Jeremías
Chapter 40
Reina-Valera 1909
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Jeremías 40

Reina-Valera 1909
Judson Burmese Bible (1840)
1PALABRA que fué á Jeremías de Jehová, después que Nabuzaradán capitán de la guardia le envió desde Ramá, cuando le tomó estando atado con esposas entre toda la transmigración de Jerusalem y de Judá que iban cautivos á Babilonia.
1ကိုယ်ရံတော် မှူး နေဗုဇာရဒန် သည် ယေရမိ ကို တဖန် သိမ်းသွား၍ ရာမ မြို့၌ လွှတ် သောနောက် ၊ ထာဝရဘုရား ထံ တော်မှ နှုတ်ကပတ် တော်သည် ရောက် လာသည်အရာမှာ၊ ဗာဗုလုန် မြို့သို့ သိမ်းသွား ခြင်းကို ခံရသောယုဒ ပြည်သူ၊ ယေရုရှလင် မြို့သားအပေါင်း တို့နှင့်အတူ၊ ယေရမိ သည်သံကြိုး နှင့် ချည်နှောင် ခြင်းကို ခံရသောအခါ၊
2Tomó pues el capitán de la guardia á Jeremías, y díjole: Jehová tu Dios habló este mal contra este lugar;
2ကိုယ်ရံတော် မှူးသည် သူ့ ကိုခေါ် ၍ ၊ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် ဤ ပြည် ၌ ရောက်သော အမှု ကို ခြိမ်း တော်မူနှင့်ပြီ။
3Y halo traído y hecho Jehová según que había dicho: porque pecasteis contra Jehová, y no oísteis su voz, por eso os ha venido esto.
3ခြိမ်း တော်မူသည်အတိုင်း လည်း၊ အမှုကို ရောက် စေ၍ စီရင် တော်မူပြီ။ သင်တို့သည် အမိန့် တော်ကို နား မထောင်၊ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ဤ အမှု သည် သင် တို့အပေါ် သို့ ရောက် လေပြီ။
4Y ahora yo te he soltado hoy de las esposas que tenías en tus manos. Si te está bien venir conmigo á Babilonia, ven, y yo miraré por ti; mas si no te está bien venir conmigo á Babilonia, déjalo: mira, toda la tierra está delante de ti; ve á donde mejor y más cómodo te pareciere ir.
4ယခု မှာ သင့် လက် ၌ ချည်နှောင်လျက်ရှိသောသံကြိုး ကို ငါချွတ် မည်။ ငါ နှင့် အတူ ဗာဗုလုန် မြို့သို့ လိုက်လာ ခြင်းငှါ အလို ရှိလျှင် လိုက် လာပါ။ ငါသည် ကောင်းမွန်စွာ ကြည့်ရှု မည်။ ငါ နှင့် အတူ ဗာဗုလုန် မြို့သို့ လိုက် ခြင်းငှါ အလို မရှိလျှင် မ လိုက်နှင့်။ တပြည် လုံး သည် သင့် ရှေ့မှာ ရှိ ၏။ အကြင်အရပ်သို့သွားကောင်း သည်ဟု စိတ်ထင်လျှင်၊ ထို အရပ်တည်းဟူသောစိတ် ရောက်ရာအရပ် သို့ သွား ပါလော့ဟုဆို၏။
5Y aun no se había él vuelto, cuando le dijo : Vuélvete á Gedalías hijo de Ahicam, hijo de Saphán, al cual el rey de Babilonia ha puesto sobre todas las ciudades de Judá, y vive con él en medio del pueblo: ó ve á donde te pareciere más cómodo de ir. Y dióle el capitán de la guardia presentes y dones, y despidióle.
5ယေရမိသည်ကိုယ်ရံတော်မှူးထံမှ မထွက်မှီ၊ ကိုယ်ရံတော်မှူးက၊ ဗာဗုလုန် ရှင် ဘုရင်သည် ယုဒ ပြည်နယ် တွင် ၊ မြို့အုပ်အရာ၌ခန့်ထားတော်မူသောရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ ထံ သို့ပြန်၍၊ ပြည်သား များနှင့်အတူ နေ ပါလော့။ သို့မဟုတ် ၊ စိတ် ရှိသည်အတိုင်း သွား ပါလော့ဟုဆိုလျက်၊ စားစရိတ် နှင့် လက်ဆောင် ကိုပေး ၍ လွှတ် လိုက်လေ၏။
6Fuése entonces Jeremías á Gedalías hijo de Ahicam, á Mizpa, y moró con él en medio del pueblo que había quedado en la tierra.
6ထိုအခါ ယေရမိ သည် အဟိကံ သား ဂေဒလိ ရှိရာ မိဇပါ မြို့သို့ သွား ၍ ၊ ပြည် ၌ ကျန်ကြွင်း သေးသောသူ တို့ နှင့် အတူ နေ လေ၏။
7Y como oyeron todos los príncipes del ejército que estaba por el campo, ellos y sus hombres, que el rey de Babilonia había puesto á Gedalías hijo de Ahicam sobre la tierra, y que le había encomendado los hombres, y las mujeres, y los niños, y los pobres de la tierra, que no fueron trasportados á Babilonia;
7ဗာဗုလုန် ရှင် ဘုရင်သည် အဟိကံ သား ဂေဒလိ ကိုပြည် အုပ် အရာ၌ ခန့် ထား၍ ၊ ဗာဗုလုန် မြို့သို့ သိမ်းယူ ရာ၌မ ပါသော ယောက်ျား မိန်းမ သူငယ် ဆင်းရဲသား အချို့ တို့ကို သူ ၌ အပ် ကြောင်း ကို၊ တော မှာ ရှိသော တပ်မှူး တို့ နှင့် စစ်သူရဲ များတို့သည် ကြား သိကြသောအခါ ၊
8Vinieron luego á Gedalías en Mizpa, es á saber, Ismael hijo de Nethanías, y Johanán y Jonathán hijos de Carea, y Seraías hijo de Tanhumeth, y los hijos de Ephi Netophatita, y Jezanías hijo de Maachâti, ellos y sus hombres.
8နာသနိ သား ဣရှမေလ ၊ ကာရာ သား ယောဟနန် နှင့် ယောနသန် ၊ တာနုမက် သား စရာယ ၊ နေတောဖတ် အမျိုး၊ ဧဖဲ ၏သား များ၊ မာခသိ အမျိုးသားယေဇနိ တို့ သည် မိမိ လူ များနှင့်တကွဂေဒလိ ရှိရာမိဇပါ မြို့သို့ လာ ၍ ၊
9Y juróles Gedalías hijo de Ahicam, hijo de Saphán, á ellos y á sus hombres, diciendo: No tengáis temor de servir á los Caldeos: habitad en la tierra, y servid al rey de Babilonia, y tendréis bien.
9ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ က၊ ခါလဒဲ မင်း၏အမှု ကို ဆောင်ရွက်ရမည် အခွင့်ကို မ စိုးရိမ် ကြနှင့်။ ဤပြည် ၌ နေ ၍ ဗာဗုလုန် ရှင်ဘုရင် အမှုကို ဆောင်ရွက် ကြလော့။ သို့ပြုလျှင် ၊ ချမ်းသာ ရကြလိမ့်မည်။
10Y he aquí que yo habito en Mizpa, para estar delante de los Caldeos que vendrán á nosotros; mas vosotros, coged el vino, y el pan, y el aceite, y ponedlo en vuestros almacenes, y quedaos en vuestras ciudades que habéis tomado.
10ငါ မူကား၊ လာ လတံ့သော ခါလဒဲ လူတို့စကားကို နားထောင် ခြင်းငှါ မိဇပါ မြို့မှာ နေ မည်။ သင် တို့မူကား ၊ စပျစ်ရည် ကို၎င်း ၊ နွေ ကာလအသီးကို၎င်း ၊ ဆီ ကို၎င်း သိမ်း ၍ အိုး ၌ သိုထား ကြလော့။ ယခု ဝင် ပြန်သော မြို့ ရွာ တို့၌ နေ ကြလော့ဟူ၍၊ ထိုသူ တို့အား သစ္စာ ပြုလေ၏။
11Asimismo todos los Judíos que estaban en Moab, y entre los hijos de Ammón, y en Edom, y los que estaban en todas las tierras, cuando oyeron decir como el rey de Babilonia había dejado algunos en la Judea, y que había puesto sobre ellos á Gedalías hijo de Ahicam, hijo de Saphán,
11ဗာဗုလုန် ရှင် ဘုရင်သည် ယုဒ ပြည်၌ လူအချို့တို့ ကို ကျန် ကြွင်းစေ၍ ၊ ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏ သား ဂေဒလိ ကိုမင်း အရာ၌ ခန့် ထားကြောင်းကို၊ မောဘ ပြည်၊ အမ္မုန် ပြည်၊ ဧဒုံ ပြည်အစ ရှိသော အတိုင်းတိုင်း အပြည်ပြည်တို့၌ ရှိသော ယုဒ လူအပေါင်း တို့သည် ကြား သိကြသောအခါ ၊
12Todos estos Judíos tornaron entonces de todas las partes adonde habían sido echados, y vinieron á tierra de Judá, á Gedalías en Mizpa; y cogieron vino y muy muchos frutos.
12နှင်ထုတ် ရာပြည် အရပ်ရပ် တို့မှ ပြန် လာ၍ ၊ ယုဒ ပြည် ၊ ဂေဒလိ ရှိရာ မိဇပါ မြို့သို့ ရောက် သဖြင့် ၊ များ စွာသော စပျစ်ရည် နှင့် နွေ ကာလအသီးကို သိမ်းယူ ကြ၏။
13Y Johanán, hijo de Carea, y todos los príncipes de la gente de guerra que estaban en el campo, vinieron á Gedalías en Mizpa,
13ထို နောက်မှ၊ ကာရာ သား ယောဟနန် သည် တော ၌ ရှိသော တပ်မှူး များနှင့်တကွ၊ ဂေဒလိ ရှိရာမိဇပါ မြို့ သို့ လာ ၍ ၊
14Y dijéronle: ¿No sabes de cierto como Baalis, rey de los hijos de Ammón, ha enviado á Ismael hijo de Nethanías, para matarte? Mas Gedalías hijo de Ahicam no los creyó.
14ကိုယ်တော် ကို သတ် စေခြင်းငှါ ၊ အမ္မုန် ရှင်ဘုရင် ဗာလိတ် သည် နာသနိ သား ဣရှမေလ ကို စေလွှတ် ကြောင်း ကို အမှန်သိ ပါ၏လောဟု မေး လျှောက်သော်လည်း ၊ ထိုစကားကို အဟိကံ သား ဂေဒလိ သည်မ ယုံ ။
15Entonces Johanán hijo de Carea habló á Gedalías en secreto, en Mizpa, diciendo: Yo iré ahora, y heriré á Ismael hijo de Nethanías, y hombre no lo sabrá: ¿por qué te ha de matar, y todos los Judíos que se han recogido á ti se derramarán, y perecerá el resto de Judá?
15ထိုအခါ ကာရာ သား ယောဟနန် ကလည်း၊ အကျွန်ုပ်သွား ၍ နာသနိ သား ဣရှမေလ ကိုသတ် ရသောအခွင့်ကိုပေး ပါလော့။ အဘယ် သူမျှမ သိ ရ။ သူသည် ကိုယ်တော် ကိုသတ် ၍ ၊ ကိုယ်တော် ထံ ၌ စုဝေး သောယုဒ လူ အပေါင်း တို့သည် အရပ်ရပ်သို့ကွဲပြား သဖြင့် ၊ ယုဒ ပြည်၌ ကျန်ကြွင်း သောသူတို့ သည် အဘယ်ကြောင့် ပျက်စီး ရ ကြပါမည်နည်းဟု၊ မိဇပါ မြို့၌ ဂေဒလိ ကို တိတ်ဆိတ် စွာ လျှောက် သော်လည်း၊
16Pero Gedalías hijo de Ahicam dijo á Johanán hijo de Carea: No hagas esto, porque falso es lo que tú dices de Ismael.
16အဟိကံ သား ဂေဒလိ က၊ သင်သည်ထို သို့မ ပြု ရ။ ဣရှမေလ ၌ မ မှန်သောစကားကိုပြန်ပြော ပြီဟု၊ ကာရာ သား ယောဟနန် အား ပြန်ပြော လေ၏။

Tip: use the ← and → keys to turn chapters.