တရားသူကြီးမှတ်စာ 21
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Londona Biblio (Esperanto, 1910)
1ဣသရေလ အမျိုးသား တို့သည် အဘယ်သူ မျှမိမိ သမီး ကို ဗင်္ယာမိန် အမျိုးသား၌ မ ပေးစား ရမည်အကြောင်း၊ မိဇပါ မြို့မှာ ကျိန်ဆို ခြင်းကို ပြုနှင့်ကြပြီ။
1Kaj la Izraelidoj ĵuris en Micpa, dirante: Neniu el ni donos sian filinon edzinige al Benjamenido.
2လူ များတို့သည် ဘုရားသခင့် အိမ်တော်သို့ လာ ၍ ဘုရား သခင့် ရှေ့ တော်၌ ည ဦးတိုင်အောင် နေ လျက် ၊ အသံ ကို လွှင့် ၍ ငိုကြွေး လျက်၊
2Kaj la popolo venis en Bet-Elon, kaj restis tie ĝis la vespero antaŭ Dio, kaj levis sian voĉon kaj forte ploris,
3အိုဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၊ ဣသရေလ အမျိုး အနွယ်တို့တွင် ယနေ့ တမျိုး ချို့တဲ့ ရသောအမှု သည် အဘယ်ကြောင့် ဖြစ် ရပါသနည်းဟု လျှောက် ဆိုကြ၏။
3kaj diris: Kial, ho Eternulo, Dio de Izrael, fariĝis tio en Izrael, ke malaperis nun el Izrael unu tribo?
4နက်ဖြန် နံနက်စောစောလူ များတို့သည် ထ ပြီးလျှင် ၊ ယဇ် ပလ္လင်ကိုတည် ၍ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ကြ၏။
4La morgaŭan tagon la popolo leviĝis frue kaj konstruis tie altaron kaj oferis bruloferojn kaj pacoferojn.
5ဣသရေလ အမျိုးသား တို့ကလည်း ၊ ဣသရေလ အမျိုး အနွယ်အပေါင်း တို့တွင် အဘယ်သူ သည် ပရိသတ် အပေါင်းနှင့်အတူထာဝရဘုရား ထံ တော်သို့ မ လာ ဘဲနေသနည်းဟုမေး ကြ၏။ အကြောင်း မူကား၊ မိဇပါ မြို့ထာဝရဘုရား ထံ တော်သို့ မ လာ ဘဲနေသောသူ သည် ဧကန်အမှန် အသေ သတ်ခြင်းကိုခံစေဟု ကြီးစွာ သော ကျိန်ဆို ခြင်းကိုပြု နှင့်ကြပြီ။
5Kaj la Izraelidoj diris: Kiu homo el ĉiuj triboj de Izrael ne venis kun la komunumo al la Eternulo? Ĉar estis farita granda ĵuro pri tiuj, kiuj ne venis al la Eternulo en Micpan, ke ili estos mortigitaj.
6ဣသရေလ အမျိုးသား တို့သည်လည်း ၊ ညီ ဗင်္ယာမိန် အတွက် နောင်တရ လျက် ၊ ဣသရေလ အမျိုး အနွယ်တို့တွင် ယနေ့ တမျိုး ဆုံး ပြီ။
6Kaj la Izraelidoj ekpentis pri siaj fratoj la Benjamenidoj, kaj diris: Forhakita estas hodiaŭ unu tribo el Izrael!
7ငါ တို့သည် ကိုယ် သမီး ကို သူ တို့အား မ ပေးစား ရမည်အကြောင်း ၊ ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို သောကြောင့် ၊ ကျန် ကြွင်းသောသူတို့အဘို့ မိန်းမ တို့ကို အဘယ်သို့ ရ နိုင်သနည်းဟူ၍၎င်း၊
7kion ni faros al ili, al la restintoj, koncerne edzinojn? ni ĵuris ja per la Eternulo, ke ni ne donos al ili edzinojn el niaj filinoj.
8ဣသရေလ အမျိုး အနွယ်တို့တွင် အဘယ်သူ သည် မိဇပါ မြို့ ထာဝရဘုရား ထံ တော်သို့ မ လာ ဘဲ နေသနည်းဟူ၍၎င်း မေးမြန်း လျှင် ၊ ဂိလဒ် ပြည်ယာဗက်မြို့သားတယောက် မျှ စုဝေး ရာ တပ် သို့ မ ရောက် မလာကြောင်းကို သိ ကြ၏။
8Kaj ili diris: Kiu homo el la triboj de Izrael ne venis al la Eternulo en Micpan? Kaj tiam montriĝis, ke en la tendaron al la komunumo venis neniu el Jabeŝ en Gilead.
9လူ များတို့ကို ရေတွက် သောအခါ ၊ ဂိလဒ် ပြည်ယာဗက်မြို့သား တယောက် မျှ မပါ။
9Kaj oni reviziis la popolon, kaj montriĝis, ke tie estas neniu el la loĝantoj de Jabeŝ en Gilead.
10ထိုအခါ စုဝေး သောသူတို့သည် စစ်သူရဲ တသောင်း နှစ်ထောင်တို့ကို စေလွှတ် လျက် ၊ သင်တို့သည် သွား ၍ ဂိလဒ် ပြည် ယာဗက်မြို့သား ယောက်ျား မိန်းမ သူငယ် တို့ကို ထား နှင့် လုပ်ကြံ ကြလော့။
10Tiam la komunumo sendis tien dek du mil homojn el la viroj batalkapablaj, kaj ordonis al ili jene: Iru kaj mortigu per glavo la loĝantojn de Jabeŝ en Gilead, ankaŭ la virinojn kaj infanojn.
11သို့ဆိုသော်၊ ယောက်ျား အပေါင်း ကို၎င်း ၊ ယောက်ျား နှင့်ဆက်ဆံ သော မိန်းမ အပေါင်း ကို၎င်း၊ ရှင်းရှင်းပယ်ရှား ကြလော့ဟု မှာ ထားသည်အတိုင်း၊
11Kaj tiel agu: ĉiun virseksulon, kaj ĉiun virinon, kiu ekkonis kuŝejon de viro, ekstermu.
12စစ်သူရဲတို့သည် ဂိလဒ် ပြည် ယာဗက်မြို့သား တို့တွင် ၊ ယောက်ျား နှင့် မ ဆက်ဆံ သေးသော ကညာ မိန်းမ အပျိုလေး ရာ တို့ကို တွေ့ ၍ ခါနာန် ပြည် ၌ တပ် ချရာ၊ ရှိလော မြို့သို့ ဆောင် ခဲ့ကြ၏။
12Kaj ili trovis inter la loĝantoj de Jabeŝ en Gilead kvarcent junajn virgulinojn, kiuj ne ekkonis kuŝejon de viro; kaj ili venigis ilin en la tendaron en Ŝilon, kiu estas en la lando Kanaana.
13တဖန် စုဝေး သော သူအပေါင်း တို့သည်၊ ရိမ္မုန် ကျောက် ၌ နေသော ဗင်္ယာမိန်လူ တို့ကို နှုတ်ဆက် ၍ အသင့်အတင့် ခေါ် ခြင်းငှါ လူတို့ကို စေလွှတ် ကြ၏။
13Kaj la tuta komunumo sendis, por paroli kun la Benjamenidoj, kiuj estis ĉe la roko Rimon, kaj anonci al ili pacon.
14ထိုအခါ ဗင်္ယာမိန် လူတို့သည် လာ ပြန်၍ ၊ ဣသရေလလူတို့သည် အရှင် ချန်ထားသော ဂိလဒ် ပြည် ယာဗက်မြို့သူ မိန်းမ တို့နှင့် ပေးစား ကြ၏။ သို့သော်လည်း မိန်းမတို့သည် မ လောက် မကြေ။
14Tiam la Benjamenidoj revenis, kaj oni donis al ili la virinojn, kiuj restis vivaj el la virinoj de Jabeŝ en Gilead; sed ne estis sufiĉe por ili.
15ထိုသို့ ထာဝရဘုရား သည် ဣသရေလ အမျိုး အနွယ်တို့တွင် ပြိုပျက် ရာကို ပြု တော်မူသောကြောင့် ၊ ဣသရေလလူ တို့သည် ဗင်္ယာမိန် အတွက် နောင်တရ ကြ၏။
15Kaj la popolo bedaŭris pri Benjamen, ĉar la Eternulo faris fendon en la triboj de Izrael.
16စုဝေးရာ ပရိသတ် အသက်ကြီး သူတို့ကလည်း ၊ ဗင်္ယာမိန် အမျိုးထဲက မိန်းမ တို့ကို ပယ်ရှင်း သောကြောင့် ၊ ကျန် ကြွင်းသောသူတို့ အဘို့ မိန်းမ တို့ကို အဘယ်သို့ ရ နိုင်သနည်းဟူ၍၎င်း၊
16Kaj la plejaĝuloj de la komunumo diris: Kion ni faru al la restintoj koncerne edzinojn? ekstermitaj estas ja la virinoj de Benjamen.
17ဣသရေလ အမျိုး တို့တွင် တမျိုးကို မ ပျောက် စေခြင်းငှါ သေ ဘေးမှ လွှတ်သော ဗင်္ယာမိန် လူတို့ အမွေခံ စရာမြေရှိရမည်။
17Kaj ili diris: La restintoj el la Benjamenidoj bezonas ja heredontojn, por ke ne malaperu tribo el Izrael;
18သို့သော်လည်းအကြင်သူသည် ဗင်္ယာမိန် လူ၌ သမီးကို ပေးစား ၏။ ထိုသူသည် ကျိန် အပ်သောသူဖြစ်စေဟုဣသရေလ လူ တို့သည် ကျိန်ဆို ခြင်းကို ပြုသောကြောင့် ငါ တို့သည် ကိုယ် သမီး တို့ကို မ ပေးစား ရ ဟူ၍၎င်း၊
18kaj ni ne povas doni al ili edzinojn el niaj filinoj, ĉar la Izraelidoj ĵuris, dirante: Malbenita estu tiu, kiu donos edzinon al Benjamenido.
19ဗေသလ မြို့ မြောက် ဘက်၊ ဗေသလ မြို့မှ ရှေခင် မြို့သို့ သွား သောလမ်း အရှေ့ ဘက်၊ လေဗောန မြို့တောင် ဘက်၊ ရှိလော မြို့နယ်တွင် ထာဝရဘုရား အဘို့ နှစ် စဉ်ပွဲ ခံတတ်သည်ဟူ၍၎င်း၊ တိုင်ပင်ကြသည်နှင့်အညီ
19Sed ili diris: Jen ĉiujare estas festo de la Eternulo en Ŝilo, kiu estas norde de Bet-El, oriente de la vojo, kiu kondukas de Bet-El al Ŝeĥem, kaj sude de Lebona.
20ဗင်္ယာမိန် လူ တို့ကို ခေါ် ၍ သင်တို့သည် သွား ကြလော့။ စပျစ် ဥယျာဉ်တို့၌ ချောင်းမြောင်း လျက်နေကြလော့။ ရှိလော မြို့သမီး တို့သည် ပွဲခံအံ့သောငှါ က လျက်လာ ကြသောအခါ၊
20Kaj ili ordonis al la Benjamenidoj jene: Iru kaj faru insidon en la vinberĝardenoj;
21စပျစ် ဥယျာဉ်ထဲက ထွက် ပြီးလျှင် ၊ ထိုမြို့သမီး တို့ကို အသီးအသီး ကိုယ် မယား ဖြစ်စေဘို့ ဘမ်းဆီး ၍ ဗင်္ယာမိန် ပြည် သို့ ဆောင် သွားကြလော့။
21kaj kiam vi vidos, ke la knabinoj de Ŝilo eliras, por danci en rondoj, tiam eliru el la vinberĝardenoj kaj kaptu al vi ĉiu edzinon el la knabinoj de Ŝilo kaj iru en la landon de la Benjamenidoj.
22သူ တို့အဘ နှင့်မောင် တို့သည် ငါ တို့ထံ သို့လာ ၍ အမှု လုပ်သောအခါ ၊ ငါတို့က ငါ တို့မျက်နှာကို ထောက်၍ သူ တို့ကို သနား ကြပါ။ စစ်တိုက် ရာတွင် သူ တို့ အသီးအသီးဆိုင်သော မယား တို့ကို သူတို့ အဘို့ ငါတို့သည် မ ချန် မထားမိပါ။ သင်တို့၌ အပြစ် ရောက်စေခြင်းငှါ ယခုပေးစား ကြသည် မ ဟုတ်ဟု သူ တို့အား ပြန်ပြော မည်ဟု မှာ ထားကြသည်အတိုင်း၊
22Kaj se venos iliaj patroj aŭ fratoj kun plendo al ni, ni diros al ili: Pardonu nin pro ili; ĉar ni ne prenis por ĉiu edzinon en la milito, kaj vi ne donis al ili; tial vi estas nun senkulpaj.
23ဗင်္ယာမိန် လူ တို့သည်ပြု ၍ ပွဲခံလျက်က သော မိန်းမတို့ကို ကိုယ် အရေအတွက် အတိုင်း မယားဖြစ်ဘို့ရာ ဘမ်းဆီး ၍ ယူ သွားကြ၏။ ကိုယ် အမွေခံ ရာမြေသို့ ပြန် ရောက်ပြီးလျှင် ၊ မြို့ တို့ကို အသစ် ပြင်ဆင်၍ နေ ကြ၏။
23Kaj tiel agis la Benjamenidoj, kaj prenis edzinojn laŭ sia nombro el la dancrondoj, rabinte ilin; kaj ili iris kaj revenis al sia posedaĵo kaj konstruis urbojn kaj ekloĝis en ili.
24ထိုအခါ ဣသရေလ လူ အပေါင်းတို့သည်လည်း ကိုယ် အမျိုး ၊ ကိုယ် အဆွေ နေရာ ကိုယ် အမွေခံ ရာမြေ သို့ ပြန် သွားကြ၏။
24Kaj en la sama tempo disiris de tie la Izraelidoj, ĉiu al sia tribo kaj al sia familio, kaj ĉiu foriris de tie al sia posedaĵo.
25ထို ကာလ ၌ ဣသရေလ ရှင်ဘုရင် မ ရှိ၊ လူ တိုင်း မိမိ စိတ်အလို ရှိသည်အတိုင်း ပြု သတည်း။
25En tiu tempo ne ekzistis reĝo ĉe Izrael; ĉiu faradis tion, kio plaĉis al li.
Tip: use the ← and → keys to turn chapters.