ဗျာဒိတ်

Old Testament

Chapter 21
Judson Burmese Bible (18…
vs Berean Standard Bi…
Aa
Text size
Line width
Verse numbers

ဗျာဒိတ် 21

Judson Burmese Bible (1840)
Berean Standard Bible
1ကောင်းကင် သစ် နှင့် မြေကြီး သစ် ကိုလည်း ငါမြင် ၏။ အဘယ်သို့ နည်းဟူမူကား၊ ရှေး ကောင်းကင် နှင့် ရှေး မြေကြီး သည် ရွေ့သွား ကြပြီ။ ထိုအခါ မှစ၍သမုဒ္ဒရာ မ ရှိ ။
1Then I saw a new heaven and a new earth, for the first heaven and earth had passed away, and the sea was no more.
2သန့်ရှင်း သောမြို့ တည်းဟူသောယေရုရှလင် မြို့ သစ် သည် မိမိ ခင်ပွန်း ဘို့ တန်ဆာ ဆင်သောမင်္ဂလာဆောင်သတို့သမီး ကဲ့သို့ ပြင်ဆင် လျက်၊ ဘုရားသခင် အထံ တော်၊ ကောင်းကင် ဘုံမှ ဆင်းသက် သည်ကို ငါမြင် ၏။
2I saw the holy city, the new Jerusalem, coming down out of heaven from God, prepared as a bride adorned for her husband.
3ကောင်းကင်မှ ကြီး သောအသံ ကား၊ ဘုရားသခင် ၏ တဲ တော်သည် လူတို့ တွင် ရှိ ၏။ လူ တို့နှင့်အတူ ကျိန်းဝပ် တော်မူမည်။ သူ တို့သည် ကိုယ်တော် ၏လူ ဖြစ် ကြလိမ့်မည်။ဘုရားသခင် သည် ကိုယ်တော် တိုင်သူ တို့နှင့်အတူ ရှိ နေ၍ သူ တို့၏ ဘုရားသခင် ဖြစ်တော်မူမည်။
3And I heard a loud voice from the throne saying: “Behold, the dwelling place of God is with man, and He will dwell with them. They will be His people, and God Himself will be with them as their God.
4ဘုရားသခင်သည် သူ တို့၏ မျက်စိ ၌ မျက်ရည် ရှိသမျှ တို့ကို သုတ် တော်မူမည်။နောက်တစ်ဖန် သေ ဘေး မ ရှိ ရ။စိတ်မသာညည်းတွား ခြင်း၊အော်ဟစ် ခြင်း၊ပင်ပန်း ခြင်းလည်း မ ရှိ ရ။အကြောင်းမူကား ၊ရှေး ဖြစ် ဘူးသောအရာတို့သည် ရွေ့သွား ကြပြီ။
4‘He will wipe away every tear from their eyes,’ and there will be no more death or mourning or crying or pain, for the former things have passed away.”
5ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသောသူ ကလည်း ၊ ငါသည် ခပ်သိမ်း သောအရာတို့ကို အသစ် ဖန်ဆင်း သည်ဟု မိန့် တော်မူ၏။ တစ်ဖန်တုံ ၊ ရေး ထား လော့။ ဤ စကား သည် သစ္စာ စကား၊ ဟုတ်မှန် သောစကားဖြစ် ၏ ဟူ၍၎င်း၊
5And the One seated on the throne said, “Behold, I make all things new.” Then He said, “Write this down, for these words are faithful and true.”
6အမှု ပြီးပြီ။ ငါ သည် အာလဖ ဖြစ် ၏။ ဩမေဃ လည်း ဖြစ်၏။ အစ နှင့် အဆုံး လည်းဖြစ်၏။ ရေငတ် သောသူ အား အသက် စမ်း ရေ ကို အဘိုး မယူဘဲ ငါ ပေး မည်။
6And He told me, “It is done! I am the Alpha and the Omega, the Beginning and the End. To the thirsty I will give freely from the spring of the water of life.
7အောင်မြင် သောသူ သည် ဤ အရာတို့ကို အမွေ ခံရလိမ့်မည်။ ငါသည် သူ ၏ ဘုရားသခင် ဖြစ် မည်။ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်။
7The one who overcomes will inherit all things, and I will be his God, and he will be My son.
8ကြောက် တတ်သောသူ၊ မယုံကြည် သောသူ၊ စက်ဆုပ် ရွံ့ရှာဘွယ်သောသူ၊ လူ အသက်ကိုသတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ ပြုစား တတ်သောသူ၊ ရုပ်တု ကိုးကွယ်သောသူ၊ သစ္စာ ပျက်သောသူ အပေါင်း တို့မူကား၊ ဒုတိယ သေ ခြင်းတည်းဟူသောကန့် နှင့်လောင် သောမီး အိုင် ထဲ၌ မိမိ တို့အဘို့ကို ရကြလိမ့်မည်ဟူ၍၎င်း ငါ့ အား မိန့် တော်မူ၏။
8But to the cowardly and unbelieving and abominable and murderers and sexually immoral and sorcerers and idolaters and all liars, their place will be in the lake that burns with fire and sulfur. This is the second death.”
9နောက်ဆုံး သော ဘေးဒဏ် ခုနစ် ပါးနှင့် ပြည့် သောဖလား ခုနစ် လုံးကို ဆောင် သော ကောင်းကင်တမန် ခုနစ် ပါးတွင် တစ် ပါးသည် လာ ပြီးလျှင် ငါ့ ကိုနှုတ်ဆက် ၍ ၊ လာ ခဲ့ပါ။ သိုးသူငယ် ၏ ခင်ပွန်း တည်းဟူသောမင်္ဂလာဆောင်သတို့သမီး ကို ငါပြ မည်ဟု ပြောဆို လျက် ၊
9Then one of the seven angels with the seven bowls full of the seven final plagues came and said to me, “Come, I will show you the bride, the wife of the Lamb.”
10ကြီး မြင့် သောတောင် သို့ ဝိညာဉ် တော်အားဖြင့် ငါ့ ကိုဆောင်သွား ၍ သန့်ရှင်း သောယေရုရှလင် မြို့ သည် ဘုရားသခင် ၏ ဘုန်း တော်နှင့် ပြည့်စုံ လျက်၊ ဘုရားသခင့် အထံ တော်၊ ကောင်းကင် ဘုံမှ ဆင်းသက် သည်ကို ငါ့ အားပြ လေ၏။
10And he carried me away in the Spirit to a mountain great and high, and showed me the holy city of Jerusalem coming down out of heaven from God,
11ထိုမြို့ ၏ အရောင်အဝါ သည်၊ ကျောက် သလင်း နဂါးသွဲ့ ကဲ့သို့ ၊ အမြတ်ဆုံး သော ကျောက် မျက်မွန်နှင့် တူ ၏။
11shining with the glory of God. Its radiance was like a most precious jewel, like a jasper, as clear as crystal.
12ကြီး မြင့် သောမြို့ရိုး လည်း ရှိ ၏။
12The city had a great and high wall with twelve gates inscribed with the names of the twelve tribes of Israel, and twelve angels at the gates.
13အရှေ့ ဘက်၌ တံခါး သုံး ပေါက်၊ မြောက် ဘက်၌ သုံး ပေါက်၊ တောင် ဘက်၌ သုံး ပေါက်၊ အနောက် ဘက်၌ သုံး ပေါက်၊ တံခါး တစ်ဆယ့်နှစ် ပေါက်ရှိ ၏။ ထိုတံခါး တစ်ဆယ့်နှစ် ပေါက်၌ ကောင်းကင်တမန် တစ်ဆယ့်နှစ်ပါး ရှိ၏။ ဣသရေလ အမျိုး တစ်ဆယ့်နှစ် မျိုး၏ နာမ တို့သည် ထိုတံခါးပေါ်၌ရေး ထားလျက်ရှိ ၏။
13There were three gates on the east, three on the north, three on the south, and three on the west.
14မြို့ ရိုး အမြစ် သည် တစ်ဆယ့်နှစ် ထပ်ရှိ ၏။သိုးသူငယ် ၏တမန်တော် တစ်ဆယ့်နှစ် ပါး၏ နာမ တို့ သည် မြို့ရိုး အမြစ်ပေါ်၌ ရေးထားလျက်ရှိကြ၏။
14The wall of the city had twelve foundations bearing the names of the twelve apostles of the Lamb.
15ငါ နှင့် စကားပြော သောသူ သည်၊ မြို့ ကို၎င်း ၊ တံခါး တို့ကို၎င်း၊ မြို့ရိုး ကို၎င်း တိုင်း ခြင်းငှာ ၊ တိုင်း စရာ ရွှေ ကျူလုံး ပါ ၏။
15The angel who spoke with me had a golden measuring rod to measure the city and its gates and walls.
16မြို့ သည် စတုရန်းလေး ထောင့်ဖြစ်၏။ ထိုသူ သည် ကျူလုံး နှင့် မြို့ ကိုတိုင်း ၍ မြို့၏ အနံ ၊ အလျား ၊ အမြင့် ၊ ယူဇနာတရာနှစ်ဆယ်စီရှိ၏။
16The city lies foursquare, with its width the same as its length. And he measured the city with the rod, and all its dimensions were equal—12,000 stadia in length and width and height.
17မြို့ရိုး ဒုကို တိုင်း ၍ ၊ လူ အတောင် ကဲ့သို့သောကောင်းကင်တမန် အတောင်အားဖြင့်၊ တစ်ရာ လေးဆယ် လေး တောင် ရှိ ၏။
17And he measured its wall to be 144 cubits, by the human measure the angel was using.
18မြို့ရိုး ကိုယ်သည် နဂါးသွဲ့ ကျောက်ဖြစ်၏။ မြို့ သည်လည်း ကြည်လင် သောဖန် နှင့် တူ သော ရွှေ စင် ဖြစ်၏။
18The wall was made of jasper, and the city itself of pure gold, as pure as glass.
19မြို့ ရိုး အမြစ် တို့သည် ကျောက် မြတ် အမျိုးမျိုး နှင့် ပြည့်စုံကြ၏။ ပဌမ အမြစ် ကားနဂါးသွဲ့ ဖြစ်၏။ ဒုတိယ အမြစ်ကား နီလာ ၊ တတိယ အမြစ်ကား မဟူရာ ၊ စတုတ္ထ အမြစ်ကား မြ ၊
19The foundations of the city walls were adorned with every kind of precious stone: The first foundation was jasper, the second sapphire, the third chalcedony, the fourth emerald,
20ပဉ္စမ အမြစ်ကား ကြောင် ၊ ဆဋ္ဌမ အမြစ် ကား ကျောက်နီ၊ သတ္တမ အမြစ်ကား ခရုသုလိတ် ၊ အဋ္ဌမ အမြစ်ကား မျက်ရွဲ ၊ နဝမ အမြစ်ကား ဥသ္သဖရား ၊ ဒသမ အမြစ်ကား ခရုသုပြတ် ၊ ဧကဒသမ အမြစ်ကား ဝှာကိန္သု ၊ ဒွါဒသမ အမြစ်ကား ဂေါ်မုတ် ဖြစ်သတည်း။
20the fifth sardonyx, the sixth carnelian, the seventh chrysolite, the eighth beryl, the ninth topaz, the tenth chrysoprase, the eleventh jacinth, and the twelfth amethyst.
21တံခါး ရွက် တစ်ဆယ့်နှစ် ရွက်အသီးအသီး တို့သည် ပုလဲ တစ် ပြားစီ ဖြင့်ပြီး၍ ပုလဲ တစ်ဆယ့်နှစ် ပြားဖြစ်ကြ၏။ မြို့ လမ်းမ သည် ကြည်လင် သောဖန် ကဲ့သို့သော ရွှေ စင် ဖြစ်၏။
21And the twelve gates were twelve pearls, with each gate consisting of a single pearl. The main street of the city was pure gold, as clear as glass.
22မြို့ ထဲ၌ ဗိမာန် တော်ကိုငါမ မြင် ၊ အကြောင်းမူကား ၊ အနန္တ တန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရ အရှင် ဘုရားသခင် နှင့် သိုးသူငယ် သည် ထိုမြို့ ၏ ဗိမာန် ဖြစ် တော်မူ၏။
22But I saw no temple in the city, because the Lord God Almighty and the Lamb are its temple.
23ထိုမြို့ သည် နေ ၏အရောင်၊ လ ၏ အရောင်ကို အလို မ ရှိ ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ ဘုန်း တော်သည် ထိုမြို့ ကို လင်း စေ၏။ သိုးသူငယ် သည်လည်း ထိုမြို့ ၏ ဆီမီး ဖြစ်၏။
23And the city has no need of sun or moon to shine on it, because the glory of God illuminates the city, and the Lamb is its lamp.
24လူ အမျိုးမျိုးတို့သည် ထိုမြို့ ၏ အလင်း ကို အမှီပြု သွားလာ ကြလိမ့်မည်။ လောကီ ရှင်ဘုရင် တို့သည်လည်း မိမိ တို့ဘုန်း အသရေကို ထိုမြို့ ထဲသို့ ဆောင်ခဲ့ ကြလိမ့်မည်။
24By its light the nations will walk, and into it the kings of the earth will bring their glory.
25မြို့ တံခါး တို့ကို နေ့ အချိန်၌ အလျှင်း မ ပိတ် တတ်။ ညဉ့် မူကား မ ရှိ ။
25Its gates will never be shut at the end of the day, because there will be no night there.
26လူ အမျိုးမျိုးတို့သည် မိမိတို့ ဘုန်း အသရေ ကို ထိုမြို့ ထဲသို့ ဆောင်ခဲ့ ကြလိမ့်မည်။
26And into the city will be brought the glory and honor of the nations.
27ညစ်ညူး သောအရာ၊ စက်ဆုပ် ဘွယ်သောအရာ၊ သစ္စာ ပျက်သောအရာ တစ်စုံတစ်ခုမျှမဝင်ရဘဲ၊ သိုးသူငယ် ၏ အသက် စာစောင် ၌ စာရင်းဝင် သော သူတို့သာလျှင် ဝင် ရ၏။
27But nothing unclean will ever enter it, nor anyone who practices an abomination or a lie, but only those whose names are written in the Lamb’s Book of Life.

Tip: use the ← and → keys to turn chapters.