داوران
Chapter 6
Old Persian Version (ترج…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
Old Persian Version (ترجمه قدیم)
Judson Burmese Bible (1840)
1و بنی‌اسرائیل در نظر خداوند شرارت ورزیدند. پس خداوند ایشان را به‌دست مدیان هفت سال تسلیم نمود.
1တဖန် ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သောကြောင့် ၊ သူ တို့ကို မိဒျန် အမျိုးလက် ၌ ခုနစ် နှစ် ပတ်လုံးအပ် တော်မူသဖြင့်၊
2و دست مدیان براسرائیل استیلا یافت، و به‌سبب مدیان بنی‌اسرائیل شکافها و مغاره‌ها و ملاذها را که درکوهها می‌باشند، برای خود ساختند.
2မိဒျန် အမျိုးသည် ဣသရေလ အမျိုးကို နိုင် ၍ ညှဉ်းဆဲ သောကြောင့် ၊ ဣသရေလ အမျိုးသားတို့သည် တောင်ရိုး ၌ ခိုင်ခံ့ သော ဥမင် မြေတွင်း တို့ကို လုပ် ရကြ၏။
3و چون اسرائیل زراعت می‌کردند، مدیان و عمالیق وبنی مشرق آمده، بر ایشان هجوم می‌آوردند.
3ဣသရေလ အမျိုးသည် လယ် လုပ်ပြီးမှ၊ မိဒျန် ပြည်သားနှင့် အာမလက် ပြည်သားအစရှိသော အရှေ့ ပြည်သား တို့သည် ချီ လာ၍၊
4وبر ایشان اردو زده، محصول زمین را تا به غزه خراب کردند، و در اسرائیل آذوقه و گوسفند وگاو و الاغ باقی نگذاشتند.
4တပ်ချ သဖြင့်၊ ဂါဇ မြို့တိုင်အောင်မြေ အသီးအနှံ ကို သုတ်သင် ပယ်ရှင်းလျက် စားစရာ ကို ချန်၍မထား။ သိုး နွား မြည်း ကိုလည်း ချန် ၍ မ ထားကြ။
5زیرا که ایشان بامواشی و خیمه های خود برآمده، مثل ملخ بی‌شمار بودند، و ایشان و شتران ایشان را حسابی نبود و به جهت خراب ساختن زمین داخل شدند.
5အဘယ်သို့နည်းဟူမူကား၊ သူ တို့သည် တိရစ္ဆာန် များ၊ တဲ များပါလျက်၊ ကျိုင်းကောင် များပြား သကဲ့သို့ ၊ သူ တို့နှင့် ကုလားအုပ် တို့သည် မရေတွက်နိုင်အောင် များပြားသဖြင့် ဣသရေလ ပြည် ကို ဖျက်ဆီး လျက် လာ ကြ၏။
6و چون اسرائیل به‌سبب مدیان بسیار ذلیل شدند، بنی‌اسرائیل نزد خداوند فریاد برآوردند.
6ဣသရေလ အမျိုးသားတို့သည် မိဒျန် အမျိုးသားတို့ကြောင့် အလွန် ဆင်းရဲ ၍ ထာဝရဘုရား အား ဟစ်ကြော် ကြ၏။
7و واقع شد چون بنی‌اسرائیل از دست مدیان نزد خداوند استغاثه نمودند،
7ထိုသို့ မိဒျန် အမျိုးသားတို့ကြောင့် ၊ ထာဝရဘုရား အား ဟစ်ကြော် ကြသောအခါ၊
8که خداوند نبی‌ای برای بنی‌اسرائیل فرستاد، و او به ایشان گفت: «یهوه خدای اسرائیل چنین می‌گوید: من شما رااز مصر برآوردم و شما را از خانه بندگی بیرون آوردم،
8ထာဝရဘုရား သည် ပရောဖက် တယောက် ကို ဣသရေလ အမျိုးသားတို့ထံ သို့စေလွှတ် တော်မူ၍ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ကျွန် ခံနေရာ အဲဂုတ္တု ပြည်မှ သင် တို့ကို ငါနှုတ် ဆောင်ပြီ။
9و شما را از دست مصریان و از دست جمیع ستمکاران شما رهایی دادم، و اینان را ازحضور شما بیرون کرده، زمین ایشان را به شمادادم.
9အဲဂုတ္တု ပြည်သားလက် မှ ၎င်း ၊ ညှဉ်းဆဲ သောသူအပေါင်း တို့လက် မှ ၎င်း၊ သင် တို့ကို ကယ်နှုတ် ၍ ၊ သူ တို့ကို သင် တို့ရှေ့ မှ နှင်ထုတ် သဖြင့် သူ တို့ပြည် ကိုပေး ပြီ။
10و به شما گفتم، من، یهوه، خدای شماهستم. از خدایان اموریانی که در زمین ایشان ساکنید، مترسید لیکن آواز مرا نشنیدید.»
10ငါ သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ သင် တို့နေ သောအာမောရိ ပြည်သားကိုးကွယ်သော ဘုရား တို့ကို မ ကြောက်ရွံ့ ကြနှင့်ဟု ငါပညတ် သော်လည်း ၊ သင်တို့သည် ငါ့ စကား ကို နား မ ထောင်ကြဟု မိန့် တော်မူ၏။
11و فرشته خداوند آمده، زیر درخت بلوطی که در عفره است که مال یوآش ابیعزری بود، نشست و پسرش جدعون گندم رادر چرخشت می‌کوبید تا آن را از مدیان پنهان کند.
11တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန် သည်လာ ၍ ၊ ဩဖရ ရွာမှာ အဗျေဇာ အမျိုးသားယောရှ ပိုင်သော သပိတ် ပင်အောက် ၌ ထိုင် လေ၏။ ယောရှ သား ဂိဒေါင် သည် မိမိစပါးကို မိဒျန် လူတို့ မ တွေ့စေခြင်းငှါ ၊ စပျစ်သီး နယ်ရာ တန်ဆာအနား မှာ စပါး ကို နယ် လျက်နေ၏။
12پس فرشته خداوند بر او ظاهر شده، وی را گفت: «ای مرد زورآور، یهوه با تو است.»
12ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကိုယ်ထင်ရှား ၍ ၊ ခွန်အားကြီး သော အချင်းသူရဲ ၊ ထာဝရဘုရား သည် သင် နှင့်အတူ ရှိတော်မူ၏ဟု ဆို လျှင်၊
13جدعون وی راگفت: «آه‌ای خداوند من، اگر یهوه با ماست پس چرا این همه بر ما واقع شده است، و کجاست جمیع اعمال عجیب او که پدران ما برای ما ذکرکرده، و گفته‌اند که آیا خداوند ما را از مصر بیرون نیاورد، لیکن الان خداوند ما را ترک کرده، و به‌دست مدیان تسلیم نموده است.»
13ဂိဒေါင် က၊ အိုသခင် ၊ ထာဝရဘုရား သည် အကျွန်ုပ် တို့နှင့်အတူ ရှိ တော်မူသည် မှန်လျှင် အဘယ်ကြောင့် ဤ အမှုကြီး ရောက် ရပါသနည်း။ ထာဝရဘုရား သည် ငါ တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင်တော်မူသည် မဟုတ် လောဟု အကျွန်ုပ် တို့အဘ များ ပြော သည်အတိုင်း ပြုတော်မူသော၊ အံ့ဘွယ် သော အမှုရှိသမျှ တို့သည် အဘယ်မှာ ရှိပါသနည်း။ ယခု မှာ ထာဝရဘုရား သည် အကျွန်ုပ် တို့ကို စွန့် ၍ မိဒျန် လူတို့လက် သို့ အပ် တော်မူပြီတကားဟု ဆို လေသော်၊
14آنگاه یهوه بروی نظر کرده، گفت: «به این قوت خود برو واسرائیل را از دست مدیان رهایی ده، آیا من تو رانفرستادم.»
14ထာဝရဘုရား သည် သူ့ ကို ကြည့်ရှု ၍ ယခု သင် ရသောတန်ခိုး ကို အမှီပြု လျှက် သွား လော့။ သင်သည် ဣသရေလ အမျိုးကို မိဒျန် လူတို့လက် မှ ကယ်နှုတ် လိမ့်မည်။ သင့် ကို ငါစေခိုင်း သည် မဟုတ် လောဟု မိန့် တော်မူ၏။
15او در جواب وی گفت: «آه‌ای خداوند چگونه اسرائیل را رهایی دهم، اینک خاندان من در منسی ذلیل تر از همه است و من درخانه پدرم کوچکترین هستم.»
15ဂိဒေါင်ကလည်း ၊ အိုသခင် ၊ အကျွန်ုပ်သည် ဣသရေလ အမျိုးကို အဘယ်သို့ ကယ်နှုတ် နိုင်ပါမည်နည်း။ အကျွန်ုပ် အဆွေအမျိုး သည် မနာရှေ အမျိုး၌ သာ၍ဆင်းရဲ ပါ၏။ အကျွန်ုပ် သည်လည်း ၊ ကိုယ် အဆွေအမျိုး ၌ အယုတ် ဆုံးသောသူဖြစ် ပါ၏ဟု လျှောက် လျှင်၊
16خداوند وی راگفت: «یقین من با تو خواهم بود و مدیان را مثل یک نفر شکست خواهی داد.»
16ထာဝရဘုရား က၊ အကယ်စင်စစ် ငါသည် သင် နှင့်အတူ ရှိ သဖြင့် ၊ သင်သည် လူ တ ယောက်ကို လုပ်ကြံသကဲ့သို့ ၊ မိဒျန် လူတို့ကို လုပ်ကြံ လိမ့်မည်ဟု မိန့် တော်မူ၏။
17او وی را گفت: «اگر الان در نظر تو فیض یافتم، پس آیتی به من بنما که تو هستی آنکه با من حرف می‌زنی.
17ဂိဒေါင်ကလည်း၊ အကျွန်ုပ်သည် ရှေ့ တော်၌ မျက်နှာရ ပါလျှင် အကျွန်ုပ် နှင့် ယခု နှုတ်ဆက် တော်မူကြောင်း ထင်ရှားသော နိမိတ် လက္ခဏာကို ပြ တော်မူပါ။
18پس خواهش دارم که از اینجا نروی تا نزد تو برگردم، و هدیه خود را آورده، به حضور تو بگذرانم.» گفت: «من می‌مانم تا برگردی.»
18အကျွန်ုပ် သည် တဖန်လာ ပြန်၍ ၊ ဘောဇဉ် ပူဇော်သက္ကာကို ဆောင် ခဲ့သဖြင့် ၊ ကိုယ်တော် ရှေ့ ၌ မ တင် မှီတိုင်အောင်၊ ဤ အရပ်က ကြွ သွားတော်မ မူပါနှင့်ဟု တောင်းပန် လျှင် ၊ သင် သည် ပြန် ၍ မ လာမှီတိုင်အောင်ငါနေ မည်ဟု မိန့် တော်မူ၏။
19پس جدعون رفت و بزغاله‌ای را باقرصهای نان فطیر از یک ایفه آرد نرم حاضرساخت، و گوشت را در سبدی و آب گوشت را درکاسه‌ای گذاشته، آن را نزد وی، زیر درخت بلوطآورد و پیش وی نهاد.
19ဂိဒေါင် သည် သွား ၍ ဆိတ် သငယ် တကောင်ကို၎င်း၊ မုန့်ညက် တဧဖာ နှင့် လုပ်သော တဆေး မဲ့ မုန့်ပြားတို့ကို၎င်းပြင်ဆင် လေ၏။ ဆိတ်သား ကို တောင်း ၌ ထည့် ၍ ၊ ဆိတ်သားပြုတ်ရည် ကို အိုး ၌ လောင်း ပြီးမှ ၊ ကောင်းကင်တမန် ရှိရာ သပိတ် ပင်အောက် သို့ ဆောင် ခဲ့၍ ဆက် လေ၏။
20و فرشته خدا او را گفت: «گوشت و قرصهای فطیر را بردار و بر روی این صخره بگذار، و آب گوشت را بریز.» پس چنان کرد.
20ထာဝရဘုရား ၏ ကောင်းကင် တမန်ကလည်း ၊ အမဲသား နှင့် တဆေး မဲ့မုန့်ပြားတို့ကို ယူ ၍ ဤ ကျောက် ပေါ် မှာ တင် ထားလော့။ အမဲသားပြုတ်ရည် ကို သွန်းလောင်း လော့ဟု ဆို လျှင် ၊ ဆိုသည်အတိုင်း ဂိဒေါင်သည် ပြု လေ၏။
21آنگاه فرشته خداوند نوک عصا را که دردستش بود، دراز کرده، گوشت و قرصهای فطیررا لمس نمود که آتش از صخره برآمده، گوشت وقرصهای فطیر را بلعید، و فرشته خداوند ازنظرش غایب شد.
21ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် မိမိ ကိုင် သော တောင်ဝေး ကို ဆန့် ၍ ၊ အမဲသား နှင့် တဆေးမဲ့မုန့်ပြား တို့ကိုတို့ သဖြင့် ၊ ကျောက် ထဲက မီး ထ ၍ အမဲသား နှင့် တဆေးမဲ့မုန့်ပြား တို့ကို လောင် ပြီးမှ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကွယ် လေ၏။
22پس جدعون دانست که اوفرشته خداوند است. و جدعون گفت: «آه‌ای خداوند یهوه، چونکه فرشته خداوند را روبرودیدم.»
22ထာဝရဘုရား ၏ကောင်းကင် တမန်ဖြစ်သည်ကို ဂိဒေါင် သည် သိမြင် သောအခါ ၊ အို အရှင် ထာဝရဘုရား ၊ အကျွန်ုပ်သည် ထာဝရဘုရား ၏ ကောင်းကင်တမန် ကို မျက်နှာချင်းဆိုင် ၍ မြင် ရပါပြီတကားဟုလျှောက် သော်၊
23خداوند وی را گفت: «سلامتی بر توباد! مترس نخواهی مرد.»
23ထာဝရဘုရား က၊ ချမ်းသာ ပါစေ။ မ စိုးရိမ် နှင့်။ သင်သည် သေ ဘေးနှင့် လွတ် လျက်ရှိသည်ဟု မိန့် တော်မူ၏။
24پس جدعون درآنجا برای خداوند مذبحی بنا کرد و آن را یهوه شالوم نامید که تا امروز در عفره ابیعزریان باقی است.
24ထို အရပ်၌ ဂိဒေါင် သည် ထာဝရဘုရား အဘို့ ယဇ်ပလ္လင် ကို တည် ၍ ၊ ယေဟောဝါ ရှာလုံ အမည်ဖြင့် မှည့် လေ၏။ အဗျေဇာ သား၏ နေရာဩဖရ ရွာ၌ ယနေ့ တိုင်အောင် ရှိသတည်း။
25و در آن شب، خداوند او را گفت: «گاو پدرخود، یعنی گاو دومین را که هفت ساله است بگیر، و مذبح بعل را که از آن پدرت است منهدم کن، وتمثال اشیره را که نزد آن است، قطع نما.
25ထို နေ့ည မှာ ထာဝရဘုရား က၊ သင့် အဘ ၏နွား ပိုက် နှင့် အသက်ခုနစ် နှစ် ရှိ သောဒုတိယ နွားထီး ကို ယူ ပြီးလျှင် ၊ သင့် အဘ တည်သော ဗာလ ဘုရား၏ ယဇ်ပလ္လင် ကို ဖြိုဖျက် ၍ ၊ ယဇ်ပလ္လင် အနား မှာရှိသော အာရှရ ပင်ကို ခုတ်လှဲ လော့။
26وبرای یهوه، خدای خود، بر سر این قلعه مذبحی موافق رسم بنا کن، و گاو دومین را گرفته، با چوب اشیره که قطع کردی برای قربانی سوختنی بگذران.»
26ငါစီရင်သည်အတိုင်း၊ ဤ ကျောက် ပေါ် မှာ ထာဝရဘုရား အဘို့ ယဇ်ပလ္လင် ကို တည် ပြီးလျှင် ၊ ခုတ်လှဲ သော သစ်သား ဖြင့် ဒုတိယ နွား ကို မီးရှို့ ၍ ယဇ် ပူဇော်လော့ဟု မိန့် တော်မူ၏။
27پس جدعون ده نفر از نوکران خود رابرداشت و به نوعی که خداوند وی را گفته بود، عمل نمود، اما چونکه از خاندان پدر خود ومردان شهر می‌ترسید، این کار را در روز نتوانست کرد، پس آن را در شب کرد.
27ဂိဒေါင် လည်း မိမိ ကျွန် ဆယ် ယောက်တို့ကို ခေါ် ၍ ၊ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု လေ၏။ မိမိ အဘ ၏ အိမ်သား တို့ကို၎င်း ၊ မြို့ သား တို့ကို၎င်းကြောက် ၍၊ နေ့ အချိန်၌ မပြု ဝံ့သောကြောင့် ၊ ညဉ့် အချိန်၌ ပြု ၏။
28و چون مردمان شهر در صبح برخاستند، اینک مذبح بعل منهدم شده، و اشیره که در نزد آن بود، بریده، و گاو دومین بر مذبحی که ساخته شده بود، قربانی گشته.
28နံနက် စောစောမြို့ သား တို့သည် ထ ကြသောအခါ ၊ ဗာလ ဘုရား၏ ယဇ်ပလ္လင် သည် ပြိုပျက် လျက် ၊ အနား မှာရှိသော အာရှရ ပင်လည်း လဲ လျက် ၊ နောက်တည် သော ယဇ်ပလ္လင် ပေါ် မှာ ဒုတိယ နွားထီး ကို ပူဇော် လျက်ရှိသည်ကို တွေ့ ကြလျှင်၊
29پس به یکدیگر گفتند، کیست که این کار را کرده است، و چون دریافت وتفحص کردند، گفتند جدعون بن یوآش این کار راکرده است.
29ဤ အမှု ကို အဘယ်သူ ပြု သနည်းဟု တယောက် ကို တယောက်မေးမြန်း စစ်ကြော လျှင် ၊ ဤ အမှု ကို ယောရှ သား ဂိဒေါင် ပြု ပြီဟု လူအချို့တို့သည် ဆို ကြ၏။
30پس مردان شهر به یوآش گفتند: «پسر خود را بیرون بیاور تا بمیرد زیرا که مذبح بعل را منهدم ساخته، و اشیره را که نزد آن بود، بریده است.»
30ထိုအခါ မြို့ သား တို့သည် ယောရှ အား ၊ သင် ၏သား သည် ဗာလ ဘုရား၏ ယဇ်ပလ္လင် ကို ဖြိုဖျက် ၍ ၊ အနား မှာရှိသောအာရှရ ပင်ကို ခုတ်လှဲ သောကြောင့် ၊ သူ့ကို အသေခံ စေခြင်းငှါ ထုတ် လော့ဟု ဆို သော်လည်း၊
31اما یوآش به همه کسانی که برضد او برخاسته بودند، گفت: «آیا شما برای بعل محاجه می‌کنید؟ و آیا شما او را می‌رهانید؟ هرکه برای او محاجه نماید همین صبح کشته شود، واگر او خداست، برای خود محاجه نماید چونکه کسی مذبح او را منهدم ساخته است.
31ယောရှ သည် တစ်ဘက်၌ နေ သောသူအပေါင်း တို့အား ၊ သင် တို့သည် ဗာလ ဘုရားဘက်၌ အမှု စောင့်မည်လော။ သူ့ ကို ကယ်တင် မည်လော။ သူ့ ဘက်၌ အမှု စောင့်သောသူ သည်၊ နံနက် မ လွန်မှီ အသေခံ ပါလေစေ။ ဗာလ သည် ဘုရား မှန်လျှင် ၊ သူ ၏ယဇ်ပလ္လင် ကို တစုံတယောက်ဖြိုဖျက် သောကြောင့် ၊ မိမိ အမှု ကို မိမိစောင့်ပါလေစေဟု ပြန်ပြော ၏။
32پس درآن روز او را یربعل نامید و گفت: «بگذارید تا بعل با او محاجه نماید زیرا که مذبح او را منهدم ساخته است.»
32ထိုသို့ ဗာလ ဘုရားသည် သူ ၏ယဇ်ပလ္လင် ကို တစုံတယောက်ဖြိုဖျက် သောကြောင့် ၊ ထိုသူတဘက် မိမိ အမှု ကို မိမိစောင့်ပါလေစေဟု ဆို လျှက် သူ၏သားကို ထို နေ့ ၌ ယေရုဗ္ဗာလ အမည်ဖြင့် မှည့် သတည်း။
33آنگاه جمیع اهل مدیان و عمالیق وبنی مشرق با هم جمع شدند و عبور کرده، دروادی یزرعیل اردو زدند.
33ထိုအခါ မိဒျန် ပြည်သား၊ အာမလက် ပြည်သား၊ အရှေ့ ပြည်သား အပေါင်း တို့သည် စည်းဝေး သဖြင့် ၊ ယေဇရေလ ချိုင့် သို့ ကူး သွား၍ တပ်ချ ကြ၏။
34و روح خداوندجدعون را ملبس ساخت، پس کرنا را نواخت واهل ابیعزر در عقب وی جمع شدند.
34ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ဂိဒေါင် အပေါ်မှာ သက်ရောက် ၍ ၊ သူသည် တံပိုး မှုတ် သဖြင့် အဗျေဇာ သားတို့သည် လိုက်ကြ၏။
35ورسولان در تمامی منسی فرستاد که ایشان نیز درعقب وی جمع شدند و در اشیر و زبولون و نفتالی رسولان فرستاد و به استقبال ایشان برآمدند.
35တမန် တို့ကို မနာရှေ ခရိုင်တရှောက်လုံး သို့ စေလွှတ် ၍ ၊ မနာရှေအမျိုးသားတို့သည် လိုက်ကြ၏။ တဖန် အာရှာ ခရိုင်၊ ဇာဗုလုန် ခရိုင်၊ နဿလိ ခရိုင်သို့ တမန် တို့ကို စေလွှတ် ၍ ၊ ထိုခရိုင်သားတို့သည်လည်း စုဝေးရာသို့ လာ ကြ၏။
36و جدعون به خدا گفت: «اگر اسرائیل رابرحسب سخن خود به‌دست من نجات خواهی داد،
36ဂိဒေါင် သည်လည်း ဘုရား သခင်အား ၊ ကိုယ်တော်သည် မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးကို အကျွန်ုပ် အားဖြင့် ကယ်တင် တော်မူမည်မှန်လျှင်၊
37اینک من در خرمنگاه، پوست پشمینی می گذارم و اگر شبنم فقط بر پوست باشد و برتمامی زمین خشکی بود، خواهم دانست که اسرائیل را برحسب قول خود به‌دست من نجات خواهی داد.»
37အကျွန်ုပ် သည် သိုး တကောင်၏အမွေးကို တလင်း ၌ ထား ပါမည်။ သိုးမွေး သည် နှင်း စို ၍ မြေ တပြင်လုံး သွေ့ခြောက် လျှင် ၊ မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးကို အကျွန်ုပ် အားဖြင့် ကယ်တင် တော်မူ မည်ကို အကျွန်ုပ်သိ ပါမည်ဟု တောင်းလျှောက်သည်အတိုင်း ဖြစ် လေ၏။
38و همچنین شد و بامدادان به زودی برخاسته، پوست را فشرد و کاسه‌ای پر ازآب شبنم از پوست بیفشرد.
38နံနက်စောစော ထ၍ သိုးမွေး ကို ညှစ် သဖြင့် နှင်း ရည်သည် အင်တုံ အပြည့် ရှိလေ၏။
39و جدعون به خداگفت: «غضب تو بر من افروخته نشود و همین یک مرتبه خواهم گفت، یک دفعه دیگر فقط با پوست تجربه نمایم، این مرتبه پوست به تنهایی خشک باشد و بر تمامی زمین شبنم.»
39တဖန် ဂိဒေါင် က၊ အမျက်ထွက် တော်မ မူပါနှင့်။ တကြိမ် သာ လျှောက် ပါဦးမည်။ သိုး တကောင်၏ အမွေးနှင့် ယခု တကြိမ် သာ စုံစမ်း ရသောအခွင့်ကိုပေးတော်မူပါ။ မြေ တပြင်လုံး သည် နှင်း စို ၍ သိုးမွေး သွေ့ခြောက် ပါစေဟု ဘုရား သခင်အား တောင်း လျှောက်သည်အတိုင်း၊
40و خدا در آن شب چنان کرد که بر پوست فقط، خشکی بود و برتمامی زمین شبنم.
40ထို ညဉ့် ၌ လည်း ဘုရား သခင်ပြု တော်မူသဖြင့် ၊ မြေ တပြင်လုံး သည် နှင်း စို ၍ သိုးမွေး သွေ့ခြောက် လျက် ရှိ ၏။

Tip: use the ← and → keys to turn chapters.