1. Дневници
Chapter 5
Daničić–Karadžić Bible (…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

1. Дневници 5

Daničić–Karadžić Bible (1868), Cyrillic
Judson Burmese Bible (1840)
1А синови Рувима, првенца Израиљевог, јер он беше првенац, али кад оскрвни постељу оца свог, дано би његово првенаштво синовима Јосифа сина Израиљевог, али не тако да се броји првенац,
1ရုဗင် သည် ဣသရေလ ၏ သားဦး ဖြစ်သော်လည်း ၊ အဘ အိပ်ရာ ကို ညစ်ညူး စေသောကြောင့် ၊ သားဦးအရာကိုနှုတ်ပြီးလျှင်၊ ဣသရေလ ၏သား ဖြစ်သော ယောသပ် ၏ သား တို့အား ပေး သည်ဖြစ်၍၊ သားစဉ် မြေးဆက်တို့ကို မှတ်သောအခါ၊ သားဦး အရာကို လိုက် ၍ မ မှတ်ရ။
2јер Јуда би најсилнији међу браћом својом и од њега је вођ, али првенаштво доби Јосиф;
2ယုဒ သည်လည်း ညီအစ်ကို တို့တွင် လွန်ကဲ ၍ သူ ၏အမျိုးထဲက မင်း ဖြစ်တတ်သော်လည်း၊ သားဦး အရာ ကိုမရ၊ ယောသပ် ရ၏။
3синови Рувима, првенца Израиљевог беху: Анох и Фалуј, Есрон и Хармија,
3ဣသရေလ ၏ သားဦး ရုဗင် သား ကား ဟာနုတ် ၊ ဖာလု ၊ ဟေဇရုံ ၊ ကာမိ တည်း။
4синови Јоилови: Семаја син му, а његов син Гог, а његов син Симеј,
4ယောလ သား ကား ရှေမာယ ၊ ရှေမာယသား ဂေါဂ ၊ ဂေါဂသား ရှေမိ၊
5а његов син Миха, а његов син Реаја, а његов син Вал,
5ရှေမိသား မိက္ခ ၊ မိက္ခသား ရာယ ၊ ရာယသား ဗာလ တည်း။
6а његов син Веира, ког одведе Теглат-Феласар цар асирски; он беше кнез племена Рувимовог.
6ဗာလသား ကား၊ အာရှုရိ ရှင်ဘုရင် တိဂလတ်ပိလေသာ သိမ်း သွားသော ရုဗင် အမျိုး မင်း ဗေရာ တည်း။
7А браћи његовој по породицама њиховим кад се избројаше по коленима својим, беше кнез Јеило и Захарија,
7သူ ၏ညီ ယေယေလ နှင့် ဇာခရိ တို့သည်လည်း၊ သားစဉ် မြေးဆက်စာရင်း ယူသောအခါ အဆွေအမျိုး သူကြီး ဖြစ်သတည်း။
8а Вела син Азаза сина Семе сина Јоиловог; он живљаше у Ароиру и до Невона и Валмеона.
8ထိုအတူ ယောလ ၊ ရှေမ ၊ အာဇတ် တို့မှ ဆင်းသက် သော ဗေလ သည်လည်း မင်းဖြစ်လျက်၊ အာရော် မြို့ မှစ၍နေဗော မြို့၊ ဗာလမောင် မြို့တိုင်အောင် နေရာ ကျယ်၏။
9Потом живљаше к истоку дори до пустиње од реке Ефрата, јер им се стока умножи у земљи галадској.
9ဂိလဒ် ပြည် ၌ သိုး နွားများပြား သောကြောင့် ၊ အရှေ့ မျက်နှာ၌ ဥဖရတ် မြစ် နှင့်ဆိုင်သော တော ဝင်ဝ တိုင်အောင် နေရာ ကျယ်၏။
10И за времена Сауловог војеваше на Агарене, који изгибоше од руке њихове; и тако се населише у шаторима њиховим по свему источном крају земље галадске.
10ရှောလု မင်းလက်ထက် ဟာဂရ အမျိုးသားတို့ကို စစ်တိုက်၍ လုပ်ကြံသဖြင့်၊ ဂိလဒ် ပြည်အရှေ့ ပိုင်း တရှောက် လုံးတွင် ဟာဂရ၏နေရာကို ယူ၍ နေရာ ကျကြ ၏။
11А синови Гадови живљаху према њима у земљи васанској до Салхе.
11သူ တို့တဘက် တချက်၊ ဗာရှန် ပြည် တွင် သလကာ မြို့တိုင်အောင် ဂဒ် အမျိုးသား တို့သည် နေရာ ကျကြ၏။
12Јоило им беше поглавар, а Сафан други, па Јанај и Сафат у Васану.
12ဗာရှန် ပြည်၌ အကြီးအကဲ ကား ယောလ ၊ ထိုနောက် ရှာဖံ ၊ ယာနဲ ၊ ရှာဖတ် တည်း။
13А браћа њихова по домовима отачким беху: Михаило и Месулам и Сева и Јорај и Јахан и Зије и Евер, седморица.
13သူ တို့အဆွေအမျိုး ချင်း ပေါက်ဘော် တော်သော သူကားမိက္ခေလ ၊ မေရှုလံ ၊ ရှေဘ ၊ ယောရဲ ၊ ယာခန် ၊ ဇယာ ၊ ယေဗာ ၊ ပေါင်းခုနစ် ယောက်တည်း။
14Ти беху синови Авихаила сина Урија сина Јароје сина Галада сина Михаила сина Јесисаја сина Јадона сина Вузовог.
14-
15Ахије син Авдила сина Гунијевог беше поглавар у дому отаца њихових.
15ထိုသူတို့သည် ဂုနိ ၊ အာဗဒျေလ ၊ ဗုဇာ ဟိ ၊ ယာဒေါ ၊ ယေရှိရှဲ ၊ မိက္ခေလ ၊ ဂိလဒ် ၊ ယာရော် ၊ ဟုရိ ၊ အဘိဟဲလ အမျိုးအနွယ် ဖြစ်သတည်း။ ဂုနိကား ထိုအဆွေ အမျိုး၏ သူကြီး ဖြစ်၏။
16И живљаху у Галаду, у Васану и селима његовим и у свим подграђима саронским до међа његових.
16သူတို့သည် ဂိလဒ် ပြည်၊ ဗာရှန် ပြည်မြို့ ရွာ၊ ရှာရုန် မြို့ပတ်လည်ပြည်စွန်း တိုင်အောင် နေရာ ကျကြ၏။
17Сви ови бише избројани за времена Јотама, цара Јудиног и за време Јеровоама, цара Израиљевог.
17ဤသူ အပေါင်း တို့သည် ယုဒ ရှင်ဘုရင် ယောသံ နှင့် ဣသရေလ ရှင်ဘုရင် ယေရောဗောင် လက်ထက် သားစဉ် မြေးဆက်စာရင်းဝင်ကြ၏။
18Синова Рувимових и Гадових и половине племена Манасијиног, храбрих људи, што ношаху штит и мач, и затезаху лук, и вештих боју, беше четрдесет и четири хиљаде и седам стотина и шездесет, који иђаху на војску;
18ရုဗင် အမျိုး ၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် တွင် ဒိုင်း နှင့် ထား ကို ကိုင် ၍ လေး နှင့် ပစ်တတ်သဖြင့်၊ စစ်မှု စစ်ရေးကိုလေ့ကျက် ၍ စစ်ချီတတ်သော စစ်သူရဲ ပေါင်း ကား၊ လေးသောင်း လေးထောင်ခုနစ် ရာ ခြောက် ဆယ်တည်း။
19и војеваше на Агарене, на Јетуреје и Нафисеје и Нодавеје,
19ထိုသူတို့သည် ဟာဂရ အမျိုးသားတည်းဟူသော ယေတုရ ၊ နာဖိရှ ၊ နောဒပ် အမျိုးသားတို့နှင့် စစ် တိုက် ကြ၏။
20и дође им помоћ супрот њих, и Агарени им бише дани у руке и све што имаху; јер завапише Богу у боју, и услиши их, јер се поуздаше у Њ.
20စစ်တိုက် သောအခါ ဘုရားသခင် ကို ကိုးစား ၍ ဆုတောင်း သောကြောင့် ၊ ဘုရားသခင် မစ တော်မူ ခြင်းကျေးဇူးအားဖြင့်၊ ဟာဂရ လူတို့နှင့် သူ တို့ဥစ္စာ ရှိသမျှ ကိုရ ကြ၏။
21И запленише стоку њихову, педесет хиљада камила и двеста и педесет хиљада оваца и две хиљаде магараца и сто хиљада душа људских.
21ကုလားအုပ် ငါးထောင်၊ သိုး နှစ်သိန်း ငါးသောင်း၊ မြည်း နှစ် ထောင်၊ လူ တသိန်း တို့ကိုသိမ်းယူ ကြ၏။
22А рањених много паде; јер тај бој би од Бога; и наставаше на месту њиховом до сеобе своје.
22ဘုရားသခင့် အခွင့်နှင့် စစ်တိုက် သောကြောင့် ၊ ရန်သူအများ တို့သည် လဲ သေ ကြ၏။ ဣသရေလလူတို့ သည် သိမ်းသွား ခြင်းအမှုမ ရောက်မှီတိုင်အောင်၊ ဟာဂရ လူတို့နေရာ ၌ နေရာ ကျကြ၏။
23А синови половине племена Манасијиног живљаху у тој земљи од Васана до Вал-Ермона и Сенира, до горе Ермона; беху се умножили.
23မနာရှေ အမျိုး တဝက် သည်၊ ထိုပြည် တွင် ဗာရှန် မြို့မှစ၍ ဗာလဟေရမုန် မြို့၊ စနိရ မြို့၊ ဟေရမုန် တောင် တိုင်အောင်ပွားများ လျက်နေ၏။
24А ово беху поглавари у дому отаца њихових: Ефер и Јесеј и Елило и Азрило и Јеремија и Одавија и Јадило, људи храбри и на гласу поглавари у дому отаца својих.
24အဆွေအမျိုး သူကြီး များဟူမူကား ၊ ခွန်အား ကြီး ၍ ကျော်စောသော စစ် သူရဲဧဖာ ၊ ဣရှိ ၊ ဧလျေလ ၊ အာဇရေလ ၊ ယေရမိ ၊ ဟောဒဝိ ၊ ယာဒျေလ တည်း။
25Али кад згрешише Богу отаца својих и чинише прељубу за боговима народа оне земље, које Бог истреби испред њих,
25သို့ရာတွင် ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် သည် ဘိုးဘေး တို့၏ ဘုရားသခင် ကို ပြစ်မှား ၍ ၊ မိမိ တို့ရှေ့ မှာ ဘုရားသခင် ဖျက်ဆီး တော်မူသော ပြည်သား တို့ ဘုရား များနှင့် မှားယွင်း ကြ၏။
26подиже Бог Израиљев дух Фула, цара асирског и дух Теглат-Феласара, цара асирског, и преселише племе Рувимово и племе Гадово и половину племена Манасијиног, и одведоше их у Алу и у Авор и у Ару, и на реку Гозан, где осташе до данас.
26သို့ဖြစ်၍ ဣသရေလ အမျိုး၏ ဘုရားသခင် သည် အာရှုရိ ရှင်ဘုရင် ပုလ နှင့် ရှင်ဘုရင် တိဂလတ်ပိလေသာ စိတ် ကို နှိုးဆော် တော်မူသဖြင့် ၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန် မြစ် နား၊ ဟေလ မြို့၊ ဟာဗော် မြို့၊ ဟာရ မြို့သို့ သိမ်း သွား၍ ယနေ့ တိုင်အောင် နေရာချထား၏။

Tip: use the ← and → keys to turn chapters.