Книга Есфирь 5
Synodal Translation (Синодальный перевод)Translation
Synodal Translation (Синодальный перевод)
Judson Burmese Bible (1840)
1На третий день Есфирь оделась по-царски, и стала она на внутреннем дворе царского дома, перед домом царя; царь же сидел тогда на царском престоле своем, в царском доме, прямо против входа в дом. Когда царь увидел царицу Есфирь, стоящую на дворе, она нашла милость в глазах его.
1သုံး ရက်မြောက်သောနေ့ ၌ ၊ ဧသတာ သည် မိဖုရား အဝတ်တန်ဆာကို ဝတ်ဆင် ၍ ၊ နန်းတော်အဆောင်မှတဘက်တချက် ၊ နန်းတော် အတွင်း တန်တိုင်း ထဲ မှာ ရပ် နေ၏။ ရှင် ဘုရင်သည် နန်းတော် တံခါး တစ်ဘက်တချက် ၊ နန်းတော် ထဲ ၊ ရာဇ ပလ္လင်ပေါ် မှာ ထိုင် တော်မူ၏။
2И простер царь к Есфири золотой скипетр, который был в руке его, и подошла Есфирь и коснулась конца скипетра.
2မိဖုရား ဧသတာ သည် တန်တိုင်း တော်ထဲ မှာ ရပ် နေသည်ကို ရှင်ဘုရင် မြင် လျှင် ၊ နူးညွတ် သောစိတ်ရှိ၍ လက် တော်၌ ပါသော ရွှေ ရာဇ လှံတံကို၊ ဧသတာ သို့ ကမ်း တော်မူသဖြင့် ၊ ဧသတာ သည် ချဉ်းကပ် ၍ ရာဇ လှံတံတော်အထွဋ် ကိုတို့ လေ၏။
3И сказал ей царь: что тебе, царица Есфирь, и какая просьба твоя? Даже до полуцарства будет дано тебе.
3ရှင် ဘုရင်ကလည်း ၊ မိဖုရား ဧသတာ ၊ သင် သည် အဘယ် အလိုရှိသနည်း။ အဘယ် ဆုကို တောင်း ချင် သနည်း။ တောင်းသမျှကို နိုင်ငံ တော် တဝက် တိုင်အောင် ငါပေး မည်ဟု မိန့် တော်မူလျှင်၊
4И сказала Есфирь: если царю благоугодно, пусть придет царь с Аманом сегодня на пир, который я приготовила ему.
4ဧသတာ က၊ အရှင်မင်းကြီး အလို တော်ရှိလျှင် ၊ အရှင် မင်းကြီးအဘို့ ကျွန်တော်မပြင်ဆင် သော ပွဲ သို့ ဟာမန် နှင့်တကွ ယနေ့ ကြွ တော်မူပါဟု လျှောက် သော်၊
5И сказал царь: сходите скорее за Аманом, чтобы сделать по слову Есфири. И пришел царь с Аманом на пир, который приготовила Есфирь.
5ရှင် ဘုရင်က၊ ဧသတာ လျှောက် သည်အတိုင်း ပြု အံ့သောငှါ ၊ ဟာမန် သည် အလျင် အမြန်လာစေဟု မိန့် တော်မူသဖြင့် ၊ ဧသတာ ပြင်ဆင် သော ပွဲ သို့ ဟာမန် နှင့်တကွ ရှင်ဘုရင် ကြွ တော်မူ၏။
6И сказал царь Есфири при питье вина: какое желание твое? оно будет удовлетворено; и какая просьба твоя? хотя бы до полуцарства, она будет исполнена.
6တဖန် စပျစ်ရည် သောက်ပွဲ ခံစဉ်၊ ရှင် ဘုရင်က၊ သင်သည် အဘယ်သို့အလိုရှိသနည်း။ အလိုရှိသည် အတိုင်း ငါပေးမည်။ အဘယ် ဆုကို တောင်း ချင်သနည်း။ တောင်း သမျှကိုနိုင်ငံ တော်တဝက် တိုင်အောင် ငါပေး မည် ဟု ဧသတာ အား မိန့် တော်မူလျှင်၊
7И отвечала Есфирь, и сказала: вот мое желание и моя просьба:
7ဧသတာ က၊ ကျွန်တော် မအလို ရှိ၍ ကျွန်တော် မ တောင်း ချင်သော ဆုဟူမူကား ၊
8если я нашла благоволение в очах царя, и если царю благоугодно удовлетворить желание мое и исполнить просьбу мою, то пусть царь с Аманом придет на пир, который я приготовлю для них, и завтра я исполню слово царя.
8ကျွန်တော်မကို အရှင်မင်းကြီး ၏စိတ် နှင့် တွေ့ တော်မူလျှင် ၎င်း ၊ ကျွန်တော်မအလို ရှိ၍ ကျွန်တော် မတောင်း ချင်သောဆုကို ပေး သနားခြင်းငှါ အရှင်မင်းကြီးအလိုတော်ရှိလျှင်၎င်း၊ ကျွန်တော်မပြင်ဆင် သော ပွဲ သို့ အရှင် မင်းကြီးသည် ဟာမန် နှင့်တကွ တဖန်ကြွ တော်မူပါ။ အမိန့် တော်ရှိသည်အတိုင်း နက်ဖြန် နေ့၌ ကျွန်တော်မပြု ပါမည်ဟု ပြန်လျှောက် လေ၏။
9И вышел Аман в тот день веселый и благодушный. Но когда увидел Аман Мардохея у ворот царских, и тот не встал и с места не тронулся пред ним, тогда исполнился Аман гневом на Мардохея.
9ထို နေ့ ၌ ဟာမန် သည် ဝမ်းမြောက် ရွှင်လန်း သောစိတ် နှင့် ထွက် သွားသော်လည်း ၊ နန်းတော်တံခါးဝ မှာ မော်ဒကဲ သည် ရိုသေစွာမ ထ ၊ အလျှင်းမ လှုပ် ဘဲနေသည် ကို မြင် သောအခါ ၊ မော်ဒကဲ ကို အလွန်အမျက် ထွက် လေ၏။
10Однако же скрепился Аман. А когда пришел в дом свой, то послал позвать друзей своих и Зерешь, жену свою.
10သို့ရာတွင် မိမိစိတ်ကို ချုပ်တည်း လျက်သွား ၍ ၊ မိမိ အိမ် သို့ ရောက် သောအခါ ၊ မယား ဇေရက် နှင့် အဆွေ ခင်ပွန်းတို့ကို ခေါ် ပြီးလျှင်၊
11И рассказывал им Аман о великом богатстве своем и о множестве сыновей своих и обо всем том, как возвеличил его царь и как вознес его над князьями и слугами царскими.
11မိမိ ဘုန်း စည်းစိမ် ကြီးကြောင်း၊ သား သမီးများ ကြောင်း၊ ရှင်ဘုရင်အလွန်ချီးမြှောက်၍ မှူးတော် မတ်တော် ကျွန်တော်မျိုးများထက်သာ၍မြတ်သောအရာ ၌ ခန့်ထားတော်မူကြောင်းများကို ဘော်ပြလျက်၊
12И сказал Аман: да и царица Есфирь никого не позвала с царем на пир, который она приготовила, кроме меня; так и на завтра я зван к ней с царем.
12မိဖုရား ဧသတာ သည် မိမိပြင်ဆင် သော ပွဲ သို့ ငါ မှတပါး ၊ အဘယ်သူကိုမျှ ရှင်ဘုရင် နှင့်အတူ မ ဝင် စေ။ နက်ဖြန် နေ့၌ လည်း ရှင်ဘုရင် နှင့်အတူ ငါ့ ကို ဘိတ် ပြန်၏။
13Но всего этого не довольно для меня, доколе я вижу Мардохея Иудеянина сидящим у ворот царских.
13သို့ရာတွင် ၊ ယုဒ လူမော်ဒကဲ သည် နန်းတော်တံခါးဝ မှာ ထိုင် လျက်ရှိသည်ကို ငါ မြင် ရသည် ကာလ ပတ်လုံး ၊ ယခု ဘော်ပြသမျှ တို့သည် ငါ ၌ ကျေးဇူးမ ရှိဟု ဆို ၏။
14И сказала ему Зерешь, жена его, и все друзья его: пусть приготовят дерево вышиною в пятьдесят локтей, и утром скажи царю, чтобы повесили Мардохея на нем, и тогда весело иди на пир с царем. И понравилось это слово Аману, и он приготовил дерево.
14ထိုအခါ မယား ဇေရက် နှင့် အဆွေ ခင်ပွန်းရှိသမျှ တို့က၊ အတောင် ငါးဆယ် မြင့် သော လည်ဆွဲချတိုင် ကိုစိုက် ပါစေ။ ထိုတိုင် ၌ မော်ဒကဲ ကိုလည်ဆွဲ ချစေမည် အကြောင်း နက်ဖြန် သံတော်ဦး တင်လော့။ ထိုနောက်မှစိတ်ရွှင်လန်း လျက် ရှင်ဘုရင် နှင့်အတူ ပွဲ သို့ ဝင် လော့ဟု ပြောဆိုသောစကား ကို ဟာမန်သည် နှစ်သက် ၍၊ လည်ဆွဲ ချတိုင်ကို လုပ် စေ၏။
Tip: use the ← and → keys to turn chapters.