ရှင်လုကာ 7
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Reina-Valera 1909
1ထိုဒေသနာ တော်ကို ယေရှုသည် ပရိသတ် တို့အား အကုန်အစင် ဟောတော်မူပြီးမှကပေရနောင် မြို့ သို့ ကြွဝင် တော်မူ၏။
1Y COMO acabó todas sus palabras oyéndole el pueblo, entró en Capernaum.
2ထိုမြို့၌ တပ်မှူး ၏ကျွန် တစ် ယောက်သည်နာ ၍ သေခါနီး ရှိ ၏။ သူ၏သခင် သည် သူ့ကိုချစ် ၍၊
2Y el siervo de un centurión, al cual tenía él en estima, estaba enfermo y á punto de morir.
3ယေရှု ၏ သိတင်း တော်ကိုကြား လျှင် ၊ ယုဒ အမျိုး အကြီးအကဲ တို့ကိုအထံ တော်သို့ စေလွှတ် သဖြင့်၊ ကိုယ်တော်သည်ကြွ ၍ထိုကျွန် ကိုချမ်းသာ ပေးတော်မူမည်အကြောင်း တောင်းပန် လေ၏ ။
3Y como oyó hablar de Jesús, envió á él los ancianos de los Judíos, rogándole que viniese y librase á su siervo.
4ထိုသူ တို့သည် ယေရှု ထံတော်သို့ ရောက် လျှင် ၊ ကျေးဇူးတော်ကို ခံ မည့်သူ သည်ခံထိုက် သောသူဖြစ် ပါ၏။
4Y viniendo ellos á Jesús, rogáronle con diligencia, diciéndole: Porque es digno de concederle esto;
5သူ သည် အကျွန်ုပ် တို့အမျိုး ကို နှစ်သက် ၍ အကျွန်ုပ် တို့အဘို့ တရားစရပ် ကို ဆောက် ပါပြီဟု၍ ကျပ်ကျပ် တောင်းပန် ကြ၏။
5Que ama nuestra nación, y él nos edificó una sinagoga.
6ယေရှု သည် သူ တို့နှင့်အတူ ကြွ တော်မူ၏။ တပ်မှူး အိမ် နှင့်မ နီးမဝေး ရောက် တော်မူသောအခါ ၊ တပ်မှူးသည် မိမိ အဆွေ တို့ကို စေလွှတ် ၍၊ သခင် ၊ ကိုယ်ကို ပင်ပန်း စေတော်မ မူပါနှင့်။ အကျွန်ုပ် ၏ အိမ်မိုး အောက် သို့ ကြွဝင် တော်မူခြင်း ကျေးဇူးတော်ကို အကျွန်ုပ်မ ခံထိုက် ပါ။
6Y Jesús fué con ellos. Mas como ya no estuviesen lejos de su casa, envió el centurión amigos á él, diciéndole: Señor, no te incomodes, que no soy digno que entres debajo de mi tejado;
7ထိုအတူ အကျွန်ုပ် သည် ကိုယ်တော် ထံသို့ ရောက် ထိုက် သောသူမ ဟုတ်သည်ကို အကျွန်ုပ်ထင်ပါပြီ။ အမိန့် တော်တစ်ခွန်းရှိ လျှင် အကျွန်ုပ် ၏ငယ်သား သည် ချမ်းသာ ရပါလိမ့်မည်။
7Por lo cual ni aun me tuve por digno de venir á ti; mas di la palabra, y mi siervo será sano.
8ဥပမာကား၊ အကျွန်ုပ် သည် မင်းအောက် ၌ ကျွန်ခံသောသူဖြစ် သော်လည်းစစ်သူရဲ များကိုအုပ်စိုး ၍ တစ်ဦး ကိုသွား ချေဟု ဆို လျှင် သွား ပါ၏။ တစ်ဦး ကိုလာ ခဲ့ဟုခေါ်လျှင် လာ ပါ၏။ ကျွန် ကိုလည်း ဤအမှု ကို လုပ် တော့ ဟုဆိုလျှင် လုပ် ပါ၏ဟု တပ်မှူးလျှောက် စေ၏။
8Porque también yo soy hombre puesto en potestad, que tengo debajo de mí soldados; y digo á éste: Ve, y va; y al otro: Ven, y viene; y á mi siervo: Haz esto, y lo hace.
9ထို စကားကို ယေရှု သည်ကြား တော်မူလျှင် အံ့ဩ ခြင်းရှိ၍ နောက် တော်သို့လိုက်သောသူ များကို လှည့်ကြည့် လျက်၊ ငါဆို သည်ကား၊ ဤမျှလောက် သော ယုံကြည် ခြင်းကို ဣသရေလ အမျိုး၌ ပင် ငါမ တွေ့ ဘူးသေး ဟု မိန့် တော်မူ၏။
9Lo cual oyendo Jesús, se maravilló de él, y vuelto, dijo á las gentes que le seguían: Os digo que ni aun en Israel he hallado tanta fe.
10တပ်မှူးစေလွှတ် သော သူ တို့သည် အိမ် သို့ ပြန်ရောက် လျှင် ၊ အနာရောဂါစွဲသော ကျွန် သည် ကျန်းမာ လျက်ရှိသည်ကို တွေ့ ကြ၏။
10Y vueltos á casa los que habían sido enviados, hallaron sano al siervo que había estado enfermo.
11နက်ဖြန် နေ့၌ နာဣန မြို့ သို့ ကြွ တော်မူ၍ ၊ တပည့် တော်များနှင့် လူ အစုအဝေးအပေါင်း တို့သည် နောက်တော်သို့လိုက် ကြ၏။
11Y aconteció después, que él iba á la ciudad que se llama Naín, é iban con él muchos de sus discípulos, y gran compañía.
12မြို့ တံခါး အနီး သို့ရောက်သောအခါ ၊ မုဆိုးမ ၌ တစ်ယောက်တည်း သောသား အသေ လောင်းကို သင်္ဂြိုဟ်ခြင်းငှာ ထုတ်သွား ၍၊ မြို့သူ မြို့သားများတို့သည် လိုက် ကြ၏။
12Y como llegó cerca de la puerta de la ciudad, he aquí que sacaban fuera á un difunto, unigénito de su madre, la cual también era viuda: y había con ella grande compañía de la ciudad.
13သခင် ဘုရားသည် ထိုမိန်းမ ကိုမြင် လျှင် သနား ခြင်းစိတ်တော်ရှိ၍၊ မ ငို နှင့် ဟု မိန့် တော်မူလျှက် အနီး သို့ ကြွ၍ တလား ကို လက်နှင့်တို့ တော်မူသဖြင့် ၊ ထမ်း သောသူ တို့သည် ရပ် ၍နေကြ၏၊
13Y como el Señor la vió, compadecióse de ella, y le dice: No llores.
14ကိုယ်တော်ကလည်း ၊ အချင်းလုလင် ၊ ထ လော့၊ သင့် အားငါအမိန့် ရှိသည် ဟု မိန့် တော်မူလျှင် ၊
14Y acercándose, tocó el féretro: y los que lo llevaban, pararon. Y dice: Mancebo, á ti digo, levántate.
15သေ သောသူ သည် ထိုင် ၍ စကား ပြော၏။ ကိုယ်တော်သည်လည်း ထိုသူ ကိုမိခင် အား အပ်ပေး တော်မူ၏။
15Entonces se incorporó el que había muerto, y comenzó á hablar. Y dióle á su madre.
16လူအပေါင်း တို့သည် ကြောက်ရွံ့ ခြင်း သို့ရောက်၍ ၊ ကြီးစွာ သောပရောဖက် သည် ငါ တို့တွင် ပေါ်ထွန်း ပြီ။ ဘုရားသခင် သည် မိမိ လူမျိုး ကို အကြည့်အရှု ကြွတော်မူပြီ ဟူ၍ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်းကြ၏။
16Y todos tuvieron miedo, y glorificaban á Dios, diciendo: Que un gran profeta se ha levantado entre nosotros; y que Dios ha visitado á su pueblo.
17ထို သိတင်း တော်သည် ယုဒ ပြည်မှစ၍ ပတ်ဝန်းကျင် အရပ်တို့၌ အနှံ့အပြား ကျော်စော လေ၏။
17Y salió esta fama de él por toda Judea, y por toda la tierra de alrededor.
18ယောဟန် ၏ တပည့် တို့သည် ထို အကြောင်း အရာအလုံးစုံ တို့ကို မိမိ ဆရာအားကြားပြော ကြ၏။
18Y sus discípulos dieron á Juan las nuevas de todas estas cosas: y llamó Juan á dos de sus discípulos,
19ထိုအခါ ယောဟန် သည် မိမိ တပည့် နှစ် ယောက်ကို ခေါ် ပြီးလျှင် ယေရှု ထံတော်သို့ စေလွှတ် ၍၊ ကိုယ်တော် သည် ကြွလာ သောသူ မှန် သလော။ သို့မဟုတ် အခြား သောသူကို မြော်လင့် ရပါမည်လောဟု မေးလျှောက် စေ၏။
19Y envió á Jesús, diciendo: ¿Eres tú aquél que había de venir, ó esperaremos á otro?
20ထိုသူတို့သည် အထံ တော်သို့ ရောက် လျှင်၊ ကိုယ်တော် သည်ကြွလာ သောသူ မှန် သလော။ သို့မဟုတ် အခြား သောသူကို မြော်လင့် ရပါမည်လောဟု မေးလျှောက် စေခြင်းငှာ၊ ဗတ္တိဇံ ဆရာယောဟန် သည် အကျွန်ုပ် တို့ကို ကိုယ်တော် ထံသို့ စေလွှတ် ပါပြီဟု လျှောက် ကြ၏။
20Y como los hombres vinieron á él, dijeron: Juan el Bautista nos ha enviado á ti, diciendo: ¿Eres tú aquél que había de venir, ó esperaremos á otro?
21ထို အချိန် နာရီ၌ ယေရှုသည် လူများ တို့ကို အနာ ရောဂါဝေဒနာ ဘေး၊ နတ် ဆိုး ဘေးနှင့် ကင်းလွတ် စေ တော်မူ၏။ မျက်စိ ကန်းသောသူများ တို့ကိုလည်း မျက်စိ မြင်စေခြင်းငှာကျေးဇူး ပြုတော်မူ၏။
21Y en la misma hora sanó á muchos de enfermedades y plagas, y de espíritus malos; y á muchos ciegos dió la vista.
22ထိုအခါ ယေရှုက၊ သင်တို့သည်ကြား ရသမျှ၊ မြင် ရသမျှ တို့ကိုသွား ၍ ယောဟန် အား ကြားလျှောက် ကြ လော့။ မျက်စိ ကန်းသောသူတို့သည်မျက်စိမြင် ရကြ၏ ။ ခြေမစွမ်း သောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲ သော သူတို့သည် သန့်ရှင်း ခြင်းသို့ရောက်ရကြ၏။ နားပင်း သောသူတို့သည် နားကြား ရကြ၏။ သေ သောသူတို့သည် ထမြောက် ခြင်းသို့ ရောက်ရကြ၏။
22Y respondiendo Jesús, les dijo: Id, dad las nuevas á Juan de lo que habéis visto y oído: que los ciegos ven, los cojos andan, los leprosos son limpiados, los sordos oyen, los muertos resucitan, á los pobres es anunciado el evangelio:
23ဆင်းရဲသား တို့သည်လည်း ဝမ်းမြောက် စရာသိတင်းကိုကြားရကြ၏။ ငါ့ ကြောင့် စိတ် မ ပျက်သောသူ သည် မင်္ဂလာ ရှိ ၏ ဟု ပြန်ပြောတော်မူ ၏။
23Y bienaventurado es el que no fuere escandalizado en mí.
24ယောဟန် စေလွှတ် သောသူ တို့သည် သွား ကြသည်နောက် ၊ ယေရှုသည် ယောဟန် ကို အကြောင်း ပြု၍ ပရိသတ် တို့အား၊ သင်တို့သည် အဘယ် မည်သောအရာကို ကြည့်ရှု ခြင်းငှာတော သို့ ထွက်သွား ကြသနည်း။ လေ လှုပ် သောကျူပင် ကို ကြည့်ရှုခြင်းငှာ သွား သလော။
24Y como se fueron los mensajeros de Juan, comenzó á hablar de Juan á las gentes: ¿Qué salisteis á ver al desierto? ¿una caña que es agitada por el viento?
25သို့မဟုတ် နူးညံ့ သောအဝတ် ကို ဝတ်ဆင် သောသူ ကို ကြည့်ရှုခြင်းငှာသွားသလော။ တင့်တယ် သော အဝတ် ကိုဝတ်ဆင်၍ ကောင်းမွန် စွာစားသောက်သောသူ တို့သည် မင်းအိမ် ၌ နေ တတ်ကြ၏။
25Mas ¿qué salisteis á ver? ¿un hombre cubierto de vestidos delicados? He aquí, los que están en vestido precioso, y viven en delicias, en los palacios de los reyes están.
26ပရောဖက် ကို ကြည့်ရှုခြင်းငှာ သွား သလော။ မှန် ပေ၏။ ပရောဖက် ထက် ကြီးမြတ်သောသူလည်း ဖြစ်သည်ဟု ငါဆို ၏။
26Mas ¿qué salisteis á ver? ¿un profeta? También os digo, y aun más que profeta.
27ကျမ်းစာ၌လာ သည်ကား၊ ကြည့်ရှု လော့။ သင် သွားရာလမ်း ကိုပြင် ရသော ငါ ၏တမန် ကိုသင့် ရှေ့ ၌ငါစေလွှတ် ၏ဟုဆိုရာ၌ ထိုသူ ကိုဆိုလို သတည်း။
27Este es de quien está escrito: He aquí, envío mi mensajero delante de tu faz, el cual aparejará tu camino delante de ti.
28ငါဆို သည်ကား၊ မိန်းမ မွေး သောသူတို့တွင် ဗတ္တိဇံဆရာယောဟန် ထက် ကြီးမြတ် သော ပရောဖက် တစ်ယောက် မျှမရှိ ။ သို့သော်လည်း ဘုရားသခင် ၏နိုင်ငံ တော်တွင် အငယ်ဆုံး သောသူ သည် ထိုသူ ထက် သာ၍ကြီးမြတ်၏။
28Porque os digo que entre los nacidos de mujeres, no hay mayor profeta que Juan el Bautista: mas el más pequeño en el reino de los cielos es mayor que él.
29အခွန်ခံ သူမှစ၍ လူ အပေါင်း တို့သည် ယောဟန်၏စကားကို ကြားနာ ရလျှင် ၊ ဘုရားသခင် ကို ချီးမွမ်း ၍ ယောဟန် ပေးသော ဗတ္တိဇံ ကို ခံ ကြ၏။
29Y todo el pueblo oyéndole, y los publicanos, justificaron á Dios, bautizándose con el bautismo de Juan.
30ဖာရိရှဲ နှင့် ကျမ်းတတ် တို့မူကား ၊ သူ တို့အကျိုး အလိုငှာ ဘုရားသခင် ကြံစည် တော်မူသော ကျေးဇူးတော်ကို ပယ် ၍ ယောဟန် ၏ ဗတ္တိဇံ ကို မ ခံဘဲနေကြ၏။
30Mas los Fariseos y los sabios de la ley, desecharon el consejo de Dios contra sí mismos, no siendo bautizados de él.
31ထိုကြောင့် ဤ လူမျိုး ကို အဘယ် ဥပမာနှင့် ပုံပြ ရအံ့နည်း။ အဘယ်သူ နှင့်တူ သနည်း။
31Y dice el Señor: ¿A quién, pues, compararé los hombres de esta generación, y á qué son semejantes?
32ပွဲ သဘင်၌ ထိုင်နေ သောသူငယ်ချင်းတို့သည် တစ် ယောက်ကိုတစ်ယောက် အသံလွှင့် ကြ၍ ၊ ငါတို့သည် သာယာစွာတီးမှုတ် သော်လည်း သင်တို့သည်မ က ကြ။ ညည်းတွား စွာမြည်တမ်းသော်လည်း မ ငိုကြွေး ကြဟု ပြောဆို သောသူငယ် တို့နှင့် ဤလူမျိုးသည် တူ လှ၏။
32Semejantes son á los muchachos sentados en la plaza, y que dan voces los unos á los otros, y dicen: Os tañimos con flautas, y no bailasteis: os endechamos, y no llorasteis.
33အကြောင်းမူကား ၊ ဗတ္တိဇံ ဆရာယောဟန် သည် မုန့် ကိုမ စား ၊ စပျစ်ရည် ကိုမ သောက် ဘဲ လာ သည်ရှိသော်သင်တို့က၊ ဤသူသည် နတ်ဆိုး စွဲ သောသူပါတကားဟု ဆို ကြ၏။
33Porque vino Juan el Bautista, que ni comía pan, ni bebía vino, y decís: Demonio tiene.
34လူ သား သည် စား သောက် လျက် လာ သည်ရှိသော်၊ ဤသူ သည် စားကြူး သောသူ၊ စပျစ်ရည်သောက်ကြူး သောသူပါတကား။ အခွန်ခံ သောသူနှင့် ဆိုး သောသူတို့ကို မိတ်ဆွေ ဖွဲ့သောသူပါတကားဟု ဆို ပြန်ကြ၏။
34Vino el Hijo del hombre, que come y bebe, y decís: He aquí un hombre comilón, y bebedor de vino, amigo de publicanos y de pecadores.
35သို့သော်လည်း ပညာ တရားသည် မိမိ သား ရှိသမျှ တို့တွင် ကဲ့ရဲ့ ပြစ်တင်ခြင်းနှင့်လွတ်၏ ဟု မိန့်တော်မူ၏။
35Mas la sabiduría es justificada de todos sus hijos.
36ဖာရိရှဲ တစ် ယောက်သည် အစာကို သုံးဆောင် တော်မူစေခြင်းငှာ ကိုယ်တော် ကို ခေါ်ပင့် လျှင်၊ ထိုဖာရိရှဲ ၏ အိမ် သို့ ကြွ ၍ စားပွဲ၌လျောင်း တော်မူသည်။
36Y le rogó uno de los Fariseos, que comiese con él. Y entrado en casa del Fariseo, sentóse á la mesa.
37ထိုသို့စားပွဲ၌လျောင်း တော်မူသည်ကိုထို မြို့ ၌ ဆိုး သောမိန်းမ တစ်ယောက်သည် သိ လျှင် ၊ ဆီမွှေး ကျောက်ဖြူ ခွက်တစ်လုံးကို ယူခဲ့ ၍ ၊
37Y he aquí una mujer que había sido pecadora en la ciudad, como entendió que estaba á la mesa en casa de aquel Fariseo, trajo un alabastro de ungüento,
38နောက် တော်၌ ခြေ တော်အနီးမှာရပ် လျက် ငိုကြွေး ၍ ခြေ တော်ပေါ်သို့မျက်ရည် ကျ လျှင် မိမိ ဆံပင် နှင့်သုတ် လေ၏။ ခြေ တော်ကိုလည်း နမ်း ၍ ဆီမွှေး နှင့် လိမ်း လျက်နေလေ၏။
38Y estando detrás á sus pies, comenzó llorando á regar con lágrimas sus pies, y los limpiaba con los cabellos de su cabeza; y besaba sus pies, y los ungía con el ungüento.
39ကိုယ်တော် ကို ခေါ်ပင့် သော ဖာရိရှဲ သည်မြင် လေသော်၊ ဤသူ သည်ပရောဖက် မှန် လျှင် ခြေ တော်ကို ကိုင် သော ဤ မိန်းမ သည်အဘယ်သို့ သောသူဖြစ်သည်ကို သိ လိမ့်မည်။ ဤမိန်းမသည်ဆိုး သောသူဖြစ် ၏ဟု ထင်မှတ်၏။
39Y como vió esto el Fariseo que le había convidado, habló entre sí, diciendo: Este, si fuera profeta, conocería quién y cuál es la mujer que le toca, que es pecadora.
40ယေရှု ကလည်း ၊ အချင်းရှိမုန် ၊ သင့် အား ငါပြော စရာတစ်ခု ရှိ သည် ဟု မိန့် တော်မူလျှင် ၊ အရှင် ဘုရား အမိန့် ရှိတော်မူပါဟု လျှောက် သော်၊
40Entonces respondiendo Jesús, le dijo: Simón, una cosa tengo que decirte. Y él dice: Di, Maestro.
41ယေရှုက၊ ဥစ္စာရှင် တစ်ဦး ၌ ကြွေးစား နှစ် ဦးရှိ ၏။ တစ် ယောက်၌ကား ဒေနာရိ အပြားငါးရာ ၊ တစ် ယောက်၌ ကား ငါးဆယ် ကြွေး ရှိ၏။
41Un acreedor tenía dos deudores: el uno le debía quinientos denarios, y el otro cincuenta;
42သူ တို့သည် ကြွေးဆပ် ရန်မ ရှိ သောကြောင့်၊ ကြွေးရှင်သည် ထိုသူနှစ် ယောက်တို့ကို အချည်းနှီး လွှတ်၏။ သို့ဖြစ်လျှင် ထိုသူ နှစ်ယောက်တွင် အဘယ်သူ သည်ကြွေးရှင် ကိုသာ၍ ချစ် လိမ့်မည်နည်း ဟု မေးတော်မူ၏။
42Y no teniendo ellos de qué pagar, perdonó á ambos. Di, pues, ¿cuál de éstos le amará más?
43ရှိမုန် ကလည်း၊ သာ၍ ကျေးဇူးကိုခံရ သောသူ သည် သာ၍ချစ်လိမ့်မည် အကျွန်ုပ်ထင် ပါ၏ဟု လျှောက် လျှင်၊ ယေရှုက၊ သင်ထင် သည်အတိုင်း မှန် ပေ၏ဟု မိန့် တော်မူပြီးမှ ၊
43Y respondiendo Simón, dijo: Pienso que aquél al cual perdonó más. Y él le dijo: Rectamente has juzgado.
44ထို မိန်းမ ကို လှည့် ၍ ရှိမုန် အားလည်း၊ သင်သည် ဤ မိန်းမ ကိုမြင်သလော ။ သင် ၏အိမ် သို့ ငါဝင် သော် သင်သည် ခြေ ဆေးရေ ကိုမ ပေး ။ ဤ မိန်းမမူကား ၊ ငါ့ ခြေ ပေါ်သို့မျက်ရည် ကျ ၍ မိမိ ဆံပင် နှင့်သုတ် လေပြီ။
44Y vuelto á la mujer, dijo á Simón: ¿Ves esta mujer? Entré en tu casa, no diste agua para mis pies; mas ésta ha regado mis pies con lágrimas, y los ha limpiado con los cabellos.
45သင်သည် ငါ့ ကိုမ နမ်း ၊ သူ မူကား ၊ အိမ်သို့ဝင် သောအချိန်မှစ၍ ငါ့ ခြေ ကိုနမ်း လျက်မ စဲ ဘဲနေ၏။
45No me diste beso, mas ésta, desde que entré, no ha cesado de besar mis pies.
46သင်သည်ငါ့ ခေါင်း ကို ဆီ နှင့်မ လိမ်း ။ သူ မူကား ၊ ငါ့ ခြေ ကို ဆီမွှေး နှင့်လိမ်း လေပြီ။
46No ungiste mi cabeza con óleo; mas ésta ha ungido con ungüento mis pies.
47ထိုကြောင့် ငါဆို သည်ကား၊ သူသည် များစွာ သောအပြစ် တို့နှင့်လွတ် သည်ဖြစ်၍ အလွန် ချစ် တတ်၏။ အနည်းငယ်သော အပြစ်လွတ် သောသူ သည် အနည်းငယ် မျှသာ ချစ် တတ်သည် ဟု မိန့် တော်မူ၏။
47Por lo cual te digo que sus muchos pecados son perdonados, porque amó mucho; mas al que se perdona poco, poco ama.
48ထိုမိန်းမ အားလည်း ၊ သင် သည် အပြစ် တို့နှင့် လွတ် လေပြီ ဟု မိန့် တော်မူ၏။
48Y á ella dijo: Los pecados te son perdonados.
49စားပွဲ၌လျောင်း သောသူ တို့က၊ အပြစ် ကိုလွှတ် သော ဤ သူကား အဘယ်သူ နည်းဟု အောက်မေ့ ကြ၏။
49Y los que estaban juntamente sentados á la mesa, comenzaron á decir entre sí: ¿Quién es éste, que también perdona pecados?
50ယေရှုသည် ထို မိန်းမ အား သင် ၏ ယုံကြည် ခြင်းသည် သင့် ကို ကယ်တင် ပြီ။ ငြိမ်ဝပ် စွာသွား လော့ ဟု မိန့် တော်မူ၏။
50Y dijo á la mujer: Tu fe te ha salvado, ve en paz.
Tip: use the ← and → keys to turn chapters.