1 Reis 2
Bíblia Portuguesa Mundial (Brazilian Portuguese)
Judson Burmese Bible (1840)
1Aproximando-se os dias da morte de Davi, ele deu ordens a Salomão, seu filho, dizendo:
1ဒါဝိဒ် သည်အနိစ္စ ရောက်ရသောအချိန် နီး သောအခါ ၊ သား တော်ရှောလမုန် ကို ပညတ် ထားတော်မူသည် ကား၊
2“Eu vou pelo caminho de toda a terra. Portanto, seja forte e mostre-se homem;
2မြေကြီး သားအပေါင်း တို့၏ သွားရာလမ်း သို့ ငါ သွား ရမည်။ သို့ဖြစ်၍ အား ယူလော့။ ယောက်ျား ၏ ဂုဏ်သတ္တိရှိ လော့။
3e guarde as instruções do SENHOR, seu Deus, para andar nos seus caminhos, para guardar os seus estatutos, os seus mandamentos, as suas ordenanças e os seus testemunhos, conforme o que está escrito na lei de Moisés, para que você prospere em tudo o que fizer e por onde quer que você for.
3ထာဝရဘုရား သည် ငါ့အားဗျာဒိတ် ပေးတော်မူ သည်ကား၊
4Assim o SENHOR poderá confirmar a sua palavra que falou a meu respeito, dizendo: 'Se os seus filhos guardarem o seu caminho, para andarem diante de mim em verdade, com todo o seu coração e com toda a sua alma, nunca lhe faltará', disse ele, 'um homem no trono de Israel.'
4သင် ၏သား မြေးတို့သည် စိတ် နှလုံး အကြွင်းမဲ့ ငါ့ ရှေ့ မှာ သမ္မာတရား၌ ကျင်လည် ခြင်းငှါ မိမိ တို့သွားရာ လမ်း ကို သတိပြု လျှင် ၊ ဣသရေလ နိုင်ငံရာဇ ပလ္လင်ပေါ် မှာ ထိုင်ရသောသင် ၏ အမျိုး မင်းရိုးမ ပြတ် ရဟု မိန့် တော်မူ သော စကား တော်တည် ၍ ၊ သင်သည်ပြု လေရာရာ ၊ သွား လေရာရာ ၌ အောင်မြင် မည်အကြောင်း သင် ၏ ဘုရား သခင်ထာဝရဘုရား၏ လမ်း တော်သို့ လိုက် ၍၊ မောရှေ ၏ပညတ္တိ ကျမ်း၌ ပါသောစီရင် ထုံးဖွဲ့ချက်၊ သက်သေခံ ချက်၊ ပညတ် တရား တော်တို့ကို စောင့်ရှောက် စေခြင်းငှါ မှာထားတော်မူသောစကားကို နားထောင် လော့။
5“Além disso, você também sabe o que Joabe, filho de Zeruia, me fez, e o que ele fez aos dois comandantes dos exércitos de Israel, a Abner, filho de Ner, e a Amasa, filho de Jéter, a quem ele matou, derramando sangue de guerra em tempo de paz, e colocando o sangue de guerra no cinto que estava em sua cintura e nas sandálias que estavam em seus pés.
5ဇေရုယာ သား ယွာဘ သည် ငါ ၌ ပြု သောအမှု ၊ ဣသရေလ ဗိုလ်ချုပ် နှစ် ပါးနေရ ၏သား အာဗနာ ၊ ယေသာ ၏ သား အာမသ ၌ ပြု သောအမှု တည်းဟူသောသူ တို့ ကိုသတ် ၍ စစ် မတိုက်ဘဲ စစ် အသွေး ကို သွန်းလောင်း သဖြင့် ၊ မိမိ ဝတ်သောခါးစည်း ၊ မိမိ နင်း သော ခြေနင်း တို့ကို စစ် အသွေး နှင့် လူး သောအမှုကို သင် သိ သည်ဖြစ်၍၊
6Aja, portanto, de acordo com a sua sabedoria, e não deixe que a sua cabeça grisalha desça ao Seol em paz.
6သင် ၌ပညာ ရှိသည်အတိုင်း စီရင် လျက်၊ ဆံပင် ဖြူသော ထိုသူ ၏ဦးခေါင်းကို မရဏာ နိုင်ငံသို့ ငြိမ်ဝပ် စွာ မ ဆင်း စေနှင့်။
7Mas mostre bondade para com os filhos de Barzilai, o gileadita, e que eles estejam entre os que comem à sua mesa; pois assim eles vieram a mim quando eu fugia de Absalão, seu irmão.
7ဂိလဒ် ပြည်သားဗာဇိလဲ ၏သား တို့ကို ကား ကျေးဇူး ပြု၍ စားပွဲ တော်၌ စား သောလူစုထဲသို့ ဝင် စေလော့။ သင့် အစ်ကို အဗရှလုံ ကြောင့် ငါ ပြေး ရသောအခါ ၊ သူတို့သည် ထိုသို့သောကျေးဇူးကိုပြု၍ ငါ့ ထံသို့ လာ ကြ၏။
8“Eis que está com você Simei, filho de Gera, o benjamita de Baurim, que me amaldiçoou com uma terrível maldição no dia em que fui a Maanaim; mas ele desceu ao meu encontro no Jordão, e eu lhe jurei pelo SENHOR, dizendo: 'Não o matarei à espada.'
8ငါ သည်မဟာနိမ် မြို့သို့သွား သောနေ့ ၌ ငါ့ ကို ကြမ်းတမ်း စွာ ကျိန်ဆဲ သောသူ ၊ ဗင်္ယာမိန် အမျိုးဗာဟုရိမ် ရွာသား၊ ဂေရ ၏သား ရှိမိ သည် သင့် လက်၌ရှိ၏။ သူ သည်ငါ့ ကိုခရီးဦးကြို ပြုအံ့သောငှါ ယော်ဒန် မြစ်နားသို့ လာ သောအခါ ၊ သင့် ကို ငါမ ကွပ်မျက် ဟု ထာဝရဘုရား ကို တိုင်တည် ၍ ငါကျိန်ဆိုသော်လည်း၊
9Agora, portanto, não o considere inocente, pois você é um homem sábio; e saberá o que deve fazer com ele, e fará com que a sua cabeça grisalha desça ao Seol com sangue.”
9ထိုသူ ကို အပြစ် မရှိသော သူကဲ့သို့မ မှတ်ရဘဲ၊ သင် သည် လိမ္မာ သောသူ ဖြစ်၍ သူ ၌ အဘယ်သို့ စီရင် သင့်သည်ကို သိ သည်နှင့်အညီ၊ ဆံပင် ဖြူသော ထိုသူ ၏ ခေါင်းကို အသေသတ်ခြင်းအားဖြင့်မရဏာ နိုင်ငံသို့ ဆင်း စေလော့ဟု မှာထားတော်မူပြီးမှ၊
10Davi descansou com seus pais, e foi sepultado na Cidade de Davi.
10ဒါဝိဒ် သည်ဘိုးတော် ဘေးတော်တို့နှင့် အိပ်ပျော် ၍ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ခြင်းကိုခံ တော်မူ၏။
11Os dias que Davi reinou sobre Israel foram quarenta anos; ele reinou sete anos em Hebrom, e reinou trinta e três anos em Jerusalém.
11ဟေဗြုန် မြို့၌ ခုနစ် နှစ် ၊ ယေရုရှလင် မြို့၌ သုံးဆယ် သုံး နှစ် မင်းပြု ၍ ဣသရေလ နိုင်ငံကို အနှစ် လေးဆယ် စိုးစံ တော်မူ၏။
12Salomão assentou-se no trono de Davi, seu pai; e o seu reino foi firmemente estabelecido.
12ရှောလမုန် သည် ခမည်းတော် ဒါဝိဒ် ၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် တော်မူ၍ ၊ အာဏာ တော်သည် အမြဲ တည် ၏။
13Então Adonias, filho de Hagite, foi a Bate-Seba, mãe de Salomão. Ela perguntou: “Você vem em paz?” Ele respondeu: “Em paz.”
13ထိုနောက်ဟဂ္ဂိတ် ၏သား အဒေါနိယ သည် ရှောလမုန် ၏ မယ်တော် ဗာသရှေဘ ထံသို့ သွား ၍ ၊ ဗာသရှေဘက သင် သည်မိတ်ဆွေ ဖွဲ့လျက် လာ သလော ဟုမေး လျှင် ၊ မိတ်ဆွေ ဖွဲ့လျက် လာပါ၏။
14Ele disse mais: “Tenho algo a lhe dizer.” Ela disse: “Fale.”
14ပြော စရာတစုံတခုရှိပါသည်ဟု ဆို သော် ၊ မယ်တော်က ပြော ပါဟု ပြန်ဆို ၏။
15Ele disse: “Você sabe que o reino era meu, e que todo o Israel tinha os olhos voltados para mim, para que eu reinasse. No entanto, o reino mudou de mãos e passou para o meu irmão; pois era dele da parte do SENHOR.
15အဒေါနိယကလည်း၊ နိုင်ငံ တော်သည် ကျွန်ုပ် လက်သို့ ရောက် သည်ကို၎င်း ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ကျွန်ုပ် ကို ရှင် ဘုရင်အဖြစ်၌ ချီးမြှောက်ချင်သည်အကြောင်း ကို၎င်းမယ်တော် သိ ပါ၏။ သို့သော်လည်း နိုင်ငံ တော်သည် ကျွန်ုပ်လက်မှလွဲ ၍ ညီ တော်လက် သို့ ရောက် ပါပြီ။ ထိုသို့ ထာဝရဘုရား အလိုတော်ရှိ၏။
16Agora lhe faço um pedido. Não me negue.” Ela lhe disse: “Fale.”
16ယခု မှာ တစုံတခု သောဆု ကို မယ်တော် ၌ တောင်း ချင်ပါ၏။ မ ငြင်း ပါနှင့်ဟုဆိုလျှင်၊ မယ်တော်က ပြော ပါဟုဆို ၏။
17Ele disse: “Por favor, fale com o rei Salomão (pois ele não dirá 'não' a você), para que ele me dê Abisague, a sunamita, por mulher.”
17သူကလည်းရှောလမုန် မင်းကြီး သည် ရှုနင် မြို့သူအဘိရှက် ကို ကျွန်ုပ် အား ပေးစား တော်မူမည်အကြောင်း လျှောက် ပါတော့။ မင်းကြီးသည် မယ်တော်ကို ငြင်း တော် မ မူနိုင်ဟု ဆို လေသော်၊
18Bate-Seba disse: “Está bem. Eu falarei por você ao rei.”
18ဗာသရှေဘ ကကောင်း ပြီ။ သင့် အဘို့ နားတော် လျှောက် မည်ဟု ဆို ပြီးမှ ၊ အဒေါနိယ အဘို့ နားတော် လျှောက် အံ့သောငှါ ရှောလမုန် မင်းကြီး ထံ တော်သို့သွား ၏။
19Bate-Seba, portanto, foi ao rei Salomão, para falar com ele em favor de Adonias. O rei levantou-se para encontrá-la e inclinou-se diante dela, e assentou-se no seu trono e mandou colocar um trono para a mãe do rei; e ela se assentou à sua direita.
19ရှင်ဘုရင်သည် မယ်တော်ကို ခရီးဦးကြို ပြုအံ့သောငှါ ထ ၍ ဦးချ ပြီးမှ ၊ ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူ ၏။ မယ်တော် ထိုင်စရာဘို့ စီရင် ၍ သူသည် လက်ျာ တော်ဘက် မှာ ထိုင်လေ၏။
20Então ela disse: “Faço-lhe um pequeno pedido; não me negue.” O rei lhe disse: “Peça, minha mãe, pois não lhe negarei.”
20ထိုအခါ မယ်တော်က၊ ငယ် သောဆု တစုံတခု ကို တောင်း ချင်သည်ဖြစ်၍မ ငြင်း ပါနှင့်ဟု လျှောက် လျှင်၊ ရှင်ဘုရင် ကမိခင် ၊ တောင်း ပါ၊ ကျွန်ုပ်မ ငြင်း ပါဟု မိန့် တော်မူ ၏။
21Ela disse: “Que Abisague, a sunamita, seja dada a Adonias, seu irmão, por mulher.”
21မယ်တော်ကလည်း ၊ ရှုနင် မြို့သူအဘိရှက် ကို နောင်တော် အဒေါနိယ အား ပေးစား တော်မူပါဟု တောင်း လေသော်၊
22O rei Salomão respondeu à sua mãe: “Por que você pede Abisague, a sunamita, para Adonias? Peça também o reino para ele, pois ele é meu irmão mais velho; sim, para ele, e para Abiatar, o sacerdote, e para Joabe, filho de Zeruia.”
22ရှောလမုန် မင်းကြီး က၊ အဒေါနိယ အဘို့ ရှုနင် မြို့သူအဘိရှက် ကိုသာ အဘယ်ကြောင့် တောင်း ရ သနည်း။ နိုင်ငံ တော်ကိုလည်း သူ အဘို့ တောင်း ပါလော့။ သူ သည်ကျွန်ုပ် နောင်တော် ဖြစ်၏။ သူ နှင့် ယဇ်ပုရောဟိတ် အဗျာသာ ၊ ဇေရုယာ ၏ သား ယွာဘ အဘို့ တောင်းပါလော့ ဟု မယ်တော် အား ပြန် ပြောပြီးမှ၊
23Então o rei Salomão jurou pelo SENHOR, dizendo: “Que Deus me faça assim, e muito mais, se Adonias não falou esta palavra contra a sua própria vida.
23တဖန် အဒေါနိယ သည် ထိုသို့ တောင်း သော်၊ မိမိ အသက် သေစေခြင်းငှါမတောင်းမိလျှင်၊ ဘုရား သခင်သည် ငါ့ အား ထိုမျှမက ပြု တော်မူစေသတည်း။
24Agora, portanto, tão certo como vive o SENHOR, que me estabeleceu e me colocou no trono de Davi, meu pai, e que me fez uma casa como prometeu, certamente Adonias será morto hoje.”
24ငါ့ ကိုမြဲမြံ စေသဖြင့် ၊ ငါ့ ခမည်းတော် ဒါဝိဒ် ၏ ရာဇ ပလ္လင်တော်ပေါ် မှာ တင်၍ဂတိတော်နှင့်အညီငါ့ နေရာနန်းတော် ကိုပေး တော်မူသော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ၊ အဒေါနိယ သည် ယနေ့ အသေခံ ရမည်ဟု ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို ပြီးမှ၊
25O rei Salomão enviou Benaia, filho de Joiada; e ele o feriu, de modo que morreu.
25ယောယဒ သား ဗေနာယ ကိုစေလွှတ် ၍ ၊ အဒေါနိယ ကို သေ အောင်လုပ်ကြံ လေ၏။
26A Abiatar, o sacerdote, o rei disse: “Vá para Anatote, para os seus próprios campos, pois você é digno de morte. Mas não o matarei neste momento, porque você carregou a arca do Senhor DEUS diante de Davi, meu pai, e porque você sofreu aflição em tudo em que meu pai foi afligido.”
26ယဇ်ပုရောဟိတ် အဗျာသာ ကို လည်း ရှင်ဘုရင် ခေါ်၍၊ သင်သည် အာနသုတ် မြို့၊ သင် ပိုင်သော မြေ သို့ သွား လော့။ သင်သည် အသေခံ ထိုက်သော်လည်း ယခု ငါမ စီရင်။ အကြောင်း မူကား၊ ထာဝရ အရှင် ဘုရား သခင်၏သေတ္တာ တော်ကို ငါ့ ခမည်းတော် ဒါဝိဒ် ရှေ့ မှာ ထမ်း လေပြီ။ ငါ့ ခမည်းတော် ဆင်းရဲ ခံလေရာရာ ၌ သင်သည် ဆင်းရဲ ခံလေပြီဟု မိန့် တော်မူ၏။
27Assim Salomão expulsou Abiatar de ser sacerdote do SENHOR, para que se cumprisse a palavra do SENHOR que ele falou a respeito da casa de Eli em Siló.
27ထာဝရဘုရား သည် ဧလိ အမျိုး ကို အကြောင်းပြု ၍၊ ရှိလော မြို့၌ မိန့်တော်မူသောစကား ပြည့်စုံ မည် အကြောင်း ၊ ရှောလမုန် သည် အဗျာသာ ကို ထာဝရဘုရား ထံ တော်၌ ယဇ်ပုရောဟိတ် မ ဖြစ် စေခြင်းငှါနှင်ထုတ် တော်မူ ၏။
28Esta notícia chegou a Joabe; pois Joabe havia seguido Adonias, embora não tivesse seguido Absalão. Joabe fugiu para a Tenda do SENHOR, e agarrou-se às pontas do altar.
28ယွာဘ မူကား ၊ အဗရှလုံ နောက် သို့မ လိုက်သော်လည်း ၊ အဒေါနိယ နောက် သို့ လိုက်သောသူဖြစ်၍၊ ထို သိတင်း ကို ကြား သောအခါ ၊ ထာဝရဘုရား ၏ တဲ တော်သို့ ပြေး ၍ ယဇ် ပလ္လင်ဦးချို တို့ကို ကိုင် လျက်နေ၏။
29Disseram ao rei Salomão: “Joabe fugiu para a Tenda do SENHOR; e eis que ele está junto ao altar.” Então Salomão enviou Benaia, filho de Joiada, dizendo: “Vá, fira-o.”
29ယွာဘ သည် ထာဝရဘုရား ၏ တဲ တော်သို့ ပြေး ပါပြီ။ ယဇ် ပလ္လင်အနား မှာရှိပါသည်ဟု ရှောလမုန် မင်းကြီး အား လျှောက် သောအခါ ၊ ယွာဘ ကို လုပ်ကြံ လော့ဟု ယောယဒ သား ဗေနာယ ကို စေလွှတ် တော်မူ၏။
30Benaia foi à Tenda do SENHOR, e lhe disse: “O rei diz: 'Saia!'” Ele disse: “Não; mas morrerei aqui.” Benaia levou a resposta ao rei novamente, dizendo: “Foi isso que Joabe disse, e foi assim que ele me respondeu.”
30ဗေနာယ သည် ထာဝရဘုရား ၏ တဲ တော်သို့ သွား ၍ ၊ ရှင်ဘုရင် ခေါ်တော်မူသည်ဟုဆို လျှင် ၊ ယွာဘက ငါမ သွား၊ ဤ အရပ်မှာ အသေခံ မည်ဟုဆို ၏။ ဗေနာယ ကလည်း၊ ယွာဘ သည်ဤသို့ ပြန် ပြောပါ၏ဟု နားတော် လျှောက် လေသော်၊
31O rei lhe disse: “Faça como ele disse, fira-o e sepulte-o, para que você tire de mim e da casa de meu pai o sangue que Joabe derramou sem motivo.
31ရှင်ဘုရင် က၊ အပြစ် မရှိသောသူ ၏အသက်ကို ယွာဘ သတ် သော အပြစ် နှင့် ငါ မှစ၍ ငါ့ အဆွေ အမျိုးကင်းစင် မည်အကြောင်းသူ့စကား အတိုင်း ပြု လော့။ သူ့ ကို လုပ်ကြံ ၍ သင်္ဂြိုဟ် လော့။
32O SENHOR fará o sangue dele recair sobre a sua própria cabeça, porque ele atacou dois homens mais justos e melhores do que ele, e os matou à espada, sem que meu pai Davi o soubesse: Abner, filho de Ner, comandante do exército de Israel, e Amasa, filho de Jéter, comandante do exército de Judá.
32သူသည် မိမိ ထက် သာ၍ဖြောင့်မတ် ကောင်းမြတ် သောသူ၊ ဣသရေလ ဗိုလ်ချုပ် နေရ ၏သား အာဗနာ နှင့် ယုဒ ဗိုလ်ချုပ် ယေသာ ၏သား အာမသ ကို ငါ့ ခမည်းတော် ဒါဝိဒ် မ သိ ဘဲ တိုက် ၍ ထား နှင့် သတ် သော အပြစ် ကို ထာဝရဘုရား သည် သူ ၏ခေါင်း ပေါ် သို့ သက်ရောက် စေတော်မူမည်။
33Assim o sangue deles recairá sobre a cabeça de Joabe e sobre a cabeça da sua descendência para sempre. Mas para Davi, para a sua descendência, para a sua casa e para o seu trono, haverá paz para sempre da parte do SENHOR.”
33ထိုသူ တို့၏ အသွေး သည် ယွာဘ ခေါင်း ၊ သား မြေးတို့၏ ခေါင်း ပေါ် မှာ အစဉ် သက်ရောက် ပါစေ။ ဒါဝိဒ် နှင့် သူ ၏ဆွေ တော်မျိုးတော်၊ နန်း တော်၊ ရာဇ ပလ္လင်တော်၌ ထာဝရဘုရား ပေးတော်မူသောငြိမ်ဝပ် ခြင်း အမြဲ သက်ရောက် ပါစေဟု မိန့် တော်မူသည်အတိုင်း၊
34Então Benaia, filho de Joiada, subiu, o feriu e o matou; e ele foi sepultado em sua própria casa no deserto.
34ယောယဒ သား ဗေနာယ သည် သွား ပြီးလျှင် ၊ ယွာဘ ကို တိုက် သတ် ၍ တော အရပ်၊ ယွာဘ နေရာအိမ် ၌ သင်္ဂြိုဟ် လေ၏။
35O rei colocou Benaia, filho de Joiada, em seu lugar sobre o exército; e o rei colocou Zadoque, o sacerdote, no lugar de Abiatar.
35ဗိုလ်ချုပ်ယွာဘအရာ ၌ ယောယဒ သား ဗေနာယ ကို၎င်း ၊ အဗျာသာ အရာ ၌ ယဇ်ပုရောဟိတ် ဇာဒုတ် ကို၎င်းရှင်ဘုရင် ခန့်ထား တော်မူ၏။
36O rei mandou chamar Simei, e lhe disse: “Construa para você uma casa em Jerusalém, e more lá, e não vá para nenhum outro lugar.
36တဖန် ရှင် ဘုရင်သည် ရှိမိ ကို ခေါ် ပြီးလျှင် ၊ သင်သည် ယေရုရှလင် မြို့ထဲမှာ အိမ် ကို ဆောက် ၍ နေ ရ မည်။ မြို့ပြင်သို့ထွက်၍ အဘယ် အရပ်ကို မျှမ သွား နှင့်။
37Pois no dia em que você sair e atravessar o ribeiro de Cedrom, saiba com certeza que você certamente morrerá. O seu sangue estará sobre a sua própria cabeça.”
37မြို့ပြင်သို့ထွက်၍ ကေဒြုန် ချောင်း ကို ကူး လျှင် ၊ ကူး သောနေ့ ၌ အသေ သတ်ခြင်းကို အမှန် ခံရမည်ဟု သတိနှင့်မှတ်လော့။ သင့် အသွေး သည် သင့် ခေါင်း ပေါ် မှာ သက်ရောက် စေဟု မိန့် တော်မူသော်၊
38Simei disse ao rei: “O que você diz é bom. Como o meu senhor, o rei, disse, assim fará o seu servo.” Simei morou em Jerusalém muitos dias.
38ရှိမိ က၊ အမိန့် တော်ကောင်း ပါ၏။ အရှင် မင်းကြီး မိန့် တော်မူသည်အတိုင်း ကိုယ်တော် ကျွန် ပြု ပါမည်ဟု ပြန် လျှောက်၍ ယေရုရှလင် မြို့၌ ကြာမြင့် စွာနေ လေ၏။
39Ao fim de três anos, dois dos escravos de Simei fugiram para Aquis, filho de Maaca, rei de Gate. Avisaram a Simei, dizendo: “Eis que os seus escravos estão em Gate.”
39သို့ရာတွင် သုံး နှစ် လွန် သောအခါ ၊ ရှိမိ ၏ ကျွန် နှစ် ယောက်တို့သည် ဂါသ မင်းကြီး မာခါ သား အာခိတ် ထံသို့ ပြေး ၍ ဂါသ မြို့၌ ရှိကြောင်းကို ရှိမိ သည်ကြား လေသော်
40Simei levantou-se, selou o seu jumento e foi a Gate, a Aquis, para buscar os seus escravos; e Simei foi e trouxe os seus escravos de Gate.
40ထ ၍ မြည်း ကို ကုန်းနှီး တင်ပြီးလျှင် ၊ ကျွန် တို့ကို ရှာ အံ့သောငှါ ဂါသ မြို့၊ အာခိတ် ထံသို့ သွား ၍ ကျွန် တို့ကို ခေါ် လေ၏။
41Disseram a Salomão que Simei havia ido de Jerusalém a Gate, e havia voltado.
41ထိုသို့ ရှိမိ သည် ယေရုရှလင် မြို့မှ ဂါသ မြို့သို့ သွား ၍ ပြန်လာ ကြောင်း ကို ရှောလမုန် မင်းကြီးကြား လေသော်၊
42O rei mandou chamar Simei, e lhe disse: “Eu não o fiz jurar pelo SENHOR e o avisei, dizendo: 'Saiba com certeza que no dia em que você sair e for a qualquer outro lugar, você certamente morrerá'? Você me disse: 'A palavra que ouvi é boa.'
42ရှိမိ ကို ခေါ် ပြီးလျှင် ၊ သင်သည် မြို့ပြင်သို့ ထွက် ၍ အခြား တပါးသော အရပ်သို့သွားလျှင် ၊ သွား သောနေ့ ၌ အသေ သတ်ခြင်းအမှန် ခံရမည်ကို သတိနှင့်မှတ်လော့ဟု ထာဝရဘုရား ကို တိုင်တည်လျက် သင့် ကို ငါကျိန်ဆို စေ၍ သတိ ပေးသည်မ ဟုတ်လော။ သင်ကလည်း ကျွန်တော်ကြား ရသောအမိန့် တော်ကောင်း ပါသည်ဟု ဝန်ခံသည် မဟုတ်လော။
43Por que, então, você não guardou o juramento do SENHOR e o mandamento que lhe ordenei?”
43သို့ဖြစ်၍ ထာဝရဘုရား ၏သစ္စာ တော်ကို၎င်း ၊ ငါမှာ ထားသော ပညတ် ကို၎င်း၊ အဘယ်ကြောင့် မ စောင့် သနည်းဟု မိန့်တော်မူပြီးမှ၊
44O rei disse mais a Simei: “Você sabe em seu coração toda a maldade que fez a Davi, meu pai. Portanto, o SENHOR fará a sua maldade recair sobre a sua própria cabeça.
44တဖန် သင် သည် ကိုယ်နှစ်သက်သည်အတိုင်း ငါ့ ခမည်းတော် ဒါဝိဒ် ၌ ပြု ဘူးသော ဒုစရိုက် ရှိသမျှ ကို သင် သိ ၏။ သင် ၏ဒုစရိုက် အပြစ်ကို ထာဝရဘုရား သည် သင့် ခေါင်း ပေါ် သို့ ရောက် စေတော်မူ၏။
45Mas o rei Salomão será abençoado, e o trono de Davi será estabelecido diante do SENHOR para sempre.”
45ရှောလမုန် မင်းကြီး သည် မင်္ဂလာ ရှိ၍ ဒါဝိဒ် ၏ ရာဇ ပလ္လင်တော်သည် ထာဝရဘုရား ရှေ့ တော်၌ အစဉ်အမြဲ တည် ပါစေသတည်းဟု မိန့်တော်မူပြီးလျှင်၊
46Então o rei deu ordens a Benaia, filho de Joiada; e ele saiu e o feriu, de modo que morreu. O reino foi estabelecido nas mãos de Salomão.
46ယောယဒ သား ဗေနာယ သည် အမိန့် တော်ကိုခံ ၍ ပြင်သို့ထွက် ပြီးလျှင် ရှိမိ ကို သေ အောင်လုပ်ကြံ လေ၏။ ထိုသို့ နိုင်ငံ တော်သည် ရှောလမုန် လက် ၌ တည် ၏။
Tip: use the ← and → keys to turn chapters.