ကမ္ဘာဦးကျမ်း 6
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Louis Segond 1910
1မြေကြီး မျက်နှာ ပေါ် မှာလူ တို့သည် များပြား ၍ သမီး များကိုလည်း ရ ကြသောအခါ၊
1Lorsque les hommes eurent commencé à se multiplier sur la face de la terre, et que des filles leur furent nées,
2ဘုရား သခင်၏သား တို့သည် လူ သမီး တို့ လှ ကြောင်း ကိုမြင် ၍ ၊ ကိုယ် စိတ် ရှိသည်အတိုင်း စုံဘက် ကြ၏။
2les fils de Dieu virent que les filles des hommes étaient belles, et ils en prirent pour femmes parmi toutes celles qu’ils choisirent.
3ထာဝရဘုရား ကလည်း ငါ့ ဝိညာဉ် သည် လူ တို့တွင် အစဉ် မ ဆုံး မရ။ အကြောင်းမူကား လူ တို့သည် အသား ဖြစ်၏။ သူ ၏အသက် တန်းသည် လည်း၊ အနှစ် တရာ နှစ် ဆယ်ဖြစ် စေဟုမိန့် တော်မူ၏။
3Alors l’Éternel dit: Mon esprit ne restera pas à toujours dans l’homme, car l’homme n’est que chair, et ses jours seront de cent vingt ans.
4ထို ကာလ ၌ ၊ မြေကြီး ပေါ် မှာ ကိုယ် ကြီးမားသော သူအချို့ရှိ ကြ၏။ ထိုနောက် ၌လည်း ၊ ဘုရား သခင်၏ သား တို့သည်၊ လူ သမီး တို့နှင့် ဆက်ဆံ၍ ရ သောသားတို့သည်၊ အား ကြီးသောသူ၊ ရှေး ကာလမှစ၍ ၊ ကျော်စော သောသူ ဖြစ် ကြ၏။
4Les géants étaient sur la terre en ces temps-là, après que les fils de Dieu furent venus vers les filles des hommes, et qu’elles leur eurent donné des enfants: ce sont ces héros qui furent fameux dans l’antiquité.
5မြေကြီး ပေါ် မှာ လူ အပြစ် ကြီး ၍ ၊ သူ ၏ စိတ်နှလုံး အကြံအစည် ရှိသမျှ တို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက် ရှိကြောင်းကို၊ ဘုရား သခင်သိမြင် တော်မူလျှင်၊
5L’Éternel vit que la méchanceté des hommes était grande sur la terre, et que toutes les pensées de leur cœur se portaient chaque jour uniquement vers le mal.
6မြေကြီး ပေါ် မှာ လူ ကို ဖန်ဆင်း တော်မူသည်ကို နောင်တရ ၍၊ နှလုံး တော်ပူပန် လျက် ရှိတော်မူ၏။
6L’Éternel se repentit d’avoir fait l’homme sur la terre, et il fut affligé en son cœur.
7ထာဝရဘုရား ကလည်း ၊ ငါဖန်ဆင်း သော လူ ကို၎င်း၊ လူ မှစ၍ သားများ၊ တွား တတ်သော တိရစ္ဆာန် များ၊ မိုဃ်းကောင်းကင် ငှက် များတို့ကို၎င်းမြေကြီး မျက်နှာ မှာ ငါသုတ်သင် ပယ်ရှင်းမည်။ သူ တို့ကို ဖန်ဆင်း သောကြောင့် ငါနောင်တရ သည်ဟု မိန့် တော်မူ၏။
7Et l’Éternel dit: J’exterminerai de la face de la terre l’homme que j’ai créé, depuis l’homme jusqu’au bétail, aux reptiles, et aux oiseaux du ciel; car je me repens de les avoir faits.
8နောဧ မူကား ၊ ထာဝရဘုရား စိတ်တော်နှင့် တွေ့ သောသူဖြစ်သတည်း။
8Mais Noé trouva grâce aux yeux de l’Éternel.
9နောဧ အတ္ထုပ္ပတ္တိ ဟူမူကား ၊ နောဧ သည် ဖြောင့်မတ် သောသူ ၊ မိမိ အမျိုး ၌ စုံလင် သောသူဖြစ် ၏။ ဘုရား သခင်နှင့်အတူ သွား လာ၏။
9Voici la postérité de Noé. Noé était un homme juste et intègre dans son temps; Noé marchait avec Dieu.
10နောဧ သည် ရှေမ ၊ ဟာမ ၊ ယာဖက် တည်း ဟူသော သား သုံး ယောက်ကို မြင် လေ၏။
10Noé engendra trois fils: Sem, Cham et Japhet.
11ထိုအခါ မြေကြီး သည် ဘုရား သခင့်ရှေ့ မှာ ပုပ်စပ် လျက်ရှိ၏။ မြေကြီး သည် အဓမ္မ အမှုနှင့် ပြည့်စုံ လေ၏။
11La terre était corrompue devant Dieu, la terre était pleine de violence.
12ဘုရား သခင်သည် မြေကြီး ကိုကြည့်ရှု သောအခါ ၊ ပုပ်စပ် လျက်ရှိသည်ကို မြင် တော်မူ၏။ အကြောင်းမူကား မြေကြီး ပေါ် မှာ လူ အပေါင်း တို့သည် ဖေါက်ပြန် ခြင်းသို့ ရောက်ကြပြီ။
12Dieu regarda la terre, et voici, elle était corrompue; car toute chair avait corrompu sa voie sur la terre.
13ထိုအခါ ဘုရား သခင်သည်၊ နောဧ အား မိန့် တော်မူသည်ကား၊ သတ္တဝါ အပေါင်း တို့၏ အဆုံး သည် ငါ့ မျက်မှောက် တွင် ပေါ် လာပြီ။ သူ တို့ကြောင့် မြေကြီး သည် အဓမ္မ အမှုနှင့်ပြည့်စုံ လေ၏။ အကယ်စင်စစ်မြေကြီး နှင့်တကွ သူ တို့ကို ငါ ဖျက်ဆီး မည်။
13Alors Dieu dit à Noé: La fin de toute chair est arrêtée par devers moi; car ils ont rempli la terre de violence; voici, je vais les détruire avec la terre.
14ဂေါဖရ သစ်သား ဖြင့် သင်္ဘော ကို ကိုယ် ဘို့ တည်လုပ် လော့။ အထဲ၌ လည်း အခန်း များကို လုပ် လော့။ အတွင်း ၊ ပြင် ၊ ပတ်လည်ကို ထင်းရူးစေး နှင့် သုတ် လော့။
14Fais-toi une arche de bois de gopher; tu disposeras cette arche en cellules, et tu l’enduiras de poix en dedans et en dehors.
15လုပ် ရမည်ပုံ ဟူမူကား၊ သင်္ဘော အလျား အတောင် သုံး ရာ ၊ အနံ အတောင် ငါး ဆယ်၊ အမြင့် အတောင် သုံး ဆယ်ရှိစေရမည်။
15Voici comment tu la feras: l’arche aura trois cents coudées de longueur, cinquante coudées de largeur et trente coudées de hauteur.
16အပေါ် ၌ လည်းအမိုး ကိုလုပ် ရမည်။ ထိုအမိုး အပေါ်အလယ်ချက်၌၊ ထိပ်အုပ်အနံတတောင် အကျယ် ရှိ စေရမည်။ သင်္ဘော နံ တစ်ဖက်၌ လည်း တံခါး ကို လုပ်ရမည်။ အောက် ဆင့်၊ အလယ် ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံး ဆင့်ကိုလည်း ရှိ စေရမည်။
16Tu feras à l’arche une fenêtre, que tu réduiras à une coudée en haut; tu établiras une porte sur le côté de l’arche; et tu construiras un étage inférieur, un second et un troisième.
17အသက် ရှင် သော သတ္တဝါ အပေါင်း တို့ကို၊ ကောင်းကင် အောက် မှ ငါ့ ကိုယ်တိုင်ပယ်ရှင်း ခြင်းငှါ ၊ မြေကြီး ကို ရေ လွှမ်းမိုး စေသဖြင့် ၊ မြေ ပေါ် မှာ ရှိသမျှ တို့သည် သေ ကြရမည်။
17Et moi, je vais faire venir le déluge d’eaux sur la terre, pour détruire toute chair ayant souffle de vie sous le ciel; tout ce qui est sur la terre périra.
18သင် ၌ မူကား ၊ ငါ့ ပဋိညာဉ် ကို ငါတည် စေမည်။ သင် သည် သား ၊ မယား ၊ ချွေးမ များနှင့်တကွ ၊ သင်္ဘော ထဲ သို့ ဝင် ရမည်။
18Mais j’établis mon alliance avec toi; tu entreras dans l’arche, toi et tes fils, ta femme et les femmes de tes fils avec toi.
19အသက် ရှင်သော တိရစ္ဆာန် အမျိုးမျိုး ထဲက ၊ အထီး အမ ၊ အစုံ တို့ကိုယူ၍၊ သင် နှင့်အတူ အသက် ချမ်းသာစေခြင်းငှါ ၊ သင်္ဘော ထဲ သို့ သွင်း ရမည်။
19De tout ce qui vit, de toute chair, tu feras entrer dans l’arche deux de chaque espèce, pour les conserver en vie avec toi: il y aura un mâle et une femelle.
20ငှက် လည်းအမျိုး အလိုက် ၊ သားလည်း အမျိုး အလိုက် ၊ တွား တက်သော တိရစ္ဆာန်အပေါင်း လည်း အမျိုး အလိုက် ၊ အထီးအမ၊ အစုံ တို့သည် အသက် ချမ်းသာစေခြင်းငှါ ၊ သင့် ထံသို့ လာ ကြလိမ့်မည်။
20Des oiseaux selon leur espèce, du bétail selon son espèce, et de tous les reptiles de la terre selon leur espèce, deux de chaque espèce viendront vers toi, pour que tu leur conserves la vie.
21ကိုယ် စားစရာအဘို့ ၊ တိရစ္ဆာန် တို့စားစရာ အဘို့ ၊ စား အပ်သော အစာ အမျိုးမျိုး ကို ယူ ၍ သို ထားရမည်ဟု၊ ဘုရားသခင်မှာထားတော်မူ၏။
21Et toi, prends de tous les aliments que l’on mange, et fais-en une provision auprès de toi, afin qu’ils te servent de nourriture ainsi qu’à eux.
22မှာ ထားတော်မူသည်အတိုင်း လည်း နောဧ ပြု လေ၏။
22C’est ce que fit Noé: il exécuta tout ce que Dieu lui avait ordonné.
Tip: use the ← and → keys to turn chapters.