Lucas 5
Bíblia Portuguesa Mundial (Brazilian Portuguese)
Judson Burmese Bible (1840)
1Ora, enquanto a multidão o apertava para ouvir a palavra de Deus, ele estava em pé junto ao lago de Genesaré.
1တရံရောအခါ ဂင်္နေသရက် အိုင် နား မှာ ရပ် တော်မူ၍ ၊ လူ များတို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားကို နားထောင် ခြင်းငှာကိုယ်တော် အနီးသို့ တိုးဝင် ကြစဉ် တွင်၊ ကမ်း နား မှာဆိုက် သော လှေ နှစ် စင်းကိုမြင် တော်မူ၏။
2Ele viu dois barcos parados junto ao lago, mas os pescadores haviam descido deles e estavam lavando as suas redes.
2တံငါ တို့သည် လှေ ထဲက ထွက် ၍ပိုက်ကွန် တို့ကို ဆေးလျှော် လျက်နေကြ၏။
3Ele entrou em um dos barcos, que era o de Simão, e pediu-lhe que o afastasse um pouco da terra. Ele se assentou e do barco ensinava as multidões.
3ထို လှေ တို့တွင် ရှိမုန် ၏ လှေထဲသို့ ဝင် တော်မူပြီးလျှင် ၊ လှေကိုကမ်း နားမှာ အနည်းငယ် ခွာ ဖွင့်စေခြင်းငှာရှိမုန် ကို အခွင့်တောင်း တော်မူ၏။ ထို လှေ ပေါ်မှာထိုင် လျက် လူ များတို့ကို ဆုံးမ ဩဝါဒပေးတော်မူ၏။
4Quando ele terminou de falar, disse a Simão: “Vá para águas mais profundas e lancem as redes para pescar.”
4စကား တော်ပြတ် သောအခါ ၊ ရေနက် ရာအရပ်သို့ ရွှေ့ ဦးလော့။ ပိုက်ကွန် ကိုချ ၍ ငါးကိုအုပ် စမ်းလော့ ဟု ရှိမုန် အား မိန့် တော်မူ၏။
5Simão lhe respondeu: “Mestre, trabalhamos a noite toda e não pegamos nada; mas, porque o senhor está dizendo, lançarei a rede.”
5ရှိမုန် ကလည်း ၊ သခင် ၊ အကျွန်ုပ်တို့သည် တစ်ညဉ့်လုံး ကြိုးစား သော်လည်း တစ် ကောင်ကိုမျှမရ ပါ။ သို့ရာတွင် အမိန့် တော်ရှိလျှင် ပိုက်ကွန် ကို ချ ပါမည်ဟု လျှောက် လေ၏။
6Quando fizeram isso, pegaram uma grande quantidade de peixes, e a rede deles começou a se romper.
6ထိုသို့ ချ ကြပြီးလျှင် ၊ အလွန် များစွာ သောငါး တို့ကို အုပ်မိ သဖြင့် ပိုက်ကွန် သည် စုတ်ပျက် စရှိ၏။
7Eles fizeram sinais aos seus companheiros no outro barco, para que viessem ajudá-los. Eles vieram e encheram ambos os barcos, de modo que começaram a afundar.
7အခြား သော လှေ တစ်စင်း၌ ရှိသော အပေါင်းအဖော် တို့သည်လာ ၍ကူညီ စေခြင်းငှာသူ တို့ကို အမှတ်ပေး သဖြင့် ၊ သူတို့သည်လာ ၍ လှေ နှစ် စင်းနစ် လုမတတ် ငါးနှင့်ပြည့် စေကြ၏။
8Mas Simão Pedro, vendo isso, prostrou-se aos joelhos de Jesus, dizendo: “Afasta-te de mim, pois sou um homem pecador, Senhor.”
8ရှိမုန် ပေတရု သည်မြင် လျှင်၊ ယေရှု ၏ ပုဆစ် တော်ကိုဦးတိုက် ၍ ၊ သခင် ၊ အကျွန်ုပ်သည် အပြစ် များသော သူ ဖြစ် ပါ၏။ အကျွန်ုပ် ဆီမှ ကြွသွား တော်မူပါဟု လျှောက် လေ၏။
9Pois o espanto havia se apoderado dele, e de todos os que estavam com ele, por causa da pesca que haviam feito;
9အဘယ်ကြောင့် ဤသို့လျှောက်သနည်း ဟူမူကား၊ အုပ်မိ သောငါး များကိုထောက် သဖြင့်၊ ရှိမုန် နှင့် သူ၏အပေါင်းအဘော် ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် မှစ၍ ရှိမုန် နှင့်ပါသမျှ သောသူ တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။
10e assim também de Tiago e João, filhos de Zebedeu, que eram companheiros de Simão. Jesus disse a Simão: “Não tenha medo. De agora em diante você pescará homens.”
10ယေရှု ကလည်း ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ သင်သည်ယခု မှစ၍ လူ တို့ကိုဘမ်းမိ သောသူ ဖြစ် လိမ့်မည် ဟု မိန့် တော်မူ၏။
11Quando trouxeram os seus barcos para a terra, deixaram tudo e o seguiram.
11ကမ်း နားမှာ လှေ ကိုဆိုက် ပြီးလျှင် ၊ ထိုသူတို့သည် ရှိသမျှ တို့ကို စွန့်ပစ် ၍ နောက် တော်သို့လိုက်ကြ၏။
12Estando ele em uma das cidades, eis que havia um homem cheio de lepra. Quando ele viu Jesus, prostrou-se com o rosto em terra e lhe implorou, dizendo: “Senhor, se quiseres, podes me purificar.”
12ကိုယ်တော် သည် မြို့ တစ် မြို့၌ ရှိ တော်မူစဉ် ၊ တစ်ကိုယ်လုံး နူနာစွဲ သော သူ တစ်ယောက်သည် ကိုယ်တော် ကို မြင် လျှင် ပြပ်ဝပ် ၍ ၊ သခင် ၊ အလို တော်ရှိလျှင် ကျွန်တော် ကို သန့်ရှင်း စေနိုင် တော်မူသည်ဟု တောင်းပန် လေ၏။
13Ele estendeu a mão e o tocou, dizendo: “Eu quero. Seja purificado.” Imediatamente a lepra o deixou.
13ယေရှုကလည်း ၊ ငါအလိုရှိ ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေ ဟုမိန့် တော်မူလျက် ၊ လက် တော်ကိုဆန့် ၍ ထိုသူ ကိုတို့ တော်မူ၏။ ထိုခဏခြင်း တွင်နူနာ ပျောက် လေ ၏။
14Ele lhe ordenou que não contasse a ninguém: “Mas vá, mostre-se ao sacerdote e ofereça pela sua purificação o sacrifício que Moisés ordenou, para servir de testemunho a eles.”
14ယေရှု ကလည်း ၊ ဤ အကြောင်းကို အဘယ်သူ အားမျှမပြော နှင့် ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာသန့်ရှင်း ခြင်းသို့ ရောက်သည့်အတွက် မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကို ဆက်လော့ ဟုမိန့် တော်မူ၏။
15Porém, a notícia a respeito dele se espalhava ainda mais, e grandes multidões se reuniam para ouvi-lo e para serem curadas por ele de suas enfermidades.
15သို့သော်လည်း သိတင်း တော်သည်သာ၍ ကျော်စော သဖြင့် ၊ များစွာ သောလူ အပေါင်းတို့သည် တရား နာလိုသောငှာ၎င်း ၊ အနာ ငြိမ်း စေခြင်းကျေးဇူးတော်ကို ခံလိုသောငှာ၎င်း၊ စုဝေး လျက်ရှိကြ၏။
16Mas ele se retirava para o deserto e orava.
16ကိုယ်တော် သည် တော အရပ်သို့ ကြွ ၍ ဆုတောင်း လေ့ရှိတော်မူ၏။
17Em um daqueles dias, ele estava ensinando; e estavam ali assentados fariseus e mestres da lei, que tinham vindo de todas as aldeias da Galileia, da Judeia e de Jerusalém. E o poder do Senhor estava com ele para curá-los.
17တစ်နေ့သ၌ ကိုယ်တော် သည် ဆုံးမ ဩဝါဒပေးတော်မူစဉ် ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ဂါလိလဲ ပြည်မြို့ရွာ များ တို့က ရောက်လာ သော ဖာရိရှဲ တို့နှင့် နိဿရည်း ဆရာတို့သည် ထိုင် လျက်ရှိ ကြ၏၊ အနာ ရောဂါ ငြိမ်းစေခြင်းငှာသခင်ဘုရား ၏ တန်ခိုး တော်သည် ထင်ရှား ၏။
18Eis que alguns homens trouxeram um paralítico em uma maca, e procuravam levá-lo para dentro e colocá-lo diante de Jesus.
18ထိုအခါ လက်ခြေသေ သောသူ တစ်ယောက်ကို အိပ်ရာ နှင့်တကွအထံသို့ဆောင်ခဲ့ ၍၊ ရှေ့ တော်၌ သွင်း ထား ခြင်းငှာရှာကြံ ကြ၏။
19Não achando como introduzi-lo por causa da multidão, subiram ao telhado e o desceram pelas telhas com a sua maca, no meio de todos, diante de Jesus.
19လူစုဝေး လျက်ရှိသောကြောင့် ဝင်စရာ လမ်းကိုမ တွေ့ သဖြင့် ၊ အိမ်မိုး ပေါ်သို့ တက် ၍ အုတ်မိုး ကို ဖောက်ပြီးမှလူနာ ကို အိပ်ရာ နှင့်တကွ လူများ အလယ် ယေရှု ၏ ရှေ့ တော်သို့ လျှော့ချ ကြ၏။
20Vendo a fé que eles tinham, ele lhe disse: “Homem, os seus pecados lhe estão perdoados.”
20ကိုယ်တော်သည် ထိုသူ တို့၏ ယုံကြည် ခြင်းကိုမြင် လျှင် ၊ လူနာအား၊ အချင်းလူ ၊ သင် ၏အပြစ် ကို လွတ် စေပြီ ဟု မိန့် တော်မူ၏။
21Os escribas e os fariseus começaram a raciocinar, dizendo: “Quem é este que diz blasfêmias? Quem pode perdoar pecados, senão somente Deus?”
21ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့က၊ ဘုရားကိုလွန်ကျူး ၍ ပြော သောဤ သူ ကား အဘယ်သူ နည်း။ ဘုရားသခင် မှတစ်ပါး အဘယ်သူ သည် အပြစ် ကို လွှတ် နိုင် သနည်းဟု ထင်မှတ် ကြ၏။
22Mas Jesus, percebendo os pensamentos deles, respondeu-lhes: “Por que vocês estão pensando assim em seu íntimo?
22ယေရှု သည် ထိုသူ တို့၏ ထင်မှတ် ခြင်းကိုသိ တော်မူလျှင် ၊ သင် တို့စိတ် ထဲမှာ အဘယ်ကြောင့် ထင်မှတ် ကြသနည်း။
23Qual é mais fácil dizer: 'Os seus pecados lhe estão perdoados', ou dizer: 'Levante-se e ande'?
23အဘယ် စကားကိုသာ၍ ပြော လွယ်သနည်း။ သင် ၏အပြစ် ကိုလွတ် စေပြီဟု ပြော လွယ်သလော ။ သင် ထ ၍ လှမ်းသွား လော့ ဟုပြောလွယ်သလော။
24Mas, para que vocês saibam que o Filho do Homem tem autoridade na terra para perdoar pecados”, disse ele ao paralítico: “Eu lhe digo: levante-se, pegue a sua maca e vá para a sua casa.”
24လူ သား သည်မြေကြီး ပေါ်မှာ အပြစ် လွှတ် ပိုင် သည်ကို သင်တို့သိ စေခြင်းငှာ ထ လော့။ ကိုယ် အိပ်ယာ ကို ဆောင် ၍ ကိုယ် အိမ် သို့ သွား လော့။ သင့် အား ငါ ဆိုသည် ဟု လက်ခြေသေ သောသူ အား မိန့် တော်မူ၏။
25Imediatamente ele se levantou diante deles, pegou aquilo em que estava deitado e foi para a sua casa, glorificando a Deus.
25ထိုသူသည်လည်း လူ အများရှေ့ မှာ ချက်ခြင်း ထ ၍ အိပ်ရာကိုဆောင် လျက်၊ ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလျက် မိမိ အိမ် သို့ သွား လေ၏။
26O espanto tomou conta de todos, e eles glorificavam a Deus. Ficaram cheios de temor, dizendo: “Vimos coisas extraordinárias hoje.”
26ထိုသူအပေါင်း တို့သည် မိန်းမော တွေဝေ၍ ကြောက်ရွံ့ အားကြီးသည်နှင့်၊ ငါတို့သည် အံ့ဘွယ် သော အမှုအရာကို ယနေ့ မြင် ခဲ့ပြီဟုပြောဆို ၍ ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။
27Depois dessas coisas, ele saiu e viu um cobrador de impostos chamado Levi, sentado na coletoria, e lhe disse: “Siga-me!”
27ထိုနောက် ကိုယ်တော်သည် ထကြွ ၍ လေဝိ အမည် ရှိသော အခွန်ခံ သူသည် အခွန်ခံ ရာတဲ၌ ထိုင် နေသည်ကိုမြင် သော် ငါ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။
28Ele deixou tudo, levantou-se e o seguiu.
28ထိုသူသည်လည်း ရှိသမျှ တို့ကို စွန့်ပစ် လျက် ထ ၍နောက် တော်သို့လိုက်လေ၏။
29Levi ofereceu-lhe um grande banquete em sua casa. Havia uma grande multidão de cobradores de impostos e de outras pessoas que estavam à mesa com eles.
29ထိုနောက်မှ လေဝိ သည် ကိုယ်တော် အဘို့အလို့ငှာမိမိ အိမ် ၌ ကြီးစွာ သောပွဲ ကိုခံ ၍၊ အခွန်ခံ သောသူများ နှင့် အခြား သောသူ အပေါင်းတို့သည် ကိုယ်တော်မှစသောတပည့် တော်တို့နှင့်တကွ စားပွဲ၌ လျောင်း ကြ၏။
30Os escribas e os fariseus murmuravam contra os discípulos dele, dizendo: “Por que vocês comem e bebem com os cobradores de impostos e pecadores?”
30ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့က သင်တို့သည် အခွန်ခံ သောသူ ဆိုး သောသူတို့နှင့်အတူ အဘယ်ကြောင့် စား သောက် ကြသနည်းဟု တပည့် တော်တို့ကိုကဲ့ရဲ့အပြစ်တင် ကြ၏။
31Jesus lhes respondeu: “Os que têm saúde não precisam de médico, mas sim os doentes.
31ယေရှု ကလည်း ၊ ကျန်းမာ သောသူ တို့သည် ဆေးသမား ကိုအလို မ ရှိ ကြ။ နာ သောသူ တို့သာလျှင် အလိုရှိ ကြ၏။
32Eu não vim para chamar os justos, mas os pecadores, ao arrependimento.”
32ဖြောင့်မတ် သောသူတို့သည် နောင်တ သို့ ခေါ် ခြင်းငှာလာ သည်မ ဟုတ် ဆိုး သော သူတို့ကို ခေါ်ခြင်းငှာ ငါ လာ သတည်း ဟု မိန့် တော်မူ၏။
33Eles lhe disseram: “Por que os discípulos de João jejuam e oram frequentemente, assim como também os discípulos dos fariseus, mas os teus comem e bebem?”
33လူအချို့တို့က၊ ယောဟန် ၏ တပည့် တို့နှင့် ဖာရိရှဲ တို့သည် အစာရှောင် ခြင်းနှင့် ဆုတောင်း ခြင်းတို့ကို အဖန်တလဲလဲ ပြု ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော် ၏တပည့် တို့သည် စား သောက် လျက် နေကြ ပါသနည်းဟု လျှောက် ကြ၏။
34Ele lhes disse: “Vocês podem fazer os amigos do noivo jejuar enquanto o noivo está com eles?
34ကိုယ်တော် ကလည်း ၊ မင်္ဂလာဆောင် လုလင်သည် မိမိအပေါင်းအဘော် တို့နှင့်အတူ ရှိစဉ်အခါ သူတို့ကို အစာရှောင် စေနိုင် သလော။
35Mas virão dias em que o noivo lhes será tirado. Então, naqueles dias, eles jejuarão.”
35မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဘော် တို့နှင့်ခွာ ၍ ယူသွား သောအချိန် ကာလရောက် လိမ့်မည်။ ထို ကာလ အခါသူတို့သည် အစာရှောင် ကြလိမ့်မည်။
36Ele também lhes contou uma parábola: “Ninguém coloca um remendo de uma roupa nova em uma roupa velha; senão, rasgará a nova, e também o remendo da nova não combinará com a velha.
36ဥပမာ ကား ၊ အဝတ် ဟောင်း ကို အထည် သစ် နှင့် ဖာ လေ့မ ရှိ။ ထိုသို့ဖာလျှင် အထည်သစ် သည် ဆွဲဆုတ် တတ်၏။ ဖာ သောအထည်သစ် သည် အဝတ်ဟောင်း နှင့် မ သင့် မတင့်တတ်။
37Ninguém coloca vinho novo em odres velhos; senão, o vinho novo romperá os odres, se derramará, e os odres se estragarão.
37၎င်းနည်း၊ ဟောင်း သောသားရေဘူး ၌ အသစ် သောစပျစ်ရည် ကို ထည့် လေ့မ ရှိ။ ထိုသို့ ထည့်လျှင် အသစ် သောစပျစ်ရည် သည် သားရေဘူး ကို ဆုတ် ခွဲသဖြင့် ၊ စပျစ်ရည် သည်ယို ၍ သားရေဘူး လည်း ပျက်စီး တတ်၏။
38Mas o vinho novo deve ser colocado em odres novos, e ambos se conservam.
38အသစ် သောစပျစ်ရည် ကို အသစ် သောသားရေဘူး ၌ ထည့် ရသည်၊ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက်စီး။
39E ninguém que tenha bebido vinho velho deseja imediatamente o novo, pois diz: 'O velho é melhor'.”
39ဟောင်း သောစပျစ်ရည်ကိုသောက် ပြီးသော သူသည်လည်း အသစ် သောစပျစ်ရည်ကို ချက်ခြင်းအလို မ ရှိတတ်။ ဟောင်း သော စပျစ်ရည်သာ၍ကောင်း သည်ကိုသိ၏ ဟုမိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.