ယောဘဝတ္တု။

Old Testament

Chapter 22
Judson Burmese Bible (18…
vs Hebrew Old Testame…
Aa
Text size
Line width
Verse numbers

ယောဘဝတ္တု။ 22

Judson Burmese Bible (1840)
Hebrew Old Testament, word by word (STEPBible TAHOT)
1တဖန် တေမန် အမျိုးသားဧလိဖတ် မြွက်ဆို သည် ကား၊
1וַ֭יַּעַן אֱלִיפַ֥ז הַֽתֵּמָנִ֗י וַיֹּאמַֽר׃
2လူ သည် မိမိပညာ အားဖြင့်မိမိ အကျိုး ကို ပြုစုသကဲ့သို့ဘုရား သခင်၌ ကျေးဇူး ပြုနိုင်သလော။
2הַלְאֵ֥ל יִסְכָּן־גָּ֑בֶר כִּֽי־יִסְכֹּ֖ן עָלֵ֣ימוֹ מַשְׂכִּֽיל׃
3သင်၏ဖြောင့်မတ် ခြင်းအားဖြင့်၊ အနန္တ တန်ခိုးရှင်သည် ကျေးဇူးရှိတော်မူသလော။ သင် ၏အကျင့် ၌ အပြစ် မပါကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုး စီးပွါးရှိတော်မူသလော။
3הַחֵ֣פֶץ לְ֭שַׁדַּי כִּ֣י תִצְדָּ֑ק וְאִם־בֶּ֝֗צַע כִּֽי־תַתֵּ֥ם דְּרָכֶֽיךָ׃
4သင့် ကိုကြောက်ရွံ့ သောကြောင့် ဆုံးမ ပေးတော်မူ မည်လော။ သင် နှင့် တရား တွေ့တော်မူမည်လော။
4הֲֽ֭מִיִּרְאָ֣תְךָ יֹכִיחֶ֑ךָ יָב֥וֹא עִ֝מְּךָ֗ בַּמִּשְׁפָּֽט׃
5သင် ပြုသောဒုစရိုက် သည် အလွန် ကြီးသည် မ ဟုတ်လော။ သင့် အပြစ် တို့သည် မ ရေတွက်နိုင်အောင် များပြားသည်မဟုတ်လော။
5הֲלֹ֣א רָעָֽתְךָ֣ רַבָּ֑ה וְאֵֽין־קֵ֝֗ץ לַעֲוֹנֹתֶֽיךָ׃
6သင်သည်ညီအစ်ကို ပေါင် ထားသော ဥစ္စာကို မ တရားသဖြင့် ခံယူပြီ။ ဆင်းရဲ သောသူတို့၏ အဝတ် ကိုလည်း ချွတ်ယူ ပြီ။
6כִּֽי־תַחְבֹּ֣ל אַחֶ֣יךָ חִנָּ֑ם וּבִגְדֵ֖י עֲרוּמִּ֣ים תַּפְשִֽׁיט׃
7မော သောသူသောက်ဘို့ ရေ ကိုမ ပေး။ ငတ်မွတ် သောသူကိုမ ကျွေး။
7לֹא־מַ֭יִם עָיֵ֣ף תַּשְׁקֶ֑ה וּ֝מֵרָעֵ֗ב תִּֽמְנַֽע־לָֽחֶם׃
8အားကြီး သောသူ မူကား မြေ ကို ပိုင်ရ၏။ ဂုဏ် အသရေရှိသောသူသည် နေ ရသောအခွင့်ကိုရ၏။
8וְאִ֣ישׁ זְ֭רוֹעַ ל֣וֹ הָאָ֑רֶץ וּנְשׂ֥וּא פָ֝נִ֗ים יֵ֣שֶׁב בָּֽהּ׃
9သင်သည် မုတ်ဆိုးမ တို့ကို လက်ချည်း လွှတ် လိုက်၍ ၊ မိဘ မရှိသော သူငယ်တို့၏လက် ကိုချိုး ပြီ။
9אַ֭לְמָנוֹת שִׁלַּ֣חְתָּ רֵיקָ֑ם וּזְרֹע֖וֹת יְתֹמִ֣ים יְדֻכָּֽא׃
10ထိုကြောင့် ကျော့ကွင်း နှင့် ကျော့မိပြီ၊ ထိတ်လန့် သောစိတ်နှင့် ပင်ပန်း ရ၏။
10עַל־כֵּ֭ן סְבִיבוֹתֶ֣יךָ פַחִ֑ים וִֽ֝יבַהֶלְךָ פַּ֣חַד פִּתְאֹֽם׃
11မ မြင် နိုင်သောမှောင်မိုက် သည် ညှဉ်းဆဲ၍ ၊ ပြင်း စွာစီးသောရေ သည် လွှမ်းမိုး ရ၏။
11אוֹ־חֹ֥שֶׁךְ לֹֽא־תִרְאֶ֑ה וְֽשִׁפְעַת־מַ֥יִם תְּכַסֶּֽךָּ׃
12ဘုရား သခင်သည် ကောင်းကင် ဘဝဂ်ပေါ်မှာ ရှိတော်မူသည်မ ဟုတ်လော။ ကြယ် တို့သည် အဘယ် မျှလောက် မြင့် ကြသည်တကား။
12הֲֽלֹא־אֱ֭לוֹהַּ גֹּ֣בַהּ שָׁמָ֑יִם וּרְאֵ֤ה רֹ֖אשׁ כּוֹכָבִ֣ים כִּי־רָֽמּוּ׃
13သို့ဖြစ်၍ သင်က၊ ဘုရား သခင်သည် အဘယ်သို့ သိ တော်မူမည်နည်း။ ထူ သောတိမ်တိုက်ကွယ်လျက်နှင့် စီရင် တော်မူနိုင်မည်လော။
13וְֽ֭אָמַרְתָּ מַה־יָּ֣דַֽע אֵ֑ל הַבְעַ֖ד עֲרָפֶ֣ל יִשְׁפּֽוֹט׃
14မ မြင် နိုင်အောင် ထူထပ်သောတိမ် တို့သည် ကိုယ်တော် ကို လွှမ်းမိုး ကြ၏။ ကောင်းကင် စကြဝဠာ ထိပ်ပေါ်မှာ လှည့်လည် တော်မူသည်ဟု ဆို တတ်၏။
14עָבִ֣ים סֵֽתֶר־ל֭וֹ וְלֹ֣א יִרְאֶ֑ה וְח֥וּג שָׁ֝מַ֗יִם יִתְהַלָּֽךְ׃
15ကာလ အချိန်မ စေ့မှီ ဖျက်ဆီး ခြင်း၊ ရေ လွှမ်းမိုး၍၊
15הַאֹ֣רַח עוֹלָ֣ם תִּשְׁמֹ֑ר אֲשֶׁ֖ר דָּרְכ֣וּ מְתֵי־אָֽוֶן׃
16-
16אֲשֶֽׁר־קֻמְּט֥וּ וְלֹא־עֵ֑ת נָ֝הָ֗ר יוּצַ֥ק יְסוֹדָֽם׃
17အခြေအမြစ် ပယ်ရှင်း ခြင်းကို ခံရသောသူတည်းဟူသောဘုရား သခင်အား ငါ တို့ထံမှ ထွက်သွား လော့ဟူ၍ ၎င်း ၊ အနန္တ တန်ခိုးရှင်သည် ငါ့တို့အဘို့အဘယ်သို့ ပြု နိုင်သနည်းဟူ၍၎င်း၊ဆိုတတ်သောအဓမ္မ လူ တို့လိုက် ဘူးသော လမ်း ဟောင်း ကိုသင်သည်လိုက် ဦးမည်လော။
17הָאֹמְרִ֣ים לָ֭אֵל ס֣וּר מִמֶּ֑נּוּ וּמַה־יִּפְעַ֖ל שַׁדַּ֣י לָֽמוֹ׃
18သို့ရာတွင် ဘုရား သခင်သည် သူ တို့အိမ် ကို ကောင်း သောအရာနှင့် ပြည့် စေတော်မူ၏။ မ တရားသောသူတို့ ၏ အကြံအစည် ကို ငါသည် ဝန် မခံ။
18וְה֤וּא מִלֵּ֣א בָתֵּיהֶ֣ם ט֑וֹב וַעֲצַ֥ת רְ֝שָׁעִ֗ים רָ֣חֲקָה מֶֽנִּי׃
19ဖြောင့်မတ် သောသူတို့သည် ကြည့် မြင်၍ ဝမ်းမြောက် ကြ၏။ အပြစ် ကင်းသောသူတို့သည် ထို အဓမ္မလူ တို့ကို ကဲ့ရဲ့ တတ်ကြ၏။
19יִרְא֣וּ צַדִּיקִ֣ים וְיִשְׂמָ֑חוּ וְ֝נָקִ֗י יִלְעַג־לָֽמוֹ׃
20အကယ် စင်စစ်ငါ တို့ရန်သူ သည် ပျက်စီး လေပြီ။ သူ ၏စည်းစိမ် ကို မီး လောင် လေပြီဟု ဆိုရကြ၏။
20אִם־לֹ֣א נִכְחַ֣ד קִימָ֑נוּ וְ֝יִתְרָ֗ם אָ֣כְלָה אֵֽשׁ׃
21ဘုရား သခင်နှင့် အကျွမ်းဝင် ၍ မိဿဟာယဖွဲ့ လော့။ ထိုသို့ပြုမှ ကောင်းစား ခြင်းသို့ ရောက် ရလိမ့်မည်။
21הַסְכֶּן־נָ֣א עִמּ֑וֹ וּשְׁלם בָּ֝הֶ֗ם תְּֽבוֹאַתְךָ֥ טוֹבָֽה׃
22နှုတ် တော်ထွက်တရား ကို ခံယူ ၍ စကား တော်ကို နှလုံး ၌ သွင်း ပါလော့။
22קַח־נָ֣א מִפִּ֣יו תּוֹרָ֑ה וְשִׂ֥ים אֲ֝מָרָ֗יו בִּלְבָבֶֽךָ׃
23အနန္တ တန်ခိုးရှင်ထံ တော်သို့ ပြန်လာ လျှင် ၊ တည်ဆောက် ခြင်းရှိလိမ့်မည်။ သင့် အိမ် မှ ဒုစရိုက် ကို ပယ်ရှား လျှင်၊
23אִם־תָּשׁ֣וּב עַד־שַׁ֭דַּי תִּבָּנֶ֑ה תַּרְחִ֥יק עַ֝וְלָ֗ה מֵאָהֳלֶֽךָ׃
24ရွှေ ကိုမြေမှုန့် ကဲ့သို့၎င်း ၊ ဩဖိရ ရွှေကို မြစ် ၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်း သိုထား ရလိမ့်မည်။
24וְשִׁית־עַל־עָפָ֥ר בָּ֑צֶר וּבְצ֖וּר נְחָלִ֣ים אוֹפִֽיר׃
25ထိုအခါ အနန္တ တန်ခိုးရှင်သည် သင် ၌ရွှေ ရတနာ၊ သင် သုံးရသောငွေ ဘဏ္ဍာဖြစ် တော်မူလိမ့်မည်။
25וְהָיָ֣ה שַׁדַּ֣י בְּצָרֶ֑יךָ וְכֶ֖סֶף תּוֹעָפ֣וֹת לָֽךְ׃
26သင်သည်အနန္တ တန်ခိုးရှင်၌ မွေ့လျော် ၍ ၊ ဘုရား သခင်ကို ဖူးမြော် ရသောအခွင့်ရှိလိမ့်မည်။
26כִּי־אָ֭ז עַל־שַׁדַּ֣י תִּתְעַנָּ֑ג וְתִשָּׂ֖א אֶל־אֱל֣וֹהַּ פָּנֶֽיךָ׃
27သင်ဆုတောင်း သောအခါ နားထောင် တော်မူမည်။ သစ္စာ ဂတိထားသည်အတိုင်း၊ သစ္စာဝတ်ဖြေ ရသော အခွင့်ရှိလိမ့်မည်။
27תַּעְתִּ֣יר אֵ֭לָיו וְיִשְׁמָעֶ֑ךָּ וּנְדָרֶ֥יךָ תְשַׁלֵּֽם׃
28သင်ကြံစည်သောအကြံအစည် သည် ထမြောက် ၍၊ သင် သွားသောလမ်း ၌ ရောင်ခြည် ထွန်း လိမ့်မည်။
28וְֽתִגְזַר־א֭וֹמֶר וְיָ֣קָם לָ֑ךְ וְעַל־דְּ֝רָכֶ֗יךָ נָ֣גַֽהּ אֽוֹר׃
29သူတပါးတို့သည် နှိမ့်ချ ခြင်းကိုခံရသောအခါ ၊ သင်ကချီးမြှောက်သောအခွင့်ရှိသည်ဟု ဆို ရလိမ့်မည်။ စိတ် နှိမ့်ချသောသူကို ကယ်တင် တော်မူလိမ့်မည်။
29כִּֽי־הִ֭שְׁפִּילוּ וַתֹּ֣אמֶר גֵּוָ֑ה וְשַׁ֖ח עֵינַ֣יִם יוֹשִֽׁעַ׃
30အပြစ် မကင်းသောသူကိုပင် ကယ်နှုတ် တော်မူလိမ့်မည်။ သင် ပြုသောအမှု သန့်ရှင်း သောအားဖြင့် သူသည်ကယ်တင် ခြင်းသို့ ရောက်လိမ့်မည်ဟုမြွက်ဆို၏။
30יְֽמַלֵּ֥ט אִֽי־נָקִ֑י וְ֝נִמְלַ֗ט בְּבֹ֣ר כַּפֶּֽיךָ׃ פ

Tip: use the ← and → keys to turn chapters.