ကမ္ဘာဦးကျမ်း 9
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Bíblia Portuguesa Mundial (Brazilian Portuguese)
1ဘုရား သခင်သည်လည်း ၊ နောဧ နှင့် သူ ၏သား တို့ကိုကောင်းကြီး ပေးတော်မူ၍ ၊ သင်တို့သည်များပြား စွာ မွေးဘွား လျက် မြေကြီး ပြည့် စေကြလော့။
1Deus abençoou Noé e seus filhos, e lhes disse: “Sejam frutíferos, multipliquem-se e encham a terra.
2မြေ တိရစ္ဆာန် ၊ မိုဃ်းကောင်းကင် ငှက် အစ ရှိသော၊ မြေ ပေါ်မှာ လှုပ်ရှား တတ်သမျှ နှင့် ၊ ပင်လယ် ငါး အပေါင်း တို့သည်၊ သင် တို့ရှေ့မှာကြောက်ရွံ့ တုန်လှုပ် ခြင်းသဘောရှိ ကြလိမ့်မည်။ ထိုတိရိစ္ဆာန်တို့ကို သင် တို့လက် ၌ ငါ အပ် ၏။
2O temor e o pavor de vocês estarão sobre todos os animais da terra e sobre todas as aves do céu. Tudo o que se move sobre o chão, e todos os peixes do mar, são entregues em suas mãos.
3အသက် ရှင်၍ လှုပ်ရှား တတ်သမျှ သည်၊ အသီး အရွက်ကဲ့သို့ ၊ သင် တို့စားစရာ ဘို့ ဖြစ် ရမည်။ ခပ်သိမ်း သောအရာတို့ကို သင် တို့၌ ငါအပ်ပေး ၏။
3Tudo o que se move e tem vida será alimento para vocês. Assim como lhes dei as plantas verdes, eu lhes dei todas as coisas.
4သို့သော်လည်း အသက် တည်းဟူသောအသွေးနှင့်တကွ အသား ကို မ စား ရ။
4Mas a carne com a sua vida, ou seja, o seu sangue, vocês não comerão.
5အကယ်၍ သင် တို့အသက် တည်းဟူသော၊ သင် တို့အသွေး ကို ငါတောင်း မည်။ လူ ၊ တိရစ္ဆာန် အပေါင်း တို့၌ ငါတောင်း မည်။ ခပ်သိမ်းသော လူ တို့၏ ညီအစ်ကို ၌ လူ ၏အသက် ကို ငါတောင်း မည်။
5Certamente pedirei contas do sangue da vida de vocês. Das mãos de todos os animais eu o requererei. Das mãos do homem, sim, das mãos do irmão de cada homem, eu requererei a vida do homem.
6အကြင်သူသည် လူ ၏အသွေး ကိုသွန်း ၏။ ထိုသူ ၏အသွေး ကို လူ လက်ဖြင့် သွန်း ရမည်။ အကြောင်းမူကား ဘုရား သခင်သည် မိမိပုံသဏ္ဍာန် နှင့်အညီ လူ ကို ဖန်ဆင်း တော်မူ၏။
6Quem derramar o sangue do homem, pelo homem o seu sangue será derramado, pois Deus fez o homem à sua própria imagem.
7သင် တို့သည် သားကိုဘွား ၍ များပြား ကြလော့။ မြေ ပေါ် မှာ အလွန်မွေးဘွား ၍ များပြား ကြလော့ဟု မိန့် တော်မူ၏။
7Quanto a vocês, sejam frutíferos e multipliquem-se. Cresçam abundantemente na terra e multipliquem-se nela.”
8တဖန် ဘုရား သခင်သည်၊ နောဧ နှင့် သူ ၏သား တို့ကို မိန့် တော်မူသည်ကား၊
8Deus falou a Noé e aos seus filhos que estavam com ele, dizendo:
9သင် တို့နှင့် ၎င်း၊ နောက် ဖြစ်လတံ့သော အမျိုး အနွယ်နှင့်၎င်း၊
9“Quanto a mim, eis que estabeleço a minha aliança com vocês e com a sua descendência depois de vocês,
10သင် တို့ထံမှာ အသက် ရှင်သော တိရစ္ဆာန် တည်းဟူသော ငှက် ၊ သားယဉ် ၊ သားရဲ ရှိသမျှ သင်္ဘော ထဲက ထွက် ဆင်းသမျှ မှစ၍ ၊ မြေ တိရစ္ဆာန် အပေါင်း တို့နှင့် ၎င်း၊ ငါ သည်ကိုယ်တိုင်ပဋိညာဉ် ပြု ၏။
10e com toda criatura vivente que está com vocês: as aves, os rebanhos e todos os animais da terra que estão com vocês, todos os que saíram da arca, sim, todos os animais da terra.
11သင် တို့နှင့် ငါ ပြု သော ပိဋိညာဉ် ဟူမူကား ၊ ရေ လွှမ်းမိုး ခြင်းအားဖြင့် ၊ ခပ်သိမ်း သော သတ္တဝါ တို့သည် နောက် တဖန်မ ဆုံး ရကြ။ မြေကြီး ကို ဖျက်ဆီး ဘို့ ရာနောက် တဖန်ရေ လွှမ်းမိုးခြင်း မ ရှိ ရ။
11Estabelecerei a minha aliança com vocês: Nunca mais toda a carne será exterminada pelas águas do dilúvio. Nunca mais haverá um dilúvio para destruir a terra.”
12ထိုမှတပါး ငါ တဘက်၊ သင် တို့နှင့် သင် တို့ထံမှာ အသက် ရှင်သမျှ သောတိရစ္ဆာန် တို့ တစ်ဖက်၌ သား မြေး အစဉ် အဆက်မပြတ်၊ ငါ ပြု သော ပဋိညာဉ် ၏ လက္ခဏာ သက်သေဟူမူကား၊
12Deus disse: “Este é o sinal da aliança que faço entre mim e vocês, e toda criatura vivente que está com vocês, para todas as gerações perpétuas:
13ငါ ၏ သက်တံ့ ကို မိုဃ်း တိမ်၌ ငါထား ၏။ ထိုသက်တံ့သည် မြေကြီး နှင့် ငါ ပြုသော ပဋိညာဉ် ၏ သက်သေ ဖြစ် လိမ့်မည်။
13Coloco o meu arco-íris na nuvem, e ele será um sinal de uma aliança entre mim e a terra.
14ငါ သည် မိုဃ်း ကို အုံ့စေသောအခါ ၊ မိုဃ်းတိမ် ၌ သက်တံ့ သည် ထင်ရှား လိမ့်မည်။
14Quando eu trouxer uma nuvem sobre a terra, e o arco-íris for visto na nuvem,
15ထိုအခါငါ တဘက်၊ သင် တို့မှစ၍ ၊ အသက် ရှင်သောသတ္တဝါ ၊ တိရစ္ဆာန်ရှိသမျှ တို့ တစ်ဖက်၌ရှိသော ၊ ငါ ၏ ပဋိညာဉ် ကိုငါ အောက်မေ့ သဖြင့် ခပ်သိမ်း သော သတ္တဝါ တို့ကို ဖျက်ဆီး ခြင်းငှါ နောက် တဖန်ရေ လွှမ်းမိုးခြင်းမ ရှိ ရ။
15eu me lembrarei da minha aliança, que há entre mim e vocês e toda criatura vivente de todas as espécies, e as águas nunca mais se tornarão um dilúvio para destruir toda a carne.
16မိုဃ်းတိမ် ၌ သက်တံ့ ရှိ သည်ကို ငါကြည့်ရှု သဖြင့် ၊ ဘုရား သခင်နှင့် မြေကြီး ပေါ် မှာ အသက် ရှင်သော သတ္တဝါ တိရစ္ဆာန်အပေါင်း တို့ စပ်ကြား မှာရှိသော ထာဝရ ပဋိညာဉ် ကို ငါအောက်မေ့ မည်။
16O arco-íris estará na nuvem. Eu olharei para ele, para me lembrar da aliança eterna entre Deus e toda criatura vivente de toda a carne que está sobre a terra.”
17ဤ သည်ကား ငါ နှင့် မြေကြီး ပေါ် မှာရှိသော သတ္တဝါ အပေါင်း တို့၏ စပ်ကြား မှာ၊ ငါအမြဲဖွဲ့ သော ပဋိညာဉ် ၏ လက္ခဏာ သက်သေဖြစ်သတည်းဟု နောဧ ကို ဘုရား သခင်မိန့် တော်မူ၏။
17Deus disse a Noé: “Este é o sinal da aliança que estabeleci entre mim e toda a carne que está sobre a terra.”
18သင်္ဘော ထဲက ထွက် ဆင်းသော နောဧ သား တို့၏အမည်ကား ရှေမ ၊ ဟာမ ၊ ယာဖက် တည်း၊ ဟာမ သည် ခါနာန် ၏ အဘ ဖြစ် ၏။
18Os filhos de Noé que saíram da arca foram Sem, Cam e Jafé. Cam é o pai de Canaã.
19ဤ သူတို့သည် နောဧ ၏ သား သုံး ယောက်ဖြစ်၍ မြေကြီး တပြင်လုံး ၌ နှံ့ပြား ကြ၏။
19Estes três foram os filhos de Noé, e a partir deles toda a terra foi povoada.
20နောဧ သည် လယ် လုပ်သောအတတ်ကို ပြုစု ၍ ၊ စပျစ် ဥယျာဉ်ကို စိုက် လေ၏။
20Noé começou a ser agricultor e plantou uma vinha.
21စပျစ် ရည်ကိုလည်း သောက် ၍ ယစ်မူး သဖြင့် ၊ မိမိ ထဲ ၌ အဝတ် မခြုံဘဲနေလေ၏။
21Ele bebeu do vinho, embriagou-se e ficou descoberto dentro de sua tenda.
22ခါနာန် ၏ အဘ ဟာမ သည်၊ မိမိ အဘ ၌ အဝတ်အချည်းစည်း ရှိသည်ကိုမြင် လျှင် ပြင် မှာ ရှိသော အစ်ကို နှစ် ယောက်ကို ပြော လေ၏။
22Cam, o pai de Canaã, viu a nudez de seu pai e contou aos seus dois irmãos que estavam do lado de fora.
23ရှေမ နှင့် ယာဖက် တို့သည် အဝတ် ကိုယူ ၍ ပခုံး ပေါ် မှာ တင် ပြီးလျှင် ၊ နောက် သို့ဆုတ်သွား ၍ မိမိ အဘ ၌၊ အဝတ်အချည်းစည်း ရှိသည်ကို ဖုံး ကြ၏။ သူ တို့သည် အပြင်သို့မျက်နှာ ပြုသောကြောင့် ၊ မိမိ အဘ ၌ အဝတ် အချည်းစည်း ရှိသည်ကို မ မြင် ရ။
23Sem e Jafé pegaram uma capa, colocaram-na sobre os ombros de ambos, entraram de costas e cobriram a nudez de seu pai. Seus rostos estavam virados para trás, e eles não viram a nudez de seu pai.
24နောဧ သည် ယစ်မူးခြင်းပျောက်၍ နိုး သောအခါ ၊ မိမိ ၌သား ငယ် ပြု သည်ကို သိ လျှင်၊
24Quando Noé acordou do seu vinho, soube o que o seu filho caçula lhe havia feito.
25ခါနာန် သည် ကျိန် ခြင်းကိုခံ ပါစေ။ အစ်ကို တို့၏ကျွန် တို့၌ ကျွန် ဖြစ် ပါစေဟုဆို ၏။
25Ele disse: “Maldito seja Canaã. Ele será o servo dos servos para os seus irmãos.”
26တဖန် ရှေမ ၏ ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။ ခါနာန် သည် ရှေမ ၏ကျွန် ဖြစ် ပါစေ။
26Ele disse: “Bendito seja o SENHOR, o Deus de Sem. Que Canaã seja seu servo.
27ဘုရား သခင်သည် ယာဖက် ကို ကျယ် စေတော်မူသဖြင့် ၊ ရှေမ ၏ တဲ တို့တွင် နေ ပါစေ။ ခါနာန် မူကား ၊ သူ ၏ကျွန် ဖြစ် ပါစေဟု ဆို လေ၏။
27Que Deus amplie a Jafé. Que ele habite nas tendas de Sem. Que Canaã seja seu servo.”
28နောဧ သည် ရေ လွှမ်းမိုးသောနောက် ၊ အနှစ် သုံး ရာ ငါး ဆယ် အသက် ရှင်၍၊
28Noé viveu trezentos e cinquenta anos depois do dilúvio.
29အသက် ပေါင်း ကိုး ရာ ငါး ဆယ်စေ့ သော် အနိစ္စ ရောက်လေ၏
29Todos os dias de Noé foram novecentos e cinquenta anos, e então ele morreu.
Tip: use the ← and → keys to turn chapters.