ယေရမိ

Old Testament

Chapter 24
Judson Burmese Bible (18…
vs Berean Standard Bi…
Aa
Text size
Line width
Verse numbers

ယေရမိ 24

Judson Burmese Bible (1840)
Berean Standard Bible
1ထာဝရဘုရား ပြတော်မူသောရူပါရုံဟူမူကား၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယုဒ ရှင်ဘုရင် ယောယကိမ် သား ယေခါနိ မင်းအစ ရှိသော ယုဒ မှူးမတ် များ၊ လက်သမား ၊ ပန်းပဲ သမားများတို့ကို ယေရုရှလင် မြို့ မှ ဗာဗုလုန် မြို့သို့ သိမ်းသွား သောနောက်၊ ထာဝရဘုရား ၏ ဗိမာန် တော်ရှေ့ ၌ ထား သော သင်္ဘော သဖန်းသီးတောင်း နှစ် လုံးသည် ထင်ရှား လေ၏။
1After Nebuchadnezzar king of Babylon had carried away Jeconiah son of Jehoiakim king of Judah, as well as the officials of Judah and the craftsmen and metalsmiths from Jerusalem, and had brought them to Babylon, the LORD showed me two baskets of figs placed in front of the temple of the LORD.
2တောင်း တလုံး ၌ကား၊ အဦး မှည့်သော သင်္ဘောသဖန်း သီးကဲ့သို့ အလွန် ကောင်း သော သင်္ဘောသဖန်းသီး နှင့် ပြည့်လျက်ရှိ၏။ တလုံး၌ကား၊ မ စား နိုင်အောင် အလွန် ညံ့ သော သင်္ဘောသဖန်းသီး နှင့် ပြည့်လျက်ရှိ၏။
2One basket had very good figs, like those that ripen early, but the other basket contained very poor figs, so bad they could not be eaten.
3ထာဝရဘုရား ကလည်း ၊ ယေရမိ ၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ၊ အကျွန်ုပ်သည် သင်္ဘောသဖန်း သီးကို မြင်ပါ၏။ ကောင်း သော သင်္ဘော သဖန်းသီးသည် အလွန်ကောင်း ပါ၏။ ညံ့ သော သင်္ဘေသဖန်းသီးသည် မ စား နိုင်အောင် အလွန် ညံ့ ပါသည်ဟု ပြန်လျှောက် ၏။
3“Jeremiah,” the LORD asked, “what do you see?” “Figs!” I replied. “The good figs are very good, but the bad figs are very bad, so bad they cannot be eaten.”
4တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊
4Then the word of the LORD came to me, saying,
5ဤ အရပ် မှ ခါလဒဲ ပြည် သို့ ငါစေလွှတ် ၍ သိမ်းသွား ခြင်းကို ခံရသော ယုဒ အမျိုးသားတို့သည်၊ ဤ ကောင်း သော သင်္ဘော သဖန်းသီးကဲ့သို့ ဖြစ်ကြသည်ဟု ငါဝန်ခံ မည်။
5“This is what the LORD, the God of Israel, says: ‘Like these good figs, so I regard as good the exiles from Judah, whom I have sent away from this place to the land of the Chaldeans.
6သူ တို့၌ ကျေးဇူး ပြုမည်ဟု ငါကြံစည်၍၊ ဤ ပြည် သို့ တဖန် ဆောင် ခဲ့ဦးမည်။ နောက် တဖန် မ ဖြို မဖျက်ဘဲ တည်ဆောက် မည်။ မ နှုတ် မပယ်ဘဲစိုက် ထားမည်။
6I will keep My eyes on them for good and will return them to this land. I will build them up and not tear them down; I will plant them and not uproot them.
7ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို၊ သူတို့ သိ နိုင်သော စိတ် နှလုံးကို ငါပေး မည်။ သူတို့သည် ငါ ၏လူ ဖြစ် ကြ၍ ၊ ငါ သည်လည်း သူ တို့၏ ဘုရား သခင်ဖြစ် လိမ့်မည် ။ ငါ့ ထံသို့ စိတ် နှလုံးအကြွင်းမဲ့ နှင့် ပြန် လာကြလိမ့်မည်။
7I will give them a heart to know Me, that I am the LORD. They will be My people, and I will be their God, for they will return to Me with all their heart.
8မ စား နိုင်အောင် အလွန်ညံ့ သော သင်္ဘော သဖန်း သီးကဲ့သို့ ၊ ငါသည် ယုဒ ရှင်ဘုရင် ဇေဒကိ မှစ ၍၊ မှူး တော်မတ်တော်၊ ဤ ပြည် ၌ ကျန် ကြွင်းသော ယေရုရှလင် မြို့သား၊ အဲဂုတ္တု ပြည် ၌ နေ သောအမျိုးသားတို့ကို ဖြစ် စေမည်။
8But like the bad figs, so bad they cannot be eaten,’ says the LORD, ‘so will I deal with Zedekiah king of Judah, his officials, and the remnant of Jerusalem—those remaining in this land and those living in the land of Egypt.
9သူတို့သည် ငါနှင် ရာ အရပ်ရပ် တို့၌ ကဲ့ရဲ့ခြင်း၊ ပုံ ခိုင်း ခြင်း၊ ဆဲရေး ခြင်း၊ ကျိန် ခြင်းတို့ကိုခံ ရမည် အကြောင်း၊ ငါသည် မြေ ပေါ်မှာ တိုင်း နိုင်ငံရှိသမျှ တို့၌ နှောင့်ရှက် ညှဉ်းဆဲခြင်းသို့ သူ တို့ကို အပ် လိုက်မည်။
9I will make them a horror and an offense to all the kingdoms of the earth, a disgrace and an object of scorn, ridicule, and cursing wherever I have banished them.
10သူ တို့နှင့် သူ တို့၏ ဘိုးဘေး တို့အား ငါပေး သော ပြည် မှ ၊ သူ တို့ကို မ ပယ်ရှင်း မှီတိုင်အောင်ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးကို သူ တို့ရှိရာ သို့ ငါစေလွှတ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
10And I will send against them sword and famine and plague, until they have perished from the land that I gave to them and their fathers.’”

Tip: use the ← and → keys to turn chapters.