ယောဘဝတ္တု။

Old Testament

Chapter 15
Judson Burmese Bible (18…
vs World English Bible
Aa
Text size
Line width
Verse numbers

ယောဘဝတ္တု။ 15

Judson Burmese Bible (1840)
World English Bible
1တဖန် တေမန် အမျိုးသားဧလိဖတ် မြွက်ဆို သည် ကား၊
1Then Eliphaz the Temanite answered,
2ပညာရှိ သောသူသည် လေ နှင့်တူသော အချည်းနှီး စကားကို ပြော သင့်သလော။ မိမိ ဝမ်း ကို အရှေ့ လေ နှင့်ပြည့် စေသင့်သလော။
2“Should a wise man answer with vain knowledge, and fill himself with the east wind?
3အကျိုးမဲ့သောစကား ၊ ကျေးဇူး မ ပြုနိုင်သော စကား နှင့် ဆွေးနွေး သင့်သလော။
3Should he reason with unprofitable talk, or with speeches with which he can do no good?
4သင် သည် ဘုရား သခင်ကို ကြောက်ရွံ့ ခြင်းအကျင့်၌ အကျိုး မရှိဟု ဆိုလို၏။ ဆုတောင်း ပဌနာပြုရာ ဝတ်ကို ဆီးတား တတ်၏။
4Yes, you do away with fear, and hinder devotion before God.
5သင်သည်ကိုယ် နှုတ် ဖြင့် ကိုယ် အပြစ် ကို ဘော်ပြ ၏။ ပရိယာယ် ပြုသောသူ ၏စကား ကို သုံး တတ်၏။
5For your iniquity teaches your mouth, and you choose the language of the crafty.
6ငါ သည် သင့်ကိုအပြစ်မ တင်၊ သင့် နှုတ် သည် သင့် ကိုအပြစ် တင်၏။ သင့် နှုတ်ခမ်း တို့သည် သင့် တစ်ဘက် ၌ သက်သေခံ ၏။
6Your own mouth condemns you, and not I. Yes, your own lips testify against you.
7သင်သည် အဦး ဆုံးဘွား သောလူ ဖြစ်သလော။ တောင် များကို မဖန်ဆင်းမှီ သင့်ကိုဖန်ဆင်း သလော။
7“Are you the first man who was born? Or were you brought out before the hills?
8ဘုရား သခင်နှင့် တိတ်ဆိတ်စွာတိုင်ပင် ဘူး သလော ။ ပညာ ကို ကိုယ် ၌ အကုန်အစင်သိမ်းထားပြီ လော။
8Have you heard the secret counsel of God? Do you limit wisdom to yourself?
9ငါတို့မ သိ ၊ သင်သိ သောအရာမည်မျှ ရှိသနည်း။ ငါ တို့၌ မ ပါ၊ သင်နားလည် သောအရာမည်မျှရှိသနည်း။
9What do you know that we don’t know? What do you understand which is not in us?
10သင့် အဘ ထက် အသက် ကြီးသောသူ၊ ဆံပင် ဖြူ သောသူတို့သည် ငါ တို့တွင် ရှိကြ၏။
10With us are both the gray-headed and the very aged men, much older than your father.
11သင် ၌ ဘုရား သခင်ပေးတော်မူသောသက်သာ ခြင်းအကြောင်းနည်း သလော။ သင် ၌ ဝှက် ထားသောအမှု တစုံတခုရှိသလော။
11Are the consolations of God too small for you, even the word that is gentle toward you?
12ကိုယ် အလိုသို့လိုက်၍ အဘယ်ကြောင့် လွှဲ သွားသနည်း။ အဘယ်ကြောင့် မျက် စောင်းထိုးသနည်း။
12Why does your heart carry you away? Why do your eyes flash,
13သင် ၏စိတ် သဘောသည် ဘုရား သခင်နှင့် ဆန့်ကျင် ဘက်ဖြစ်၍ ၊ နှုတ် နှင့် ပြစ်မှား ပေ၏။
13that you turn your spirit against God, and let such words go out of your mouth?
14လူ သည်အဘယ် သို့သောသူဖြစ်၍ သန့်ရှင်း နိုင်သနည်း။ မိန်းမ ဘွား သောသူသည် အဘယ်သို့သောသူဖြစ်၍ ဖြောင့်မတ် နိုင်သနည်း။
14What is man, that he should be clean? What is he who is born of a woman, that he should be righteous?
15ဘုရားသခင်သည် မိမိ သန့်ရှင်း သူတို့ကိုပင် ယုံ တော်မ မူ။ ကောင်းကင် ဘုံသော်လည်း ရှေ့ တော်၌ မ စင်ကြယ်။
15Behold, he puts no trust in his holy ones. Yes, the heavens are not clean in his sight;
16သို့ဖြစ်လျှင် ၊ ရေ ကိုသောက်သကဲ့သို့ ဒုစရိုက် အပြစ်ကို သောက် လျက်၊ ဆိုးညစ် ရွံ့ရှာ ဘွယ်သော လူ သတ္တဝါ၌ အဘယ် ဆိုဘွယ် ရှိသနည်း။
16how much less one who is abominable and corrupt, a man who drinks iniquity like water!
17-
17“I will show you, listen to me; that which I have seen I will declare
18-
18(which wise men have told by their fathers, and have not hidden it;
19ငါ့ စကားကို နားထောင် လော့။ တပါး အမျိုးသားနှင့် မ ရောနှော ၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေ ကို ပိုင်သော ပညာရှိ တို့သည်၊ ဘိုးဘေး လက်ထက်မှစ၍ မ ထိမ် မဝှက်၊ ပြော ဘူးသော အရာ၊ ငါ့ကိုယ်တိုင်မြင် သော အရာကို ငါပြသ မည်။
19to whom alone the land was given, and no stranger passed among them):
20ဆိုး သောသူသည် တသက်လုံး ဒုက္ခ ဆင်းရဲကို ခံရ၏။ ညှဉ်းဆဲ တတ်သောသူသည် မိမိအသက် အပိုင်း အခြားကို မသိရ။
20the wicked man writhes in pain all his days, even the number of years that are laid up for the oppressor.
21သူသည် ကြောက်မက် ဘွယ်သောအသံ ကို ကြား လျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ် တွင်၊ ဖျက်ဆီး သောသူသည် လာတတ်၏။
21A sound of terrors is in his ears. In prosperity the destroyer will come on him.
22မှောင်မိုက် ထဲ မှာ ဘေးလွတ် မည်ဟု မြော်လင့် စရာမ ရှိ။ ထား သည်သူ့ကို ချောင်းမြောင်း လျက်ရှိ၏။
22He doesn’t believe that he will return out of darkness. He is waited for by the sword.
23စားစရာ ကို ရှာ၍လှည့်လည် ရ၏။ မိမိအဘို့ မှောင်မိုက် ကာလ သည် အသင့် ရှိသည်ကို သိ ၏။
23He wanders abroad for bread, saying, ‘Where is it?’ He knows that the day of darkness is ready at his hand.
24ဆင်းရဲ ခြင်းဒုက္ခနှင့် နာကြဉ်း ခြင်းဝေဒနာတို့သည် ထိုသူ ကို ချောက် တတ်၏။ စစ်တိုက် ခြင်းငှါ အသင့် နေသောရှင်ဘုရင် ကဲ့သို့ သူ့ ကို နိုင် တတ်၏။
24Distress and anguish make him afraid. They prevail against him, as a king ready to the battle.
25အကြောင်း မူကား၊ ထိုသူသည် ဘုရား သခင်၏ အာဏာ တော်ကို ဆန် လျက်၊ အနန္တ တန်ခိုးရှင်တစ်ဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့ စေ၏။
25Because he has stretched out his hand against God, and behaves himself proudly against the Almighty,
26လည်ပင်း ကို ဆန့်လျက်၊ ထူ သောဒိုင်း ပုနှင့် ဆီးကာလျက်၊ ဘုရား သခင်ကို တိုက်အံ့သောငှါပြေး ၏။
26he runs at him with a stiff neck, with the thick shields of his bucklers,
27မိမိ မျက်နှာ ကို ဆူဖြိုး ခြင်းနှင့် ဖုံးအုပ် ၍၊ ဝမ်းပျဉ်း အသားသည်လည်း ဆူဖြိုးလျက် အတွန့်တွန့်နေ၏။
27because he has covered his face with his fatness, and gathered fat on his thighs.
28သို့သော်လည်း လူဆိတ်ညံ သောမြို့ ၊ အဘယ်သူမျှမ နေ။ လဲလုသော အိမ်တို့၌ သူသည်နေ ရ၏။
28He has lived in desolate cities, in houses which no one inhabited, which were ready to become heaps.
29ငွေ မ ရတတ်ရ၊ သူ ၏စည်းစိမ် မ တည် ရ။ သူ ၏ ဥစ္စာ ပစ္စည်းသည် မြေကြီး ပေါ် မှာ မ ပြန့်ပွါး ရ။
29He will not be rich, neither will his substance continue, neither will their possessions be extended on the earth.
30သူသည် မှောင်မိုက် ဘေးနှင့် မ လွတ် ရ။ မီးလျှံ သည်သူ ၏အခက် အလက်တို့ကို လောင်လိမ့်မည်။ ဘုရား သခင်၏ နှုတ် တော်အသက် အားဖြင့် သုတ်သင် ပယ်ရှင်းခြင်းကို ခံရ၏။
30He will not depart out of darkness. The flame will dry up his branches. He will go away by the breath of God’s mouth.
31အဘယ်သူမျှလှည့်စား ခြင်းကိုခံ၍ အနတ္တ ကို မ ခိုလှုံ စေနှင့်။ သို့မဟုတ်အနတ္တ အကျိုးကိုခံရ လိမ့်မည်။
31Let him not trust in emptiness, deceiving himself, for emptiness will be his reward.
32အချိန် မ စေ့မှီဆုံး ခြင်းသို့ ရောက်လိမ့်မည်။ သူ ၏ အခက် အလက်သည် မ စိမ်း ရာ။
32It will be accomplished before his time. His branch will not be green.
33စပျစ် နွယ်ပင်ကဲ့သို့ မိမိ ၌ မ မှည့်သော အသီးကို၎င်း၊ သံလွင် ပင်ကဲ့သို့ မိမိ အပွင့် ကို၎င်းချွေ ရလိမ့်မည်။
33He will shake off his unripe grape as the vine, and will cast off his flower as the olive tree.
34အဓမ္မ လူ၏အသင်း သည် ဆိတ်ညံ လိမ့်မည်။ တံစိုး စားသောသူတို့၏နေရာ သည် မီး လောင် လိမ့်မည်။
34For the company of the godless will be barren, and fire will consume the tents of bribery.
35ထိုသူတို့သည်မကောင်း သောအကြံကို ပဋိသန္ဓေ ယူ၍ အနတ္တ ကိုဘွား တတ်ကြ၏။ သူ တို့ဝမ်း ထဲ၌မုသာ ကို ကိုယ်ဝန်ဆောင်တတ်သည်ဟု မြွက်ဆို၏။
35They conceive mischief and produce iniquity. Their heart prepares deceit.”

Tip: use the ← and → keys to turn chapters.