ယောရှုမှတ်စာ

Old Testament

Chapter 19

ယောရှုမှတ်စာ

Judson Burmese Bible (18…
vs Smith–Van Dyck Ara…
Aa
Text size
Line width
Verse numbers

ယောရှုမှတ်စာ 19

Judson Burmese Bible (1840)
Smith–Van Dyck Arabic Bible (فان دايك)
1ဒုတိယ တကြိမ်စာရေးတံ ပြု ၍ ၊ ရှိမောင် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ယုဒ အမွေ မြေအတွင်း ၌ အမွေ ခံရ ကြ၏။
1وَخَرَجَتِ ٱلْقُرْعَةُ ٱلثَّانِيَةُ لِشِمْعُونَ، لِسِبْطِ بَنِي شِمْعُونَ حَسَبَ عَشَائِرِهِمْ، وَكَانَ نَصِيبُهُمْ دَاخِلَ نَصِيبِ بَنِي يَهُوذَا.
2သူ တို့အမွေ မြေ၌ ရှိ သောမြို့များဟူမူကား၊ ဗေရရှေဘ မြို့၊ မောလဒါ မြို့၊
2فَكَانَ لَهُمْ فِي نَصِيبِهِمْ: بِئْرُ سَبْعٍ وَشَبَعُ وَمُولَادَةُ،
3ဟာဇာရွာလ မြို့၊ ဗာလာ မြို့၊ အာဇင် မြို့၊
3وَحَصَرُ شُوعَالَ وَبَالَةُ وَعَاصَمُ،
4ဧလတောလဒ် မြို့၊ ဗေသူလ မြို့၊ ဟောမာ မြို့၊
4وَأَلْتُولَدُ وَبَتُولُ وَحُرْمَةُ،
5ဇိကလတ် မြို့၊ ဗက်မာကဗုတ် မြို့၊ ဟာဇာသုသ မြို့၊
5وَصِقْلَغُ وَبَيْتُ ٱلْمَرْكَبُوتِ وَحَصَرُ سُوسَةَ،
6ဗက်လေဗောက် မြို့၊ ရှရုဟင် မြို့၊ ရွာ နှင့်တကွ ဆယ် သုံး မြို့ တည်း။
6وَبَيْتُ لَبَاوُتَ وَشَارُوحَيْنِ. ثَلَاثَ عَشَرَةَ مَدِينَةً مَعَ ضِيَاعِهَا.
7ထိုမှတပါး၊ အင် ရိမ္မုန် မြို့၊ တောခင်မြို့၊ ဧသာ မြို့၊ အာရှန် မြို့၊ ရွာ နှင့်တကွ လေး မြို့ တည်း။
7عَيْنُ وَرِمُّونُ وَعَاتَرُ وَعَاشَانُ. أَرْبَعُ مُدُنٍ مَعَ ضِيَاعِهَا.
8ထိုမှတပါး တောင်မျက်နှာ၌ ဗာလတ်ဗေရ ရာမတ် မြို့တိုင်အောင် အထက်ဆိုခဲ့ပြီးသော မြို့ ပတ်ဝန်းကျင် ရွာ ရှိသမျှ ပါသတည်း။ ဤ ရွေ့ကား ရှိမောင် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။
8وَجَمِيعُ ٱلضِّيَاعِ ٱلَّتِي حَوَالَيْ هَذِهِ ٱلْمُدُنِ إِلَى بَعْلَةِ بَئْرِ رَامَةِ ٱلْجَنُوبِ. هَذَا هُوَ نَصِيبُ سِبْطِ بَنِي شِمْعُونَ حَسَبَ عَشَائِرِهِمْ.
9ရှိမောင် အမွေ မြေသည် ယုဒ အမျိုးသား ခံသော အဘို့ ထဲက နှုတ်ရ၏။ ယုဒ အမျိုးသား တို့အဘို့ သည် ကြီးကျယ် သောကြောင့် ၊ သူ တို့အမွေ မြေအတွင်း ၌ ရှိမောင် အမျိုးသား တို့သည် အမွေ ခံရကြ၏။
9وَمِنْ قِسْمِ بَنِي يَهُوذَا كَانَ نَصِيبُ بَنِي شِمْعُونَ. لِأَنَّ قِسْمَ بَنِي يَهُوذَا كَانَ كَثِيرًا عَلَيْهِمْ، فَمَلَكَ بَنُو شِمْعُونَ دَاخِلَ نَصِيبِهِمْ.
10တတိယ တကြိမ်စာရေးတံ ပြု ၍ ဇာဗုလုန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။ သူ တို့ အမွေ မြေအပိုင်း အခြားသည် စာရိဒ် မြို့မှထွက် ၍၊
10وَطَلَعَتِ ٱلْقُرْعَةُ ٱلثَّالِثَةُ لِبَنِي زَبُولُونَ حَسَبَ عَشَائِرِهِمْ. وَكَانَ تُخْمُ نَصِيبِهِمْ إِلَى سَارِيدَ.
11အနောက် သို့ သွား လျက် မရာလ မြို့၊ ဒဗ္ဗရှက် မြို့သို့ ၎င်း ၊ ယောကနံ မြို့ရှေ့ မှာ ရှိသော မြစ် သို့ ၎င်း မှီ လေ၏။
11وَصَعِدَ تُخْمُهُمْ نَحْوَ ٱلْغَرْبِ وَمَرْعَلَةَ، وَوَصَلَ إِلَى دَبَّاشَةَ، وَوَصَلَ إِلَى ٱلْوَادِي ٱلَّذِي مُقَابِلَ يَقْنَعَامَ،
12တဖန် စာရိဒ် မြို့မှ နေ ထွက် ရာအရှေ့ မျက်နှာသို့ လှည့် သဖြင့် ၊ ခိသလုတ္တာဗော် မြို့၊ ဒါဗရတ် မြို့သို့ ရောက် ပြီးလျှင် ၊ ယာဖျာ မြို့သို့ တက် လေ၏။
12وَدَارَ مِنْ سَارِيدَ شَرْقًا نَحْوَ شُرُوقِ ٱلشَّمْسِ عَلَى التُّخْمِ كِسْلُوتِ تَابُورَ، وَخَرَجَ إِلَى ٱلدَّبْرَةِ وَصَعِدَ إِلَى يَافِيعَ،
13ထို မြို့မှစ၍ အရှေ့ ဘက်နားမှာလိုက် လျက် ၊ ဂိတ္တဟေဖါ မြို့၊ အိတ္တကာဇိန် မြို့၊ ရိမ္မုန်မေသောရ နေအာ မြို့သို့ ရောက် လေ၏။
13وَمِنْ هُنَاكَ عَبَرَ شَرْقًا نَحْوَ ٱلشُّرُوقِ إِلَى جَتَّ حَافَرَ إِلَى عِتِّ قَاصِينَ، وَخَرَجَ إِلَى رِمُّونَ وَٱمْتَدَّ إِلَى نَيْعَةَ.
14မြောက် ဘက်၌ လည်း ဝိုင်း သဖြင့် ၊ ဟန္နသုန် မြို့သို့ရောက် ၍ ယိဖသေလ ချိုင့်၌ ဆုံး လေ၏။
14وَدَارَ بِهَا ٱلتُّخْمُ شِمَالًا إِلَى حَنَّاتُونَ، وَكَانَتْ مَخَارِجُهُ عِنْدَ وَادِي يَفْتَحْئِيلَ،
15ထိုမှတပါး၊ ကတ္တတ် မြို့၊ နဟာလာလ မြို့၊ ရှိမရုန် မြို့၊ ဣဒလ မြို့၊ ဗက်လင် မြို့တည်းဟူသောရွာ နှင့်တကွ ဆယ် နှစ် မြို့ ရှိသတည်း။
15وَقَطَّةَ وَنَهْلَالَ وَشِمْرُونَ وَيَدَالَةَ وَبَيْتِ لَحْمٍ. ٱثْنَتَا عَشَرَةَ مَدِينَةً مَعَ ضِيَاعِهَا.
16ဤ ရွေ့ကား မြို့ ရွာ ပါလျက် ဇာဗုလုန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။
16هَذَا هُوَ نَصِيبُ بَنِي زَبُولُونَ حَسَبَ عَشَائِرِهِمْ. هَذِهِ ٱلْمُدُنُ مَعَ ضِيَاعِهَا.
17စတုတ္ထ တကြိမ် စာရေးတံ ပြု ၍ ဣသခါ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။
17وَخَرَجَتِ ٱلْقُرْعَةُ ٱلرَّابِعَةُ لِيَسَّاكَرَ. لِبَنِي يَسَّاكَرَ حَسَبَ عَشَائِرِهِمْ.
18သူ တို့အပိုင်း အခြားသည် ယေဇရေလ မြို့၊ ခေသုလုတ် မြို့၊ ရှုနင် မြို့၊
18وَكَانَ تُخْمُهُمْ إِلَى يَزْرَعِيلَ وَٱلْكِسْلُوتِ وَشُونَمَ،
19ဟာဖရိမ် မြို့၊ ရှိဟုန် မြို့၊ အာနဟာရတ် မြို့၊
19وَحَفَارَايِمَ وَشِيئُونَ وَأَنَاحَرَةَ،
20ရဗ္ဗိတ် မြို့၊ ကိရှုန် မြို့၊ အာဗက် မြို့၊
20وَرَبِّيتَ وَقِشْيُونَ وَآبَصَ،
21ရေမက် မြို့၊ အင်္ဂန္နိမ် မြို့၊ အင်္ဟာဒ္ဒါ မြို့၊ ဗက်ပဇ္ဇက် မြို့ပါလျက်၊
21وَرَمَةَ وَعَيْنِ جَنِّيمَ وَعَيْنِ حَدَّةَ وَبَيْتِ فَصَّيْصَ.
22တာဗော် မြို့၊ ရာဟဇိမ မြို့၊ ဗက်ရှေမက် မြို့သို့ ရောက် ၍ ယော်ဒန် မြစ်၌ ဆုံး လေ၏။ ရွာ နှင့်တကွ ဆယ် ခြောက် မြို့ ရှိသတည်း။
22وَوَصَلَ ٱلتُّخْمُ إِلَى تَابُورَ وَشَحْصِيمَةَ وَبَيْتِ شَمْسٍ. وَكَانَتْ مَخَارِجُ تُخْمِهِمْ عِنْدَ ٱلْأُرْدُنِّ. سِتَّ عَشَرَةَ مَدِينَةً مَعَ ضِيَاعِهَا.
23ဤ ရွေ့ကား မြို့ ရွာ ပါလျက် ဣသခါ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။
23هَذَا هُوَ نَصِيبُ بَنِي يَسَّاكَرَ حَسَبَ عَشَائِرِهِمِ. ٱلْمُدُنُ مَعَ ضِيَاعِهَا.
24ပဉ္စမ တကြိမ် စာရေးတံ ပြု ၍ အာရှာ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။
24وَخَرَجَتِ ٱلْقُرْعَةُ ٱلْخَامِسَةُ لِسِبْطِ بَنِي أَشِيرَ حَسَبَ عَشَائِرِهِمْ.
25သူ တို့အပိုင်း အခြားသည် ဟေလကတ် မြို့၊ ဟာလိ မြို့၊ ဗေတင် မြို့၊ အာခရှပ် မြို့၊
25وَكَانَ تُخْمُهُمْ حَلْقَةَ وَحَلِي وَبَاطَنَ وَأَكْشَافَ،
26အာလမ္မေလက် မြို့၊ အာမဒ် မြို့၊ မိရှာလ မြို့ပါ လျက်၊ အနောက် မျက်နှာ၌ ကရမေလ မြို့၊ ရှိဟောရလိဗနတ် မြို့သို့ ရောက် လေ၏။
26وَأَلَّمَّلَكَ وَعَمْعَادَ وَمِشْآلَ، وَوَصَلَ إِلَى كَرْمَلَ غَرْبًا وَإِلَى شِيحُورِ لِبْنَةَ.
27တဖန် နေ ထွက် ရာဘက်သို့လှည့် ၍ ဗက်ဒါဂုန် မြို့၊ ဇာဗုလုန် ခရိုင်၊ ယိဖသေလ ချိုင့်ကို ရှောက် သဖြင့် ၊ မြောက် မျက်နှာသို့ သွား၍ ဗေသမက် မြို့၊ နယေလ မြို့၊ ကာဗုလ မြို့၊
27وَرَجَعَ نَحْوَ مَشْرِقِ ٱلشَّمْسِ إِلَى بَيْتِ دَاجُونَ، وَوَصَلَ إِلَى زَبُولُونَ وَإِلَى وَادِي يَفْتَحْئِيلَ شِمَالِيَّ بَيْتِ ٱلْعَامِقِ وَنَعِيئِيلَ وَخَرَجَ إِلَى كَابُولَ عَنِ ٱلْيَسَارِ،
28ဟေဗြုန် မြို့၊ ရဟောဘ မြို့၊ ဟမ္မုန် မြို့၊ ကာန မြို့၊ ဇိဒုန် မြို့ကြီး တိုင်အောင် ရောက် ပြီးလျှင်၊
28وَعَبْرُونَ وَرَحُوبَ وَحَمُّونَ وَقَانَةَ إِلَى صِيْدُونَ ٱلْعَظِيمَةِ.
29ရာမ မြို့၊ ခိုင်ခံ့ သောတုရု မြို့ ၊ ဟောသ မြို့သို့ လှည့် လျက် ၊ ပင်လယ် ကမ်းပါးမှစ၍ အာခဇိပ် မြို့တိုင်အောင် ပင်လယ် ၌ ဆုံး လေ၏။
29وَرَجَعَ ٱلتُّخْمُ إِلَى ٱلرَّامَةِ وَإِلَى ٱلْمَدِينَةِ ٱلْمُحَصَّنَةِ صُورٍ، ثُمَّ رَجَعَ ٱلتُّخْمُ إِلَى حُوصَةَ. وَكَانَتْ مَخَارِجُهُ عِنْدَ ٱلْبَحْرِ فِي كُورَةِ أَكْزِيبَ.
30အုမ္မ မြို့၊ အာဖက် မြို့၊ ရဟောဘ မြို့နှင့်တကွ ၊ ရွာ ပါလျက် နှစ် ဆယ်နှစ် မြို့ ရှိသတည်း။
30وَعُمَّةَ وَأَفِيقَ وَرَحُوبَ. ٱثْنَتَانِ وَعِشْرُونَ مَدِينَةً مَعَ ضِيَاعِهَا.
31ဤ ရွေ့ကား မြို့ ရွာ ပါလျက် အာရှာ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။
31هَذَا هُوَ نَصِيبُ سِبْطِ بَنِي أَشِيرَ حَسَبَ عَشَائِرِهِمْ. هَذِهِ ٱلْمُدُنُ مَعَ ضِيَاعِهَا.
32ဆဌမ တကြိမ် စာရေးတံ ပြု ၍ နဿလိ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။
32لِبَنِي نَفْتَالِي خَرَجَتِ ٱلْقُرْعَةُ ٱلسَّادِسَةُ. لِبَنِي نَفْتَالِي حَسَبَ عَشَائِرِهِمْ.
33သူ တို့အပိုင်း အခြားသည် ဟေလပ် မြို့၊ အာလုန်မြို့၊၊ ဇာနန္နိမ် မြို့၊ အာဒမိ မြို့၊ နေကပ်မြို့၊ ယာဗနေလ မြို့၊ လာကုံ မြို့ပါလျက် ယော်ဒန် မြစ်၌ ဆုံး လေ၏။
33وَكَانَ تُخْمُهُمْ مِنْ حَالَفَ مِنَ ٱلْبَلُّوطَةِ عِنْدَ صَعَنَنِّيمَ وَأَدَامِي ٱلنَّاقِبِ وَيَبْنِئِيلَ إِلَى لَقُّومَ. وَكَانَتْ مَخَارِجُهُ عِنْدَ ٱلْأُرْدُنِّ.
34တဖန် အနောက် မျက်နှာသို့ လှည့် သဖြင့် အာဇနုတ္တာဘော် မြို့၊ ဟုကုတ် မြို့သို့ ရောက် ၍ ၊ တောင် ဘက်၌ ဇာဗုလုန် ခရိုင်၊ အနောက် ဘက်၌ အာရှာ ခရိုင်၊ နေ ထွက် ရာဘက်၌ ယော်ဒန် မြစ်အပိုင်း အခြားရှိ၏။
34وَرَجَعَ ٱلتُّخْمُ غَرْبًا إِلَى أَزْنُوتِ تَابُورَ، وَخَرَجَ مِنْ هُنَاكَ إِلَى حُقُّوقَ وَوَصَلَ إِلَى زَبُولُونَ جَنُوبًا، وَوَصَلَ إِلَى أَشِيرَ غَرْبًا، وَإِلَى يَهُوذَا ٱلْأُرْدُنِّ نَحْوَ شُرُوقِ ٱلشَّمْسِ.
35ခိုင်ခံ့ သောမြို့ များဟူမူကား၊ ဇိဒ္ဒိမ် မြို့၊ ဇေရ မြို့၊ ဟမ္မတ် မြို့၊ ရက္ကတ် မြို့၊ ဂင်္နေသရက် မြို့၊
35وَمُدُنٌ مُحَصَّنَةٌ: ٱلصِّدِّيمُ وَصَيْرُ وَحَمَّةُ وَرَقَّةُ وَكِنَّارَةُ،
36အာဒမာ မြို့၊ ရာမ မြို့၊ ဟာဇော် မြို့၊
36وَأَدَامَةُ وَٱلرَّامَةُ وَحَاصُورُ،
37ကေဒေရှ မြို့၊ အင်ဟာဇော် မြို့၊ ဧဒြိ မြို့၊
37وَقَادَشُ وَإِذْرَعِي وَعَيْنُ حَاصُورَ،
38ဣရုန် မြို့၊ မိဂဒလေလ မြို့၊ ဟောရင် မြို့၊ ဗေသနတ် မြို့၊ ဗက်ရှေမက် မြို့၊ ရွာ နှင့်တကွ ဆယ် ကိုး မြို့ တည်း။
38وَيِرْأُونُ وَمَجْدَلُ إِيلَ وَحُورِيمُ وَبَيْتُ عَنَاةَ وَبَيْتُ شَمْسٍ. تِسْعَ عَشْرَةَ مَدِينَةً مَعَ ضِيَاعِهَا.
39ဤ ရွေ့ကား မြို့ ရွာ ပါလျက်၊ နဿလိ အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။
39هَذَا هُوَ نَصِيبُ سِبْطِ بَنِي نَفْتَالِي حَسَبَ عَشَائِرِهِمِ. اَلْمُدُنُ مَعَ ضِيَاعِهَا.
40သတ္တမ တကြိမ် စာရေးတံ ပြု ၍ ဒန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် အမွေခံရကြ၏။
40لِسِبْطِ بَنِي دَانَ حَسَبَ عَشَائِرِهِمْ خَرَجَتِ ٱلْقُرْعَةُ ٱلسَّابِعَةُ.
41သူ တို့အမွေ ခံရသောမြို့ များဟူမူကား၊ ဇောရာ မြို့၊ ဧရှတောလ မြို့၊ ဣရရှေမက် မြို့၊
41وَكَانَ تُخْمُ نَصِيبِهِمْ صَرْعَةَ وَأَشْتَأُولَ وَعِيرَ شَمْسٍ،
42ရှာလဗ္ဗိန် မြို့၊ အာယလုန် မြို့၊ ယေသလ မြို့၊
42وَشَعَلَبَّيْنِ وَأَيَّلُونَ وَيِتْلَةَ،
43ဧလုန် မြို့၊ သိမနာသ မြို့၊ ဧကြုန် မြို့၊
43وَإِيلُونَ وَتِمْنَةَ وَعَقْرُونَ،
44ဧလတေက မြို့၊ ဂိဗ္ဗသုန် မြို့၊ ဗာလပ် မြို့၊
44وَإِلْتَقَيْهَ وَجِبَّثُونَ وَبَعْلَةَ،
45ယေဟုတ် မြို့၊ ဗေနဗေရက် မြို့၊ ဂါသရိမ္မုန် မြို့၊
45وَيَهُودَ وَبَنِي بَرَقَ وَجَتَّ رِمُّونَ،
46မေယာကုန် မြို့၊ ရက္ကုန် မြို့၊ ယာဖေါ မြို့ရှေ့ မှာရှိသောမြေ ပါ သတည်း။
46وَمِيَاهَ ٱلْيَرْقُونَ وَٱلرَّقُّونَ مَعَ ٱلتُّخُومِ ٱلَّتِي مُقَابِلَ يَافَا.
47ဒန် အမျိုးသား ရသောမြေ သည် ကျဉ်းမြောင်းသောကြောင့်၊ လဲရှ မြို့ကို စစ်ချီ ၍ တိုက် ယူလုပ်ကြံ သဖြင့် နေရာ ချကြ၏။ လဲရှ မြို့ကို ၊ အမျိုး၏အဘ ဒန် ကို အစွဲပြု ၍ ၊ ဒန် မြို့ဟူသောအမည်ဖြင့် မှည့် ကြ၏။
47وَخَرَجَ تُخْمُ بَنِي دَانَ مِنْهُمْ وَصَعِدَ بَنُو دَانَ، وَحَارَبُوا لَشَمَ وَأَخَذُوهَا وَضَرَبُوهَا بِحَدِّ ٱلسَّيْفِ وَمَلَكُوهَا وَسَكَنُوهَا، وَدَعَوْا لَشَمَ دَانَ، كَٱسْمِ دَانَ أَبِيهِمْ.
48ဤ ရွေ့ကား မြို့ ရွာ ပါလျက်၊ ဒန် အမျိုးသား တို့သည် အဆွေ အမျိုးအလိုက် ခံရသောအမွေ တည်း။
48هَذَا هُوَ نَصِيبُ سِبْطِ بَنِي دَانَ حَسَبَ عَشَائِرِهِمْ. هَذِهِ ٱلْمُدُنُ مَعَ ضِيَاعِهَا.
49ထိုသို့ ဣသရေလ အမျိုးသားတို့သည် မြေ တပြင်လုံးကို အပိုင်း အခြားနှင့်တကွဝေဖန် ၍ အမွေခံပြီး မှ၊ နုန် ၏သား ယောရှု အား အမွေ မြေကို ပေး ကြ၏။
49وَلَمَّا ٱنْتَهَوْا مِنْ قِسْمَةِ ٱلْأَرْضِ حَسَبَ تُخُومِهَا، أَعْطَى بَنُو إِسْرَائِيلَ يَشُوعَ بْنَ نُونَ نَصِيبًا فِي وَسَطِهِمْ.
50သူတောင်း သောမြို့ ဧဖရိမ် တောင် ပေါ်မှာ တိမနဿေရ မြို့ကို ထာဝရဘုရား အမိန့် တော်အတိုင်း ပေး သဖြင့် ၊ သူသည် မြို့ ကိုတည်ထောင် ၍ နေ လေ၏။
50حَسَبَ قَوْلِ ٱلرَّبِّ أَعْطَوْهُ ٱلْمَدِينَةَ ٱلَّتِي طَلَبَ: تِمْنَةَ سَارَحَ فِي جَبَلِ أَفْرَايِمَ، فَبَنَى ٱلْمَدِينَةَ وَسَكَنَ بِهَا.
51ဤ ရွေ့ကား ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏ သား ယောရှု ၊ ဣသရေလ အမျိုးသားတို့တွင် အဆွေ အမျိုးသူကြီး တို့သည်၊ ရှိလော မြို့မှာ ထာဝရဘုရား ရှေ့ ပရိသတ်စည်းဝေး ရာတဲ တော်တံခါး နား၌ ဝေ ပေးသော အမွေ ခံစရာမြေ အသီးသီးပေတည်း။ ဤရွေ့ကား၊ ပြည် ကို ဝေဖန် သောအမှု ပြီး လေ၏။
51هَذِهِ هِيَ ٱلْأَنْصِبَةُ ٱلَّتِي قَسَمَهَا أَلِعَازَارُ ٱلْكَاهِنُ وَيَشُوعُ بْنُ نُونَ وَرُؤَسَاءُ آبَاءِ أَسْبَاطِ بَنِي إِسْرَائِيلَ بِٱلْقُرْعَةِ فِي شِيلُوهَ أَمَامَ ٱلرَّبِّ لَدَى بَابِ خَيْمَةِ ٱلِٱجْتِمَاعِ، وَٱنْتَهَوْا مِنْ قِسْمَةِ ٱلْأَرْضِ.

Tip: use the ← and → keys to turn chapters.