ဝတ်ပြုရာ 8
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Old Persian Version (ترجمه قدیم)
1တဖန် ထာဝရဘုရား က၊
1و خداوند موسی را خطاب کرده، گفت:
2သင်သည် အာရုန် နှင့် သူ ၏သား များ၊ အဝတ် များ၊ လိမ်း ရန်ဆီ ၊ အပြစ် ဖြေရာ ယဇ်ဘို့ နွား ထီး၊ သိုး ထီးနှစ် ကောင်၊ တဆေး မဲ့ မုန့်တတောင်း ကိုယူ ၍၊
2«هارون و پسرانش را با او و رختها وروغن مسح و گوساله قربانی گناه و دو قوچ وسبدنان فطیر را بگیر.
3ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့သို့ ပရိသတ် အပေါင်း ကို စည်ဝေး စေလော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
3و تمامی جماعت را به درخیمه اجتماع جمع کن.»
4မောရှေ ပြု ၍ ၊ ပရိသတ် တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့မှာ စည်းဝေး ကြ၏။
4پس موسی چنانکه خداوند به وی امر فرموده بود به عمل آورد، وجماعت به در خیمه اجتماع جمع شدند.
5မောရှေ ကလည်း ၊ ဤသို့ ထာဝရဘုရား မှာ ထား တော်မူပြီဟု ပရိသတ် တို့အား ပြောဆို လျက်၊
5وموسی به جماعت گفت: «این است آنچه خداوندفرموده است که کرده شود.»
6ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ အာရုန် နှင့် သူ ၏သား တို့ကို ခေါ် ခဲ့၍ ရေချိုး ပြီးလျှင် ၊
6پس موسی هارون و پسرانش را نزدیک آورد، و ایشان را به آب غسل داد.
7အာရုန်ကို အင်္ကျီ ဝတ် စေ၍ ၊ ခါးပန်း ကို စည်း စေလေ၏။ ဝတ်လုံ နှင့် သင်တိုင်း ကိုလည်း ခြုံ စေ၍ ၊ ထူးဆန်းသောသင်တိုင်း ခါးစည်း ဖြင့် စည်း လေ၏။
7و پیراهن را بر او پوشانید و کمربند رابر او بست، و او را به ردا ملبس ساخت، و ایفود رابر او گذاشت و زنار ایفود را بر او بسته، آن را بر وی استوار ساخت
8ရင်ဖုံး ကိုလည်း ဆင်စေ၍ ၊ ရင်ဖုံး အထဲ ၌ ဥရိမ် နှင့် သုမိမ် ကို သွင်း ထားလေ၏။
8و سینه بند را بر او گذاشت واوریم و تمیم را در سینه بند گذارد.
9သူ ၏ခေါင်း ပေါ် မှာ ဗေါင်း ကိုတင် ၍ ၊ သန့်ရှင်း သော ရွှေ သင်းကျစ် ပြား ကို ဗေါင်း ရှေ့ ၌ တပ် လေ၏။
9و عمامه را برسرش نهاد، و بر عمامه درپیش آن تنکه زرین، یعنی افسر مقدس را نهاد، چنانکه خداوند موسی را امر فرموده بود.
10ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မောရှေ သည် လိမ်း ရန်ဆီ ကိုယူ ၍ ၊ တဲ တော်နှင့် တဲတော် တန်ဆာရှိသမျှ ကို လိမ်း သဖြင့် သန့်ရှင်း စေ၏။
10و موسی روغن مسح را گرفته، مسکن وآنچه را که در آن بود مسح کرده، آنها را تقدیس نمود.
11ထိုဆီကို ယဇ် ပလ္လင်ပေါ် မှာ ခုနစ် ကြိမ် ဖြန်း ၍ ၊ ယဇ် ပလ္လင်တန်ဆာ ရှိသမျှ ကို၎င်း ၊ အင်တုံ နှင့် ခြေထောက် ကို၎င်း ၊ သန့်ရှင်း စေခြင်းငှါ လိမ်း လေ၏။
11و قدری از آن را بر مذبح هفت مرتبه پاشید، و مذبح و همه اسبابش و حوض و پایهاش را مسح کرد، تا آنها را تقدیس نماید.
12လိမ်း ရန်ဆီ ကို အာရုန် ခေါင်း ပေါ် မှာ လောင်း ၍ သူ့ ကိုသန့်ရှင်း စေခြင်းငှါ လိမ်း လေ၏။
12و قدری از روغن مسح را بر سر هارون ریخته، او را مسح کرد تا او را تقدیس نماید.
13အာရုန် ၏သား တို့ကိုလည်း အင်္ကျီ ဝတ် စေ၍ ၊ ခါးပန်း ကို စည်း စေလျက် ၊ ဦးထုပ် ကို ဆောင်း စေလေ၏။
13و موسی پسران هارون را نزدیک آورده، بر ایشان پیراهنها راپوشانید و کمربندها را بر ایشان بست و کلاهها رابر ایشان نهاد، چنانکه خداوند موسی را امرفرموده بود.
14ထာဝရဘုရား မှာ ထား တော်မူသည်အတိုင်း ၊ အပြစ် ဖြေရာယဇ်ဘို့ နွား ထီးကို ဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ မိမိ တို့လက် ကို နွား ခေါင်း ပေါ် မှာ တင် ကြ၏။
14پس گوساله قربانی گناه را آورد، و هارون وپسرانش دستهای خود را بر سر گوساله قربانی گناه نهادند.
15နွားကိုသတ် ၍ ၊ မောရှေ သည် ယဇ် ပလ္လင်ပတ်လည် ဦးချို တို့၌ အသွေး ကို လက်ညှိုး နှင့် ယူ ၍ ထည့် သဖြင့် ၊ ယဇ် ပလ္လင်ကို စင်ကြယ် စေပြီးမှ ၊ ကြွင်းသော အသွေး ကို ယဇ် ပလ္လင်ခြေရင်း နား၌ သွန် ၍ ၊ ထိုယဇ်ပလ္လင်ပေါ်မှာ အပြစ် ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်း စေ၏။
15و آن را ذبح کرد، و موسی خون راگرفته، بر شاخهای مذبح به هر طرف به انگشت خود مالید، و مذبح را طاهر ساخت، و خون را بربنیان مذبح ریخته، آن را تقدیس نمود تا برایش کفاره نماید.
16အအူ ကိုဖုံး သော ဆီဥ ရှိသမျှ ၊ အသည်း ပေါ်၌ရှိသောအမြှေး ၊ ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ကိုယူ ၍ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။
16و همه پیه را که بر احشا بود وسفیدی جگر و دو گرده و پیه آنها را گرفت، وموسی آنها را بر مذبح سوزانید
17အရေ ၊ အသား ၊ ချေးနု နှင့်တကွ နွား ကောင်ကို၊ တပ် ပြင် မှာ ရှို့ ရ၏။
17و گوساله وپوستش و گوشتش و سرگینش را بیرون ازلشکرگاه به آتش سوزانید، چنانکه خداوندموسی را امر فرموده بود.
18ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မီး ရှို့ရာယဇ်ပြုသောသိုး ထီးကိုလည်း ဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ မိမိ တို့လက် ကို သိုး ခေါင်း ပေါ် မှာ တင် ကြ၏။
18پس قوچ قربانی سوختنی را نزدیک آورد، و هارون و پسرانش دستهای خود را بر سر قوچ نهادند.
19သိုးကိုသတ် ပြီးလျှင် ၊ မောရှေ သည် အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း လေ၏။
19و آن را ذبح کرد، و موسی خون را به اطراف مذبح پاشید.
20သိုး ကိုလည်း အပိုင်း ပိုင်းဖြတ် ပြီးလျှင် ၊ ခေါင်း မှစ၍သားတစ် များနှင့် ဆီဥ ကို မီး ရှို့လေ၏။
20وقوچ را قطعه قطعه کرد، و موسی سر و قطعهها و چربی را سوزانید.
21ဝမ်းထဲ ၌ရှိသောအရာနှင့် ခြေ တို့ကို ဆေးကြော ၍ ၊ သိုး တကောင်လုံး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။ မွှေးကြိုင် ရာဘို့ မီး ရှို့သော ယဇ်ဖြစ်သတည်း။ မီး ဖြင့် ထာဝရဘုရား အား ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။
21و احشا و پاچهها را به آب شست و موسی تمامی قوچ را بر مذبح سوزانید.
22ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ အခြား သောသိုး ၊ အရာ ၌ ခန့်ထားရာ သိုး ကိုဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏သား တို့သည် မိမိ တို့လက် ကို သိုး ခေါင်း ပေါ် မှာ တင် ကြ၏။
22پس قوچ دیگر یعنی قوچ تخصیص را نزدیک آورد، و هارون وپسرانش دستهای خود را بر سر قوچ نهادند.
23သိုးကိုသတ် ပြီးမှ ၊ မောရှေ သည် အသွေး ကိုယူ ၍ ၊ အာရုန် ၏ လက်ျာ နား ပျဉ်း ၌ ၎င်း၊ လက်ျာ လက်မ ၌ ၎င်း ၊ လက်ျာ ခြေမ ၌ ၎င်း ၊ ထည့် လေ၏။
23وآن را ذبح کرد، و موسی قدری از خونش را گرفته، بر نرمه گوش راست هارون و بر شست دست راست او، و بر شست پای راست او مالید.
24အာရုန် ၏ သား တို့ကိုလည်း ခေါ် ခဲ့၍ ၊ သူ တို့လက်ျာ နား ပျဉ်း ၊ လက်ျာ လက်မ ၊ လက်ျာ ခြေမ တို့၌ အသွေး ကိုထည့် ပြီးမှ ၊ ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း လေ၏။
24وپسران هارون را نزدیک آورد، و موسی قدری ازخون را بر نرمه گوش راست ایشان، و بر شست دست راست ایشان، و بر شست پای راست ایشان مالید، و موسی خون را به اطراف مذبح پاشید.
25ဆီဥ ၊ အမြီး ၊ အအူ ကို ဖုံး သော ဆီဥ ၊ အသည်း ပေါ်၌ ရှိသောအမြှေး ၊ ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ် ကိုဖုံးသော ဆီဥ ၊ လက်ျာ ပခုံး ၊
25و پیه و دنبه و همه پیه را که بر احشاست، وسفیدی جگر و دو گرده و پیه آنها و ران راست راگرفت.
26ထာဝရဘုရား ရှေ့ တော်၌ ထားသော တဆေး မဲ့ မုန့်တောင်း ထဲက တဆေး မဲ့ မုန့်တလုံး ၊ ဆီ နှင့် လုပ်သော မုန့်ပြား တပြား ၊ မုန့်ကြွပ် တချပ် ကိုယူ ၍ ၊ မုန့်များကို ဆီဥ နှင့် လက်ျာ ပခုံး ပေါ် မှာ ထည့် ပြီးလျှင်၊
26و از سبد نان فطیر که به حضور خداوندبود، یک قرص فطیر و یک قرص نان روغنی ویک نازک گرفت، و آنها را بر پیه و بر ران راست نهاد.
27အာရုန် ၏လက် ၊ သူ ၏သား တို့လက် ၌ ထိုအရာတို့ကို ထား ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ၊ ချီလွှဲ သဖြင့် ၊ ချီလွှဲ သော ပူဇော်သက္ကာပြုလေ၏။
27و همه را بر دست هارون و بر دستهای پسرانش نهاد. و آنها را برای هدیه جنبانیدنی به حضور خداوند بجنبانید.
28ထိုအရာတို့ကို သူ တို့လက် မှ ခံယူ ၍ ၊ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရာယဇ်နှင့်အတူ ရှို့ လေ၏။ မွှေးကြိုင် သော အနံ့ရှိ၍ အရာ ၌ ခန့်ထားရာ ယဇ်ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။
28و موسی آنها را ازدستهای ایشان گرفته، بر مذبح بالای قربانی سوختنی سوزانید. این هدیه تخصیص برای عطرخوشبو و قربانی آتشین بجهت خداوند بود.
29ထိုနောက် မောရှေ သည် ရင်ပတ် ကို ယူ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ သဖြင့်၊ ချီလွှဲ သော ပူဇော်သက္ကာပြုလေ၏။ အရာ ၌ ခန့်ထားရာ သိုး ၏ ရင်ပတ်သည် မောရှေ ၏အဘို့ ဖြစ်သတည်း။
29وموسی سینه را گرفته، آن را به حضور خداوندبرای هدیه جنبانیدنی جنبانید، و از قوچ تخصیص، این حصه موسی بود چنانکه خداوندموسی را امر فرموده بود.
30တဖန် ယဇ် ပလ္လင်ပေါ် မှာရှိသော အသွေး နှင့် လိမ်း ရန်ဆီ ကိုယူ ၍ အာရုန် နှင့် သူ ၏ အဝတ် ၌ ၎င်း၊ သူ ၏သား တို့နှင့် သူတို့အဝတ် ၌ ၎င်း၊ ဖြန်း သဖြင့်၊ အာရုန် မှစ၍သား များ၊ အဝတ် များတို့ကို သန့်ရှင်း စေ လေ၏။
30و موسی قدری از روغن مسح و از خونی که بر مذبح بود گرفته، آن را بر هارون و رختهایش و بر پسرانش و رختهای پسرانش با وی پاشید، و هارون و رختهایش و پسرانش و رختهای پسرانش را با وی تقدیس نمود.
31မောရှေ သည်၊ အာရုန် နှင့် သူ ၏သား တို့အား လည်း ၊ ထိုသိုး၏ အသား ကို ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နားမှာ ပြုတ် ကြလော့။ ထာဝရဘုရားက၊ အာရုန် နှင့် သူ ၏သား တို့သည် ထိုအသားကို စား ရကြမည် ဟု ငါ့အား မှာ ထားတော်မူသည်အတိုင်း ၊ ထိုအသားကို၎င်း၊ အရာ ၌ ခန့်ထားရာ မုန့်တောင်း ၌ ရှိသော မုန့် ကို၎င်း၊ ထို အရပ်၌ စား ကြလော့။
31و موسی هارون و پسرانش را گفت: «گوشت را نزد درخیمه اجتماع بپزید و آن را با نانی که در سبدتخصیص است در آنجا بخورید، چنانکه امرفرموده، گفتم که هارون و پسرانش آن را بخورند.
32ကျန် ကြွင်းသော အသား နှင့် မုန့် ကိုမီး ရှို့ ရမည်။
32و باقی گوشت و نان را به آتش بسوزانید.
33သင် တို့ကို အရာ ၌ ခန့်ထားရာ ကာလ ခုနစ် ရက် မ စေ့မှီ ပရိတ်သတ်စည်းဝေး ရာ တဲ တော်တံခါး ပြင် သို့ မ ထွက် ရကြ။ ခုနစ် ရက် ပတ်လုံးအရာ၌ ခန့်ထားခြင်း မင်္ဂလာကို ဆောင်ရကြမည်။
33واز در خیمه اجتماع هفت روز بیرون مروید تاروزی که ایام تخصیص شما تمام شود، زیرا که در هفت روز شما را تخصیص خواهد کرد.
34ယနေ့ ပြု သည်အတိုင်း သင် တို့အဘို့ အပြစ် ဖြေခြင်းကို ပြုမည်အကြောင်း ထာဝရဘုရား မှာ ထား တော်မူပြီ။
34چنانکه امروز کرده شده است، همچنان خداوند امر فرمود که بشود تا برای شما کفاره گردد.
35ထိုကြောင့် သင်တို့သည် သေ ဘေးနှင့် ကင်း လွတ်ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား မှာ၊ ခုနစ် ရက် ပတ်လုံးနေ့ ညဉ့်မပြတ်နေ ၍ ၊ ထာဝရဘုရား အမှု တော်ကို စောင့်ရကြမည်။ ထိုသို့ ငါ့အားမှာ ထားတော်မူပြီဟု ဆင့်ဆိုသည်ဖြစ်၍၊
35پس هفت روز نزد در خیمه اجتماع روزو شب بمانید، و امر خداوند را نگاه دارید مبادابمیرید، زیرا همچنین مامور شدهام.»
36မောရှေ အားဖြင့် ထာဝရဘုရား မှာ ထားတော်မူသမျှ အတိုင်း ၊ အာရုန် နှင့် သူ ၏သား တို့သည် ပြု ကြ၏။
36و هارون و پسرانش همه کارهایی را که خداوند بهدست موسیامر فرموده بود بجا آوردند.
Tip: use the ← and → keys to turn chapters.