ဝတ်ပြုရာ

Old Testament

Chapter 15
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ဝတ်ပြုရာ 15

Testamenta Marra (Dieri New Testament) has no text for this chapter yet.

2တဖန် မောရှေ နှင့် အာရုန် အား ထာဝရဘုရား က၊2သင်တို့သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ရိနာ စွဲသော ယောက်ျား သည် မ စင်ကြယ်။

3အစဉ်ယို သည်ဖြစ်စေ ၊ တခါတလေရပ် သည်ဖြစ်စေ၊ ထိုသူ သည် မ စင်ကြယ်။

4အိပ် သမျှ ထိုင် သမျှ သော အိပ် ရာထိုင်ရာတို့သည်လည်း မ စင်ကြယ်။

5သူ ၏အိပ်ရာ ကို ထိ သော သူ ၊ သူ့ထိုင်ရာ အပေါ်မှာ ထိုင် သောသူ၊ သူ၏ကိုယ် ကို ထိ သောသူ၊ သူ၏တံထွေး ထိမိသောသူသည်၊ မိမိ အဝတ် ကိုလျှော် ၍ကိုယ်ကိုရေချိုး ရမည်။ ညဦး တိုင်အောင် မစင်ကြယ် ဖြစ်၏။

9ရိနာ စွဲသော သူစီး သော ကုန်းနှီး လည်း မ စင်ကြယ်။

10သူ့ အောက် ၌ရှိ သော အရာ ကို ထိ သောသူသည် ညဦး တိုင်အောင် မ စင်ကြယ်။ ထိုအရာ တစုံတခုကို ဆောင် သောသူသည်၊ မိမိ အဝတ် ကို လျှော် ၍ ကိုယ်ကို ရေချိုး ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။

11ရိနာ စွဲသောသူသည်၊ လက် မ ဆေး ဘဲ သူတပါး ကို လက်နှင့်ထိ လျှင် ၊ ထိုသူသည် မိမိ အဝတ် ကို လျှော် ၍ ကိုယ်ကို ရေချိုး ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။

12ရိနာ စွဲသောသူ ထိ သော မြေ တန်ဆာ ကို ခွဲ ရမည်။ သစ်သား တန်ဆာ ကို ရေ နှင့် ဆေး ရမည်။

13ရိနာ စွဲသောသူသည် အနာ ပျောက်သောအခါ ၊ ပျောက်သောနေ့က စ၍၊ ခုနစ် ရက် လွန်မှ မိမိ အဝတ် ကို လျှော် ၍ ၊ စီး သောရေ နှင့် ကိုယ် ကိုချိုး သဖြင့် စင်ကြယ် ရ၏။

14အဋ္ဌမ နေ့ ၌ လည်း ၊ ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တခုခုကို ထာဝရဘုရား ရှေ့ တော်၌ ပရိသတ်စည်းဝေး ရာ တံခါး နားသို့ ဆောင် ခဲ့၍ ၊ ယဇ်ပုရောဟိတ် အား ပေး ရမည်။

15ယဇ် ပုရောဟိတ်သည် အပြစ် ဖြေရာယဇ်ဘို့တကောင် ၊ မီး ရှို့ရာယဇ်ဘို့တကောင် ကို ပူဇော် ၍ ၊ ရိနာစွဲသော သူ အဘို့ ထာဝရဘုရား ရှေ့ တော်၌ အပြစ် ဖြေခြင်းကို ပြုရမည်။

16ယောက်ျား သည် သုတ် ရည်ထွက် လျှင် တကိုယ်လုံး ရေချိုး ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။

17သုတ် ရည်ထိသောအဝတ် ၊ သားရေ ရှိသမျှ တို့ကို ရေ နှင့် လျှော် ရမည်။ ညဦး တိုင်အောင် မစင်ကြယ် ဖြစ်၏။

18ယောက်ျား သည် မိန်းမ နှင့် သံဝါသ ပြုလျှင် ၊ နှစ်ယောက်စလုံးတို့သည် ရေချိုး ရမည်။ ညဦး တိုင်အောင် မစင်ကြယ် ဖြစ်၏။

19မိန်းမ သည် ဥတု ရောက် လျှင် ၊ ခုနစ် ရက် ပတ်လုံးဥတု မစင်ကြယ်ရာ၌ နေရမည်။ သူ့ ကို ထိ သောသူသည် ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။

20ဥတု မစင်ကြယ်လျက် အိပ် သမျှ ၊ ထိုင် သမျှ တို့သည် မ စင်ကြယ်ဖြစ်၏။

21သူ ၏အိပ်ရာ ၊ သူ၏ထိုင် ရာကို ထိ သောသူသည်၊ မိမိ အဝတ် ကိုလျှော် ၍ ကိုယ်ကို ရေချိုး ရမည်။ ညဦး တိုင်အောင် မစင်ကြယ် ဖြစ်၏။

24သူ၏နေရာ ထိုင် ရာစွန်းလျှင် ၊ ထိုနေရာထိုင်ရာကို ထိ သောသူသည် ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။

25ဥတု ရောက် သော မိန်းမ နှင့် သံဝါသ ပြုသောသူသည် ခုနှစ် ရက် ပတ်လုံးမ စင်ကြယ်၊ အိပ်ရာ ရှိသမျှ လည်း မ စင်ကြယ်ဖြစ်၏။

26ဥတု မစင်ကြယ်ရာ ကာလလွန် မှ၊ သွေးယိုနာမပျောက်လျှင်၊ အနာမပျောက်မှီတိုင်အောင်ဥတု မစင်ကြယ်လျက် နေရသကဲ့သို့ မ စင်ကြယ်ဖြစ် ၏။

27အနာမပျောက်မှီတိုင်အောင်သူ၏အိပ်ရာ သည် ဥတု မစင်ကြယ်သော အိပ်ရာ ကဲ့သို့ ၎င်း၊ ထိုင် ရာသည်လည်း ထိုကဲ့သို့ ၎င်း မစင်ကြယ် ဖြစ် ကြ၏။

28ထိုအရာတို့ကို ထိ သောသူသည်လည်း မ စင်ကြယ်သောကြောင့် ၊ မိမိ အဝတ် ကို လျှော် ၍ ကိုယ်ကို ရေချိုး ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။

29ထိုမိန်းမသည် သွေးယိုနာ ပျောက် ၍ ခုနစ် ရက် လွန် လျှင် စင်ကြယ် လိမ့်မည်။

30အဋ္ဌမ နေ့ ၌ ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား၊ ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့ရမည်။

31ယဇ် ပုရောဟိတ်သည် အပြစ် ဖြေရာယဇ်ဘို့တကောင် ၊ မီး ရှို့ရာယဇ်ဘို့တကောင် ကို ပူဇော် ၍ ၊ ဥတုမ စင်ကြယ်သော မိန်းမ အဘို့ ထာဝရဘုရား ရှေ့ တော်၌ အပြစ် ဖြေခြင်းကို ပြုရမည်။

32ထိုသို့ ဣသရေလ အမျိုးသား တို့သည် မိမိ တို့တွင် ရှိသောငါ့ တဲ တော်ကို ညစ်ညူး စေ၍ ၊ မိမိ တို့ မ စင်ကြယ်ရာ၌ မ သေ စေခြင်းငှါ ၊ သူ တို့ကို မ စင်ကြယ်ခြင်းနှင့် ကင်းစင် စေရမည်။

33ဤ ရွေ့ကား၊ ရိနာ စွဲသောသူ၊ သုတ်ရည် ထွက် ၍ညစ်ညူး သောသူ၊

Tip: use the ← and → keys to turn chapters.