ဟေရှာယ

Old Testament

Chapter 22
Judson Burmese Bible (18…
vs Hebrew Old Testame…
Aa
Text size
Line width
Verse numbers

ဟေရှာယ 22

Judson Burmese Bible (1840)
Hebrew Old Testament (Masoretic Text)
1ဗျာဒိတ် ရူပါရုံချိုင့် နှင့် ဆိုင်သော ဗျာဒိတ် တော် ကား၊ သင့် တမြို့လုံး သည် အိမ်မိုး ပေါ် သို့ တက် ရမည် အကြောင်း ၊ အဘယ် အမှု ရောက်သနည်း။
1מַשָּׂ֖א גֵּ֣יא חִזָּיֹ֑ון מַה־לָּ֣ךְ אֵפֹ֔וא כִּֽי־עָלִ֥ית כֻּלָּ֖ךְ לַגַּגֹּֽות׃
2အထက်က အသံ ဗလံများ ၍ အုတ်အုတ် ကျက်ကျက်ပြုတတ်သောမြို့ ၊ ရွှင်လန်း သောမြို့ ၊ သင်၏ လူသေ တို့သည် ထား လက်နက်ကြောင့် ဆုံး ကြသည်မ ဟုတ်။ စစ် တိုက်ရာမှာ သေ ကြသည် မ ဟုတ်။
2תְּשֻׁאֹ֣ות ׀ מְלֵאָ֗ה עִ֚יר הֹֽומִיָּ֔ה קִרְיָ֖ה עַלִּיזָ֑ה חֲלָלַ֙יִךְ֙ לֹ֣א חַלְלֵי־חֶ֔רֶב וְלֹ֖א מֵתֵ֥י מִלְחָמָֽה׃
3သင် ၏ မင်း အပေါင်း တို့သည် အတူ ပြေး ကြ၏။ လေး သမားတို့ လက်၌ ချည်နှောင် လျက်ရှိကြ၏။ တွေ့ သမျှ သောသင် ၏ လူတို့သည် အဝေး သို့ ပြေး သော်လည်း၊ အတူ ချည်နှောင် လျက်ရှိကြ၏။
3כָּל־קְצִינַ֥יִךְ נָֽדְדוּ־יַ֖חַד מִקֶּ֣שֶׁת אֻסָּ֑רוּ כָּל־נִמְצָאַ֙יִךְ֙ אֻסְּר֣וּ יַחְדָּ֔ו מֵרָחֹ֖וק בָּרָֽחוּ׃
4ထိုကြောင့် ငါဆို သည်ကား၊ ငါ့ ကိုမကြည့် ပါနှင့်။ ပြင်း စွာငို ရမည်။ ငါ့ အမျိုး သတို့သမီး ပျက်စီး သည်ဖြစ်၍၊ ငါ့ စိတ် ပြေစေခြင်းငှါ မ ကြိုးစား ပါနှင့်။
4עַל־כֵּ֥ן אָמַ֛רְתִּי שְׁע֥וּ מִנִּ֖י אֲמָרֵ֣ר בַּבֶּ֑כִי אַל־תָּאִ֣יצוּ לְנַֽחֲמֵ֔נִי עַל־שֹׁ֖ד בַּת־עַמִּֽי׃
5ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား သည်၊ ဗျာဒိတ် ရူပါရုံချိုင့် တွင် စီရင်တော်မူသဖြင့် ၊ ဒုက္ခခံ ရာကာလ ၊ နှိပ်စက် နှောင့်ရှက် ရာကာလ၊ မြို့ရိုး ကို ဖြို ၍ တောင် တို့ကို အော်ဟစ် ရာကာလသည် ရောက်လေပြီ။
5כִּ֣י יֹום֩ מְהוּמָ֨ה וּמְבוּסָ֜ה וּמְבוּכָ֗ה לַֽאדֹנָ֧י יְהוִ֛ה צְבָאֹ֖ות בְּגֵ֣יא חִזָּיֹ֑ון מְקַרְקַ֥ר קִ֖ר וְשֹׁ֥ועַ אֶל־הָהָֽר׃
6ဧလံ အမျိုးသည် မြှားတောင့် ကို ဆောင် လျက်၊ ရထား စီးသူရဲ ၊ မြင်း စီးသူရဲ တို့နှင့်တကွ လာ၏။ ကိရ အမျိုးသည် ဒိုင်း လွှားကို ထုတ် လေ၏။
6וְעֵילָם֙ נָשָׂ֣א אַשְׁפָּ֔ה בְּרֶ֥כֶב אָדָ֖ם פָּֽרָשִׁ֑ים וְקִ֥יר עֵרָ֖ה מָגֵֽן׃
7သင် ၏ အမြတ်ဆုံးသော ချိုင့် တို့သည် ရထား နှင့် ပြည့် ကြ၏။ မြင်း စီးသူရဲတို့သည် မြို့တံခါး ရှေ့ မှာ တပ် ချ ကြ၏။
7וַיְהִ֥י מִבְחַר־עֲמָקַ֖יִךְ מָ֣לְאוּ רָ֑כֶב וְהַפָּ֣רָשִׁ֔ים שֹׁ֖ת שָׁ֥תוּ הַשָּֽׁעְרָה׃
8ယုဒ ပြည်ကို ဖွင့်လှစ် သည် ဖြစ်၍ ၊ သင်သည် ထို အခါ လက်နက် စုံ သိုထားရာ၊ တော နန်း တော်သို့ ကြည့် ရှုလိမ့်မည်။
8וַיְגַ֕ל אֵ֖ת מָסַ֣ךְ יְהוּדָ֑ה וַתַּבֵּט֙ בַּיֹּ֣ום הַה֔וּא אֶל־נֶ֖שֶׁק בֵּ֥ית הַיָּֽעַר׃
9ဒါဝိဒ် ၏မြို့ အပြို အပျက်များ သည်ကို သင်၏ လူတို့သည် မှတ် ရကြလိမ့်မည်။ အောက် ရေကန် မှထွက် သော ရေ ကို စုဝေး စေကြလိမ့်မည်။
9וְאֵ֨ת בְּקִיעֵ֧י עִיר־דָּוִ֛ד רְאִיתֶ֖ם כִּי־רָ֑בּוּ וַֽתְּקַבְּצ֔וּ אֶת־מֵ֥י הַבְּרֵכָ֖ה הַתַּחְתֹּונָֽה׃
10ယေရုရှလင် မြို့၌ ရှိသောအိမ် များကို ရေတွက် ကြလိမ့်မည်။ မြို့ရိုး ကို ပြုပြင် လိုသောငှါ ၊ အိမ် များကို ဖြိုဖျက် ကြလိမ့်မည်။
10וְאֶת־בָּתֵּ֥י יְרוּשָׁלַ֖͏ִם סְפַרְתֶּ֑ם וַתִּתְֿצוּ֙ הַבָּ֣תִּ֔ים לְבַצֵּ֖ר הַחֹומָֽה׃
11ရေကန် ဟောင်း မှထွက်သော ရေ စုဝေးရာကို လည်း၊ မြို့ရိုး နှစ်ထပ်စပ်ကြား တွင် လုပ် ကြလိမ့်မည်။ သို့ရာတွင် ၊ ဤအမှု ကို စီရင် တော်မူသောသူကို သင်တို့သည် မ ကြည့် မမှတ် တတ်ကြ။ ရှေး က ဖန်ဆင်း တော်မူသောသူကို ပမာဏ မ ပြု တတ်ကြ။
11וּמִקְוָ֣ה ׀ עֲשִׂיתֶ֗ם בֵּ֚ין הַחֹ֣מֹתַ֔יִם לְמֵ֖י הַבְּרֵכָ֣ה הַיְשָׁנָ֑ה וְלֹ֤א הִבַּטְתֶּם֙ אֶל־עֹשֶׂ֔יהָ וְיֹצְרָ֥הּ מֵֽרָחֹ֖וק לֹ֥א רְאִיתֶֽם׃
12ထို ကာလ ၌ ငိုကြွေး မြည်တမ်း ခြင်း၊ ဆံပင် ကို ပယ်ဖြတ်ခြင်း၊ လျှော်တေ အဝတ်ကို ဝတ် စည်းခြင်း အလိုငှါ ၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား သည် နှိုးဆော် တိုက်တွန်းတော်မူသော်လည်း၊
12וַיִּקְרָ֗א אֲדֹנָ֧י יְהוִ֛ה צְבָאֹ֖ות בַּיֹּ֣ום הַה֑וּא לִבְכִי֙ וּלְמִסְפֵּ֔ד וּלְקָרְחָ֖ה וְלַחֲגֹ֥ר שָֽׂק׃
13ကြည့် ပါ။ ဝမ်းမြောက် ရွှင်လန်း ခြင်းအမှု၊ သိုး နွား များကိုသတ် ခြင်း၊ အမဲသား စား ခြင်း၊ စပျစ်ရည် သောက် ခြင်း အမှုကို ပြုလျက်၊ ငါတို့သည် စား ကြကုန်အံ့၊ သောက် ကြကုန်အံ့၊ နက်ဖြန် သေ ရ ကြမည်ဟု ပြောဆို ကြသည် တကား။
13וְהִנֵּ֣ה ׀ שָׂשֹׂ֣ון וְשִׂמְחָ֗ה הָרֹ֤ג ׀ בָּקָר֙ וְשָׁחֹ֣ט צֹ֔אן אָכֹ֥ל בָּשָׂ֖ר וְשָׁתֹ֣ות יָ֑יִן אָכֹ֣ול וְשָׁתֹ֔ו כִּ֥י מָחָ֖ר נָמֽוּת׃
14ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ငါ့ နား ၌ ဗျာဒိတ် ပေးတော်မူသည်ကား၊ အကယ် စင်စစ်သင် တို့အပြစ် သည် သင်တို့မသေ မချင်းတိုင်အောင် မ ပြေ မရှင်းရဟု ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရ ဘုရား မိန့် တော်မူ၏။
14וְנִגְלָ֥ה בְאָזְנָ֖י יְהוָ֣ה צְבָאֹ֑ות אִם־יְ֠כֻפַּר הֶעָוֹן֙ הַזֶּ֤ה לָכֶם֙ עַד־תְּמֻת֔וּן אָמַ֛ר אֲדֹנָ֥י יְהוִ֖ה צְבָאֹֽות׃ פ
15ကောင်းကင်ဗိုလ်ခြေ သခင် အရှင်ထာဝရ ဘုရား မိန့် တော်မူသည်ကား၊ ဘဏ္ဍာ တော်စိုး၊ နန်းတော် အုပ် ရှေဗန အိမ်သို့ သွား ပြီးလျှင်၊
15כֹּ֥ה אָמַ֛ר אֲדֹנָ֥י יְהוִ֖ה צְבָאֹ֑ות לֶךְ־בֹּא֙ אֶל־הַסֹּכֵ֣ן הַזֶּ֔ה עַל־שֶׁבְנָ֖א אֲשֶׁ֥ר עַל־הַבָּֽיִת׃
16မြင့် သော အရပ်၌ ကိုယ် သင်္ချိုင်း တွင်းကို ထွင်း ၍၊ ကိုယ် နေရာ ကို ကျောက် ၌ ထုလုပ် သောသူ၊ သင်သည် ဤ အရပ်၌ သင်္ချိုင်း တွင်းကို ကိုယ် အဘို့ ထွင်း စေခြင်းငှါ ၊ ဤ အရပ် နှင့် အဘယ် သို့ဆိုင်သနည်း။
16מַה־לְּךָ֥ פֹה֙ וּמִ֣י לְךָ֣ פֹ֔ה כִּֽי־חָצַ֧בְתָּ לְּךָ֛ פֹּ֖ה קָ֑בֶר חֹצְבִ֤י מָרֹום֙ קִבְרֹ֔ו חֹקְקִ֥י בַסֶּ֖לַע מִשְׁכָּ֥ן לֹֽו׃
17ထာဝရဘုရား သည် ပြင်းစွာ သော နှင်ထုတ် ခြင်း ဖြင့် သင့် ကို နှင်ထုတ် တော်မူလိမ့်မည်။ သင့် ကို အမှန် ကိုင် ဘမ်း၍၊
17הִנֵּ֤ה יְהוָה֙ מְטַלְטֶלְךָ֔ טַלְטֵלָ֖ה גָּ֑בֶר וְעֹטְךָ֖ עָטֹֽה׃
18တလိမ့်လိမ့် လှိမ့် လျက်၊ လောက်လွှဲစာကဲ့သို့ ကျယ် သောပြည် သို့ ပစ်လိုက်တော်မူလိမ့်မည်။ သင်သည် ထို ပြည်၌ သေ ရလိမ့်မည်။ ထို ပြည်၌ လည်း သင် ၏ ကြက်သရေ ရထား တို့သည်၊ သင့် အရှင် ၏ အမျိုး အရှက်ကွဲ စရာ ဖြစ်ရကြလိမ့်မည်။
18צָנֹ֤וף יִצְנָפְךָ֙ צְנֵפָ֔ה כַּדּ֕וּר אֶל־אֶ֖רֶץ רַחֲבַ֣ת יָדָ֑יִם שָׁ֣מָּה תָמ֗וּת וְשָׁ֙מָּה֙ מַרְכְּבֹ֣ות כְּבֹודֶ֔ךָ קְלֹ֖ון בֵּ֥ית אֲדֹנֶֽיךָ׃
19ငါသည်လည်း သင် ၏ အရာ ကို နှုတ် မည်။ သင် ၏ နေရာ မှ သင့် ကိုချ မည်။
19וַהֲדַפְתִּ֖יךָ מִמַּצָּבֶ֑ךָ וּמִמַּעֲמָֽדְךָ֖ יֶהֶרְסֶֽךָ׃
20ထို ကာလ ၌ ငါ့ ကျွန် ၊ ဟိလခိ ၏ သား ဧလျာကိမ် ကို ငါခေါ် ၍၊
20וְהָיָ֖ה בַּיֹּ֣ום הַה֑וּא וְקָרָ֣אתִי לְעַבְדִּ֔י לְאֶלְיָקִ֖ים בֶּן־חִלְקִיָּֽהוּ׃
21သင် ၏ဝတ်လုံ နှင့် ဝတ်ဆင် စေမည်။ သင် ၏ ခါးစည်း နှင့် ချီးမြှောက် ၍ ၊ သင် ၏ အစိုးရ သောအခွင့်ကို အပ် ပြီးလျှင် ၊ သူသည် ယေရုရှလင် မြို့သူ၊ ယုဒ အမျိုးသား တို့၏ အဘ ဖြစ် လိမ့်မည်။
21וְהִלְבַּשְׁתִּ֣יו כֻּתָּנְתֶּ֗ךָ וְאַבְנֵֽטְךָ֙ אֲחַזְּקֶ֔נּוּ וּמֶֽמְשֶׁלְתְּךָ֖ אֶתֵּ֣ן בְּיָדֹ֑ו וְהָיָ֥ה לְאָ֛ב לְיֹושֵׁ֥ב יְרוּשָׁלַ֖͏ִם וּלְבֵ֥ית יְהוּדָֽה׃
22ဒါဝိဒ် မင်းမျိုး ၏ တံခါးသော့ ကိုသူ ၏ ပခုံး ပေါ် မှာ ငါတင် ထားသဖြင့် ၊ သူသည် အဘယ် သူမျှမပိတ် နိုင် အောင် ဖွင့် လိမ့်မည်။ အဘယ်သူမျှမ ဖွင့် နိုင်အောင် ပိတ် လိမ့်မည်။
22וְנָתַתִּ֛י מַפְתֵּ֥חַ בֵּית־דָּוִ֖ד עַל־שִׁכְמֹ֑ו וּפָתַח֙ וְאֵ֣ין סֹגֵ֔ר וְסָגַ֖ר וְאֵ֥ין פֹּתֵֽחַ׃
23မြဲ သော အရပ် ၌ စွဲသောတံစို့ ကဲ့သို့သူ့ ကိုငါစွဲ စေမည်။ သူသည် မိမိ အဘ ၏ အိမ် ၌ ကြက်သရေ ပလ္လင် ဖြစ် လိမ့်မည်။
23וּתְקַעְתִּ֥יו יָתֵ֖ד בְּמָקֹ֣ום נֶאֱמָ֑ן וְהָיָ֛ה לְכִסֵּ֥א כָבֹ֖וד לְבֵ֥ית אָבִֽיו׃
24သူ ၏ အဘ အိမ် ၌ ရှိသမျှ သော ဘုန်း အသရေ၊ အမျိုး အနွယ်၊ အမြတ်အယုတ် ၊ ခွက်ဖလားရှိသမျှ ၊ အင်တုံ ၊ အိုး အမျိုးမျိုး တို့ကို သူ ၌ ဆွဲ ထားကြလိမ့်မည်။
24וְתָל֨וּ עָלָ֜יו כֹּ֣ל ׀ כְּבֹ֣וד בֵּית־אָבִ֗יו הַצֶּֽאֱצָאִים֙ וְהַצְּפִעֹ֔ות כֹּ֖ל כְּלֵ֣י הַקָּטָ֑ן מִכְּלֵי֙ הָֽאַגָּנֹ֔ות וְעַ֖ד כָּל־כְּלֵ֥י הַנְּבָלִֽים׃
25ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ တွင် မြဲ သောအရပ် ၌ အရင်စွဲ သောတံစို့ သည် နေရာမှရွှေ့ ၍ ၊ ခုတ် လှဲခြင်းကိုခံရလိမ့်မည်။ သူ ၌ ဆွဲထားသော ဥစ္စာ သည်လည်း ၊ ခုတ် ပယ်ခြင်းကိုခံရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ ၏။
25בַּיֹּ֣ום הַה֗וּא נְאֻם֙ יְהוָ֣ה צְבָאֹ֔ות תָּמוּשׁ֙ הַיָּתֵ֔ד הַתְּקוּעָ֖ה בְּמָקֹ֣ום נֶאֱמָ֑ן וְנִגְדְּעָ֣ה וְנָפְלָ֗ה וְנִכְרַת֙ הַמַּשָּׂ֣א אֲשֶׁר־עָלֶ֔יהָ כִּ֥י יְהוָ֖ה דִּבֵּֽר׃ ס

Tip: use the ← and → keys to turn chapters.