ဗျာဒိတ် 2
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Old Persian Version (ترجمه قدیم)
1ဧဖက် မြို့၌ ရှိသော အသင်းတော် ၏တမန် ကို ဤသို့ ရေး ၍မှာ လိုက်လော့။ လက်ျာ လက်၌ ကြယ် ခုနစ် လုံးကိုကိုင် ၍၊ ရွှေ မီးခွက် ခုနစ် လုံးအလယ် ၌ သွားလာ သောသူ ၏အမိန့် တော်ကား၊ သင် အကျင့် ကျင့်ခြင်း၊ ပင်ပန်း စွာ လုပ်ဆောင်ခြင်း၊ သည်းခံ ခြင်းကိုငါသိ ၏။
1«به فرشته کلیسای در افسس بنویس که این را میگوید او که هفت ستاره را بدست راست خود دارد و در میان هفت چراغدان طلامی خرامد.
2သင်သည်မတရား သောသူတို့ကို လက် မ ခံနိုင် ကြောင်း ကို၎င်း၊ တမန်တော်မ ဟုတ် ဘဲ၊ တမန်တော် ဖြစ် ယောင်ဆောင်သောသူ တို့ကို စစ်ဆေး ၍ လှည့်ဖြား သော သူဖြစ်သည်ဟု သိ ကြောင်းကို၎င်း ၊
2میدانم اعمال تو را و مشقت و صبرتو را و اینکه متحمل اشرار نمی توانی شد و آنانی را که خود را رسولان میخوانند و نیستندآزمودی و ایشان را دروغگو یافتی؛
3ခန္တီ နှင့် ပြည့်စုံ ၍။ ငါ ၏နာမ ကြောင့် ဆင်းရဲ ခံ၍ အား မ လျော့ကြောင်းကို၎င်းငါသိ၏။
3و صبرداری و بخاطر اسم من تحمل کردی و خسته نگشتی.
4သို့သော်လည်း ၊ သင်သည် ရှေးဦးစွာ သော ချစ် ခြင်းမေတ္တာလျော့ပြီ ဟုသင် ၌ အပြစ်တင်စရာရှိ ၏။
4«لکن بحثی بر تو دارم که محبت نخستین خود را ترک کردهای.
5ထိုကြောင့် ၊ သင်သည်မရွေ့လျော့ မှီ ၊ အရင် နေရာ အရပ်ကို အောက်မေ့ လော့၊ နောင်တရ လော့။ ရှေးဦးစွာ သော အကျင့် ကို ကျင့် လော့၊ သို့မဟုတ်သင် ရှိရာ သို့ငါသည်အလျင်အမြန်လာ မည်။ နောင်တ မ ရလျှင် ၊ သင် ၏မီးခွက် ကိုနေရာ မှ ရွှေ့ မည်။
5پس بخاطر آر که از کجاافتادهای و توبه کن و اعمال نخست را بعمل آوروالا بزودی نزد تو میآیم و چراغدانت را از مکانش نقل میکنم اگر توبه نکنی.
6သို့သော်လည်း ငါမုန်း သောနိကောလ တပည့်တို့၏ အကျင့် ကို သင်လည်း မုန်း သည်ဟု ပြောစရာရှိ ၏။
6لکن این راداری که اعمال نقولاویان را دشمن داری، چنانکه من نیز از آنها نفرت دارم.
7ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို၊ နား ရှိ သောသူ မည်သည်ကားကြား ပါစေ။ အကြင်သူသည်အောင်မြင် ၏။ ထိုသူသည်ငါ၏ဘုရားသခင် ပရဒိသု ဥယျာဉ်၌ ရှိ သော အသက် ပင် ၏ အသီးကိုစား စေခြင်းငှာအခွင့်ပေး မည်။
7«آنکه گوش دارد بشنود که روح به کلیساهاچه میگوید: هرکه غالب آید، به او این را خواهم بخشید که از درخت حیاتی که در وسط فردوس خداست بخورد.
8စမုရန မြို့၌ ရှိသော အသင်းတော် ၏ တမန် ကို ဤသို့ ရေး ၍ မှာလိုက်လော့။ အဦးဆုံး သောသူ ၊ နောက်ဆုံး သော သူ တည်းဟူသော၊ အရင်သေ ၍ အသက် ရှင်လျက်ရှိ သော သူ ၏ အမိန့် တော်ကား၊
8«و به فرشته کلیسای در اسمیرنا بنویس که این را میگوید آن اول و آخر که مرده شد و زنده گشت.
9သင် အကျင့်ကျင့်ခြင်း၊ ဒုက္ခ ခံခြင်း၊ ဆင်းရဲ ခြင်းကိုငါသိ ၏။ သို့သော်လည်း ၊ သင်သည် ကြွယ်ဝ ပြည့်စုံခြင်း ရှိ ၏။ ယုဒ လူဖြစ် ယောင်ဆောင်၍ ယုဒလူမှန်မ ဟုတ်၊ စာတန် ၏ အပေါင်းအသင်းဖြစ်သော သူတို့၏ ကဲ့ရဲ့ခြင်း ကိုလည်း ငါသိ၏။
9اعمال و تنگی و مفلسی تو را میدانم، لکن دولتمند هستی و کفر آنانی را که خود رایهود میگویند و نیستند بلکه از کنیسه شیطانند.
10သင်သည်ခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မ ကြောက် နှင့်။ သင်တို့သည် စုံစမ်း ခြင်းကိုခံရမည် အကြောင်း ၊ မာရ်နတ် သည် သင် တို့တွင် အချို့ကို ထောင် ထဲ၌ လှောင် ထား၍၊ သင်တို့သည် ဆယ် ရက် ပတ်လုံးဆင်းရဲ ဒုက္ခကိုခံရ ကြလိမ့်မည်။ သေ သည်တိုင်အောင် သစ္စာစောင့် လော့။ သို့ဖြစ်လျှင် ၊ အသက် သရဖူ ကို ငါပေး မည်။
10از آن زحماتی که خواهی کشید مترس. اینک ابلیس بعضی از شما را در زندان خواهد انداخت تا تجربه کرده شوید و مدت ده روز زحمت خواهید کشید. لکن تا به مرگ امین باش تا تاج حیات را به تو دهم.
11ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို နား ရှိ သောသူ မည်သည်ကားကြား ပါစေ။ အောင်မြင် သော သူ ကို ဒုတိယ သေ ခြင်းသည် မ ညှဉ်းဆဲ ရ။
11آنکه گوش دارد بشنود که روح به کلیساها چه میگوید: هرکه غالب آید ازموت ثانی ضرر نخواهد یافت.
12ပေရဂံ မြို့၌ ရှိသော အသင်းတော် ၏ တမန် ကို ဤသို့ ရေး ၍ မှာ လိုက်လော့။ ထက် သောသန်လျက် ရှိ သော သူ ၏ အမိန့် တော်ကား၊
12«و به فرشته کلیسای در پرغامس بنویس این را میگوید او که شمشیر دودمه تیز را دارد.
13သင်အကျင့်ကျင့်ခြင်းကို၎င်း၊ စာတန် ၏ ရာဇပလ္လင် ရှိရာ အရပ် တည်းဟူသောသင်၏နေရာ အရပ် ကို၎င်း ငါသိ ၏။ စာတန် ၏ နေရာ အရပ် ၌ သင် တို့တွင် အသေ သတ်ခြင်းကိုခံရသော အန္တိပ သည် သစ္စာရှိ ၍ ငါ့ ဘက်၌သက်သေခံ ရသောနေ့ရက် ကာလတွင် ပင်၊ သင်သည်ငါ ၏နာမ ကို စွဲကိုင် ၏။ ငါ ၏ယုံကြည် ခြင်းတရားကို မ စွန့် မပယ်။
13اعمال و مسکن تو را میدانم که تخت شیطان در آنجاست و اسم مرا محکم داری و ایمان مراانکار ننمودی، نه هم در ایامی که انطیپاس شهیدامین من در میان شما در جایی که شیطان ساکن است کشته شد.
14သို့သော်လည်း ဣသရေလ အမျိုးသား တို့သည် ရုပ်တု ရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စား စေခြင်းငှာ၎င်း ၊ မတရား သော မေထုန်ကို ပြုစေခြင်းငှာ၎င်း ၊ ထိမိ ၍ လဲစရာအရာကို သူတို့ရှေ့ ၌ ချထား မည်အကြောင်း၊ ဗာလက် မင်းကိုအကြံ ပေးသောသူ တည်းဟူသောဗာလမ် ၏ အယူ ကို စွဲလမ်း သောသူတို့သည် သင်၏နေရာ ၌ရှိ ကြသည်ဖြစ်၍ ၊ သင် ၌အနည်းငယ်သော အပြစ်တင်စရာရှိ ၏။
14لکن بحث کمی بر تو دارم که در آنجا اشخاصی را داری که متمسکند به تعلیم بلعام که بالاق را آموخت که در راه بنیاسرائیل سنگی مصادم بیندازد تا قربانی های بتها رابخورند و زنا کنند.
15ထို အယူနှင့်သဘောတူသော နိကောလ တပည့်တို့၏ အယူ ကို စွဲလမ်း သော သူတို့သည် ထိုနည်းတူ သင် ၌ ရှိ ကြ၏။
15و همچنین کسانی را داری که تعلیم نقولاویان را پذیرفتهاند.
16ထိုကြောင့် နောင်တရ လော့။ မ ရလျှင် သင် ရှိရာသို့ငါသည် အလျင်အမြန် လာ မည်။ ထိုသူ တို့ကို ငါ့ ခံတွင်း ၏သန်လျက် နှင့် စစ်တိုက် မည်။
16پس توبه کن والا بزودی نزد تو میآیم و به شمشیر زبان خود باایشان جنگ خواهم کرد.
17ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို၊ နား ရှိ သောသူ မည်သည်ကားကြား ပါစေ။ အကြင်သူသည် အောင်မြင် ၏။ ဝှက်ထား သောမန္န ကို၎င်း ၊ ကျောက် ဖြူ လက်ဖွဲ့ကို၎င်း၊ ထို ကျောက် ပေါ်၌ အက္ခရာတင် သောနာမ သစ် ကို၎င်း ထိုသူ အား ငါပေး မည်။ ထိုကျောက်ကိုရ သော သူ မှတစ်ပါး အဘယ်သူ မျှ ထိုနာမကို မသိ နိုင်ရာ။
17آنکه گوش دارد، بشنود که روح به کلیساها چه میگوید: و آنکه غالب آید، از من مخفی به وی خواهم داد وسنگی سفید به او خواهم بخشید که بر آن سنگ اسمی جدید مرقوم است که احدی آن رانمی داند جز آنکه آن را یافته باشد.
18သွာတိရ မြို့၌ ရှိသောအသင်းတော် ၏ တမန် ကို ဤသို့ ရေး ၍ မှာ လိုက်လော့။ မီး လျှံ ကဲ့သို့သော မျက်စိ နှင့်၊ ကြေးဝါ စစ်နှင့်တူ သောခြေ နှင့် ၎င်း၊ ပြည့်စုံ သော ဘုရားသခင့် သား တော်၏ အမိန့် တော်ကား၊
18«و به فرشته کلیسای در طیاتیرا بنویس این را میگوید پسر خدا که چشمان او چون شعله آتش و پایهای او چون برنج صیقلی است.
19သင် အကျင့် ကျင့်ခြင်း၊ ချစ် ခြင်း၊ အမှုဆောင် ခြင်း၊ ယုံကြည် ခြင်း၊ သည်းခံ ခြင်းကို၎င်း နောက် ကျင့် သောအကျင့် တို့သည် အရင် ကျင့်သောအကျင့်ထက် သာ၍များကြောင်းကို၎င်း ငါသိ ၏။
19اعمال و محبت و خدمت و ایمان و صبر تو رامی دانم و اینکه اعمال آخر تو بیشتر از اول است.
20သို့သော်လည်း ၊ ငါ ၏အစေခံ ကျွန်တို့သည် မတရား သော မေထုန်ကို ပြုစေခြင်းငှာ၎င်း ၊ ရုပ်တု ရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စား စေခြင်းငှာ၎င်း၊ ပရောဖက်မ ဟူ၍ကိုယ် ကိုခေါ်ဝေါ်သောသင်၏ ခင်ပွန်း ယေဇဗေလ သည် သွန်သင် ၍ မှားယွင်း စေရသောအခွင့်ကို သင်သည်ပေး သောကြောင့်၊ သင် ၌ အပြစ်တင်စရာ ရှိ ၏။
20لکن بحثی بر تو دارم که آن زن ایزابل نامی راراه میدهی که خود را نبیه میگوید و بندگان مراتعلیم داده، اغوا میکند که مرتکب زنا و خوردن قربانی های بتها بشوند.
21နောင်တရ သင့်သောကာလ ကို ငါပေး သော်လည်း ၊ သူသည် မိမိ မတရား သောမေထုန်ကို နောင်တရ ချင်သော စိတ်မ ရှိ။
21و به او مهلت دادم تاتوبه کند، اما نمی خواهد از زنای خود توبه کند.
22ထိုကြောင့်၊ သူ့ ကိုအိပ်ရာ ၌ ငါချထား မည်။ သူ နှင့်အတူ မတရား သော မေထုန်ကိုပြု၍ ၊ ထိုသို့သောအကျင့် ကိုနောင်တ မ ရသောသူတို့ကိုလည်း၊ ကြီးစွာ သော ဆင်းရဲ ခြင်းသို့ ရောက်စေမည်။
22اینک او را بر بستری میاندازم و آنانی را که بااو زنا میکنند، به مصیبتی سخت مبتلا میگردانم اگر از اعمال خود توبه نکنند،
23သူ ၏သားသမီး တို့ကိုလည်း အသေ သတ် မည်။ ငါ သည် နှလုံး ကျောက်ကပ် ကို စစ်ဆေး တော်မူသောသူ ဖြစ် ကြောင်းကို ထိုသို့သောအားဖြင့် ခပ်သိမ်း သော အသင်းတော် တို့သည် သိ ရကြလိမ့်မည်။ သင် တို့သည် အသီးအသီး ကျင့်သော အကျင့် နှင့် အလျောက်အကျိုးအပြစ်ကို ငါပေး မည်။
23و اولادش را به قتل خواهم رسانید. آنگاه همه کلیساها خواهنددانست که منم امتحان کننده جگرها و قلوب و هریکی از شما را برحسب اعمالش خواهم داد.
24ထို မိစ္ဆာဒိဌိအယူကို ယူသောသူတို့ ခေါ်ဝေါ် သည်နှင့်အညီ ၊ စာတန် ၏ နက်နဲ သောအရာဟုခေါ်ဝေါ်သောအရာတို့ကို မကျွမ်း၊ ထိုမိစ္ဆာဒိဌိအယူကိုမယူ၊ ကြွင်း သောသွာတိရ မြို့သားတို့ကို ငါဆို သည်ကား၊ သင်တို့ သည် ရ သမျှကို ငါ လာ သည်တိုင်အောင် စွဲကိုင် ကြလော့။
24لکن باقی ماندگان شما را که در طیاتیرا هستیدو این تعلیم را نپذیرفتهاید و عمقهای شیطان راچنانکه میگویند نفهمیدهاید، بار دیگری بر شمانمی گذارم،
25ထိုမှတစ်ပါး အခြား သောဝန် ကို သင် တို့အပေါ် ၌ငါ မ တင်။
25جز آنکه به آنچه دارید تا هنگام آمدن من تمسک جویید.
26အကြင်သူ သည်အောင်မြင် ၍ အဆုံး တိုင်အောင် ငါ့ အကျင့် ကိုကျင့် ၏။ ငါ့ ခမည်းတော် သည် ငါ့ အား အခွင့် ပေးတော်မူသကဲ့သို့ ၊ လူမျိုး တို့ကို အုပ်စိုး စေခြင်းငှာထိုသူ အားငါ သည် အခွင့်ပေးမည်။
26و هرکه غالب آید واعمال مرا تا انجام نگاه دارد، او را بر امت هاقدرت خواهم بخشید
27ထိုသူသည် သူ တို့ကိုသံ လှံတံ နှင့် အုပ်စိုး ၍ ၊ မြေ အိုး ကိုခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည်။
27تا ایشان را به عصای آهنین حکمرانی کند و مثل کوزه های کوزهگرخرد خواهند شد، چنانکه من نیز از پدر خودیافتهام.
28မိုဃ်းသောက် ကြယ် ကိုလည်း ထိုသူ အား ငါပေး မည်။
28و به او ستاره صبح را خواهم بخشید.
29ဝိညာဉ် တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့် တော်မူသည်ကို နား ရှိ သောသူ မည်သည်ကားကြား ပါစေ။
29آنکه گوش دارد بشنود که روح به کلیساها چه میگوید.
Tip: use the ← and → keys to turn chapters.