ဟောရှေ 13
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Hebrew Old Testament (Masoretic Text)
1ဧဖရိမ် သည် နှုတ်မြွက် သောအခါ သူတပါး ကြောက်လန့် တတ်၏။ သူ သည် ဣသရေလ အမျိုး၌ မြင့်မြတ် ၏။ နောက် တဖန် ဗာလ ဘုရားအားဖြင့် ပြစ်မှား သောကြောင့် သေ ၏။
1כְּדַבֵּ֤ר אֶפְרַ֙יִם֙ רְתֵ֔ת נָשָׂ֥א ה֖וּא בְּיִשְׂרָאֵ֑ל וַיֶּאְשַׁ֥ם בַּבַּ֖עַל וַיָּמֹֽת׃
2ယခု မှာ အထပ်ထပ်ပြစ်မှား ၍ ကိုယ် ဉာဏ် ပညာ အားဖြင့် အရည် သွန်းသော ငွေ ရုပ်တု ၊ ဆရာသမား လုပ် တတ်သော ရုပ်တု ဆင်းတုများကို ကိုယ့် အဘို့ လုပ် ကြ ၏။ လုပ်ပြီးမှယဇ် ပူဇော်သောသူသည် နွားသငယ် ကို နမ်း စေဟု ဆို တတ်ကြ၏။
2וְעַתָּ֣ה ׀ יֹוסִ֣פוּ לַחֲטֹ֗א וַיַּעְשׂ֣וּ לָהֶם֩ מַסֵּכָ֨ה מִכַּסְפָּ֤ם כִּתְבוּנָם֙ עֲצַבִּ֔ים מַעֲשֵׂ֥ה חָרָשִׁ֖ים כֻּלֹּ֑ה לָהֶם֙ הֵ֣ם אֹמְרִ֔ים זֹבְחֵ֣י אָדָ֔ם עֲגָלִ֖ים יִשָּׁקֽוּן׃
3ထိုကြောင့် ၊ သူတို့သည် နံနက် မိုဃ်းတိမ် ကဲ့သို့ ၎င်း ၊ စောစော ကွယ်ပျောက် တတ်သော နှင်း ကဲ့သို့ ၎င်း ၊ ကောက်နယ် တလင်းမှ လေဘွေ တိုက်သွားသော ဖွဲ ကဲ့သို့ ၎င်း ၊ မီးဖို ထဲက ထွက်သော မီးခိုး ကဲ့သို့ ၎င်း ဖြစ် ရကြ လိမ့်မည်။
3לָכֵ֗ן יִֽהְיוּ֙ כַּעֲנַן־בֹּ֔קֶר וְכַטַּ֖ל מַשְׁכִּ֣ים הֹלֵ֑ךְ כְּמֹץ֙ יְסֹעֵ֣ר מִגֹּ֔רֶן וּכְעָשָׁ֖ן מֵאֲרֻבָּֽה׃
4သို့ရာတွင် ၊ ငါ ထာဝရဘုရား သည် သင့်ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ်သောသင် ၏ဘုရား သခင်ဖြစ်၏။ ငါ မှတပါး အခြားသော ဘုရား သခင်ကို သင်မ သိ ပြီ။ ငါ မှတပါး ကယ်တင် နိုင်သော သခင်မ ရှိ။
4וְאָנֹכִ֛י יְהוָ֥ה אֱלֹהֶ֖יךָ מֵאֶ֣רֶץ מִצְרָ֑יִם וֵאלֹהִ֤ים זֽוּלָתִי֙ לֹ֣א תֵדָ֔ע וּמֹושִׁ֥יעַ אַ֖יִן בִּלְתִּֽי׃
5အလွန် သွေ့ခြောက်သော အရပ် တည်းဟူသော တော ၌ ပင် သင့် ကို ငါ သိ ပြီ။ ကျက်စား ရာအရပ်၌ ဝပြော စွာ စားရကြ၏။
5אֲנִ֥י יְדַעְתִּ֖יךָ בַּמִּדְבָּ֑ר בְּאֶ֖רֶץ תַּלְאֻבֹֽות׃
6ဝ သောအခါ ဝါကြွား သောစိတ် ရှိ၍ ငါ့ ကို မေ့လျော့ ကြ၏။
6כְּמַרְעִיתָם֙ וַיִּשְׂבָּ֔עוּ שָׂבְע֖וּ וַיָּ֣רָם לִבָּ֑ם עַל־כֵּ֖ן שְׁכֵחֽוּנִי׃
7ထိုကြောင့် ၊ သူ တို့၌ ငါသည် ခြင်္သေ့ ကဲ့သို့ ဖြစ် မည်။ လမ်း နားမှာ ချောင်းသော ကျားသစ် ကဲ့သို့ သူတို့ကို ချောင်းမြောင်း မည်။
7וָאֱהִ֥י לָהֶ֖ם כְּמֹו־שָׁ֑חַל כְּנָמֵ֖ר עַל־דֶּ֥רֶךְ אָשֽׁוּר׃
8သား ပျောက်သော ဝံ မကဲ့သို့ သူ တို့ကို ငါဆီးကြို၍၊ သူ တို့နှလုံး ၌ ဖုံးသော အမြှေးကို ဆုတ်ဖဲ့ မည်။ ခြင်္သေ့ မင်းကဲ့သို့ တွေ့သောအရပ်၌ပင် ငါကိုက်စား မည်။ တော သားရဲ ဖြစ်၍အပိုင်းပိုင်းဆွဲဖြတ် မည်။
8אֶפְגְּשֵׁם֙ כְּדֹ֣ב שַׁכּ֔וּל וְאֶקְרַ֖ע סְגֹ֣ור לִבָּ֑ם וְאֹכְלֵ֥ם שָׁם֙ כְּלָבִ֔יא חַיַּ֥ת הַשָּׂדֶ֖ה תְּבַקְּעֵֽם׃
9အို ဣသရေလ ၊ သင့် ကို ကယ်တင် နိုင်သော အရှင် ငါ့ ကို သင် သည် ဆန့်ကျင် ဘက်ပြုသောကြောင့် အကျိုးနည်း ရှိ၏။
9שִֽׁחֶתְךָ֥ יִשְׂרָאֵ֖ל כִּֽי־בִ֥י בְעֶזְרֶֽךָ׃
10သင် ၏ ရှင် ဘုရင်သည် အဘယ် မှာရှိသနည်း။ သင့် နေရာမြို့ ရှိသမျှ တို့၌ ကယ်တင် ပါစေသော။ သင် ၏ တရားသူကြီး တို့သည် အဘယ်မှာရှိကြသနည်း။
10אֱהִ֤י מַלְכְּךָ֙ אֵפֹ֔וא וְיֹושִֽׁיעֲךָ֖ בְּכָל־עָרֶ֑יךָ וְשֹׁ֣פְטֶ֔יךָ אֲשֶׁ֣ר אָמַ֔רְתָּ תְּנָה־לִּ֖י מֶ֥לֶךְ וְשָׂרִֽים׃
11ရှင်ဘုရင် နှင့် မင်း များကိုပေး ပါဟု သင် တောင်း သောကြောင့် ၊ ငါ အမျက် ထွက်၍ ရှင် ဘုရင်ကိုပေး ပြီ။ တဖန်ပြင်းစွာအမျက်ထွက် ၍ ရှင်ဘုရင်ကို ပယ်ရှား ပြီ။
11אֶֽתֶּן־לְךָ֥ מֶ֙לֶךְ֙ בְּאַפִּ֔י וְאֶקַּ֖ח בְּעֶבְרָתִֽי׃ ס
12ဧဖရိမ် ပြုသောဒုစရိုက် ကို ငါထုပ် ထား၍ သူ ၏ အပြစ် ကို သိုမှီး ပြီ။
12צָרוּר֙ עֲוֹ֣ן אֶפְרָ֔יִם צְפוּנָ֖ה חַטָּאתֹֽו׃
13သူ သည် သားဘွား သော မိန်းမကဲ့သို့ဝေဒနာ ကို ခံရ ချိန်နီးပြီ။ မိုက် သောအမျိုးသား ဖြစ်၏။ သားဘွား ရာ ဝမ်းဝ၌ ကြာမြင့် စွာနေပါသည်တကား။
13חֶבְלֵ֥י יֹֽולֵדָ֖ה יָבֹ֣אוּ לֹ֑ו הוּא־בֵן֙ לֹ֣א חָכָ֔ם כִּֽי־עֵ֥ת לֹֽא־יַעֲמֹ֖ד בְּמִשְׁבַּ֥ר בָּנִֽים׃
14သူ တို့ကို မရဏာ နိုင်ငံတန်ခိုး မှ ငါကယ်လွှတ် မည်။ သေ မင်းလက်မှ လည်း ရွေး မည်။ အိုသေမင်း ၊ သင့် ကို ကာလနာ စွဲစေမည်။ အိုမရဏာ နိုင်ငံ၊ သင် ၌ ဖျက်ဆီး သောဘေးကို ရောက်စေမည်။ နောင်တ ရမည်အကြောင်းကို ပမာဏ မ ပြု။
14מִיַּ֤ד שְׁאֹול֙ אֶפְדֵּ֔ם מִמָּ֖וֶת אֶגְאָלֵ֑ם אֱהִ֨י דְבָרֶיךָ֜ מָ֗וֶת אֱהִ֤י קָֽטָבְךָ֙ שְׁאֹ֔ול נֹ֖חַם יִסָּתֵ֥ר מֵעֵינָֽי׃
15မိမိ ညီအစ်ကို တို့တွင် အသီး များစွာသီးတတ် သော်လည်း ၊ အရှေ့ လေလာ လိမ့်မည်။ ထာဝရဘုရား ၏ လေ သည် တော မှ လာ ၍ သူ ၏စမ်းရေ တွင်းကို ခန်းခြောက် စေသဖြင့် ရေ ပြတ် လိမ့်မည်။ ဘဏ္ဍာ တိုက်၌ ရှိသမျှ သော တန်ဆာ အကောင်း အမြတ်တို့ကို ရန်သူလုယူ လိမ့်မည်။
15כִּ֣י ה֔וּא בֵּ֥ן אַחִ֖ים יַפְרִ֑יא יָבֹ֣וא קָדִים֩ ר֨וּחַ יְהוָ֜ה מִמִּדְבָּ֣ר עֹלֶ֗ה וְיֵבֹ֤ושׁ מְקֹורֹו֙ וְיֶחֱרַ֣ב מַעְיָנֹ֔ו ה֣וּא יִשְׁסֶ֔ה אֹוצַ֖ר כָּל־כְּלִ֥י חֶמְדָּֽה׃
16ရှမာရိ မြို့သည် မိမိ ဘုရား သခင်ကို ပုန်ကန် သောကြောင့် ပျက်စီး လိမ့်မည်။ မြို့သားတို့သည် ထား ဖြင့် လဲ ၍ သေကြလိမ့်မည်။ သူငယ် တို့သည် မြေပေါ်မှာဆောင့်ဖွပ် ခြင်းကို၎င်း ၊ ကိုယ်ဝန် ဆောင်သောမိန်းမတို့ သည် ဝမ်းခွဲ ခြင်းကို၎င်းခံရကြလိမ့်မည်။
no verse 16 in this text
Tip: use the ← and → keys to turn chapters.