Waiwa 6
Kadede Kap (Pohnpeian New Testament and Psalms)
Judson Burmese Bible (1840)
1A TOUNPADAK kan lao totolar ni ran pukat men Krik kai ap lipaned on men Ipru, aki jota me apwali ar li odi kan ni ar dodok en ran akan.
1ထို ကာလ ၌ တပည့် တော်တို့သည် များပြား သည် ရှိသော်၊ နေ့ရက် အစဉ်အတိုင်းလုပ်ကျွေး သောအခါ ၊ ဟေလေနစ် အမျိုး မုတ်ဆိုးမ တို့ကို မ လုပ်မကျွေးဟု ထိုအမျိုးသားတို့သည် မြည်တမ်း ၍ ဟေဗြဲ လူတို့ကို အပြစ်တင် ကြ၏။
2Ekriamen oko ap molipe pena tounpadak kan majani: A jota mau on, jen muei jan majan en Kot, pwen papa ni tepel.
2ထိုအခါ တကျိပ် နှစ်ပါးသော တမန်တော်တို့သည် တပည့် တော်အပေါင်း တို့ကို ခေါ် ပြီးလျှင်၊ ငါ တို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုထား ၍ စားပွဲ ၌လုပ်ကျွေးမှု ကိုမ ဆောင် သင့်။
3Ari ri (at) akan, rapaki jan nan pun omail ol ijimen, me kalok mau, me dir en Nen (jaraui) o lolekon, me jen kajapwiladan dok wet!
3ထိုကြောင့် ညီအစ်ကို တို့၊ ဝိညာဉ် တော်နှင့် ၎င်း၊ ပညာ နှင့်၎င်းပြည့်စုံ လျက်၊ အသရေ ရှိသော လူ ခုနစ် ယောက်တို့ကို သင် တို့တွင် ရှာ ကြလော့။ ဤ အမှု ကို ဆောင်ရွက်စေခြင်းငှာထိုသူ တို့ကို ငါတို့သည် ခန့်ထား ကြမည်။
4A kit pan apapwalita kapakap o dodok pan majan o.
4ငါ တို့မူကား ၊ ဆုတောင်း ပဌနာပြုခြင်း၊ နှုတ်ကပတ် တရားတော် ကို ဟောပြော ခြင်းအမှုတို့ကို အမြဲပြု ၍ နေမည်ဟုဆို ကြ၏။
5Pokon o ari peren kida kaparok pot et. Re ap piladar Jtepanuj, ol amen, me dir en pojon o Nen jaraui, pil Pilipuj, o Prokoruj, o Nikanor, o Timon, o Parmenaj, o Nikolauj, projelite jan Antiokien amen.
5ထို စကားကိုလူအစုအဝေး အပေါင်း တို့သည် နှစ်သက် ကြသဖြင့်၊ ယုံကြည်ခြင်းနှင့် ၎င်း၊ သန့်ရှင်း သော ဝိညာဉ် တော်နှင့်၎င်း ပြည့်စုံ သော သတေဖန် မှစ၍ ဖိလိပ္ပု ၊ ပြောခေါ် ၊ နိကနော် ၊ တိမုန် ၊ ပါမေန ၊ ယုဒဘာသာဝင် သော အန္တိအုတ် မြို့သားနိကောလ တို့ကို ရွေးကောက် ၍ ၊
6Re kidan irail mon wanporon akan. Re lao kapakaper ap kidan po ’rail lim ar.
6တမန်တော် တို့ရှေ့ ၌ ထား ကြ၏။ တမန်တော်တို့ သည်လည်း ဆုတောင်း ပြီးလျှင်ထိုသူ တို့၏ ခေါင်းပေါ်၌လက် ကို တင် ကြ၏။
7Majan en Kot ari pwaida kaualap, o tounpadak kan madan totolar nan lerujalem, o jamero toto pil ian lamalam o.
7ဘုရားသခင် ၏ သာသနာ တော်သည် တိုးပွား သဖြင့်ယေရုရှလင် မြို့၌ တပည့် တော်တို့သည် အလွန် ပွားများ ၍၊ ယဇ် ပုရောဟိတ်အပေါင်း တို့သည် ယုံကြည် ခြင်း တရားကို နားထောင် ကြ၏။
8A Jtepanuj, me dir en pojon o kelail, ap wiadar manaman o kilel laud kai nan pun en aramaj akan.
8သတေဖန် သည် ကျေးဇူး တော်နှင့် ၎င်း၊ တန်ခိုး တော်နှင့် ၎င်း ပြည့်စုံ သဖြင့်၊ ကြီးစွာ သောနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို လူ များရှေ့ မှာပြု လေ၏။
9A akai me udar, me kijan jinakoke en Liperti o men Kirene, omen Alekjandrien, o men Jilijia, o Ajien akamai on Jtepanuj.
9ထိုအခါလိဗေရတိန် အပေါင်းအသင်းဝင်သော သူမှစ၍ ၊ ကုရေနေ ပြည်သား၊ အာလေဇန်ဒြိ ပြည်သား၊ ကိလိကိ ပြည်သား၊ အာရှိ ပြည်သားအချို့ တို့သည် ထ ၍ သတေဖန် နှင့်ငြင်းခုံ ခြင်းကို ပြုစဉ်တွင်၊
10A re jota kak palian en Jtepanuj a kupurokon o Nen o, me audeda i.
10သူဟောပြော ၍သုံးစွဲသောပညာ နှင့် ဝိညာဉ် တော် ကို မ ခံ မဆီးနိုင် ကြ။
11Irail ari pwain on ol akai, pwen katiti: Je roner, me a lalaue mojej o Kot.
11ထိုအခါ ဤသူ သည် မောရှေ ကို၎င်း ၊ ဘုရားသခင် ကို၎င်း လွန်ကျူး ၍ ပြော သည်ကို ငါတို့ကြား ရပါပြီဟု သက်သေခံ မည့်သူ တို့ကို တိတ်ဆိတ် စွာခေါ်၍ ထားကြပြီးလျှင်၊
12I rail pil kamakarada aramaj, o jaumaj akai, o jaunkawewe, re ap jaikidi i o koledi, re ap wa don i mod en kadeik o,
12လူ များကို၎င်း၊ အကြီးအကဲ ၊ ကျမ်းပြု ဆရာတို့ကို၎င်း နှိုးဆော် ၍ ၊ သတေဖန်ထံသို့လာ သဖြင့် ဘမ်းဆီး ၍ လွှတ်တော် သို့ ပို့ ကြ၏။
13O kapwareda jaunkadede likam akai, me katitiki: Aramaj men et jota kin dukedi jan a lulaue waja jaraui et o kapun.
13မမှန် သော သက်သေခံ တို့ကိုခေါ် ၍၊ ဤ သူ သည် သန့်ရှင်း သော အရပ် ဌာနတော်နှင့် ပညတ် တရားတော်ကို လွန်ကျူး၍ အစဉ်မပြတ် ပြောဆို လျက်နေပါ၏။
14Pwe je roner, me a katitiki, me Iejuj en Najaret pan kawela waja et o kawilianla lamalam kan, me Mojej kotiki on kitail er.
14ထိုနာဇရက် မြို့သားယေရှု သည် ဤ အရပ် ဌာန တော်ကို ဖျက်ဆီး ၍၊ ငါ တို့အား မောရှေအပ်ပေး သော ထုံးနည်း ဥပဒေကို ပြောင်းလဲ စေမည်ဟု ဤသူ ဆို သည်ကို အကျွန်ုပ်တို့သည် ကြား ရပါပြီဟုသက်သေခံ ကြ၏။
15A karoj, me ian mod on kapun o, kankakil i, kajauiada, me jilan a dueta jilan en tounlan amen.
15လွှတ်တော် ၌ ထိုင် လျက်ရှိသောသူ အပေါင်း တို့သည် သတေဖန် ကိုစေ့စေ့ ကြည့်ရှုလျှင် ၊ သူ ၏မျက်နှာ သည် ကောင်းကင် တမန်၏မျက်နှာ ကဲ့သို့ ဖြစ်သည်ဟု ထင်မှတ် ကြ၏။
Tip: use the ← and → keys to turn chapters.