တောလည် 31
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Septuagint (Brenton Greek text, with Apocrypha)
1တဖန် ထာဝရဘုရား က၊ မိဒျန် အမျိုးသားတို့ သည် ဣသရေလ အမျိုးသား တို့ကို ပြစ်မှား သောအပြစ် အလျောက်ဣသရေလအမျိုးသားဘက်၌ နေ၍ တရား စီရင်လော့။
1Καὶ ἐλάλησε Κύριος πρὸς Μωυσῆν, λέγων,
2သို့ပြီးမှ သင်သည် မိမိ လူမျိုး စည်းဝေး ရာသို့ သွားရမည်ဟု မောရှေ အား မိန့် တော်မူ၏။
2ἐκδίκει τὴν ἐκδίκησιν υἱῶν Ἰσραὴλ ἐκ τῶν Μαδιανιτῶν, καὶ ἔσχατον προστεθήσῃ πρὸς τὸν λαόν σου.
3မောရှေ သည်လည်း လူ များတို့ကိုခေါ်၍၊ အချို့တို့သည် လက်နက် ကို ကိုင်လျက်၊ မိဒျန် အမျိုးသားတို့သို့ စစ် ချီ ၍ ထာဝရဘုရား ဘက်၌ တရား စီရင်စေ။
3Καὶ ἐλάλησε Μωυσῆς πρὸς τὸν λαὸν, λέγων, ἐξοπλίσατε ἐξ ὑμῶν ἄνδρας, καὶ παρατάξασθε ἔναντι Κυρίου ἐπὶ Μαδιὰν, ἀποδοῦναι ἐκδίκησιν παρὰ τοῦ Κυρίου τῇ Μαδιάν.
4ဣသရေလ အမျိုးအနွယ် တို့တွင် တမျိုးတမျိုးထဲက၊ လူတထောင် စီရွေး၍ စစ်ချီ စေဟု စီရင်သည် အတိုင်း၊
4Χιλίους ἐκ φυλῆς, χιλίους ἐκ φυλῆς, ἐκ πασῶν φυλῶν υἱῶν Ἰσραὴλ, ἀποστείλατε παρατάξασθαι.
5ဣသရေလ အမျိုးသားအထောင် အသောင်းတို့ တွင် တမျိုးတမျိုးထဲက၊ စစ်တိုက် လက်နက် ပါသောသူ တထောင် စီ၊ လူပေါင်း တသောင်း နှစ်ထောင်ကို အပ် ၍၊
5Καὶ ἐξηρίθμησαν ἐκ τῶν χιλιάδων Ἰσραὴλ χιλίους ἐκ φυλῆς, δώδεκα χιλιάδας ἐνωπλισμένοι εἰς παράταξιν.
6မောရှေ သည်ထိုသူ တို့ကို၎င်း၊ သန့်ရှင်း သော လက်နက် နှင့်တကွ ၊ မှုတ် ရာတံပိုး တို့ကို ကိုင် သော ယဇ်ပုရောဟိတ် ဧလာဇာ သား ဖိနဟတ် ကို၎င်းစစ် ချီ စေ၏။
6Καὶ ἀπέστειλεν αὐτοὺς Μωυσῆς χιλίους ἐκ φυλῆς, χιλίους ἐκ φυλῆς σὺν δυνάμει αὐτῶν, καὶ Φινεὲς υἱὸν Ἐλεάζαρ υἱοῦ Ἀαρὼν τοῦ ἱερέως· καὶ τὰ σκεύη τὰ ἅγια, καὶ αἱ σάλπιγγες τῶν σημασιῶν ἐν ταῖς χερσὶν αὐτῶν.
7မောရှေ အား ထာဝရဘုရား မှာထား တော်မူသည် အတိုင်း ၊ ထိုသူတို့သည် မိဒျန် အမျိုးသားတို့ကို တိုက် ၍ လူယောက်ျား အပေါင်း တို့ကိုသတ် ကြ၏။
7Καὶ παρετάξαντο ἐπὶ Μαδιὰν, καθὰ ἐνετείλατο Κύριος Μωυσῇ· καὶ ἀπέκτειναν πᾶν ἀρσενικόν.
8အသေ သတ်ခြင်းကို ခံရသောသူတို့တွင် ဧဝိ ၊ ရေကင် ၊ ဇုရ ၊ ဟုရ ၊ ရေဘ တည်းဟူသောမိဒျန် မင်းကြီး ငါး ပါးပါကြ၏။ ဗောရ သား ဗာလမ် ကိုလည်း ထား နှင့် သတ် ကြ၏။
8Καὶ τοὺς βασιλεῖς Μαδιὰν ἀπέκτειναν ἅμα τοῖς τραυματίαις αὐτῶν· καὶ τὸν Εὐὶν, καὶ τὸν Ῥοκὸν, καὶ τὸν Σοὺρ, καὶ τὸν Οὒρ, καὶ τὸν Ῥοβὸκ, πέντε βασιλεῖς Μαδιάν· καὶ τὸν Βαλαὰμ υἱὸν Βεὼρ ἀπέκτειναν ἐν ῥομφαίᾳ σὺν τοῖς τραυματίαις αὐτῶν·
9ဣသရေလ အမျိုးသား တို့သည်၊ မိဒျန် မိန်းမ များ၊ သူငယ် များတို့ကို လက်ရ သိမ်းယူ၍ ၊ သိုး ၊ ဆိတ်၊ နွား အစရှိသော ဥစ္စာ အလုံးစုံ တို့ကို လုယူ ကြ၏။
9Καὶ ἐπρονόμευσαν τὰς γυναῖκας Μαδιὰν, καὶ τὴν ἀποσκευὴν αὐτῶν, καὶ τὰ κτήνη αὐτῶν, καὶ πάντα τὰ ἔγκτητα αὐτῶν· καὶ τὴν δύναμιν αὐτῶν ἐπρονόμευσαν·
10မိဒျန်အမျိုးသားတို့ နေသောမြို့ ရွာရှိသမျှ တို့ကို မီး ရှို့ ကြ၏။
10Καὶ πάσας τὰς πόλεις αὐτῶν τὰς ἐν ταῖς κατοικίαις αὐτῶν, καὶ τὰς ἐπαύλεις αὐτῶν ἐνέπρησαν ἐν πυρί.
11ဘမ်းရသောလူ ၊ တိရစ္ဆာန် နှင့်တကွ၊ လက်ရ ဥစ္စာ အလုံးစုံ တို့ကို သိမ်း သွား၍ ၊
11Καὶ ἔλαβον πᾶσαν τὴν προνομὴν αὐτῶν, καὶ πάντα τὰ σκῦλα αὐτῶν ἀπὸ ἀνθρώπου ἕως κτήνους.
12မောဘ လွင်ပြင် ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့ တဘက်၌ တပ်ချ လျက်နေသောမောရှေ ၊ ယဇ်ပုရောဟိတ် ဧလာဇာ ၊ ဣသရေလ အမျိုးသား ပရိသတ် တို့ထံသို့ ဆောင် ခဲ့ကြ၏။
12Καὶ ἤγαγον πρὸς Μωυσῆν καὶ πρὸς Ἐλεάζαρ τὸν ἱερέα, καὶ πρὸς πάντας υἱοὺς Ἰσραὴλ, τὴν αἰχμαλωσίαν, καὶ τὰ σκύλα, καὶ τὴν προνομὴν εἰς τὴν παρεμβολὴν εἰς Ἀραβὼθ Μωὰβ, ἥ ἐστιν ἐπὶ τοῦ Ἰορδάνου κατὰ Ἰεριχώ.
13မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ မှစ၍ ပရိသတ် တို့၌ မင်း အပေါင်း တို့သည် ကြိုဆို ခြင်းငှာ တပ် ပြင် သို့ ထွက်သွား ကြ၏။
13Καὶ ἐξῆλθε Μωυσῆς καὶ Ἐλεάζαρ ὁ ἱερεὺς καὶ πάντες οἱ ἄρχοντες τῆς συναγωγῆς εἰς συνάντησιν αὐτοῖς ἔξω τῆς παρεμβολῆς.
14မောရှေ သည် စစ်တိုက် ရာမှ ပြန်လာ သောတပ်မှူး များ၊ ဗိုလ် မင်း များတို့ကို အမျက် ထွက်၍၊
14Καὶ ὠργίσθη Μωυσῆς ἐπὶ τοῖς ἐπισκόποις τῆς δυνάμεως, χιλιάρχοις καὶ ἑκατοντάρχοις τοῖς ἐρχομένοις ἐκ τῆς παρατάξεως τοῦ πολέμου.
15သင်တို့သည် မိန်းမ အပေါင်း တို့ကို အဘယ်ကြောင့်အသက်ရှင် စေကြသနည်း။
15Καὶ εἶπεν αὐτοῖς Μωυσῆς, ἱνατί ἐζωγρήσατε πᾶν θῆλυ;
16ဣသရေလ အမျိုးသား တို့သည်၊ ပေဂုရ ဘုရားအမှု ၌ ထာဝရဘုရား ကို ပြစ်မှား စေခြင်းငှာ ၊ ဤမိန်းမတို့သည် ဗာလမ် ပေးသောအကြံ ကို လိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား ၏ ပရိသတ် ၌ ဘေး ရောက် လေသည် တကား။
16Αὗται γὰρ ἦσαν τοῖς υἱοῖς Ἰσραὴλ κατὰ τὸ ῥῆμα Βαλαὰμ τοῦ ἀποστῆσαι καὶ ὑπεριδεῖν τὸ ῥῆμα Κυρίου, ἕνεκεν Φογώρ· καὶ ἐγένετο ἡ πληγὴ ἐν τῇ συναγωγῇ Κυρίου.
17ထိုကြောင့် ၊ သူငယ် ယောက်ျား အပေါင်း ကို၎င်း ၊ ယောက်ျား နှင့် ဆက်ဆံ ဘူးသော မိန်းမ အပေါင်း ကို၎င်း၊ သတ် ကြလော့။
17Καὶ νῦν ἀποκτείνατε πᾶν ἀρσενικὸν ἐν πάσῃ τῇ ἀπαρτίᾳ, πᾶσαν γυναῖκα, ἥτις ἔγυω κοίτην ἄρσενος, ἀποκτείνατε.
18ယောက်ျား နှင့် မ ဆက်ဆံ ဘူးသော မိန်းမငယ် အပေါင်း တို့ကို၊ မိမိ တို့အဘို့ အသက် ချမ်းသာပေးကြလော့။
18Καὶ πᾶσαν τὴν ἀπαρτίαν τῶν γυναικῶν, ἥτις οὐκ οἶδε κοίτην ἄρσενος, ζωγρήσατε αὐτάς.
19သင် တို့သည် ခုနစ် ရက် ပတ်လုံးတပ် ပြင် မှာ နေ ရကြမည်။ လူကို သတ် သောသူ၊ အသေကောင် ကို ထိ သောသူ အပေါင်း တို့ ကိုယ်ကို၎င်း၊ သိမ်းယူ သောသူတို့ ကို၎င်း၊ တတိယ နေ့ ၊ သတ္တမ နေ့ ၌ စင်ကြယ် စေ ကြလော့။
19Καὶ ὑμεῖς παρεμβάλετε ἔξω τῆς παρεμβολῆς ἐπτὰ ἡμέρας· πᾶς ὁ ἀνελὼν καὶ ὁ ἁπτόμενος τοῦ τετρωμένου ἁγνισθήσεται τῇ ἡμέρᾳ τῇ τρίτῃ, καὶ τῇ ἡμέρᾳ τῇ ἑβδόμῃ ὑμεῖς καὶ ἡ αἰχμαλωσία ὑμῶν.
20သင်တို့အဝတ် နှင့် သားရေ တန်ဆာ ရှိသမျှ ၊ ဆိတ်မွေး ဖြင့် ရက်သောအရာ ၊ သစ်သား ဖြင့် လုပ်သောအရာ ရှိသမျှ တို့ ကို စင်ကြယ် စေကြလော့ဟု မှာထား လေ၏။
20Καὶ πᾶν περίβλημα καὶ πᾶν σκεῦος δερμάτινον, καὶ πᾶσαν ἐργασίαν ἐξ αἰγείας, καὶ πᾶν σκεῦος ξύλινον ἀφαγνιεῖτε.
21ယဇ်ပုရောဟိတ် ဧလာဇာ သည်လည်း ၊ စစ်တိုက် သွား သော စစ်သူရဲ တို့ကိုခေါ်၍၊ မောရှေ ၌ ထာဝရဘုရား ထား တော်မူသော ပညတ် တရား ဟူမူကား၊
21Καὶ εἶπεν Ἐλεάζαρ ὁ ἱερεὺς πρὸς τοὺς ἄνδρας τῆς δυνάμεως τοὺς ἐρχομένους ἐκ τῆς παρατάξεως τοῦ πολέμου, τοῦτο τὸ δικαίωμα τοῦ νόμου ὃ συνέταξε Κύριος τῷ Μωυσῇ.
22ရွှေ ၊ ငွေ ၊ ကြေးဝါ ၊ သံ ၊ ကြေးဖြူ ၊ ခဲ အစရှိသော၊
22Πλὴν τοῦ χρυσίου καὶ τοῦ ἀργυρίου καὶ χαλκοῦ καὶ σιδήρου καὶ μολίβου καὶ κασσιτέρου,
23မီး ကိုခံနိုင် သော အရာ ရှိသမျှ တို့ကို မီး အလယ် ၌ သွား စေ သဖြင့် စင်ကြယ် စေရမည်။ သို့ရာတွင် စင်ကြယ် စေသောရေ ဖြင့် လည်း စင်ကြယ် စေရမည်။ မီး မ ခံနိုင် သော အရာရှိသမျှ တို့ ကို ရေ အလယ် ၌ သွား စေရမည်။
23πᾶν πρᾶγμα ὃ διελεύσεται ἐν πυρὶ, καὶ καθαρισθήσεται, ἀλλʼ ἢ τῷ ὕδατι τοῦ ἁγνισμοῦ ἁγνισθήσεται· καὶ πάντα ὅσα ἐὰν μὴ διαπορεύηται διὰ πυρὸς, διελεύσεται διʼ ὕδατος.
24သတ္တမ နေ့ ၌ မိမိ အဝတ် ကို လျှော် ပြီးမှ ၊ စင်ကြယ် ခြင်းရှိ၍ ၊ တပ် ထဲသို့ ဝင် ရကြမည်ဟု မှာထား လေ၏။
24Καὶ πλυνεῖσθε τὰ ἱμάτια τῇ ἡμέρᾳ τῇ ἑβδόμῃ, καὶ καθαρισθήσεσθε· καὶ μετὰ ταῦτα εἰσελεύσεσθε εἰς τὴν παρεμβολήν.
25ထာဝရဘုရား ကလည်း ၊ သင် နှင့် ယဇ်ပုရောဟိတ် ဧလာဇာ ၊
25Καὶ ἐλάλησε Κύριος πρὸς Μωυσῆν, λέγων,
26ပရိသတ် အဆွေအမျိုး သူကြီး တို့သည်၊ ယခု လက်ရ သိမ်းယူ ခဲ့သော ဥစ္စာ၊ လူ ၊ တိရစ္ဆာန် အပေါင်းတို့ကို ယူ ၍ ၊
26λάβε τὸ κεφάλαιον τῶν σκύλων τῆς αἰχμαλωσίας ἀπὸ ἀνθρώπου ἕως κτήνους σὺ καὶ Ἐλεάζαρ ὁ ἱερεὺς καὶ οἱ ἄρχοντες τῶν πατριῶν τῆς συναγωγῆς.
27ထက်ဝက် ခွဲပြီးလျှင်တဝက်ကို စစ်မှုထမ်း ၍ အတိုက် သွားသောသူတို့ အား၎င်း၊ တဝက်ကို ပရိသတ် အပေါင်း တို့အား၎င်း ပေးဝေလော့။
27Καὶ διελεῖτε τὰ σκῦλα ἀναμέσον τῶν πολεμιστῶν τῶν ἐκπεπορευμένων εἰς τὴν παράταξιν, καὶ ἀναμέσον πάσης συναγωγῆς.
28စစ်တိုက် သွား သော စစ်သူရဲ တို့သည်၊ ထာဝရဘုရား အား ပေး ရသောအခွန် ကို ခွဲ ၍ လူ ၊ နွား ၊ မြည်း ၊ သိုး အကောင်ငါး ရာ တွင် တ ကောင်ကို ကောက်ယူပြီးလျှင်၊
28Καὶ ἀφελεῖτε τέλος Κυρίῳ παρὰ τῶν ἀνθρώπων τῶν πολεμιστῶν τῶν ἐκπεπορευμένων εἰς τὴν παράταξιν, μίαν ψυχὴν ἀπὸ πεντακοσίων, ἀπὸ τῶν ἀνθρώπων, καὶ ἀπὸ τῶν κτηνῶν, καὶ ἀπὸ τῶν βοῶν, καὶ ἀπὸ τῶν προβάτων, καὶ ἀπὸ τῶν ὄνων·
29သူ တို့ခံရသောထက်ဝက် အဘို့ထဲက နှုတ်၍၊ ထာဝရဘုရား ရှေ့တော်၌ ချီမြှောက် ရာ ပူဇော်သက္ကာပြု ဘို့ရာယဇ်ပုရောဟိတ် ဧလာဇာ အား ပေး ရမည်။
29καὶ ἀπὸ τοῦ ἡμίσους αὐτῶν λήψεσθε. Καὶ δώσεις Ἐλεάζαρ τῷ ἱερεῖ τὰς ἀπαρχὰς Κυρίου.
30ဣသရေလ အမျိုးသား ခံရသောထက်ဝက် အဘို့ထဲက လည်း လူ ၊ နွား ၊ မြည်း ၊ သိုး အစရှိသော တိရစ္ဆာန် မျိုး အကောင်ငါးဆယ် တို့တွင် တ ကောင်ကို ကောက်ယူ ၍ ထာဝရဘုရား ၏ တဲ တော်ကို စောင့် သော လေဝိ သားတို့အား ပေး ရမည်ဟု၊
30Καὶ ἀπὸ τοῦ ἡμίσους τοῦ τῶν υἱῶν Ἰσραὴλ λήψῃ ἕνα ἀπὸ πεντήκοντα ἀπὸ τῶν ἀνθρώπων, καὶ ἀπὸ τῶν βοῶν, καὶ ἀπὸ τῶν προβάτων, καὶ ἀπὸ τῶν ὄνων, καὶ ἀπὸ πάντων τῶν κτηνῶν· καὶ δώσεις αὐτὰ τοῖς Λευίταις τοῖς φυλάσσουσι τὰς φυλακὰς ἐν τῇ σκηνῇ Κυρίου.
31မောရှေ အား ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့ သည် ပြု လေ၏။
31Καὶ ἐποίησε Μωυσῆς καὶ Ἐλεάζαρ ὁ ἱερεὺς, καθὰ συνέταξε Κύριος τῷ Μωυσῇ.
32စစ်သူရဲ တို့သည် လက်ရ သိမ်းယူ ခဲ့၍ ကျန်ကြွင်း သော ဥစ္စာပေါင်းကား၊ သိုး ခြောက်သိန်း ခုနစ်သောင်း ငါးထောင် ၊
32Καὶ ἐγενήθη τὸ πλεόνασμα τῆς προνομῆς ὁ προενόμευσαν οἱ ἄνδρες οἱ πολεμισταὶ, ἀπὸ τῶν προβάτων, ἑξακόσιαι χιλιάδες καὶ ἑβδομήκοντα καὶ πέντε χιλιάδες·
33နွား ခုနစ်သောင်း နှစ်ထောင်၊
33Καὶ βόες, δύο καὶ ἑβδομήκοντα χιλιάδες·
34မြည်း ခြောက်သောင်း တထောင်၊
34Καὶ ὄνοι, μία καὶ ἑξήκοντα χιλιάδες·
35ယောက်ျား နှင့် မ ဆက်ဆံ ဘူးသောမိန်းမ သုံးသောင်း ခုနစ်ထောင်ရှိသတည်း။
35Καὶ ψυχαὶ ἀνθρώπων ἀπὸ τῶν γυναικῶν αἳ οὐκ ἔγνωσαν κοίτην ἀνδρὸς, πᾶσαι ψυχαὶ, δύο καὶ τριάκοντα χιλιάδες.
36စစ်တိုက် သွား သောသူတို့ ခံရသောထက်ဝက် အဘို့ ကား၊ သိုး သုံးသိန်း သုံးသောင်း ခုနစ်ထောင် ငါးရာ ရှိသည်ဖြစ်၍၊
36Καὶ ἐγενήθη τὸ ἡμίσευμα ἡ μερὶς τῶν ἐκπεπορευμένων εἰς τὸν πόλεμον ἐκ τοῦ ἀριθμοῦ τῶν προβάτων, τριακόσιαι καὶ τριάκοντα χιλιάδες καὶ ἑπτακισχίλια καὶ πεντακόσια.
37ထာဝရဘုရား ခံရသောအခွန် ကား၊ သိုး ခြောက်ရာ ခုနစ်ဆယ်ငါးကောင်တည်း။
37Καὶ ἐγένετο τὸ τέλος Κυρίῳ ἀπὸ τῶν προβάτων, ἑξακόσιαι ἑβδομήκοντα πέντε·
38နွား သုံးသောင်း ခြောက်ထောင်ရှိသည်ဖြစ်၍၊ ထာဝရဘုရား ခံရသောအခွန် ကား၊ နွားခုနစ်ဆယ် ခုနစ် ကောင်တည်း။
38Καὶ βόες, ἓξ καὶ τριάκοντα χιλιάδες, καὶ τὸ τέλος Κυρίῳ, δύο καὶ ἑβδομήκοντα·
39မြည်း သုံးသောင်း ငါးရာရှိသည်ဖြစ်၍၊ ထာဝရဘုရား ခံရသောအခွန် ကား၊ မြည်းခြောက်ဆယ် တ ကောင်တည်း။
39Καὶ ὄνοι, τριάκοντα χιλιάδες καὶ πεντακόσιοι, καὶ τὸ τέλος Κυρίῳ, εἷς καὶ ἑξήκοντα·
40လူ တသောင်း ခြောက်ထောင်ရှိသည်ဖြစ်၍၊ ထာဝရဘုရား ခံရသောအခွန် ကား၊ လူ သုံးဆယ် နှစ် ယောက်တည်း။
40Καὶ ψυχαὶ ἀνθρώπων, ἑκκαίδεκα χιλιάδες, καὶ τὸ τέλος αὐτῶν Κυρίῳ, δύο καὶ τριάκοντα ψυχαί.
41ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် ရှေ့တော်၌ ချီမြှောက် ရာ ပူဇော်သက္ကာပြု ဘို့ရာအခွန် ကို ယဇ်ပုရောဟိတ် ဧလာဇာ အား အပ် ပေးလေ၏။
41Καὶ ἔδωκε Μωυσῆς τὸ τέλος Κυρίῳ τὸ ἀφαίρεμα τοῦ Θεοῦ Ἐλεάζαρ τῷ ἱερεῖ, καθὰ συνέταξε Κύριος τῷ Μωυσῇ·
42တဖန် စစ်တိုက် သောသူတို့လက်မှ မောရှေ ယူ ၍၊ ဣသရေလ အမျိုးသား၊
42ἀπὸ τοῦ ἡμισεύματος τῶν υἱῶν Ἰσραὴλ, οὓς διεῖλε Μωυσῆς ἀπὸ τῶν ἀνδρῶν τῶν πολεμιστῶν.
43ပရိသတ် တို့ခံရသောထက်ဝက် အဘို့ကား၊ သိုး သုံးသိန်း သုံးသောင်းခုနစ်ထောင်ငါးရာ၊
43Καὶ ἐγένετο τὸ ἡμίσευμα ἀπὸ τῆς συναγωγῆς ἀπὸ τῶν προβάων, τριακόσιαι καὶ τριάκοντα χιλιάδες καὶ ἑπτακισχίλια καὶ πεντακόσια·
44နွား သုံးသောင်း ခြောက်ထောင်၊
44Καὶ βόες, ἓξ καὶ τριάκοντα χιλιάδες·
45မြည်း သုံးသောင်း ငါးရာ၊
45Ὄνοι, τριάκοντα χιλιάδες καὶ πεντακόσιοι·
46လူ တသောင်း ခြောက်ထောင်ရှိသည်ဖြစ်၍ ၊
46Καὶ ψυχαὶ ἀνθρώπων, ἓξ καὶ δέκα χιλιάδες.
47ဣသရေလ အမျိုးသား ခံရသောထက်ဝက် အဘို့ လူ ၊ တိရစ္ဆာန် အကောင်ငါးဆယ် တို့တွင် တ ကောင်ကို မောရှေ ကောက်ယူ ၍ ထာဝရဘုရား ၏ တဲ တော်ကို စောင့် သော လေဝိ သားတို့အား ပေး ၏။ ထိုသို့ ထာဝရဘုရား မှာထား တော်မူ၏။
47Καὶ ἔλαβε Μωυσῆς ἀπὸ τοῦ ἡμισεύματος τῶν υἱῶν Ἰσραὴλ τὸ ἓν ἀπὸ τῶν πεντήκοντα, ἀπὸ τῶν ἀνθρώπων καὶ ἀπὸ τῶν κτηνῶν, καὶ ἔδωκεν αὐτὰ τοῖς Λευίταις τοῖς φυλάσσουσι τὰς φυλακὰς τῆς σκηνῆς Κυρίου, ὃν τρόπον συνέταξε Κύριος τῷ Μωυσῇ.
48လူတရာ ၊ တထောင် ကိုအုပ်သော တပ်မှူး များ၊ ဗိုလ် များတို့သည်လည်း ၊ မောရှေ ထံသို့ ချဉ်းကပ် ၍ ၊
48Καὶ προσῆλθον πρὸς Μωυσῆν πάντες οἱ καθεσταμένοι εἰς τὰς χιλιαρχίας τῆς δυνάμεως, χιλίαρχοι καὶ ἑκατόνταρχοι,
49ကိုယ်တော် ကျွန် တို့သည် အုပ်သောစစ်သူရဲ တို့ ကို စာရင်း ယူပြန်၍၊ လူတယောက်မျှ မ လျော့ ပါ။
49καὶ εἶπαν πρὸς Μωυσῆν, Οἱ παῖδές σου εἰλήφασι τὸ κεφάλαιον τῶν ἀνδρῶν τῶν πολεμιστῶν τῶν παρʼ ἡμῖν, καὶ οὐ διαπεφώνηκεν ἀπʼ αὐτῶν οὐδὲ εἷς.
50ထိုကြောင့် ထာဝရဘုရား ရှေ့ တော်၌ အသက် အဘိုးကို ဖြေ ဘို့ ရာ လူ အသီးအသီးရ သော ရွှေ တန်ဆာ ၊ လည်ဆွဲ ၊ လက်ကောက် ၊ လက်စွပ် ၊ နားတောင်း ၊ နှာခေါင်းဆွဲ ဘူးတို့ကို ထာဝရဘုရား အား ပူဇော် လျက် ဆောင် ခဲ့ ပါပြီဟု လျှောက်ဆိုလျှင်၊
50Καὶ προσενηνόχαμεν τὸ δῶρον Κυρίῳ, ἀνὴρ ὃ εὗρε σκεῦος χρυσοῦν καὶ χλιδῶνα καὶ ψέλλιον καὶ δακτύλιον καὶ περιδέξιον καὶ ἐμπλοκιον, ἐξιλάσασθαι περὶ ἡμῶν ἔναντι Κυρίου.
51မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့သည်၊ ထိုရွှေ တည်းဟူသောလုပ် ပြီးသောတန်ဆာ ရှိသမျှ တို့ကိုခံယူ ကြ၏။
51Καὶ ἔλαβε Μωυσῆς καὶ Ἐλεάζαρ ὁ ἱερεὺς τὸ χρυσίον παρʼ αὐτῶν πᾶν σκεῦος εἰργασμένον.
52ထိုသို့ စစ်သူရဲ အသီးအသီး တို့သည် မိမိ တို့အဘို့ သိမ်းယူ ၍၊
52Καὶ ἐγένετο πᾶν τὸ χρυσίον τὸ ἀφαίρεμα ὃ ἀφεῖλον Κυρίῳ, ἑκκίδεκα χιλιάδες καὶ ἑπτακόσιοι καὶ πεντήκοντα σίκλοι παρὰ τῶν χιλιάρχων καὶ παρὰ τῶν ἑκατοντάρχων.
53တပ်မှူး များ၊ ဗိုလ် များတို့သည် ထာဝရဘုရား အား ပူဇော် သော ရွှေ ချိန်ပေါင်း ကား၊ တရာ ခြောက်ဆယ်ခုနှစ်ပိဿာနှင့် အကျပ်ငါးဆယ်ရှိသတည်း။
53Καὶ οἱ ἄνδρες οἱ πολεμισταὶ ἐπρονόμευσαν ἕκαστος ἑαυτῷ.
54တပ်မှူး များ၊ ဗိုလ်များ ပူဇော်သောရွှေ ကို မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ တို့သည်ယူ ၍၊ ဣသရေလ အမျိုးသား တို့ကို ထာဝရဘုရား အောက်မေ့ တော်မူဘို့ရာ ပရိသတ်စည်းဝေး ရာတဲ တော်၌ သွင်းထား ကြ၏။
54Καὶ ἔλαβε Μωυσῆς καὶ Ἐλεάζαρ ὁ ἱερεὺς τὸ χρυσίον παρὰ τῶν χιλιάρχων καὶ παρὰ τῶν ἑκατοντάρχων, καὶ εἰσήνεγκεν αὐτὰ εἰς τὴν σκηνὴν τοῦ μαρτυρίου, μνημόσυνον τῶν υἱῶν Ἰσραὴλ ἔναντι Κυρίου.
Tip: use the ← and → keys to turn chapters.