ဟေရှာယ

Old Testament

Chapter 11
Judson Burmese Bible (18…
vs Synodal Translatio…
Aa
Text size
Line width
Verse numbers

ဟေရှာယ 11

Judson Burmese Bible (1840)
Synodal Translation (Синодальный перевод)
1ယေရှဲ အမျိုးအငုတ် ၌ အတက် ပေါက် လိမ့်မည်။ သူ ၏အမြစ် တို့တွင် အညွန့် သည် အသီးသီး လိမ့်မည်။
1И произойдет отрасль от корня Иессеева, и ветвь произрастет от корня его;
2ထာဝရဘုရား ၏ ဝိညာဉ် တော်တည်းဟူသောဉာဏ် ပညာ ကို ပေးသောဝိညာဉ် ၊ ကြံစည် တတ်စွမ်း နိုင် သော သတ္တိ ကိုပေးသောဝိညာဉ် ၊ ထာဝရဘုရား ကိုသိ ၍ ကြောက်ရွံ့ သောသဘောကို ပေးသောဝိညာဉ် တော်သည် ထိုသူ အပေါ် မှာ ကျိန်းဝပ် တော်မူလိမ့်မည်။
2и почиет на нем Дух Господень, дух премудрости и разума, дух совета и крепости, дух ведения и благочестия;
3ထိုသူသည် ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်း၌ မွေ့လျော် သည်ဖြစ်၍ ၊ မိမိ မျက်စိ မြင် သည်အတိုင်း တရား မ စီရင်၊ မိမိ နား ကြား သည်အတိုင်း မ ဆုံးဖြတ် ဘဲ၊
3и страхом Господним исполнится, и будет судить не по взгляду очей Своих и не по слуху ушей Своих решать дела.
4ဆင်းရဲ သားတို့၏ အမှုကိုတရား တော် အတိုင်း စီရင် ၍ ၊ နှိမ့်ချ သော မြေကြီး သားတို့ဘက် ၌ နေလျက်၊ ဖြောင့်မတ် စွာ ဆုံးဖြတ် လိမ့်မည်။ မြေကြီး ကိုနှုတ်ကပတ် တော်လှံတံ နှင့် ဒဏ်ခတ် ၍ ၊ ဆိုး သောသူကို နှုတ်ခမ်း ထွက်သက် နှင့် ကွပ်မျက် လိမ့်မည်။
4Он будет судить бедных по правде, и дела страдальцев земли решать по истине; и жезлом уст Своих поразит землю, и духом уст Своих убьет нечестивого.
5တရား နှင့် သစ္စာ သည် သူ ၏ ခါးပန်း ခါးစည်း ဖြစ်လိမ့်မည်။
5И будет препоясанием чресл Его правда, и препоясанием бедр Его - истина.
6တောခွေး သည် သိုးသငယ် နှင့်အတူ နေ လိမ့်မည်။ ကျားသစ် သည် ဆိတ်သငယ် နှင့်အတူ အိပ် လိမ့်မည်။ နွားသငယ် ၊ ခြင်္သေ့ သငယ်၊ ဆူ အောင်ကျွေးသော အကောင်တို့သည် အတူ သွားလာကြ၍ ၊ လူသူငယ် သည် သူ တို့ကို ပို့ဆောင် လိမ့်မည်။
6Тогда волк будет жить вместе с ягненком, и барс будет лежать вместе с козленком; и теленок, и молодой лев, и вол будут вместе, и малое дитя будет водить их.
7နွားမ နှင့် ဝံ မသည် အတူကျက်စား ၍၊ သူ တို့ သား ငယ်များသည် အတူ အိပ် ကြလိမ့်မည်။ ခြင်္သေ့ သည် လည်း နွား ကဲ့သို့ မြက် ကိုစား လိမ့်မည်။
7И корова будет пастись с медведицею, и детеныши их будут лежать вместе, и лев, как вол, будет есть солому.
8နို့စို့ သူငယ်သည်လည်း မြွေဆိုး တွင်း ပေါ် မှာ ကစား လိမ့်မည်။ နို့ကွာသော သူငယ် သည်လည်း ၊ မြွေ ဟောက်တွင်း ဝ၌ မိမိ လက် ကိုသွင်း လိမ့်မည်။
8И младенец будет играть над норою аспида, и дитя протянет руку свою на гнездо змеи.
9ငါ ၏ သန့်ရှင်း သောတောင် တပြင်လုံး ၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား၊ ပင်လယ် ရေသည် မိမိနေရာကို လွှမ်းမိုး သကဲ့သို့ ၊ မြေကြီး သည် ထာဝရဘုရား ကို သိကျွမ်း ခြင်းပညာနှင့် ပြည့်စုံ လိမ့်မည်။
9Не будут делать зла и вреда на всей святой горе Моей, ибо земля будет наполнена ведением Господа, как воды наполняют море.
10ထို ကာလ ၌ ယေရှဲ ၏အမြစ် သည် ပေါက်၍၊ လူ များ အဘို့ထူ သော အလံ ဖြစ်လိမ့်မည်။ ထိုအလံ ၌ တပါးအမျိုးသား တို့သည် ဆည်းကပ် ကြလိမ့်မည်။ ကျိန်းဝပ် တော်မူရာအရပ်သည်လည်း ဘုန်းကြီး လိမ့်မည်။
10И будет в тот день: к корню Иессееву, который станет, как знамя для народов, обратятся язычники, и покой его будет слава.
11ထို ကာလ ၌ ထာဝရဘုရား သည် လက် တော်ကို ဆန့်၍၊ ကျန် ကြွင်းသော ကိုယ်တော် ၏ လူ တို့ကိုအာရှုရိ ပြည်၊ အဲဂုတ္တု ပြည်၊ ပါသရု ပြည်၊ ကုရှ ပြည်၊ ဧလံ ပြည်၊ ရှိနာ ပြည်၊ ဟာမတ် ပြည်၊ ပင်လယ် တဘက်၌ရှိသောပြည် များတို့မှ ကယ် ယူခြင်းငှါ တဖန် ပြု တော်မူလိမ့်မည်။
11И будет в тот день: Господь снова прострет руку Свою, чтобы возвратить Себе остаток народа Своего, какой останется у Ассура, и в Египте, и в Патросе, и у Хуса, и у Елама, и в Сеннааре, и в Емафе, и на островах моря.
12တပါးအမျိုးသား တို့အဘို့ အလံ ကိုထူ တော်မူသဖြင့် ၊ နှင်ထုတ် သောဣသရေလ အမျိုးသားနှင့် ၊ အရပ်ရပ် ကွဲပြား သောယုဒ အမျိုးသားတို့ကို မြေကြီး လေး မျက်နှာ တို့မှ ခေါ်၍ စုဝေး စေတော်မူလိမ့်မည်။
12И поднимет знамя язычникам, и соберет изгнанников Израиля, и рассеянных Иудеев созовет от четырех концов земли.
13ဧဖရိမ် အမျိုးသည် ငြူစူ သောစိတ်ငြိမ်း လိမ့်မည်။ ရန်ပြု တတ်သော ယုဒ အမျိုးသားတို့သည်လည်း ၊ ရန်ပြေ ကြလိမ့်မည်။ ဧဖရိမ် အမျိုးသည် ယုဒ အမျိုးကို မ ငြူစူ ရ။ ယုဒ အမျိုးလည်း ဧဖရိမ် အမျိုးကို ရန် မ ပြုရ။
13И прекратится зависть Ефрема, и враждующие против Иуды будут истреблены. Ефрем не будет завидовать Иуде, и Иуда не будет притеснять Ефрема.
14သူတို့သည် အနောက် ဘက်၌ ဖိလိတ္တိ လူများကို လိုက် ၍ တိုက်ကြလိမ့်မည်။ အရှေ့ ပြည်သား တို့၏ ဥစ္စာကို အတူ လုယူ ကြလိမ့်မည်။ ဧဒုံ အမျိုးနှင့် မောဘ အမျိုး ကိုလည်း လုပ်ကြံ ကြလိမ့်မည်။ အမ္မုန် အမျိုးသား တို့ သည်သူ တို့၏အုပ်စိုးခြင်းကိုခံ ရကြလိမ့်မည်။
14И полетят на плеча Филистимлян к западу, ограбят всех детей Востока; на Едома и Моава наложат руку свою, и дети Аммона будут подданными им.
15ထာဝရဘုရား သည်လည်း ၊ အဲဂုတ္တု ပင်လယ် ၏ လျှာ ကိုဖျောက်ဖျက် တော်မူမည်။ ပြင်း စွာသောလေ တော် နှင့်တကွ လက် တော်ကိုမြစ် ပေါ် မှာလှုပ် ၍ ၊ ချောင်း ခုနစ် သွယ်ဖြစ်စေခြင်းငှါ ရိုက်ခတ် တော်မူသဖြင့် ၊ လူတို့သည် ခြေနင်း စီးလျက် ကျော် သွားကြလိမ့်မည်။
15И иссушит Господь залив моря Египетского, и прострет руку Свою на реку в сильном ветре Своем, и разобьет ее на семь ручьев, так что в сандалиях могут переходить ее.
16ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တု ပြည် မှ ထွက် သွားသောအခါ၌ ဖြစ်သကဲ့သို့ ၊ အာရှုရိ ပြည်မှ ကျန် ကြွင်းသော ကိုယ်တော် ၏လူ တို့သွားရာလမ်း ကြီးဖြစ် ရလိမ့်မည်။
16Тогда для остатка народа Его, который останется у Ассура, будет большая дорога, как это было для Израиля, когда он выходил из земли Египетской.

Tip: use the ← and → keys to turn chapters.