ဇာခရိ 8
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Louis Segond 1910
1တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ဆီသို့ ရောက် လာ၍၊
1La parole de l’Éternel des armées se révéla, en ces mots:
2ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါသည် ဇိအုန် တောင်အဘို့ အလွန် စိတ် အားကြီးပြီ။ အလွန် အမျက် ထွက်၍ သူ့ အဘို့ စိတ် အားကြီးပြီ။
2Ainsi parle l’Éternel des armées: Je suis ému pour Sion d’une grande jalousie, et je suis saisi pour elle d’une grande fureur.
3ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဇိအုန် တောင်သို့ ငါပြန် လာပြီ။ ယေရုရှလင် မြို့ထဲမှာ နေ မည်။ ယေရုရှလင် မြို့ ကို သမ္မာ မြို့ဟူ၍၎င်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ တောင် တော်ကို သန့်ရှင်း သောတောင် ဟူ၍၎င်း သမုတ် ကြ လိမ့်မည်။
3Ainsi parle l’Éternel: Je retourne à Sion, et je veux habiter au milieu de Jérusalem. Jérusalem sera appelée ville fidèle, et la montagne de l’Éternel des armées montagne sainte.
4ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အို သော ယောက်ျားမိန်းမ၊ အသက်ကြီး၍ တောင်ဝေး ကိုင် သောသူ အပေါင်း တို့သည် ယေရုရှလင် မြို့လမ်း တို့၌ နေ ကြလေဦးမည်။
4Ainsi parle l’Éternel des armées: Des vieillards et des femmes âgées s’assiéront encore dans les rues de Jérusalem, chacun le bâton à la main, à cause du grand nombre de leurs jours.
5မြို့ လမ်း တို့သည်လည်း ကစား သော သူငယ် ယောက်ျားမိန်းမ တို့နှင့် အပြည့်ရှိကြလိမ့်မည်။
5Les rues de la ville seront remplies de jeunes garçons et de jeunes filles, jouant dans les rues.
6တဖန် မိန့်တော်မူသည်ကား၊ ထို အမှုသည် ယခု ကာလ တွင် ကျန်ကြွင်း သော ဤ လူ တို့ မျက်မှောက် ၌ အံ့ဩဘွယ် ဖြစ်သော်လည်း ၊ ငါ့မျက်မှောက် ၌ အံ့ဩဘွယ် ဖြစ်ရာသလောဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
6Ainsi parle l’Éternel des armées: Si la chose paraît étonnante aux yeux du reste de ce peuple en ces jours-là, sera-t-elle de même étonnante à mes yeux? Dit l’Éternel des armées.
7ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏လူ တို့ကို အရှေ့ ပြည် မှ ၎င်း ၊ အနောက် ပြည် မှ ၎င်း ငါ ကယ်တင် ၍ ၊
7Ainsi parle l’Éternel des armées: Voici, je délivre mon peuple du pays de l’orient et du pays du soleil couchant.
8ဆောင် ခဲ့သဖြင့် သူ တို့သည် ယေရုရှလင် မြို့ထဲမှာ နေ ရကြလိမ့်မည်။ သစ္စာ တရားနှင့် ဖြောင့်မတ် ခြင်း တရားအားဖြင့် ၊ သူတို့သည် ငါ ၏ လူ ဖြစ် ၍ ငါ သည်လည်း သူ တို့၏ဘုရား သခင်ဖြစ် လိမ့်မည်။
8Je les ramènerai, et ils habiteront au milieu de Jérusalem; ils seront mon peuple, et je serai leur Dieu avec vérité et droiture.
9ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗိမာန် တော်ကို တည်ဆောက် ခြင်းငှါ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အိမ် တော် တိုက်မြစ် ကို ချသောကာလ ၌ရှိသောပရောဖက် တို့ ဟောပြော သော ဤ စကား ကို ယခု ကာလ၌ ကြား သောသူတို့ ၊ သင် တို့လက် ကို အားကြီး စေကြလော့။
9Ainsi parle l’Éternel des armées: Fortifiez vos mains, vous qui entendez aujourd’hui ces paroles de la bouche des prophètes qui parurent au temps où fut fondée la maison de l’Éternel des armées, où le temple allait être bâti.
10ထို ကာလ အထက် ၌ လူ ခံရသောအကျိုး မ ရှိ ။ တိရစ္ဆာန် ခံရသောအကျိုး မ ရှိ။ ထွက် ဝင် သော သူတို့ သည် ရန်သူ ရှိသောကြောင့် ချမ်းသာ မ ရကြ။ ငါသည် လူ အပေါင်း တို့ကို တယောက် နှင့်တယောက် ရန်ဘက် ဖြစ်စေ ၏။
10Car avant ce temps, le travail de l’homme ne recevait pas sa récompense, et le salaire des bêtes était nul; il n’y avait point de paix pour ceux qui entraient et sortaient, à cause de l’ennemi, et je lâchais tous les hommes les uns contre les autres.
11ယခု မူကား ၊ ကျန်ကြွင်း သော ဤ လူ တို့၌ ငါ သည် အရင် ကဲ့သို့ မ ပြုဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
11Maintenant je ne suis pas pour le reste de ce peuple comme j’étais dans le temps passé, dit l’Éternel des armées.
12မျိုးစေ့ ကို ငြိမ်ဝပ် စွာ ကြဲ ရလိမ့်မည်။ စပျစ် ပင် သည် အသီး ကို၎င်း ၊ မြေ သည် မိမိ စီးပွား ကို၎င်း၊ မိုဃ်းကောင်းကင် သည် နှင်း ရည်ကို၎င်း ၊ ပေး ရ လိမ့်မည်။ ကျန်ကြွင်း သော ဤ လူ တို့သည် ဤ အရာအလုံးစုံ တို့ကို ရ တတ်စေခြင်းငှါ ငါပြုမည်။
12Car les semailles prospéreront, la vigne rendra son fruit, la terre donnera ses produits, et les cieux enverront leur rosée; je ferai jouir de toutes ces choses le reste de ce peuple.
13အိုယုဒ အမျိုး နှင့် ဣသရေလ အမျိုး တို့၊ သင်တို့သည် တပါး အမျိုးတို့တွင် ကျိန်ဆဲ ရာဖြစ် ဘူးသကဲ့သို့ ၊ ကောင်းကြီး ခံရာဖြစ် စေခြင်းငှါငါကယ်တင် မည်။ မ စိုးရိမ် ဘဲ လက် အားကြီး ကြလော့။
13De même que vous avez été en malédiction parmi les nations, maison de Juda et maison d’Israël, de même je vous sauverai, et vous serez en bénédiction. Ne craignez pas, et que vos mains se fortifient!
14ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့၏ ဘိုးဘေး တို့သည် ငါ့ အမျက် ကို နှိုးဆော်ကြသောအခါအပြစ် ပြုမည်ဟု ငါသည် နောင်တ မ ရဘဲ ကြံ သကဲ့သို့ ၊
14Car ainsi parle l’Éternel des armées: Comme j’ai eu la pensée de vous faire du mal lorsque vos pères m’irritaient, dit l’Éternel des armées, et que je ne m’en suis point repenti,
15တဖန် ယခု ကာလ ၌ ယေရုရှလင် မြို့နှင့် ယုဒ အမျိုး ကို ကျေးဇူး ပြုမည်ဟု ငါကြံ ပြန် ၏။ မ စိုးရိမ် ကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
15ainsi je reviens en arrière et j’ai résolu en ces jours de faire du bien à Jérusalem et à la maison de Juda. Ne craignez pas!
16သင်တို့ကျင့် ရမည်အကျင့် ဟူမူကား ၊ သင် တို့ရှိသမျှသည် တယောက် နှင့်တယောက်မှန် သော စကားကို ပြော ကြလော့။ မြို့တံခါးဝ မှာ ဖြောင့်မတ် စွာ စီရင်၍ ၊ တရား တွေ့သည့်အမှုကို ငြိမ်း စေခြင်းငှါဆုံးဖြတ် ကြလော့ ။
16Voici ce que vous devez faire: dites la vérité chacun à son prochain; jugez dans vos portes selon la vérité et en vue de la paix;
17တယောက် ကိုတယောက်အဘယ်သူမျှမ ကောင်းသောအကြံကို မ ကြံ ကြနှင့်။ မ မှန်သော ကျိန်ဆို ခြင်းကို မ နှစ်သက် ကြနှင့်။ ထိုသို့ သော အမှု ရှိသမျှ တို့ကို ငါမုန်း သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
17que nul en son cœur ne pense le mal contre son prochain, et n’aimez pas le faux serment, car ce sont là toutes choses que je hais, dit l’Éternel.
18တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
18La parole de l’Éternel des armées me fut adressée, en ces mots:
19ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ စတုတ္ထ လတွင် အစာရှောင် ခြင်း၊ ပဉ္စမ လတွင် အစာရှောင် ခြင်း၊ သတ္တမ လတွင် အစာရှောင် ခြင်း၊ ဒသမ လတွင် အစာရှောင် ခြင်းတို့သည် ယုဒ အမျိုး ဝမ်းမြောက် ရွှင်လန်း ၍ ပွဲ လုပ်ရာ ကာလဖြစ် ကြလိမ့်မည်။ ဖြောင့်မတ် ခြင်းတရား၊ ငြိမ်ဝပ် ခြင်းတရားကို နှစ်သက် ကြလော့။
19Ainsi parle l’Éternel des armées: Le jeûne du quatrième mois, le jeûne du cinquième, le jeûne du septième et le jeûne du dixième se changeront pour la maison de Juda en jours d’allégresse et de joie, en fêtes de réjouissance. Mais aimez la vérité et la paix.
20ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ များစွာ သော မြို့ သူရွာသား၊ လူ အမျိုးမျိုးတို့သည် လာ ကြလိမ့်မည်။
20Ainsi parle l’Éternel des armées: Il viendra encore des peuples et des habitants d’un grand nombre de villes.
21မြို့တမြို့ ၌နေ သောသူသည် အခြား မြို့တမြို့၌ နေသောသူတို့ ဆီသို့ သွား ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ဆုတောင်း ခြင်းငှါ ၎င်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကို ရှာ ခြင်းငှါ ၎င်း ဧကန် အမှန် သွား ကြကုန်အံ့။ ငါလည်း သွား မည်ဟု ခေါ် ကြလိမ့်မည်။
21Les habitants d’une ville iront à l’autre, en disant: Allons implorer l’Éternel et chercher l’Éternel des armées! Nous irons aussi!
22ကြီး သော တိုင်း နိုင်ငံသား၊ လူ အမျိုးမျိုး တို့သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကို ယေရုရှလင် မြို့၌ ရှာ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ဆုတောင်း ခြင်းငှါ လာ ကြလိမ့်မည်။
22Et beaucoup de peuples et de nombreuses nations viendront chercher l’Éternel des armées à Jérusalem et implorer l’Éternel.
23ထိုကာလ ၌ ဘာသာ အသီး အသီးကို ပြော တတ် သော လူ အမျိုးမျိုးတို့တွင် တကျိပ် သော လူ တို့သည်။ ယုဒ လူဖြစ်သောသူ ၏အဝတ်စွန်း ကို ကိုင် လျက် ၊ ဘုရား သခင်သည် သင် နှင့်အတူ ရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ ၍ ၊ သင် တို့နှင့်အတူ လိုက် ပါမည်ဟု ဆို ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
23Ainsi parle l’Éternel des armées: En ces jours-là, dix hommes de toutes les langues des nations saisiront un Juif par le pan de son vêtement et diront: Nous irons avec vous, car nous avons appris que Dieu est avec vous.
Tip: use the ← and → keys to turn chapters.