ဗျာဒိတ်

Old Testament

Chapter 13
Judson Burmese Bible (18…
vs Testamenta Marra (…
Aa
Text size
Line width
Verse numbers

ဗျာဒိတ် 13

Judson Burmese Bible (1840)
Testamenta Marra (Dieri New Testament)
1နဂါး သည် မိန်းမ ကို အငြိုး ထား၏။ ဘုရားသခင် ၏ ပညတ် တော်တို့ကို ကျင့် ၍ ယေရှု ၏ သက်သေခံ တော်မူချက်ကို စွဲလမ်း သောသူတည်းဟူသောထိုမိန်းမ ၌ ကြွင်း သော အမျိုးအနွယ် ကို စစ်တိုက် ခြင်းငှာ သွား ၏။
1Ja ngato najina wonti panto pirnandru nganti kulno dunkana taranani, nulu jurietja marapratjana ja mangatandra mara wora ja mandru ngamalkana wonti, ja nunkani jurietjani Diadema marapratjana, ja nunkani mangatandra worangu ngirkibani tala.
2ပင်လယ် နား၌ သဲ ပေါ်မှာ ငါရပ် ၍ ၊ သားရဲ တစ်ကောင်သည် ခေါင်း ခုနစ် လုံး၊ ချို ဆယ် ချောင်းနှင့်တကွ ချို ပေါ်၌ သရဖူ ဆယ် ဆူကို ဆောင်းလျက်၊ ခေါင်း ပေါ်၌ လည်း ဘုရားသခင် ၏ အသရေ တော်ကို ရှုတ်ချသော နာမ ရှိလျက်၊ ပင်လယ် ထဲက တက် သည်ကို မြင် ၏။
2Ja naupini nganti, nina ngata najina wonti, kintala tiri jeribaka nganana wonti, ja tidna nunkani kintala nguja pilki tidna jeribaka, ja mana nunkani pandipandi mana jeribaka. Ja Drachali nunkangu ngurula nunkani ja ngamani piri nunkani ja pirnala nunkani jinkina wonti.
3ထိုသို့ ငါမြင် သောသားရဲ သည်ကျားသစ် နှင့် တူ ၏။ သူ ၏ခြေ သည် ဝံ ခြေကဲ့သို့ ဖြစ်၏။ သူ ၏နှုတ် သည် လည်း ခြင်္သေ့ နှုတ် ကဲ့သို့ ဖြစ်၏။ နဂါး သည် မိမိ တန်ခိုး နှင့် မိမိ ပလ္လင် ကို၎င်း ၊ ကြီးစွာ သော အာဏာစက် ကို၎င်း သားရဲ ၌ အပ်ပေး ၏။
3Ja ngato najina wonti, nunkani mangatandra kulno matja naria nandrana jeribaka, ja nunkani naria tapa tepi pantjina wonti, ja mitala warupoto pirna ngaruparana wonti ja ngantini karipaterina wonti.
4သားရဲ ၏ ခေါင်း တစ် လုံးသည် သေ အောင်ကွပ်မျက် ပြီးသကဲ့သို့ ဖြစ်၍ ၊ သေ စေသောဒဏ်ချက် သည် ပျောက် လျက်ရှိ၏။ မြေကြီး သားအပေါင်း တို့သည် သားရဲ နောက် သို့ လိုက်၍ အံ့ဩ ကြ၏။
4Ja tana Drachangu ngatjina wonti, ngangau nulu ngantini ngurula jinkina wonti, ja tana ngantini ngatjina wonti ja jatana wonti: „Worana nunkangupini ngantini jeribaka nganai? Worana ngurunguru nganai nunkangu tirimalila?“
5ထိုသားရဲ ၌ အာဏာစက် ကို အပ်ပေး သော နဂါး ကို ကိုးကွယ် ကြ၏။ သားရဲ ကိုလည်း ကိုးကွယ် ၍၊ အဘယ်သူ သည် သားရဲ နှင့်တူ သနည်း။ အဘယ်သူ သည်သူ့ ကိုစစ် ပြိုင်နိုင် သနည်းဟု ပြောဆို ကြ၏။
5Ja kulnujeli nunkangu mana jinkina wonti poto pirna ja ngirkibani jatala, ja kulnujeli nunkangu ngurula jinkina wonti, pira marapratjana pota mandrumandru ja mandru jenia ngankala.
6ထိုသားရဲသည်လည်း ကြီးစွာသော စကားကို၎င်း၊ ဘုရားသခင် ကို ပြစ်မှားသောစကားကို၎င်း၊ ပြော တတ်သော နှုတ် နှင့်ပြည့်စုံ ၍၊ လ လေးဆယ် နှစ် လပတ်လုံးစီရင် ရသောအခွင့် ကိုရ ၏။
6Ja nau mana piririna wonti Godani, ja nunkani talani, ja nunkani pungani, ja tanana, tana pariwilpani ngamai, ngirkibala.
7ဘုရားသခင် ကို ပြစ်မှား သောစကားအားဖြင့်နာမ တော်နှင့် တဲ တော်ကို၎င်း၊ ကောင်းကင် သားတို့ကို၎င်း၊ ပြစ်မှား ခြင်းငှာ နှုတ် ကို ဖွင့် ထား၏။
7Ja kulnujeli nunkangu ngurula jinkina wonti kulikirini tirimalila, ja tanana kalalu ngankala; ja kulnujeli nunkangu ngurula jinkina wonti mardu ja kana wolara ja tali ja nguja pratjanani.
8သန့်ရှင်း သူ တို့ကို စစ် တိုက် ၍ နိုင် ရသောအခွင့် ကိုရ ၏။ အသီးအသီးဘာသာ စကားကို ပြောသော လူ အမျိုးအနွယ် ခပ်သိမ်း တို့ကို အုပ်စိုး ရသော အခွင့် ကိုလည်း ရ ၏။
8Ja pratjanali, tana mitani ngamai, nunkangu ngatjila nganai, tanani tala wata dakani parai mita pantjimanandru Tjipi kuparaia tepia jaurani, ninaia matja nandrana.
9ကွပ်မျက် သောသိုးသူငယ် ၏ အသက် စာစောင် ၌ ကမ္ဘာ ဦး ကပင် စာရင်း မ ဝင် သော မြေကြီး သား အပေါင်း တို့သည် သားရဲ ကို ကိုးကွယ် ကြ၏။
9Warle talpa kulno ngamalkai, nulu ngaraiatimai!
10နား ရှိ သောသူ မည်သည်ကား ကြား ပါစေ။
10Kulnujeli kanjangari pungani widmanani, nau kanjangari pungani wirila nganai; kulnujeli mardakirrali nandranani, nau mardakirrali palinanto. Ninkida kulikiria manjula ja morlalu ngundrana.
11သူတစ်ပါး ကို ဘမ်းဆီး ယူသွားသောသူသည် ကိုယ်တိုင်ဘမ်းဆီး ယူသွားခြင်းကို ခံရ လိမ့်မည်။ ဓါး ဖြင့် သတ် တတ်သော သူ သည်လည်း ကိုယ်တိုင် ဓါး ဖြင့် သေ ရမည်။ ဤ အရာ၌ သန့်ရှင်း သူ တို့လည်း သည်းခံ စရာ အကြောင်း၊ ယုံကြည် စရာအကြောင်းရှိ ၏။
11Ja ngato najina wonti nganti nguru mitandru dunkana taranani, nulu jurietja mandru ngamalkana wonti tjipi kuparali jeribaka, ja nau Dracha jeribaka jatana wonti.
12အခြား သော သားရဲ တစ်ကောင်သည်၊ သိုးသူငယ် ၏ ချိုနှင့်တူ သော ချို နှစ် ချောင်းရှိ ၍ ၊ နဂါး ကဲ့သို့ စကား ပြောလျက် ၊ မြေကြီး ထဲက ထွက် သည်ကို ငါမြင် ၏။
12Ja nulu nganti ngoperala ngurula pratjana nunkangu mudlani ngankai, ja nulu ngankai, mita ja tanana, tana nunkangu ngamai, nganti ngoperalani ngatjinanto, nunkani naria tapa tepi pantjina warai.
13ထိုသားရဲသည် သူ့ အရင် ဖြစ်သော ပဌမ သားရဲ ၏ အာဏာစက် ရှိသမျှ ကို သုံးစွဲ ၏။ သေ စေသော ဒဏ်ချက် ပျောက် ခဲ့ပြီးသော ပဌမ သားရဲ ကို မြေကြီး မှစ၍ မြေကြီး သားတို့သည် ကိုးကွယ် စေခြင်းငှာ ပြု ၏။
13Ja nulu malka pirna ngankai, ja bakana turu pariwilpandru ngarilkai kanani mudlani,
14ကြီးစွာ သော နိမိတ် လက္ခဏာတို့ကိုလည်း ပြ ၏။ လူတို့ မျက်မှောက် ၌ ကောင်းကင် က မြေကြီး အပေါ်သို့ မီး ကို ဆင်း စေ၏။
14Ja nulu karkarkai tananapini, tana mitani ngamai, tanangupini malkandru, tanana nulu maninala, tanana ngankala nganti mudlani, ja nulu jirijiribai tanangu, tana mitani ngamai, mudlamalka ngankala nunkangupini, nulu marda kirraia tapa ngamalkai, ja tepi pantjina warai.
15ပဌမသားရဲ ရှေ့ ၌ ပြ ပိုင်သောနိမိတ် လက္ခဏာတို့အားဖြင့် မြေကြီး သား တို့ကို လှည့်ဖြား ၏။ ဓါး နှင့် ခုတ်သောဒဏ်ချက် ကို ခံရ ၍ အသက် ရှင်သေးသော သားရဲ ၏ ရုပ်တု ကို လုပ် စေခြင်းငှာမြေကြီး သား တို့ကို မှာထား ၏။
15Ja kulnujeli nunkangu ngurula jinkina wonti nganti mudla malkani jaola jinkila, jeruja ngantia mudla malka bakana kaukaubana wonti, ja nulu ngankai, pratjanali, tanali nganti mudla malkani wata ngatjinani, palinanto.
16သားရဲ ၏ ရုပ်တု သည် စကား ပြောနိုင်မည်အကြောင်း နှင့်၊ မိမိကို မ ကိုးကွယ် သောသူရှိသမျှ တို့ကို သတ် ခြင်းငှာပြု နိုင်မည်အကြောင်း ၊ ရုပ်တု ၌ အသက် ကို သွင်းပေး ရသော အခွင့်ကိုလည်းရ ၏။
16Ja nulu ngankai, pratjana, wakali ja pirnali, poto pirnantali ja wangiwangieli, kurakanilali ja milieli, malka kulno mara ngunarani kara, milbirani kara, kuraterinanto,
17ငွေရတတ် သောသူ ၊ ဆင်းရဲ သောသူ ၊ ကျွန် ခံရသောသူ ၊ လွတ် သောသူ ၊ အကြီး အငယ် ရှိသမျှ တို့သည် လက်ျာ လက် ၌ ဖြစ်စေ၊ နဖူး ၌ ဖြစ်စေ၊ တံဆိပ် လက်မှတ်ကို ခံ စေခြင်းငှာ ၎င်း၊
17Ja wata kulnujeli buru ngankananto kara jinkinanto kara, windri nulu, warle ninapini malka ngamalkai: Ngantia tala kara, ngantia wintamani malka kara.
18ထို တံဆိပ် လက်မှတ်တည်းဟူသောသားရဲ ၏ နာမ ဖြစ်စေ ၊ နာမ ၏ အရေအတွက် ဖြစ်စေ၊ တခုခုကို မ ခံ သောသူ တစ်ယောက် မျှ မရောင်း မဝယ် စေခြင်းငှာ ၎င်း စီရင်၏။
18Ninkida kirila nganai. Warle tjuru ngamalkai, nulu ngantia malka mindamaiatinimai, ngangan naupini kana windamani nganai, ja nunkani windamani 666 nganai.

Tip: use the ← and → keys to turn chapters.