ဟေရှာယ

Old Testament

Chapter 50
Judson Burmese Bible (18…
vs JPS Tanakh (Jewish…
Aa
Text size
Line width
Verse numbers

ဟေရှာယ 50

Judson Burmese Bible (1840)
JPS Tanakh (Jewish Publication Society, 1917)
1ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါလွှတ် လိုက်သော သင် တို့အမိ ၏ ဖြတ် စာ သည် အဘယ်မှာ ရှိသနည်း။ ငါ ၌ကြွေးရှိ၍ အဘယ် မည်သော ကြွေးရှင် ထံ ၌ သင် တို့ကို ငါရောင်း သနည်း။ သင် တို့သည် ကိုယ်ပြု သော ဒုစရိုက် အတွက် ကျွန်ခံရကြ၏။ သင် တို့အပြစ် ကြောင့် ၊ သင် တို့အမိ ကို ငါလွှတ် လိုက်၏။
1Thus saith the LORD: Where is the bill of your mother's divorcement, wherewith I have put her away? Or which of My creditors is it to whom I have sold you? Behold, for your iniquities were ye sold, and for your transgressions was your mother put away.
2ငါလာ သောအခါ အဘယ်ကြောင့် လူ မ ရှိသနည်း။ ငါခေါ် သောအခါ အဘယ်ကြောင့်မ ထူး သနည်း။ ငါသည် မရွေး မနှုတ်နိုင်အောင် လက် တို သလော။ ကယ်ချွတ် နိုင်သော တန်ခိုး မ ရှိသလော။ ကြည့်ရှု လော့။ ငါ ဆုံးမ သဖြင့် ပင်လယ် ရေသည် ခန်းခြောက် ၏။ မြစ် တို့ကို လွင်ပြင် ဖြစ် စေ၏။ ရေ မ ရှိသောကြောင့် ငါး တို့သည် နံ ကြ၏။ ရေငတ် ၍ သေ ကြ၏။
2Wherefore, when I came, was there no man? when I called, was there none to answer? Is My hand shortened at all, that it cannot redeem? Or have I no power to deliver? Behold, at My rebuke I dry up the sea, I make the rivers a wilderness; their fish become foul, because there is no water, and die for thirst.
3ငါသည် မိုဃ်းကောင်းကင် ကို နက် သော အဝတ် ဝတ် စေ၍ ၊ လျှော်တေ အဝတ်နှင့် ခြုံ ၏။
3I clothe the heavens with blackness, and I make sackcloth their covering.
4ငါသည် ပင်ပန်း သောသူအား မစ ခြင်းငှါ စကားပြောတတ်မည်အကြောင်း၊ အရှင် ထာဝရဘုရား သည် လူတတ်၏ နှုတ် သတ္တိကို ငါ့ အား ပေး တော်မူပြီ။ နံနက် အစဉ်အတိုင်းငါ့ ကို နှိုး တော်မူ၏။ စာ သင်သော သူကဲ့သို့ နားထောင် စေမည်အကြောင်း ငါ့နား ကို နှိုးဆော် တော်မူ၏။
4The Lord GOD hath given me the tongue of them that are taught, that I should know how to sustain with words him that is weary; He wakeneth morning by morning, He wakeneth mine ear to hear as they that are taught.
5အရှင် ထာဝရဘုရား သည် ငါ့ နား ကို ဖွင့် တော်မူ၍၊ ငါ လည်း မ ငြင်း မဆန်၊ နောက် သို့မ ဆုတ်၊
5The Lord GOD hath opened mine ear, and I was not rebellious, neither turned away backward.
6ရိုက် သောသူတို့ အား ငါ့ ကျော ကို၎င်း ၊ နားပန်းဆံကို နှုတ် သောသူတို့အား ၊ ငါ့ ပါး ကို၎င်းငါအပ် ၏။ အရှက်ခွဲ ခြင်းနှင့် တံထွေး ထွေးခြင်းမှ ငါသည် ကိုယ် မျက်နှာ ကိုမ လွှဲ။
6I gave my back to the smiters, and my checks to them that plucked off the hair; I hid not my face from shame and spitting.
7အရှင် ထာဝရဘုရား သည် ငါ့ ကို စောင့်မ တော်မူလိမ့်မည်။ ထို့ကြောင့် ၊ ငါမ ရှုံး ရသည်ဖြစ်၍ ၊ ကိုယ် မျက်နှာ ကို မီးကျောက် ကဲ့သို့ ထား လျက်၊ ရှက် ကြောက်ခြင်းသို့ မ ရောက်ရဟု ငါသိ ၏။
7For the Lord GOD will help me; therefore have I not been confounded; therefore have I set my face like a flint, and I know that I shall not be ashamed.
8ငါ့ ကို အပြစ်လွှတ် သောသူသည် အနီး မှာရှိ၏။ အဘယ်သူ သည် ငါ နှင့် တရား တွေ့မည်နည်း။ ပြိုင် ၍ နေကြကုန်အံ့။ အဘယ် သူသည် ငါ နှင့်ရန်ဘက် ပြုမည်နည်း။ ထိုသူသည် ချဉ်းကပ် စေ။
8He is near that justifieth me; who will contend with me? let us stand up together; who is mine adversary? let him come near to me.
9ကြည့်ရှု လော့။ အရှင် ထာဝရဘုရား သည် ငါ့ ကို စောင့်မ တော်မူမည်။ အဘယ်သူ သည် ငါ့ ကို တရား ရှုံးစေ မည်နည်း။ ထိုသို့သော သူ အပေါင်း တို့သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း ခြင်းသို့ ရောက်ကြလိမ့်မည်။ ပိုး ကိုက်စား ခြင်း ကိုလည်း ခံရကြလိမ့်မည်။
9Behold, the Lord GOD will help me; who is he that shall condemn me? Behold, they all shall wax old as a garment, the moth shall eat them up.
10သင် တို့တွင် အဘယ်သူ သည် ထာဝရဘုရား ကို ကြောက်ရွံ့ သနည်း။ ထိုသူသည် ကိုယ်တော် ကျွန် ၏ စကား သံကို နားထောင် ပါစေ။ အဘယ်သူ သည် အလင်း မ ရှိဘဲ မှောင်မိုက် ၌သွား လာသနည်း။ ထိုသူ သည် ထာဝရဘုရား ၏ နာမ တော်ကို ခိုလှုံ ၍ ၊ မိမိ ဘုရား သခင်ကို အမှီပြု ပါစေ။
10Who is among you that feareth the LORD, that obeyeth the voice of His servant? though he walketh in darkness, and hath no light, let him trust in the name of the LORD, and stay upon his God.
11မီး ကိုညှိ ၍ မိမိတို့ကို မီးပွား တို့နှင့် ဝန်းရံ စေသော သူအပေါင်း တို့၊ သင် တို့မီး ၏အလင်း ၌ ၎င်း၊ သင်တို့ပြုစု သော မီးစ များ၌၎င်း သွား လာကြလော့။ ငါ့ လက် ၌ ခံရသော အကျိုးဟူမူကား၊ သင် တို့သည် ဝမ်းနည်း လျက် အိပ် ရကြလိမ့်မည်။
11Behold, all ye that kindle a fire, that gird yourselves with firebrands, begone in the flame of your fire, and among the brands that ye have kindled. This shall ye have of My hand; ye shall lie down in sorrow.

Tip: use the ← and → keys to turn chapters.