တောလည် 29
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
World English Bible
1သတ္တမ လ ၊ ပဌမ နေ့ရက်၌ ဓမ္မ စည်းဝေးခြင်းကို ပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ရ။ တံပိုးမှုတ် ခြင်းကို ပြုရသောနေ့ ဖြစ် ၏။
1“‘In the seventh month, on the first day of the month, you shall have a holy convocation; you shall do no regular work. It is a day of blowing of trumpets to you.
2ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ နှင့် မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်တို့ကို ပူဇော် ရမည်။
2You shall offer a burnt offering for a pleasant aroma to the LORD: one young bull, one ram, seven male lambs a year old without defect;
3နွား တကောင်လျှင် ဆီ ရော သောမုန့်ညက် သုံး ဩမဲ၊ သိုး တကောင်လျှင် နှစ် ဩမဲ၊
3and their meal offering, fine flour mixed with oil: three tenths for the bull, two tenths for the ram,
4သိုးသငယ် ခုနစ် ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့်ဘောဇဉ် ပူဇော်သက္ကာပြုရမည်။
4and one tenth for every lamb of the seven lambs;
5အပြစ် ဖြေခြင်းကို ပြုအံ့သောငှါ ၊ အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကိုလည်း ပူဇော်ရမည်။
5and one male goat for a sin offering, to make atonement for you;
6ထိုသို့ ထုံးစံ ရှိသည့်အတိုင်း ၊ လဆန်း နေ့မီးရှို့ ရာ ယဇ်နှင့် သူ ၏ဘောဇဉ် ပူဇော်သက္ကာ၊ နေ့ တိုင်းပြုသောမီးရှို့ ရာယဇ်နှင့် သူ ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီး ဖြင့်ပြုသောယဇ်ပူဇော်သက္ကာကို ပူဇော်ရမည်။
6in addition to the burnt offering of the new moon with its meal offering, and the continual burnt offering with its meal offering, and their drink offerings, according to their ordinance, for a pleasant aroma, an offering made by fire to the LORD.
7၎င်း လ ၊ ဒသမ နေ့ရက်၌ ဓမ္မ စည်းဝေးခြင်းကို ပြု ၍ ခြိုးခြံ စွာကျင့် ရမည်။ အဘယ် အလုပ် ကိုမျှ မ လုပ် ရ။
7“‘On the tenth day of this seventh month you shall have a holy convocation. You shall afflict your souls. You shall do no kind of work;
8ထိုနေ့၌ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်တို့ကို ပူဇော် ရမည်။
8but you shall offer a burnt offering to the LORD for a pleasant aroma: one young bull, one ram, seven male lambs a year old, all without defect;
9နွား တကောင်လျှင် ဆီ ရော သောမုန့်ညက် သုံး ဩမဲ၊ သိုး တ ကောင်လျှင်နှစ် ဩမဲ၊
9and their meal offering, fine flour mixed with oil: three tenths for the bull, two tenths for the one ram,
10သိုးသငယ် ခုနစ် ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့်ဘောဇဉ် ပူဇော်သက္ကာပြုရမည်။
10one tenth for every lamb of the seven lambs;
11အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို ပူဇော်ရမည်။ ထိုသို့ အပြစ် ဖြေခြင်းငှါအပြစ် ဖြေရာယဇ်၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်၊ သူ ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ထပ်၍ပြုရမည်။
11one male goat for a sin offering, in addition to the sin offering of atonement, and the continual burnt offering, and its meal offering, and their drink offerings.
12၎င်း လ တဆယ် ငါး ရက် နေ့၌ ဓမ္မ စည်းဝေးခြင်းကို ပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ဘဲ ခုနစ် ရက် ပတ်လုံးထာဝရဘုရား အဘို့ ပွဲ ခံရ မည်။
12“‘On the fifteenth day of the seventh month you shall have a holy convocation. You shall do no regular work. You shall keep a feast to the LORD seven days.
13ပဌမနေ့၌ ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ နှင့် မီး ဖြင့်ပြုသောမီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး ဆယ် သုံး ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်တို့ကို ပူဇော် ရမည်။
13You shall offer a burnt offering, an offering made by fire, of a pleasant aroma to the LORD: thirteen young bulls, two rams, fourteen male lambs a year old, all without defect;
14နွား ဆယ် သုံး ကောင်စေ့အောင်၊ တ ကောင်လျှင် ဆီ ရော သောမုန့်ညက် သုံး ဩမဲစီ၊ သိုး နှစ် ကောင်စေ့ အောင်၊ တ ကောင်လျှင် နှစ် ဩမဲစီ၊
14and their meal offering, fine flour mixed with oil: three tenths for every bull of the thirteen bulls, two tenths for each ram of the two rams,
15သိုးသငယ် ဆယ် လေး ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့် ဘောဇဉ် ပူဇော်သက္ကာပြုရ မည်။
15and one tenth for every lamb of the fourteen lambs;
16အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ထပ်၍ပူဇော်ရမည်။
16and one male goat for a sin offering, in addition to the continual burnt offering, its meal offering, and its drink offering.
17ဒုတိယ နေ့ ၌ ၊ အသက်ပျို သော နွားထီး ဆယ် နှစ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
17“‘On the second day you shall offer twelve young bulls, two rams, and fourteen male lambs a year old without defect;
18သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
18and their meal offering and their drink offerings for the bulls, for the rams, and for the lambs, according to their number, after the ordinance;
19အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
19and one male goat for a sin offering, in addition to the continual burnt offering, with its meal offering and their drink offerings.
20တတိယ နေ့ ၌ ၊ နွားထီး ဆယ် တ ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
20“‘On the third day: eleven bulls, two rams, fourteen male lambs a year old without defect;
21သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
21and their meal offering and their drink offerings for the bulls, for the rams, and for the lambs, according to their number, after the ordinance;
22အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
22and one male goat for a sin offering, in addition to the continual burnt offering, and its meal offering, and its drink offering.
23စတုတ္ထ နေ့ ၌ နွားထီး ဆယ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
23“‘On the fourth day ten bulls, two rams, fourteen male lambs a year old without defect;
24သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
24their meal offering and their drink offerings for the bulls, for the rams, and for the lambs, according to their number, after the ordinance;
25အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
25and one male goat for a sin offering; in addition to the continual burnt offering, its meal offering, and its drink offering.
26ပဉ္စမ နေ့ ၌ နွားထီး ကိုး ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
26“‘On the fifth day: nine bulls, two rams, fourteen male lambs a year old without defect;
27သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
27and their meal offering and their drink offerings for the bulls, for the rams, and for the lambs, according to their number, after the ordinance,
28အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
28and one male goat for a sin offering, in addition to the continual burnt offering, and its meal offering, and its drink offering.
29ဆဌမ နေ့ ၌ ၊ နွားထီး ရှစ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
29“‘On the sixth day: eight bulls, two rams, fourteen male lambs a year old without defect;
30သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
30and their meal offering and their drink offerings for the bulls, for the rams, and for the lambs, according to their number, after the ordinance,
31အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
31and one male goat for a sin offering; in addition to the continual burnt offering, its meal offering, and the drink offerings of it.
32သတ္တမ နေ့ ၌ နွားထီး ခုနစ် ကောင်၊ သိုးထီး နှစ် ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ဆယ် လေး ကောင်ကို၎င်း၊
32“‘On the seventh day: seven bulls, two rams, fourteen male lambs a year old without defect;
33သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
33and their meal offering and their drink offerings for the bulls, for the rams, and for the lambs, according to their number, after the ordinance,
34အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော်ရမည်။
34and one male goat for a sin offering; in addition to the continual burnt offering, its meal offering, and its drink offering.
35အဌမ နေ့ ၌ ဓမ္မစည်းဝေး ခြင်းကိုပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ရ။
35“‘On the eighth day you shall have a solemn assembly. You shall do no regular work;
36ထိုနေ့၌ ထာဝရဘုရား ဘို့ မွှေးကြိုင် သော အနံ့ နှင့် မီး ဖြင့်ပြုသော မီးရှို့ ရာယဇ်ဘို့ နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်ကို၎င်း၊
36but you shall offer a burnt offering, an offering made by fire, a pleasant aroma to the LORD: one bull, one ram, seven male lambs a year old without defect;
37သိုး ၊ နွား ၊ သိုးသငယ် အနည်း အများအလိုက် ၊ ထုံးစံ ရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
37their meal offering and their drink offerings for the bull, for the ram, and for the lambs, shall be according to their number, after the ordinance,
38အပြစ် ဖြေရာယဇ်ဘို့ ဆိတ် တ ကောင်ကို၎င်း၊ အစဉ်အမြဲ ပြုသော မီးရှို့ ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ထပ်၍ပူဇော် ရမည်။
38and one male goat for a sin offering, in addition to the continual burnt offering, with its meal offering, and its drink offering.
39ထိုသို့ သစ္စာ ဂတိရှိ၍ ပြုသောပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ၊ မီးရှို့ ရာပူဇော်သက္ကာ၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာမှတပါး၊ ချိန်းချက် သော ပွဲတို့၌ ထာဝရဘုရား အား ထပ်၍ပူဇော် ရမည်ဟု မိန့်တော်မူ၏။
39“‘You shall offer these to the LORD in your set feasts—in addition to your vows and your free will offerings—for your burnt offerings, your meal offerings, your drink offerings, and your peace offerings.’”
40ထိုသို့ မောရှေ သည်၊ မိမိအား ထာဝရဘုရား မှာထား တော်မူသမျှ တို့ကို၊ ဣသရေလ အမျိုးသား တို့အား ဆင့်ဆို လေ၏။
40Moses told the children of Israel according to all that the LORD commanded Moses.
Tip: use the ← and → keys to turn chapters.