ရှင်ယောဟန် 20
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Smith–Van Dyck Arabic Bible (فان دايك)
1ခုနစ် ရက်တွင် ပဌမ နေ့ရက်၊ မိုဃ်း မလင်းမှီ စောစော အချိန်၌ မာဂဒလ မာရိ သည် သင်္ချိုင်း တော်သို့ သွား ၍ တွင်း ဝ၌ပိတ်သော ကျောက် သည် ရွှေ့ လျက်ရှိသည်ကိုမြင် လျှင်၊
1وَفِي أَوَّلِ ٱلْأُسْبُوعِ جَاءَتْ مَرْيَمُ ٱلْمَجْدَلِيَّةُ إِلَى ٱلْقَبْرِ بَاكِرًا، وَٱلظَّلَامُ بَاقٍ. فَنَظَرَتِ ٱلْحَجَرَ مَرْفُوعًا عَنِ ٱلْقَبْرِ.
2ရှိမုန် ပေတရု နှင့် ယေရှု ချစ် တော်မူသော အခြား တပည့် တော်ဆီသို့ ပြေးသွား ၍ ၊ သင်္ချိုင်း တော်မှ သခင် ကိုယူသွား ကြပြီ။ အဘယ်မှာ ထား ကြသည်ကို မ သိ ဟုပြောဆို ၏။
2فَرَكَضَتْ وَجَاءَتْ إِلَى سِمْعَانَ بُطْرُسَ وَإِلَى ٱلتِّلْمِيذِ ٱلْآخَرِ ٱلَّذِي كَانَ يَسُوعُ يُحِبُّهُ، وَقَالَتْ لَهُمَا: «أَخَذُوا ٱلسَّيِّدَ مِنَ ٱلْقَبْرِ، وَلَسْنَا نَعْلَمُ أَيْنَ وَضَعُوهُ!».
3ထိုအခါပေတရု နှင့် အခြား သောတပည့် တော်သည်ထွက် ၍ သင်္ချိုင်း တော်သို့ သွား ကြ၏။
3فَخَرَجَ بُطْرُسُ وَٱلتِّلْمِيذُ ٱلْآخَرُ وَأَتَيَا إِلَى ٱلْقَبْرِ.
4ထိုသူနှစ် ယောက်တို့သည် အတူ ပြေး သည်တွင် အခြား သောတပည့် တော်သည် ပေတရု ကိုလွန် ၍ သင်္ချိုင်း တော်သို့ အရင် ရောက် သည်ရှိသော်၊ ငုံ့ ၍ကြည့်သဖြင့်၊
4وَكَانَ ٱلِٱثْنَانِ يَرْكُضَانِ مَعًا. فَسَبَقَ ٱلتِّلْمِيذُ ٱلْآخَرُ بُطْرُسَ وَجَاءَ أَوَّلًا إِلَى ٱلْقَبْرِ،
5ပိတ် ပုဆိုးရှိ ရစ်သည်ကိုမြင် လျှင်၊ မ ဝင် ဘဲ နေ၏။
5وَٱنْحَنَى فَنَظَرَ ٱلْأَكْفَانَ مَوْضُوعَةً، وَلَكِنَّهُ لَمْ يَدْخُلْ.
6ရှိမုန် ပေတရု သည်နောက် သို့လိုက်၍ ရောက် သောအခါ တွင်း ထဲသို့ ဝင် လျှင်၊ ပိတ် ပုဆိုးရှိ ရစ်သည်ကို၎င်း ၊
6ثُمَّ جَاءَ سِمْعَانُ بُطْرُسُ يَتْبَعُهُ، وَدَخَلَ ٱلْقَبْرَ وَنَظَرَ ٱلْأَكْفَانَ مَوْضُوعَةً،
7ခေါင်း တော်၌ ရှိ သောပုဝါ သည် ပိတ် ပုဆိုးနှင့်အတူ မ ရှိဘဲ တခြားစီ လိပ် လျက်ရှိ သည်ကို၎င်း မြင် လေ၏။
7وَٱلْمِنْدِيلَ ٱلَّذِي كَانَ عَلَى رَأْسِهِ لَيْسَ مَوْضُوعًا مَعَ ٱلْأَكْفَانِ، بَلْ مَلْفُوفًا فِي مَوْضِعٍ وَحْدَهُ.
8ထိုအခါ သင်္ချိုင်း တော်သို့ အရင် ရောက် သောအခြား တပည့် တော်သည် ဝင် ၍ မြင် သဖြင့် ယုံ လေ၏။
8فَحِينَئِذٍ دَخَلَ أَيْضًا ٱلتِّلْمِيذُ ٱلْآخَرُ ٱلَّذِي جَاءَ أَوَّلًا إِلَى ٱلْقَبْرِ، وَرَأَى فَآمَنَ،
9ကိုယ်တော် သည် သေ ခြင်းမှ ထမြောက် ရမည်ဟူသောကျမ်း စကားကို တပည့်တော်တို့သည် နား မ လည် ကြသေး။
9لِأَنَّهُمْ لَمْ يَكُونُوا بَعْدُ يَعْرِفُونَ ٱلْكِتَابَ: أَنَّهُ يَنْبَغِي أَنْ يَقُومَ مِنَ ٱلْأَمْوَاتِ.
10နောက်မှထိုသူနှစ်ယောက်တို့သည် မိမိ တို့အပေါင်းအသင်းရှိရာသို့ ပြန်သွား ကြ၏။
10فَمَضَى ٱلتِّلْمِيذَانِ أَيْضًا إِلَى مَوْضِعِهِمَا.
11မာရိ သည် သင်္ချိုင်း တော်အနားမှာ ငိုကြွေး လျက်ရပ် နေ၏။ ငိုကြွေး စဉ် ငုံ့ ၍တွင်း ထဲသို့ ကြည့်လျှင် ၊
11أَمَّا مَرْيَمُ فَكَانَتْ وَاقِفَةً عِنْدَ ٱلْقَبْرِ خَارِجًا تَبْكِي. وَفِيمَا هِيَ تَبْكِي ٱنْحَنَتْ إِلَى ٱلْقَبْرِ،
12ကောင်းကင်တမန် နှစ် ပါးတို့သည် ဖြူ သောအဝတ်ကိုဝတ်ဆင်လျက်၊ ယေရှု ၏အလောင်း တော် လျောင်း ရာအရပ် ၊ ခေါင်း ရင်း၌ တစ်ပါး ၊ ခြေ ရင်း၌ တစ်ပါး ထိုင် ကြသည်ကိုမြင် လေ၏။
12فَنَظَرَتْ مَلَاكَيْنِ بِثِيَابٍ بِيضٍ جَالِسَيْنِ وَاحِدًا عِنْدَ ٱلرَّأْسِ وَٱلْآخَرَ عِنْدَ ٱلرِّجْلَيْنِ، حَيْثُ كَانَ جَسَدُ يَسُوعَ مَوْضُوعًا.
13ထိုသူ တို့က၊ အချင်းမိန်းမ ၊ အဘယ်ကြောင့် ငိုကြွေး သနည်းဟုမေး လျှင်၊ ကျွန်မ ၏သခင် ကို ယူသွား ကြပြီ။ အဘယ်မှာ ထား ကြသည်ကို မ သိ ပါဟုပြောဆို ၏။
13فَقَالَا لَهَا: «يَا ٱمْرَأَةُ، لِمَاذَا تَبْكِينَ؟». قَالَتْ لَهُمَا: «إِنَّهُمْ أَخَذُوا سَيِّدِي، وَلَسْتُ أَعْلَمُ أَيْنَ وَضَعُوهُ!».
14ထိုသို့ ဆို ပြီးမှနောက် သို့လှည့် လျှင်၊ ယေရှု ရပ် လျက်နေတော်မူသည်ကို မြင် သော်လည်း ယေရှု ဖြစ် တော်မူသည်ကို မ သိ ။
14وَلَمَّا قَالَتْ هَذَا ٱلْتَفَتَتْ إِلَى ٱلْوَرَاءِ، فَنَظَرَتْ يَسُوعَ وَاقِفًا، وَلَمْ تَعْلَمْ أَنَّهُ يَسُوعُ.
15ယေရှု ကလည်း၊ အချင်းမိန်းမ ၊ အဘယ်ကြောင့် ငိုကြွေး သနည်း။ အဘယ်သူ ကို ရှာ သနည်းဟု မေး တော်မူ၏။ မာရိ က၊ သင် သည်သူ့ ကို ဆောင်သွား သည်မှန်လျှင် အဘယ်မှာ ထား သည်ကို ကျွန်မ အားပြော ပါ။ ကျွန်မ ယူသွား ပါမည်အရှင် ဟု၊ ထိုသူ ကို ဥယျာဉ်စောင့် ဖြစ် သည်ဟု ထင်မှတ် လျက်ဆို ၏။
15قَالَ لَهَا يَسُوعُ: «يَا ٱمْرَأَةُ، لِمَاذَا تَبْكِينَ؟ مَنْ تَطْلُبِينَ؟». فَظَنَّتْ تِلْكَ أَنَّهُ ٱلْبُسْتَانِيُّ، فَقَالَتْ لَهُ: «يَا سَيِّدُ، إِنْ كُنْتَ أَنْتَ قَدْ حَمَلْتَهُ فَقُلْ لِي أَيْنَ وَضَعْتَهُ، وَأَنَا آخُذُهُ».
16ယေရှု ကလည်း၊ မာရိ ဟုခေါ် တော်မူလျှင်၊ မာရိ သည်လှည့် ၍ ရဗ္ဗုနိ ဟု ထူး လေ၏။ ရဗ္ဗုနိအနက် ကား၊ အရှင် ဘုရားဟု ဆိုလိုသတည်း။
16قَالَ لَهَا يَسُوعُ: «يَا مَرْيَمُ». فَٱلْتَفَتَتْ تِلْكَ وَقَالَتْ لَهُ: «رَبُّونِي!» ٱلَّذِي تَفْسِيرُهُ: يَا مُعَلِّمُ.
17ယေရှု ကလည်း၊ ငါ့ ကိုမ ဘက် နှင့်ဦး။ ငါသည် ငါ့ခမည်းတော် ထံသို့ မ တက် ရသေး။ ငါ့ ညီ တို့ရှိရာသို့ သွား လော့။ ငါ ၏ခမည်းတော် တည်းဟူသောသင် တို့၏ခမည်းတော် ၊ ငါ ၏ဘုရားသခင် တည်းဟူသောသင် တို့၏ ဘုရားသခင် ထံတော်သို့ ငါတက် ရမည်အကြောင်းအရာကို ကြားပြော လော့ ဟု မိန့် တော်မူသည်နှင့်အညီ၊
17قَالَ لَهَا يَسُوعُ: «لَا تَلْمِسِينِي لِأَنِّي لَمْ أَصْعَدْ بَعْدُ إِلَى أَبِي. وَلَكِنِ ٱذْهَبِي إِلَى إِخْوَتِي وَقُولِي لَهُمْ: إِنِّي أَصْعَدُ إِلَى أَبِي وَأَبِيكُمْ وَإِلَهِي وَإِلَهِكُمْ».
18မာဂဒလ မာရိ သည် သွား ၍မိမိသည်သခင် ကိုတွေ့မြင် သည်ကို၎င်း ၊ ထိုသို့မိန့် တော်မူသည်ကို၎င်း၊ တပည့် တော်တို့အားကြားပြော လေ၏။
18فَجَاءَتْ مَرْيَمُ ٱلْمَجْدَلِيَّةُ وَأَخْبَرَتِ ٱلتَّلَامِيذَ أَنَّهَا رَأَتِ ٱلرَّبَّ، وَأَنَّهُ قَالَ لَهَا هَذَا.
19ခုနစ် ရက်တွင် ပဌမ နေ့ရက် ဖြစ်သော ထို နေ့၌ ည အချိန်ရောက် သောအခါ၊ ယုဒ လူတို့ကိုကြောက် ၍ တံခါး များကိုပိတ် ထားလျက်၊ တပည့် တော်တို့သည် စည်းဝေးကြသောအရပ် သို့ ယေရှု သည်ကြွလာ ၍ အလယ် မှာ ရပ် တော်မူလျက်၊ သင် တို့၌ ငြိမ်သက် ခြင်းရှိစေသတည်း ဟု မိန့် တော်မူ၏။
19وَلَمَّا كَانَتْ عَشِيَّةُ ذَلِكَ ٱلْيَوْمِ، وَهُوَ أَوَّلُ ٱلْأُسْبُوعِ، وَكَانَتِ ٱلْأَبْوَابُ مُغَلَّقَةً حَيْثُ كَانَ ٱلتَّلَامِيذُ مُجْتَمِعِينَ لِسَبَبِ ٱلْخَوْفِ مِنَ ٱلْيَهُودِ، جَاءَ يَسُوعُ وَوَقَفَ فِي ٱلْوَسْطِ، وَقَالَ لَهُمْ: «سَلَامٌ لَكُمْ!».
20ထိုသို့ မိန့် တော်မူပြီးမှ လက် တော်နှင့် နံဖေး တော်ကိုပြ တော်မူ၏။ တပည့် တော်တို့သည် သခင် ကိုမြင် လျှင် ဝမ်းမြောက် ခြင်းရှိကြ၏။
20وَلَمَّا قَالَ هَذَا أَرَاهُمْ يَدَيْهِ وَجَنْبَهُ، فَفَرِحَ ٱلتَّلَامِيذُ إِذْ رَأَوْا ٱلرَّبَّ.
21တစ်ဖန် ယေရှု က၊ သင် တို့၌ ငြိမ်သက် ခြင်းရှိစေသတည်း။ ခမည်းတော် သည် ငါ့ ကို စေလွှတ် တော်မူသည် နည်းတူ ၊ သင် တို့ကို ငါ စေလွှတ် သည် ဟု မိန့် တော်မူပြီးလျှင်၊
21فَقَالَ لَهُمْ يَسُوعُ أَيْضًا: «سَلَامٌ لَكُمْ! كَمَا أَرْسَلَنِي ٱلْآبُ أُرْسِلُكُمْ أَنَا».
22ထိုသူ တို့အပေါ်၌ မှုတ် လျက် ၊ သင်တို့သည် သန့်ရှင်း သောဝိညာဉ် တော်ကို ခံ ကြလော့။
22وَلَمَّا قَالَ هَذَا نَفَخَ وَقَالَ لَهُمُ: «ٱقْبَلُوا ٱلرُّوحَ ٱلْقُدُسَ.
23အကြင်သူ ၏အပြစ် ကို သင်တို့လွှတ် လျှင်၊ ထိုသူ သည်အပြစ်လွှတ် လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည် စေလျှင်၊ ထိုသူသည် အပြစ်တည် လျက်ရှိ၏ ဟု မိန့် တော်မူ၏။
23مَنْ غَفَرْتُمْ خَطَايَاهُ تُغْفَرُ لَهُ، وَمَنْ أَمْسَكْتُمْ خَطَايَاهُ أُمْسِكَتْ».
24ထိုသို့ ယေရှု သည်ကြွလာ တော်မူသောအခါ တမန်တော်တကျိပ် နှစ်ပါးအဝင် ၊ ဒိဒုမု ဟုအမည် ရှိသော သောမ သည်ထိုတပည့် တော်တို့နှင့်အတူ မ ရှိ ။
24أَمَّا تُومَا، أَحَدُ ٱلِٱثْنَيْ عَشَرَ، ٱلَّذِي يُقَالُ لَهُ ٱلتَّوْأَمُ، فَلَمْ يَكُنْ مَعَهُمْ حِينَ جَاءَ يَسُوعُ.
25ထိုသူ တို့ကလည်း၊ အကျွန်ုပ်တို့သည်သခင် ကို မြင်ရ ကြပြီဟုသောမ အားပြောဆို ကြလျှင်၊ သောမ က၊ လက် တော်၌ သံ ရိုက်ရာချက် ကိုမ မြင် ၊ သံ ရိုက်ရာချက် ကို လက်ညှိုး နှင့်မတို့ မစမ်း၊ နံဖေး တော်ကိုလည်း လက် နှင့် မစမ်း မသပ်ရလျှင် အကျွန်ုပ်မ ယုံ ဟုဆို ၏။
25فَقَالَ لَهُ ٱلتَّلَامِيذُ ٱلْآخَرُونَ: «قَدْ رَأَيْنَا ٱلرَّبَّ!». فَقَالَ لَهُمْ: «إِنْ لَمْ أُبْصِرْ فِي يَدَيْهِ أَثَرَ ٱلْمَسَامِيرِ، وَأَضَعْ إِصْبِعِي فِي أَثَرِ ٱلْمَسَامِيرِ، وَأَضَعْ يَدِي فِي جَنْبِهِ، لَا أُومِنْ».
26ထိုနောက်ရှစ် ရက်မြောက်သောနေ့ ၌ တပည့် တော်တို့သည် တစ်ဖန် အထဲ မှာရှိ ကြ၍ သောမ လည်းပါ ၏။ တံခါး များကို ပိတ် ထားစဉ်အခါ၊ ယေရှု သည်ကြွလာ ၍ အလယ် မှာ ရပ် တော်မူလျှက်၊ သင် တို့၌ငြိမ်သက် ခြင်းရှိစေ သတည်း ဟု မိန့် တော်မူ၏။
26وَبَعْدَ ثَمَانِيَةِ أَيَّامٍ كَانَ تَلَامِيذُهُ أَيْضًا دَاخِلًا وَتُومَا مَعَهُمْ. فَجَاءَ يَسُوعُ وَٱلْأَبْوَابُ مُغَلَّقَةٌ، وَوَقَفَ فِي ٱلْوَسْطِ وَقَالَ: «سَلَامٌ لَكُمْ!».
27ထိုအခါ သောမ အား၊ သင် ၏လက်ညှိုး ကိုဆန့် ၍ ငါ့ လက် ကိုကြည့် လော့။ သင် ၏လက် ကိုဆန့် ၍ ငါ့ နံဖေး ကို စမ်းသပ် လော့။ ယုံမှား ခြင်းမ ရှိ နှင့်။ ယုံ လော့ ဟု မိန့် တော်မူ၏။
27ثُمَّ قَالَ لِتُومَا: «هَاتِ إِصْبِعَكَ إِلَى هُنَا وَأَبْصِرْ يَدَيَّ، وَهَاتِ يَدَكَ وَضَعْهَا فِي جَنْبِي، وَلَا تَكُنْ غَيْرَ مُؤْمِنٍ بَلْ مُؤْمِنًا».
28သောမ ကလည်း ၊ အကျွန်ုပ် ၏အရှင် ၊ အကျွန်ုပ် ၏ ဘုရားသခင် ပါတကားဟု ပြန်၍လျှောက် ၏။
28أَجَابَ تُومَا وَقَالَ لَهُ: «رَبِّي وَإِلَهِي!».
29ယေရှု ကလည်း၊ သင်သည်ငါ့ ကိုမြင် သောကြောင့် ယုံ ခြင်းရှိ၏။ ငါ့ကိုမ မြင် ဘဲယုံ သောသူတို့သည် မင်္ဂလာ ရှိကြ၏ ဟု မိန့် တော်မူ၏။
29قَالَ لَهُ يَسُوعُ: «لِأَنَّكَ رَأَيْتَنِي يَا تُومَا آمَنْتَ! طُوبَى لِلَّذِينَ آمَنُوا وَلَمْ يَرَوْا».
30ဤ ကျမ်းစာ ၌ ရေး ၍မ ထား သောအခြား နိမိတ် လက္ခဏာအများ တို့ကိုလည်း ယေရှု သည်တပည့် တော်တို့ မျက်မှောက် ၌ပြ တော်မူ၏။
30وَآيَاتٍ أُخَرَ كَثِيرَةً صَنَعَ يَسُوعُ قُدَّامَ تَلَامِيذِهِ لَمْ تُكْتَبْ فِي هَذَا ٱلْكِتَابِ.
31ယေရှု သည် ခရစ်တော် တည်း ဟူသော ဘုရားသခင် ၏သား တော်ဖြစ် တော်မူသည်ကို သင်တို့သည် ယုံ မည်အကြောင်း ၊ ထိုသို့ ယုံ ၍နာမ တော်အားဖြင့် အသက် ကိုရ မည်အကြောင်း ၊ ဤမျှလောက်ရေး ထားလျက် ရှိသတည်း။
31وَأَمَّا هَذِهِ فَقَدْ كُتِبَتْ لِتُؤْمِنُوا أَنَّ يَسُوعَ هُوَ ٱلْمَسِيحُ ٱبْنُ ٱللهِ، وَلِكَيْ تَكُونَ لَكُمْ إِذَا آمَنْتُمْ حَيَاةٌ بِٱسْمِهِ.
Tip: use the ← and → keys to turn chapters.