၍ ပညတ် တရားတော်ကို စောင့်ရှောက် ခြင်းငှါ ၊ အထံတော်၌ စိတ်နှလုံးစုံလင် ပါစေသောဟု မြွက်ဆိုလေ၏။
62וְֽהַמֶּ֔לֶךְ וְכָל־יִשְׂרָאֵ֖ל עִמּ֑וֹ זֹבְחִ֥ים זֶ֖בַח לִפְנֵ֥י יְהוָֽה׃
62ထိုအခါ ရှောလမုန်မင်းကြီး နှင့်တကွ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပူဇော် ကြ၏။
63וַיִּזְבַּ֣ח שְׁלֹמֹ֗ה אֵ֣ת זֶ֣בַח הַשְּׁלָמִים֮ אֲשֶׁ֣ר זָבַ֣ח לַיהוָה֒ בָּקָ֗ר עֶשְׂרִ֤ים וּשְׁנַ֙יִם֙ אֶ֔לֶף וְצֹ֕אן מֵאָ֥ה וְעֶשְׂרִ֖ים אָ֑לֶף וַֽיַּחְנְכוּ֙ אֶת־בֵּ֣ית יְהוָ֔ה הַמֶּ֖לֶךְ וְכָל־בְּנֵ֥י יִשְׂרָאֵֽל׃
63နွား နှစ်သောင်း နှစ်ထောင်၊ သိုး တသိန်း နှစ်သောင်းတို့ကို ထာဝရဘုရား အား မိဿဟာယ ယဇ် ပူဇော် သဖြင့် ၊ ထာဝရဘုရား ၏အိမ် တော်ကို အနုမောဒနာ ပြုကြ၏။
64בַּיּ֣וֹם הַה֗וּא קִדַּ֨שׁ הַמֶּ֜לֶךְ אֶת־תּ֣וֹךְ הֶחָצֵ֗ר אֲשֶׁר֙ לִפְנֵ֣י בֵית־יְהוָ֔ה כִּי־עָ֣שָׂה שָׁ֗ם אֶת־הָֽעֹלָה֙ וְאֶת־הַמִּנְחָ֔ה וְאֵ֖ת חֶלְבֵ֣י הַשְּׁלָמִ֑ים כִּֽי־מִזְבַּ֤ח הַנְּחֹ֙שֶׁת֙ אֲשֶׁ֣ר לִפְנֵ֣י יְהוָ֔ה קָטֹ֗ן מֵֽהָכִיל֙ אֶת־הָעֹלָ֣ה וְאֶת־הַמִּנְחָ֔ה וְאֵ֖ת חֶלְבֵ֥י הַשְּׁלָמִֽים׃
64ထို နေ့ ၌ လည်း၊ ရှင် ဘုရင်သည် ထာဝရဘုရား ၏ အိမ် တော်ရှေ့ မှာရှိသော တန်တိုင်း အတွင်း အရပ်ကို သန့်ရှင်း စေ၍ ၊ ထို အရပ်၌ မီး ရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မိဿဟာယ ယဇ်ကောင်ဆီဥ ကို ပူဇော် ၏။ အကြောင်း မူကား၊ ထာဝရဘုရား ရှေ့ တော်၌ရှိသော ကြေးဝါ ယဇ် ပလ္လင်သည် မီး ရှို့ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မိဿဟာယ ယဇ်ကောင်ဆီဥ ကို မ ခံ လောက်။
65וַיַּ֣עַשׂ שְׁלֹמֹ֣ה בָֽעֵת־הַהִ֣יא׀ אֶת־הֶחָ֡ג וְכָל־יִשְׂרָאֵ֣ל עִמּוֹ֩ קָהָ֨ל גָּד֜וֹל מִלְּב֥וֹא חֲמָ֣ת׀ עַד־נַ֣חַל מִצְרַ֗יִם לִפְנֵי֙ יְהוָ֣ה אֱלֹהֵ֔ינוּ שִׁבְעַ֥ת יָמִ֖ים וְשִׁבְעַ֣ת יָמִ֑ים אַרְבָּעָ֥ה עָשָׂ֖ר יֽוֹם׃
65ထိုအခါ ရှောလမုန် သည် အလွန် များစွာသော ပရိသတ် တည်းဟူသောဟာမတ် မြို့ဝင်ဝမှစ၍ အဲဂုတ္တု မြစ် တိုင်အောင် အနှံ့အပြားအရပ်ရပ်ကလာကြသော ဣသရေလ အမျိုးသားအပေါင်း တို့နှင့်တကွ ၊ ငါ တို့ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ခုနစ်ရက် နှစ်လီ၊ တဆယ် လေး ရက် ပတ်လုံးပွဲ ခံ တော်မူ၏။
66בַּיּ֤וֹם הַשְּׁמִינִי֙ שִׁלַּ֣ח אֶת־הָעָ֔ם וַֽיְבָרֲכ֖וּ אֶת־הַמֶּ֑לֶךְ וַיֵּלְכ֣וּ לְאָהֳלֵיהֶ֗ם שְׂמֵחִים֙ וְט֣וֹבֵי לֵ֔ב עַ֣ל כָּל־הַטּוֹבָ֗ה אֲשֶׁ֨ר עָשָׂ֤ה יְהוָה֙ לְדָוִ֣ד עַבְדּ֔וֹ וּלְיִשְׂרָאֵ֖ל עַמּֽוֹ׃
66ရှစ် ရက်မြောက်သောနေ့ ၌ လူ များတို့ကို လွှတ်လိုက် တော်မူ၏။ သူတို့သည် ရှင် ဘုရင်ကို ကောင်းကြီး ပေးလျက် ၊ ထာဝရဘုရား သည် မိမိ ကျွန် ဒါဝိဒ် နှင့် မိမိ လူ ဣသရေလ အမျိုးသားတို့၌ ပြု တော်မူသမျှ သော ကျေးဇူး တော်ကြောင့် ၊ ဝမ်းမြောက် ရွှင်လန်း လျက် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။
Tip: use the ← and → keys to turn chapters.