ရှင်မဿဲ 23
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Greek New Testament, word by word (STEPBible TAGNT)
1ထိုအခါ ယေရှု သည် တပည့် တော်တို့နှင့် လူ အပေါင်းတို့အား ဟောပြော တော်မူသည်ကား၊
1Τότε ὁ Ἰησοῦς ἐλάλησεν τοῖς ὄχλοις καὶ τοῖς μαθηταῖς αὐτοῦ
2ကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့သည် မောရှေ ၏ထိုင်ရာ ပလ္လင်ပေါ်မှာ ထိုင် ကြ၏။
2λέγων· ἐπὶ τῆς Μωϋσέως καθέδρας ἐκάθισαν οἱ γραμματεῖς καὶ οἱ Φαρισαῖοι·
3ထို့ကြောင့် သူတို့စီရင် ထုံးဖွဲ့သမျှ တို့ကို စောင့်ရှောက် ၍ ပြု ကြလော့။ သူ တို့၏ အကျင့် အတိုင်း မ ကျင့် ကြနှင့်။ အကြောင်းမူကား ၊ သူတို့သည် စီရင် ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မ ကျင့် ကြ။
3πάντα οὖν ὅσα ἐὰν εἴπωσιν ὑμῖν ποιήσατε καὶ τηρεῖτε. κατὰ δὲ τὰ ἔργα αὐτῶν μὴ ποιεῖτε· λέγουσιν γὰρ καὶ οὐ ποιοῦσιν.
4အလွန်လေး ၍ ထမ်း ခဲသောဝန် တို့ကို ပြင်ဆင် ၍ သူတစ်ပါး ပခုံး ပေါ်မှာ တင် တတ်ကြ၏။ မိမိ တို့မူကား လက်ဖျား နှင့်မျှ မရွှေ့ လို ကြ။
4δεσμεύουσιν δὲ φορτία βαρέα καὶ δυσβάστακτα καὶ ἐπιτιθέασιν ἐπὶ τοὺς ὤμους τῶν ἀνθρώπων· αὐτοὶ δὲ τῷ δακτύλῳ αὐτῶν οὐ θέλουσιν κινῆσαι αὐτά.
5သူတို့သည် ပြု သမျှ သောအကျင့် အမှုတို့ကို လူ များရှေ့မှာ ထင်ရှား စေခြင်းငှာပြုကြ၏။ ကျယ် သော လက်ဖွဲ့ တို့ကို၎င်း ၊ ကြီး သော ပန်းပွား တို့ကို၎င်း ဝတ်လေ့ရှိကြ၏။
5πάντα δὲ τὰ ἔργα αὐτῶν ποιοῦσιν πρὸς τὸ θεαθῆναι τοῖς ἀνθρώποις· πλατύνουσιν γὰρ τὰ φυλακτήρια αὐτῶν καὶ μεγαλύνουσιν τὰ κράσπεδα
6ပွဲ သဘင်၊ တရားစရပ် တို့၌ မြင့်မြတ် သောနေရာ ထိုင်ရာကို၎င်း၊
6φιλοῦσιν δὲ τὴν πρωτοκλισίαν ἐν τοῖς δείπνοις καὶ τὰς πρωτοκαθεδρίας ἐν ταῖς συναγωγαῖς
7ဈေး ၌ ရိုသေစွာနှုတ်ဆက် ခြင်းကို၎င်း ၊ အရှင် ဘုရား အရှင်ဘုရားဟု လူ များခေါ်ဝေါ် ခြင်းကို၎င်း နှစ်သက် ကြ၏။
7καὶ τοὺς ἀσπασμοὺς ἐν ταῖς ἀγοραῖς καὶ καλεῖσθαι ὑπὸ τῶν ἀνθρώπων ῥαββί
8သင် တို့မူကား အရှင် ဘုရားဟု ခေါ်ဝေါ် ခြင်းကိုမ ခံကြနှင့်။ ခရစ်တော်တည်းဟူသောသင် တို့ဥပဇ္ဈာယ် ဆရာတစ်ပါးတည်း ရှိ ၏။ သင် တို့အပေါင်း သည် ညီအစ်ကို ချင်းဖြစ် ကြ၏။
8ὑμεῖς δὲ μὴ κληθῆτε ῥαββί· εἷς γάρ ἐστιν ὑμῶν ὁ διδάσκαλος πάντες δὲ ὑμεῖς ἀδελφοί ἐστε.¶
9မြေကြီး ပေါ်မှာ အဘယ်သူကိုမျှအဘ ဟူ၍မ ခေါ်ဝေါ် ကြနှင့်။ ကောင်းကင် ဘုံ၌ သင် တို့အဘ တစ်ပါးတည်း ရှိ တော်မူ၏။
9Καὶ πατέρα μὴ καλέσητε ὑμῶν ἐπὶ τῆς γῆς· εἷς γάρ ἐστιν ὑμῶν ὁ πατὴρ ὁ οὐράνιος.
10ဥပဇ္ဈာယ် ဆရာဟု ခေါ်ဝေါ် ခြင်းကို မ ခံကြနှင့်။ ခရစ်တော် တည်းဟူသောသင် တို့ဥပဇ္ဈာယ် ဆရာတစ်ပါးတည်း ရှိ ၏။
10μηδὲ κληθῆτε καθηγηταί, ὅτι καθηγητὴς ὑμῶν ἐστιν εἷς, ὁ Χριστός.
11သင် တို့တွင် အကြီး ဖြစ်သောသူ သည် သင် တို့အစေခံ ဖြစ် ရ၏။
11ὁ δὲ μείζων ὑμῶν ἔσται ὑμῶν διάκονος.
12အကြင်သူသည် မိမိ ကိုချီးမြှောက် အံ့၊ ထိုသူသည် နှိမ့်ချ ခြင်းသို့ရောက်လတံ့။ အကြင်သူသည် မိမိ ကိုနှိမ့်ချ အံ့၊ ထိုသူသည်ချီးမြှောက် ခြင်းသို့ ရောက်လတံ့။
12ὅστις δὲ ὑψώσει ἑαυτὸν ταπεινωθήσεται, καὶ ὅστις ταπεινώσει ἑαυτὸν ὑψωθήσεται.¶
13လျှို့ဝှက် သောကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကောင်းကင် နိုင်ငံ တော်၏ တံခါးကိုလူတို့ ရှေ့ မှာပိတ် ထား၍ မိမိ တို့လည်းမ ဝင် ၊ ဝင် လိုသောသူ တို့ကိုလည်း ဆီးတား ကြ၏။
13Οὐαὶ ὑμῖν, γραμματεῖς καὶ Φαρισαῖοι ὑποκριταί, ὅτι κλείετε τὴν βασιλείαν τῶν οὐρανῶν ἔμπροσθεν τῶν ἀνθρώπων· ὑμεῖς γὰρ οὐκ εἰσέρχεσθε οὐδὲ τοὺς εἰσερχομένους ἀφίετε εἰσελθεῖν.¶
14လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုတ်ဆိုးမအိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှာရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့်သာ၍ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။
no verse 14 in this text
15လျှို့ဝှက် သောကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ လူ တစ် ယောက်ကိုပင် ဘာသာ သွင်းခြင်းငှာကုန်းကြောင်း ရေကြောင်း ပတ်ပတ် လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း ၊ မိမိ တို့ထက် နှစ်ဆသောငရဲ သား ဖြစ် စေကြ၏။
15Οὐαὶ ὑμῖν, γραμματεῖς καὶ Φαρισαῖοι ὑποκριταί, ὅτι περιάγετε τὴν θάλασσαν καὶ τὴν ξηρὰν ποιῆσαι ἕνα προσήλυτον, καὶ ὅταν γένηται, ποιεῖτε αὐτὸν υἱὸν γεέννης διπλότερον ὑμῶν.¶
16လမ်းပြ သောလူကန်း တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ ဗိမာန် တော်ကိုတိုင်တည် ၍ ကျိန်ဆို ခြင်းကို ပြုလျှင်မ တည် ။ ဗိမာန် တော်၏ ရွှေ ကိုတိုင်တည်၍ ကျိန်ဆို ခြင်းကိုပြုလျှင် တည်သည်ဟုသင်တို့ဆို ကြ၏။
16Οὐαὶ ὑμῖν, ὁδηγοὶ τυφλοὶ οἱ λέγοντες· ὃς ἂν ὀμόσῃ ἐν τῷ ναῷ, οὐδέν ἐστιν· ὃς δ᾽ ἂν ὀμόσῃ ἐν τῷ χρυσῷ τοῦ ναοῦ, ὀφείλει.
17လူမိုက် လူကန်း တို့၊ အဘယ် အရာသည်သာ၍ မြတ်သနည်း။ ထိုရွှေ ကားမြတ်သလော။ ထိုရွှေ ကို သန့်ရှင်း စေသော ဗိမာန် တော်ကားမြတ်သလော။
17μωροὶ καὶ τυφλοί, τίς γὰρ μείζων ἐστίν, ὁ χρυσὸς ἢ ὁ ναὸς ὁ ἁγιάσας τὸν χρυσόν;
18တနည်းကား၊ ယဇ်ပလ္လင် ကို တိုင်တည်၍ ကျိန်ဆို ခြင်းကိုပြုလျှင် မ တည် ။ ယဇ်ပလ္လင် ပေါ်မှာ ရှိသော ပူဇော် သက္ကာကို တိုင်တည် ၍ကျိန်ဆို ခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ၏။
18καὶ ὃς ἂν ὀμόσῃ ἐν τῷ θυσιαστηρίῳ, οὐδέν ἐστιν· ὃς δ᾽ ἂν ὀμόσῃ ἐν τῷ δώρῳ τῷ ἐπάνω αὐτοῦ, ὀφείλει.
19လူမိုက်လူကန်း တို့၊ အဘယ် အရာသည်သာ၍ မြတ်သနည်း။ ထိုပူဇော် သက္ကာကား မြတ်သလော ။ ထို ပူဇော် သက္ကာကို သန့်ရှင်း စေသော ယဇ်ပလ္လင် ကားမြတ်သလော။
19τυφλοί, τί γὰρ μεῖζον, τὸ δῶρον ἢ τὸ θυσιαστήριον τὸ ἁγιάζον τὸ δῶρον;
20ထို့ကြောင့် ယဇ်ပလ္လင် ကိုတိုင်တည် ၍ ကျိန်ဆိုလျှင်၊ ယဇ်ပလ္လင် မှစ၍ ယဇ်ပလ္လင် ပေါ်မှာ ရှိသမျှကို တိုင်တည် ၍ ကျိန်ဆိုသတည်း။
20ὁ οὖν ὀμόσας ἐν τῷ θυσιαστηρίῳ ὀμνύει ἐν αὐτῷ καὶ ἐν πᾶσιν τοῖς ἐπάνω αὐτοῦ,
21ဗိမာန် တော်ကိုတိုင်တည် ၍ ကျိန်ဆို လျှင် ၊ ဗိမာန် တော်မှစ၍ ဗိမာန် တော်၌ ကျိန်းဝပ် တော်မူသောသူ ကို တိုင်တည် ၍ ကျိန်ဆိုသတည်း။
21καὶ ὁ ὀμόσας ἐν τῷ ναῷ ὀμνύει ἐν αὐτῷ καὶ ἐν τῷ κατοικοῦντι αὐτόν,
22ကောင်းကင် ဘုံကိုတိုင်တည် ၍ ကျိန်ဆိုလျှင်၊ ပလ္လင် တော်ကို၎င်း ၊ ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသော သူ ကို၎င်း တိုင်တည် ၍ကျိန်ဆိုသတည်း။
22καὶ ὁ ὀμόσας ἐν τῷ οὐρανῷ ὀμνύει ἐν τῷ θρόνῳ τοῦ θεοῦ καὶ ἐν τῷ καθημένῳ ἐπάνω αὐτοῦ.¶
23လျှို့ဝှက် သောကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပင်စိမ်း ၊ စမွှတ် ၊ ဇီယာ ၊ အသီးအရွက်တို့ကို ဆယ်ဘို့တစ်ဘို့ လှူကြသည်တွင် တရား သဖြင့်စီရင်ခြင်း၊ သူတစ်ပါးကို သနား ခြင်း၊ သစ္စာစောင့် ခြင်းတည်းဟူသောပညတ် တရားတွင် လေး သောအရာ တို့ကိုကား လှပ် ၍ထားကြ၏။ အရင် ဆိုသောအရာတို့ကို မ လှပ် မထား၊ နောက်ဆိုသောအရာ တို့ကို ကျင့် ရမည်။
23Οὐαὶ ὑμῖν, γραμματεῖς καὶ Φαρισαῖοι ὑποκριταί, ὅτι ἀποδεκατοῦτε τὸ ἡδύοσμον καὶ τὸ ἄνηθον καὶ τὸ κύμινον καὶ ἀφήκατε τὰ βαρύτερα τοῦ νόμου, τὴν κρίσιν καὶ τὸ ἔλεος καὶ τὴν πίστιν· ταῦτα ἔδει ποιῆσαι κἀκεῖνα μὴ ἀφιέναι.
24လမ်းပြ သောလူကန်း တို့၊ သင်တို့သည် ခြင် တစ်ကောင်ကိုမျှ မပါစေခြင်းငှာရေကိုစစ် လျက်နှင့် ကုလားအုပ် ကို မျို ကြ၏။
24ὁδηγοὶ τυφλοί, οἱ διϋλίζοντες τὸν κώνωπα, τὴν δὲ κάμηλον καταπίνοντες.¶
25လျှို့ဝှက် သော ကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့ ၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ဖလား ၊ လင်ပန်း ကို အပြင် ၌ဆေးကြော ကြ၏။ အတွင်း ၌ကား လုယူ ခြင်း၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့် လျက်ရှိ၏။
25Οὐαὶ ὑμῖν, γραμματεῖς καὶ Φαρισαῖοι ὑποκριταί, ὅτι καθαρίζετε τὸ ἔξωθεν τοῦ ποτηρίου καὶ τῆς παροψίδος, ἔσωθεν δὲ γέμουσιν ἐξ ἁρπαγῆς καὶ ἀκρασίας.
26မျက်စိ ကန်းသော ဖာရိရှဲ ၊ ဖလား၊ လင်ပန်းကို အတွင်း ၌ရှေးဦးစွာ ဆေးကြော လော့။ သို့ပြုလျှင် အပြင် ကား သန့်ရှင်း လိမ့်မည်။
26Φαρισαῖε τυφλέ, καθάρισον πρῶτον τὸ ἐντὸς τοῦ ποτηρίου ἵνα γένηται καὶ τὸ ἐκτὸς αὐτοῦ καθαρόν.¶
27လျှို့ဝှက် သော ကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ အဖြူ သုတ်သောသင်္ချိုင်း တွင်းနှင့်တူ ကြ၏။ ထိုတွင်း သည် အပြင် ၌တင့်တယ် စွာတကား။ အတွင်း ၌ကား လူ သေအရိုး ၊ အညစ်အကြေး အမျိုးမျိုး နှင့် ပြည့် လျက်ရှိ၏။
27Οὐαὶ ὑμῖν, γραμματεῖς καὶ Φαρισαῖοι ὑποκριταί, ὅτι παρομοιάζετε τάφοις κεκονιαμένοις οἵτινες ἔξωθεν μὲν φαίνονται ὡραῖοι, ἔσωθεν δὲ γέμουσιν ὀστέων νεκρῶν καὶ πάσης ἀκαθαρσίας.
28ထိုအတူ သင် တို့သည်အပြင် ၌ လူတို့ ရှေ့မှာဖြောင့်မတ် ဟန် ရှိ၏။ အတွင်း ၌ကား လျှို့ဝှက် ခြင်း၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့် လျက်ရှိ ကြ၏။
28οὕτως καὶ ὑμεῖς ἔξωθεν μὲν φαίνεσθε τοῖς ἀνθρώποις δίκαιοι, ἔσωθεν δέ ἐστε μεστοὶ ὑποκρίσεως καὶ ἀνομίας.¶
29လျှို့ဝှက် သော ကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပရောဖက် မှစ၍ ဖြောင့်မတ် သောသူ တို့၏ သင်္ချိုင်း တွင်းနှင့် အရိုးအိုးတို့ကို တည်လုပ် ၍ တန်ဆာ ဆင်သဖြင့် ၊
29Οὐαὶ ὑμῖν, γραμματεῖς καὶ Φαρισαῖοι ὑποκριταί, ὅτι οἰκοδομεῖτε τοὺς τάφους τῶν προφητῶν καὶ κοσμεῖτε τὰ μνημεῖα τῶν δικαίων
30ငါ တို့သည် ဘိုးဘေး တို့လက်ထက် ၌ ရှိ လျှင် ၊ ပရောဖက် တို့ကို သတ် သည်အမှုကိုလက် မ ခံပြီဟု ဆို ကြ၏။
30καὶ λέγετε· εἰ ἤμεθα ἐν ταῖς ἡμέραις τῶν πατέρων ἡμῶν, οὐκ ἂν ἤμεθα αὐτῶν κοινωνοὶ ἐν τῷ αἵματι τῶν προφητῶν,
31ထိုသို့ဆိုသော် ၊ သင်တို့သည် ပရောဖက် တို့ကိုသတ် သောသူ တို့၏ အမျိုးအနွယ် ဖြစ် သည်ကို ကိုယ် အဘို့ ကိုယ်သက်သေခံ ကြ၏။
31ὥστε μαρτυρεῖτε ἑαυτοῖς ὅτι υἱοί ἐστε τῶν φονευσάντων τοὺς προφήτας·
32သို့ဖြစ်၍ ဘိုးဘေး တို့၏အကျင့်ပမာဏ ကို မှီ အောင်ကျင့်ကြလော့။
32καὶ ὑμεῖς πληρώσατε τὸ μέτρον τῶν πατέρων ὑμῶν.
33မြွေဆိုး အမျိုး တို့၊ သင်တို့သည် အပြစ် ငရဲ မှ အဘယ်သို့ လွတ် နိုင်ကြမည်နည်း။
33ὄφεις γεννήματα ἐχιδνῶν, πῶς φύγητε ἀπὸ τῆς κρίσεως τῆς γεέννης;
34ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက် ပညာရှိ ကျမ်းပြု ဆရာတို့ကို သင် တို့ရှိရာ သို့ ငါ စေလွှတ် ၏။ ထိုသူ အချို့တို့ကိုကွပ်မျက် ၍ လက်ဝါးကပ်တိုင် ၌သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ် ၌ ရိုက် ၍ တစ် မြို့မှ တစ် မြို့သို့ ညှဉ်းဆဲ နှင်ထုတ်ကြလိမ့်မည်။
34διὰ τοῦτο ἰδοὺ ἐγὼ ἀποστέλλω πρὸς ὑμᾶς προφήτας καὶ σοφοὺς καὶ γραμματεῖς· ἐξ αὐτῶν ἀποκτενεῖτε καὶ σταυρώσετε καὶ ἐξ αὐτῶν μαστιγώσετε ἐν ταῖς συναγωγαῖς ὑμῶν καὶ διώξετε ἀπὸ πόλεως εἰς πόλιν·
35ထို့ကြောင့် ဖြောင့်မတ် သော အာဗေလ ၏အသွေး မှစ၍ ၊ အတွင်းဗိမာန် တော်နှင့် ယဇ်ပလ္လင် ၏ အကြား ၌ သင် တို့သတ် ကြသော ဗာရခိ သား ဇာခရိ ၏အသွေး တိုင်အောင် မြေကြီး အပေါ် ၌သွန်း ပြီးသမျှသော သူတော်ကောင်း တို့၏အသွေး သည် သင် တို့ ခေါင်းပေါ်သို့ ရောက် လိမ့်မည်။
35ὅπως ἔλθῃ ἐφ᾽ ὑμᾶς πᾶν αἷμα δίκαιον ἐκχυννόμενον ἐπὶ τῆς γῆς, ἀπὸ τοῦ αἵματος Ἅβελ τοῦ δικαίου ἕως τοῦ αἵματος Ζαχαρίου υἱοῦ Βαραχίου ὃν ἐφονεύσατε μεταξὺ τοῦ ναοῦ καὶ τοῦ θυσιαστηρίου.
36ငါအမှန် ဆို သည်ကား၊ ဤ အရာများတို့သည် ယခု ဖြစ်သောလူများအပေါ်သို့ ရောက် ကြလိမ့်မည်။
36ἀμὴν λέγω ὑμῖν· ἥξει ταῦτα πάντα ἐπὶ τὴν γενεὰν ταύτην.¶
37အိုယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည်ပရောဖက် တို့ကိုသတ် မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ် သော သူ တို့ကိုလည်း ကျောက်ခဲ နှင့် ပစ်မြဲရှိ၏။ ကြက်မ သည် မိမိ သားငယ် တို့ကို အတောင် အောက် ၌ စုရုံး သကဲ့သို့ သင် ၏သား တို့ကို စုရုံး စေခြင်းငှာကြိမ်ဖန် များစွာငါအလိုရှိ ပြီ။ သင်မူကား အလို မ ရှိ။
37Ἰερουσαλὴμ Ἰερουσαλὴμ ἡ ἀποκτείνουσα τοὺς προφήτας καὶ λιθοβολοῦσα τοὺς ἀπεσταλμένους πρὸς αὐτήν, ποσάκις ἠθέλησα ἐπισυναγαγεῖν τὰ τέκνα σου, ὃν τρόπον ὄρνις ἐπισυνάγει τὰ νοσσία αὐτῆς ὑπὸ τὰς πτέρυγας, καὶ οὐκ ἠθελήσατε;
38သင် တို့နေသောအိမ် သည် သင် တို့၌ လူဆိတ်ညံ လျက် ကျန်ရစ် ရ၏။
38ἰδοὺ ἀφίεται ὑμῖν ὁ οἶκος ὑμῶν ἔρημος.
39ငါဆို သည်ကား၊ ထာဝရ ဘုရား၏အခွင့် နှင့် ကြွလာ သောသူ သည်မင်္ဂလာ ရှိစေသောဟုသင် တို့မ ပြောမှီ တိုင်အောင်ယခု မှစ၍ သင်တို့သည်ငါ့ မျက်နှာကို မ မြင် ရကြ ဟု မိန့်တော်မူ၏။
39λέγω γὰρ ὑμῖν· οὐ μή με ἴδητε ἀπ᾽ ἄρτι ἕως ἂν εἴπητε· εὐλογημένος ὁ ἐρχόμενος ἐν ὀνόματι κυρίου.¶
Tip: use the ← and → keys to turn chapters.