ကမ္ဘာဦးကျမ်း 42
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Bible Mutal (Kosraean)
1အဲဂုတ္တု ပြည်၌ စပါး ရှိ ကြောင်း ကို ယာကုပ် ကြား သိလျှင် ၊ သင်တို့သည် အဘယ်ကြောင့် တယောက်ကို တယောက် ကြည့်ရှု ၍ နေကြသနည်း။
1Ke Jacob el lohngak lah oasr wheat in acn Egypt, el fahk nu sin wen natul, “Komtal ku mutana ngetnget?
2အဲဂုတ္တု ပြည်၌ စပါး ရှိ ကြောင်း ကို ငါကြား ရပြီ။ ငါတို့သည်မ သေ အသက်ရှင် မည်အကြောင်း ၊ ထို ပြည်သို့ သွား ၍ ငါ တို့အဘို့ ကို ဝယ် ကြလော့ဟု မိမိ သား တို့အား ဆို သည်အတိုင်း၊
2Nga lohng mu oasr wheat in acn Egypt. Tal fahla nu we ac molema kutu nasr, kut in tia masrinsral nwe misa.”
3ယောသပ် ၏ အစ်ကို တကျိပ် တို့သည် စပါး ကို ဝယ် ခြင်းငှါ အဲဂုတ္တု ပြည်သို့ သွား ကြ၏။
3Ouinge tamulel singoul lal Joseph ah som nu Egypt in moul wheat,
4ယောသပ် ၏ညီ ဗင်္ယာမိန် ကိုကား အစ်ကို တို့နှင့်အတူ ယာကုပ် သည်မ စေ မလွှတ်။ အကြောင်း မူကား၊ သူ ၌ ဘေး ရောက် ကောင်းရောက်လိမ့်မည်ဟု စိုးရိမ် သတည်း။
4tusruktu Jacob el tia lela Benjamin, tamulel fusr se lal Joseph, elan welulos, mweyen el sensen ac oasr ma sikyak nu sel.
5ထိုအခါ ခါနာန် ပြည် ၌ အစာခေါင်းပါး သောကြောင့် ၊ အဲဂုတ္တုပြည်သို့ရောက်လာ သောသူတို့ တွင်၊ ဣသရေလ သား တို့သည် စပါးကိုဝယ် ခြင်းငှါ လာ ကြ၏။
5Tulik mukul natul Jacob elos wi pac mwet puspis saya som in moul wheat, mweyen sracl sac sun pac acn Canaan.
6ယောသပ် သည် နိုင်ငံ အုပ်ဖြစ်၍ပြည်သား အပေါင်း တို့အား ရောင်း သောအမှုကို စီရင်လေ၏။ ယောသပ် အစ်ကို တို့သည်လာ ၍ သူ့ ရှေ့ မှာ ဦးညွှတ် ချကြ၏။
6Ke Joseph pa governor lun acn Egypt ah, el kukakin wheat uh nu sin mwet yen nukewa fin faclu. Ouinge tamulel lal Joseph elos tuku ac faksufi ye mutal.
7ယောသပ် သည် အစ်ကို တို့ကိုမြင် လျှင် သိ ၏။ သို့သော်လည်း မ သိဟန်ဆောင်၍ ကြမ်းတမ်း စွာ ပြော လျက် ၊ သင်တို့သည် အဘယ် က လာ ကြသနည်းဟုမေး ၏။ သူတို့ကလည်း၊ အစာ ကိုဝယ် ခြင်းငှါ ခါနာန် ပြည် က လာကြပါသည် ဟုလျှောက် ကြ၏။
7Ke Joseph el liyeak tamulel lal inge, el akilenulos, tusruktu el oru oana elan tia etalos. El kouyak ac siyuk selos, “Komtal tuku ya me?” Elos fahk, “Kut tuku Canaan me in moul mongo.”
8ယောသပ် သည် အစ်ကို တို့ကိုသိ သော်လည်း ၊ သူ တို့သည် ယောသပ် ကို မ သိ ကြ။
8Joseph el ne akilen mwet wial inge, a elos tiana akilenul.
9ယောသပ် သည် သူ တို့အကြောင်း နှင့် မြင် ရသောအိပ်မက် တို့ကို အောက်မေ့ လျက် ၊ သင် တို့သည် သူလျှို ဖြစ်ကြ၏။ ပြည် တော်၌ အားနည်း သောအရပ်ကို ကြည့်ရှု ခြင်းငှါ လာ ကြပြီဟုဆိုလျှင်၊
9El esamak mweme ma el tuh oru ah, ac fahk nu seltal, “Komtal mwet kalngeyuk sulallal. Komtal tuku in konauk lah mea facl sesr uh munas kac uh.”
10သူ တို့က၊ မဟုတ် ပါသခင်။ ကိုယ်တော် ၏ကျွန် တို့ သည် အစာ ကို ဝယ် ခြင်းငှါ သာ လာ ကြပါ၏။
10Ac elos topuk, “Leum lasr, tia ouingan. Kut tuku oana mwet kulansap lom, in moul mongo.
11ကျွန်တော် တို့သည် တယောက် တည်းသောသူ ၏ သား ဖြစ်ကြပါ၏။ ဖြောင့်မတ် သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော် ၏ကျွန် တို့သည် သူလျှို မ ဟုတ်ပါဟု လျှောက် ကြ၏။
11Kut inge nukewa tamulel, ac kut tia mwet kalngeyuk. Kut mwet na suwohs.”
12ယောသပ်ကလည်း၊ မ ဟုတ်ဘူး။ ပြည် တော်၌ အားနည်း သော အရပ်ကိုကြည့်ရှု ခြင်းငှါ လာ ကြပြီဟု ဆို ပြန်၏။
12Joseph el fahk nu selos, “Mo! Komtal tuku in suk ac konauk lah mea kut munas kac.”
13သူတို့ကလည်း၊ ကိုယ်တော် ကျွန် တို့သည် ခါနာန် ပြည် ၌ တ ယောက်တည်းသောသူ ၏သား ၊ ညီအစ်ကို တကျိပ် နှစ် ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံး သောသူကား အဘ နှင့်အတူ ယခု ရှိရစ်ပါ၏။ တ ယောက်ကားမ ရှိပါဟု လျှောက် ပြန်လျှင်၊
13Na elos fahk, “Leum lasr, kut tuh tamulel singoul luo nufon, ac kut wen nutin papa sefanna in acn Canaan. Sie tamulel inge misa, ac ma se ma fusr oemeet uh oasr na yurin papa tumasr ah.”
14ယောသပ် က၊ သင် တို့သည် သူလျှို ဖြစ်ကြ၏ဟု ငါဆိုသည် အရာ မှာ၊
14Joseph el topuk, “Oana nga fahk tari ah, komtal mwet kalngeyuk sulallal.
15သင်တို့ကို အဘယ်သို့စုံစမ်း ရမည်နည်းဟူမူကား ၊ အငယ် ဆုံးသောညီ မ လာ လျှင်၊ ဖါရော ဘုရင် အသက် ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤ အရပ်မှ မ ထွက် မသွားရ။
15Pa inge ma nga ac oru in konauk lah pwaye ma komtal fahk uh: Nga fulahk ke inen tokosra, lah komtal ac fah tiana som liki acn inge nwe ke na tamulel se ma fusr emeet lomtal an tuku nu yenu.
16သင် တို့စကား မှန် သည်မမှန်သည်ကို စုံစမ်း ၍ သိစေခြင်းငှါ သင် တို့တွင် တ ယောက်သောသူကို စေလွှတ် ၍ ညီ ကိုဆောင် ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင် ထဲမှာ ချထားမည်။ သို့မဟုတ် ဖါရော ဘုရင် အသက် ရှင်တော်မူ သည်အတိုင်း၊ အကယ်စင်စစ်သင် တို့သည် သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊
16Sie sumtal enenu in som usalu. Mwet lula an ac fah mutana in presin nwe ke na akpwayeyuk kas lomtal an. Fin tia ouinge, na oana ke tokosra el moul, komtal mwet sulallal.”
17အစ်ကို အပေါင်းတို့ကို သုံး ရက် ချုပ် ထားလေ၏။
17Ke el fahk ouinge tari, el fuhlelosi in presin ke len tolu.
18သုံး ရက်မြောက်သောနေ့ ၌ ယောသပ် သည် သူ တို့ကိုခေါ် ၍ ၊ ငါ သည် ဘုရားသခင် ကို ကြောက်ရွံ့ သောသူဖြစ် ၏။ သို့ဖြစ်၍သင်တို့သည် အသက် ချမ်းသာစေခြင်းငှါပြု ရသောအမှုဟူမူကား၊
18Ke len se aktolu ah, Joseph el fahk nu selos, “Nga mwet etu sangeng sin God se, ac sripa sefanna pa nga ac ku in tia unikomtal uh kac.
19သင် တို့သည် ဖြောင့်မတ် သောသူမှန်လျှင် ၊ သင် တို့ညီအစ်ကို တို့တွင် တစုံတယောက် ကို ထောင် အိမ် ၌ အချုပ် ခံလျက်နေစေပြီးလျှင်၊ ကြွင်းသောသူတို့ မူကား သွား ကြလော့။ အိမ်သူ အိမ်သားတို့၌ အစာ ခေါင်းပါးသောကြောင့်စပါး ကိုယူ ၍ သွားကြလော့။
19In akpwayei lah komtal pwayena, sie sumtal ac fah mutana in presin, yen ma komtal muta we ah. Mwet lula an ku in folokla, us wheat ma komtal molela ah, nu yurin sou lomtal ma muta masrinsral soanekomtal an.
20အငယ်ဆုံး သောညီကို ငါ့ ထံ သို့ဆောင် ခဲ့ကြလော့။ သို့ပြုလျှင် သင် တို့စကား မှန် လိမ့်မည်။ သင်တို့အသက်လည်း ချမ်းသာ ရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြု ကြ၏။
20Na komtal enenu na in tuh foloko use tamulel se ma fusr oemeet lomtal an nu yuruk. Ma se inge ac fah akpwayei lah ma komtal fahk an ma pwaye, na nga fah tia sap in anwuki komtal.” Elos insese nu kac
21ထိုအခါ သူတို့အချင်းချင်း ဆို ကြသည်ကား၊ အကယ်စင်စစ်ငါ တို့ သည် ညီ ၏အမှု၌ အပြစ် ကြီးကြ၏။ သူ သည် ငါ တို့ကိုတောင်းပန် သောအခါ ၊ သူ့ စိတ် ဆင်းရဲ ခြင်းကို ငါတို့သည် မြင် လျက်နှင့် နား မ ထောင်ဘဲနေကြ ၏။ ထိုကြောင့် ဤအမှုသည် ငါ တို့အပေါ် မှာ ယခု ရောက် လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ၏။
21ac fahk nu sin sie sin sie, “Pwayena lah inge kut eis mwatan ma kut tuh oru nu sin tamulel se lasr ah. Kut tuh liye fosrnga lulap lal ke el kwafe kut in kasrel, a kut tia lohngol ah. Ma ingan pa pwanang kut sun ongoiya inge.”
22ရုဗင် ကလည်း၊ သူငယ် ကို မ ပြစ် မှားပါနှင့်ဟု ကျွန်ုပ်ဆို သည်မ ဟုတ် လော။ သင်တို့သည် နား မ ထောင်ဘဲ နေကြသောကြောင့် သူ ၏အသွေး အတွက် ယခု အစစ် ခံရကြသည်ဟု ပြန် ၍ဆို၏။
22Ac Reuben el fahk, “Nga na fahk mu komtal in tia oru kutena ma nu sin tulik sac, a komtal tiana lohngyu. Ac inge kut eis mwatan misa lal ah.”
23ထိုသို့ မိမိတို့ ပြောဆိုကြသောစကားကို ယောသပ် နားလည် သည်ဟု သူ တို့မ ထင် ကြ။ အကြောင်း မူကား၊ ယောသပ်သည် စကားပြန် နှင့် သူ တို့ကို ပြောတတ်သောကြောင့် တည်း။
23Joseph el kalem ke ma elos kaskaskin, tusruktu elos tia etu lah el etu mweyen oasr mwet se tafu kas lalos nu sel.
24ထိုအခါ ယောသပ်သည် သူ တို့ထံ မှခဏ ခွါ၍ ငို လေ၏။ တဖန် လာ ပြန်၍ နှုတ်ဆက် ပြီးလျှင် ၊ ရှိမောင် ကို သူ တို့အစုထဲ ကယူ ၍ သူ တို့ရှေ့ တွင် ချည်နှောင် လေ၏။
24Joseph el som lukelos ac mutawauk in tung. Ke el ku in sifil kaskas el foloko, srella Simeon, ac sap kapiri el ye mutalos.
25ထိုနောက် သူ တို့အိတ် များကို စပါး နှင့် ပြည့် စေ၍ ၊ သူ တို့ငွေ ကိုလည်း အသီးအသီး အိတ် တို့တွင် ပြန်ထည့် စေခြင်းငှါ ၎င်း၊ လမ်းခရီး ၌ စား စရိတ်ကို ပေး စေခြင်းငှါ ၎င်း စီရင်၍ ထိုသို့လျှင် သူ တို့၌ ပြု လေ၏။
25Joseph el sapkin in nwanala pak lun tamulel lal ah ke wheat, ac in folokinyukyang mani lun kais sie nu in pak lal sifacna, ac in itukyang pac mongo ma elos in kang ke elos ac folok nu yen selos. Ma inge orekla oana ke el fahk ah.
26သူတို့သည်လည်း မြည်း များအပေါ် ၌ စပါး ကို တင် ၍ ထွက်သွား ကြ၏။
26Tamulel ekasr ah nwakani donkey natulos ke wheat ma elos molela ah, na elos mukuiyak som.
27စားခန်း သို့ ရောက် သောအခါ ၊ တယောက်သောသူသည် မြည်း ကို အစာ ကျွေးခြင်းငှါ မိမိ အိတ် ကိုဖွင့် လျှင် ၊ အိတ် ဝ တွင် ရှိသောငွေ ကိုမြင် လေ၏။
27Ke elos sun acn se elos ac mongla we ke fong sac, sie selos ikasla pak lal ah in kiteya donkey natul uh, tuh konauk lah mani lal ah oan oelucng in pak lal ah.
28ညီအစ်ကို တို့အား လည်း ကျွန်ုပ် ငွေ ကို ပြန် ထား ပြီ။ ကြည့် ပါ အိတ် ထဲ မှာရှိသည်ဟုဆိုသော်၊ သူ တို့သည် စိတ် နှလုံးလျော့ ၍ ကြောက်လန့် လျက် ၊ ငါ တို့၌ ဘုရားသခင် ပြု တော်မူသောဤ အမှုသည် အဘယ် အမှုဖြစ် ပါလိမ့်မည်နည်းဟု တ ယောက်ကိုတယောက်ဆို ကြ၏။
28Ac el wola ac fahk nu sin tulik wial ah kewa, “Mani luk ah folokinyukme nu sik — pa oan in pak luk uh inge!” Insialos putat na oelucngi ke sangeng, ac elos rarrar ke elos asiyuki sie sin sie ac fahk, “Mea God El oru nu sesr inge?”
29ခါနာန် ပြည် အဘ ယာကုပ် ထံ သို့ရောက် လျှင် ၊ မိမိ တို့၌ ဖြစ် လေသမျှ တို့ကို ကြား ပြောသည်ကား၊
29Ke elos tuku nu yorol Jacob, papa tumalos in acn Canaan, elos fahkang nu sel ma nukewa ma sikyak nu selos, ac fahk,
30ထိုပြည် ကိုအုပ်စိုး သောသူ သည် ကြမ်းတမ်း စွာ ပြော လျက် ၊ ကျွန်ုပ် တို့ကို ထိုပြည် ၌ သူလျှို လုပ်သူဟူ၍ မှတ် လေ၏။
30“Governor lun acn Egypt el tuh kaskas arulana kou nu sesr, ac fahk mu kut mwet kalngeyuk sulallal lain facl sel.
31ကျွန်ုပ် တို့ကလည်း ၊ ကျွန်တော် တို့သည် ဖြောင့်မတ် သောသူဖြစ် ကြပါ၏။ သူလျှို မ ဟုတ်ပါ။
31Ac kut tuh topkol ac fahk, ‘Kut tia mwet sulallal. Kut mwet na suwohs.
32တဘ တည်းသား ၊ ညီအစ်ကို ချင်း တကျိပ် နှစ် ယောက်ဖြစ်ကြပါ၏။ တ ယောက်ကားမ ရှိပါ။ အငယ်ဆုံး သောသူကား ခါနာန် ပြည် ၌ အဘ နှင့်အတူ ယခု ရှိရစ် ပါသည်ဟု လျှောက်သောအခါ၊
32Kut tuh tamulel singoul luo nufon nutin papa sefanna, ac sie sin tamulel inge misa, ac ma se ma fusr oemeet uh el srakna oasr Canaan yurin papa tumasr ah.’
33ထိုပြည် ကို အုပ်စိုး သောသခင်က၊ သင် တို့သည် ဖြောင့်မတ် သောသူမှန် သည်ကို အဘယ်သို့ငါသိ နိုင်မည်နည်း ဆိုသော်၊ သင် တို့ညီအစ်ကို တို့ တွင် တစုံတယောက် ကို ငါ့ ထံ ၌ထား ရစ်ကြလော့။ သင် တို့အိမ်သူ အိမ်သားတို့၌ အစာ ခေါင်းပါးသောကြောင့် အစာကိုယူ ၍ သွား ကြလော့၊
33Ac mwet sac fahk, ‘Pa inge ma se nga ac oru in konauk lah komtal mwet suwohs uh: sie sumtal ac mutana inge, ac ma lula an ac fah us wheat uh ac som nu yen sumtal nu yurin sou lomtal ma masrinsral.
34အငယ်ဆုံး သောညီ ကို ငါ့ ထံ သို့ဆောင် ခဲ့ကြလော့။ သို့ပြုလျှင်သင် တို့သည် သူလျှို မ ဟုတ် ဖြောင့်မတ် သောသူဖြစ်သည်ကို ငါသိ လိမ့်မည်။ သင် တို့ညီအစ်ကို ကို လည်း ငါပြန် ၍အပ်မည်။ သင်တို့သည် ပြည် တော်၌ ဖေါက် ကားရောင်းဝယ်ရကြမည်ဟု ဆိုကြောင်းကို ကြားပြောကြပြီးမှ၊
34Tal tuh use tamulel se ma srik oemeet lomtal an nu yuruk, na nga fah etu lah komtal mwet suwohs ac tia mwet sulallal. Nga fah folokunulot tamulel se lomtal inge nu sumtal, ac komtal fah ku in muta inge, moul ac kuka.’”
35မိမိ တို့အိတ် များအထဲက စပါးကို ထုတ် သောအခါ ၊ အသီးအသီး ဆိုင်သော ငွေ ထုပ် တို့သည် မိမိ တို့အိတ် ၌ ရှိ ကြ၏။ ငွေ ထုပ် များကို သူ တို့နှင့် အဘ သည် မြင် သောအခါ ကြောက်လန့် ကြ၏။
35Na ke elos okoala pak lalos, elos nukewa konauk lah mani lalos ah oanna in pak lalos. Ac ke elos liye mani uh, elos arulana sangengla, ac Jacob, papa tumalos, el wi pac sangeng.
36အဘ ယာကုပ် ကလည်း၊ သင်တို့သည် ငါ့သား တို့ကို လု ယူကြပြီ။ ယောသပ် မ ရှိ၊ ရှိမောင် မ ရှိ၊ ဗင်္ယာမိန် ကိုလည်း ယူ သွားချင်သည်တကား။ ဤ အမှုအလုံးစုံ တို့ သည် ငါ နှင့်ဆန့်ကျင် ဘက်ဖြစ်သည်တကားဟု သူ တို့အား ဆို ၏။
36Jacob el fahk nu selos, “Ya kowos lungse oru tulik nutik uh kewa in wanginla? Joseph el wanginla, Simeon el wanginla, ac inge komtal ke usalla pac Benjamin. Nga pa ac keokkin ma inge uh!”
37ရုဗင် ကလည်း ၊ ကျွန်ုပ်သည် ဗင်္ယာမိန် ကို အဘ ထံ သို့ပြန်၍ မ ဆောင် ခဲ့လျှင် ၊ ကျွန်ုပ် သား နှစ် ယောက်တို့ကိုသတ် ပါလော့။ သူ့ ကိုကျွန်ုပ် လက် ၌ အပ် ပါ။ ကျွန်ုပ်တဖန် အဘ ထံ သို့ပြန် ၍ ဆောင်ခဲ့ပါမည်ဟု အဘ အား ဆို ၏။
37Reuben el fahk nu sin papa tumal, “Nga fin tia folokunulma Benjamin nu yurum, kom ku in uniya wen luo nutik uh. Fuhlelma nu sik ngan karinganal, ac nga fah folokunulma.”
38အဘကလည်း၊ သင် တို့နှင့်အတူ ငါ့ သား မ သွား ရ။ သူ ၏အစ်ကို သေ ပြီ။ သူ သည် တယောက် တည်း ကျန်ရစ် ၏။ သင်တို့သွား ရာလမ်း ခရီးတွင် သူ ၌ ဘေး ရောက် လျှင် ၊ သင်တို့သည် ငါ့ ဆံပင် ဖြူကို ဝမ်းနည်း ခြင်းနှင့်တကွ မရဏာ နိုင်ငံသို့ သက်ရောက် စေကြလိမ့်မည်ဟု ဆို လေ ၏။
38Tusruktu Jacob el fahk, “Wen nutik el ac tia wi komtal som. Tamulel lal el misa, ac el mukena lula. Ac ku pac in oasr ma sikyak nu sel inkanek uh. Nga matuoh inge, ac mwe asor komtal oru nu sik inge ku na in uniyuwi.”
Tip: use the ← and → keys to turn chapters.