ကမ္ဘာဦးကျမ်း 34
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Hebrew Old Testament (Masoretic Text)
1ယာကုပ် ၏မယား၊ လေအာ ဘွားမြင် သောသမီး ဒိန သည်၊ ထိုပြည် ၏ အမျိုးသမီး တို့ကို အကြည့်အရှု သွားရာ တွင်၊
1וַתֵּצֵ֤א דִינָה֙ בַּת־לֵאָ֔ה אֲשֶׁ֥ר יָלְדָ֖ה לְיַעֲקֹ֑ב לִרְאֹ֖ות בִּבְנֹ֥ות הָאָֽרֶץ׃
2ထိုပြည် ကို အစိုးရ သောဟိဝိ အမျိုး၊ ဟာမော် မင်း ၏သား ရှေခင် သည် ဒိန ကိုမြင် လျှင် ၊ ယူ သွား၍ အိပ် ဘော်ပြုလျက် ၊ သူ့ အသရေကို ရှုတ်ချ လေ၏။
2וַיַּ֨רְא אֹתָ֜הּ שְׁכֶ֧ם בֶּן־חֲמֹ֛ור הֽ͏ַחִוִּ֖י נְשִׂ֣יא הָאָ֑רֶץ וַיִּקַּ֥ח אֹתָ֛הּ וַיִּשְׁכַּ֥ב אֹתָ֖הּ וַיְעַנֶּֽהָ׃
3နောက်မှသူ့ကိုချစ်သောစိတ် မကုန်၊ အမြဲ ချစ် ၍ ၊ မေတ္တာစကားနှင့်ဖြားယောင်းလျက် နေ၏။
3וַתִּדְבַּ֣ק נַפְשֹׁ֔ו בְּדִינָ֖ה בַּֽת־יַעֲקֹ֑ב וַיֶּֽאֱהַב֙ אֶת־הַֽנַּעֲרָ֔ וַיְדַבֵּ֖ר עַל־לֵ֥ב הַֽנַּעֲרָֽ׃
4ခမည်း တော်ဟာမော် ထံသို့ လည်း ဝင်၍၊ ဤ မိန်းမ ကို အကျွန်ုပ် ကြင်ဘက် ဖြစ်စေခြင်းငှါ ၊ တောင်း၍ ပေးတော်မူပါဟု လျှောက်ဆို ၏။
4וַיֹּ֣אמֶר שְׁכֶ֔ם אֶל־חֲמֹ֥ור אָבִ֖יו לֵאמֹ֑ר קַֽח־לִ֛י אֶת־הַיַּלְדָּ֥ה הַזֹּ֖את לְאִשָּֽׁה׃
5ယာကုပ် သည် မိမိ သမီး ဒိန ကို၊ ရှေခင်မင်းသားရှုတ်ချ ကြောင်း ကို ကြား သိသော် လည်း၊ မိမိ သား တို့သည် တော အရပ်မှာ တိရစ္ဆာန် တို့နှင့်အတူ ရှိ သည်ဖြစ်၍ ၊ သူတို့ ကို ငံ့လင့်လျက် တိတ်ဆိတ် စွာနေလေ၏။
5וְיַעֲקֹ֣ב שָׁמַ֗ע כִּ֤י טִמֵּא֙ אֶת־דִּינָ֣ה בִתֹּ֔ו וּבָנָ֛יו הָי֥וּ אֶת־מִקְנֵ֖הוּ בַּשָּׂדֶ֑ה וְהֶחֱרִ֥שׁ יַעֲקֹ֖ב עַד־בֹּאָֽם׃
6ထိုနောက် ၊ ရှေခင် အဘ ဟာမော် မင်းသည် ယာကုပ် နှင့် နှုတ်ဆက် ခြင်းငှါ လာ ၍၊
6וַיֵּצֵ֛א חֲמֹ֥ור אֲבִֽי־שְׁכֶ֖ם אֶֽל־יַעֲקֹ֑ב לְדַבֵּ֖ר אִתֹּֽו׃
7ယာကုပ် ၏သား တို့လည်း သိတင်း ကြားသောအခါ၊ တော အရပ်မှ ပြန်ရောက် ကြ၏။ ထိုမင်းသားသည် ယာကုပ် ၏သမီး နှင့် အိပ် မိ၍၊ ဣသရေလ အမျိုး၌ မိုက် သောအမှု၊ မ ပြု အပ်သော အရာကို ပြု မိသောကြောင့် ၊ သူတို့သည် စိတ်နာ ၍ အလွန် အမျက်ထွက် ကြ၏။
7וּבְנֵ֨י יַעֲקֹ֜ב בָּ֤אוּ מִן־הַשָּׂדֶה֙ כְּשָׁמְעָ֔ם וַיִּֽתְעַצְּבוּ֙ הָֽאֲנָשִׁ֔ים וַיִּ֥חַר לָהֶ֖ם מְאֹ֑ד כִּֽי־נְבָלָ֞ה עָשָׂ֣ה בְיִשְׂרָאֵ֗ל לִשְׁכַּב֙ אֶת־בַּֽת־יַעֲקֹ֔ב וְכֵ֖ן לֹ֥א יֵעָשֶֽׂה׃
8ဟာမော် မင်းလည်း သူတို့နှင့်နှုတ်ဆက်လျက်၊ ငါ့ သား ရှေခင် သည်၊ သင် တို့သမီး ကို အလွန် ချစ်အားကြီးပါ၏။ ထိမ်းမြားပေးစား ကြပါလော့။
8וַיְדַבֵּ֥ר חֲמֹ֖ור אִתָּ֣ם לֵאמֹ֑ר שְׁכֶ֣ם בְּנִ֗י חָֽשְׁקָ֤ה נַפְשֹׁו֙ בְּבִתְּכֶ֔ם תְּנ֨וּ נָ֥א אֹתָ֛הּ לֹ֖ו לְאִשָּֽׁה׃
9သင် တို့သည် ငါ တို့နှင့်အချင်းချင်း ထိမ်းမြားခြင်း ကို ပြုလျက်၊ သင် တို့သမီး ကို ပေးစား ကြလော့။ ငါ တို့သမီး နှင့် လည်း စုံဘက် ကြလော့။
9וְהִֽתְחַתְּנ֖וּ אֹתָ֑נוּ בְּנֹֽתֵיכֶם֙ תִּתְּנוּ־לָ֔נוּ וְאֶת־בְּנֹתֵ֖ינוּ תִּקְח֥וּ לָכֶֽם׃
10သင်တို့သည် ငါ တို့နှင့်အတူ နေ ၍ ၊ ဤပြည် ၌ အဆီးအတားမရှိ၊ နေရာ ချလျက် ၊ ဖေါက် ကားရောင်းဝယ် ခြင်းကို ပြု၍ ၊ အပိုင်ယူ ကြလော့ဟု ဆိုလေ၏။
10וְאִתָּ֖נוּ תֵּשֵׁ֑בוּ וְהָאָ֙רֶץ֙ תִּהְיֶ֣ה לִפְנֵיכֶ֔ם שְׁבוּ֙ וּסְחָר֔וּהָ וְהֵֽאָחֲז֖וּ בָּֽהּ׃
11ရှေခင် ကလည်း ၊ သင် တို့စိတ် နှင့်တွေ့ ကြပါစေ။ တောင်း သမျှ ကို ပေး ပါမည်။
11וַיֹּ֤אמֶר שְׁכֶם֙ אֶל־אָבִ֣יה וְאֶל־אַחֶ֔יהָ אֶמְצָא־חֵ֖ן בְּעֵינֵיכֶ֑ם וַאֲשֶׁ֥ר תֹּאמְר֛וּ אֵלַ֖י אֶתֵּֽן׃
12ကန်တော့ ဥစ္စာဖြစ်စေ ၊ လက်ဆောင် ပဏ္ဏာဖြစ်စေ ၊ နည်းများမဆို၊ တောင်း သည့်အတိုင်း ပေး ပါမည်။ ဤမိန်းမ ကိုသာ ငါ့ အား ထိမ်းမြားပေးစား ကြပါဟု၊ မိန်းမ ၏အဘ နှင့် မောင် တို့အား ဆို လေ၏။
12הַרְבּ֨וּ עָלַ֤י מְאֹד֙ מֹ֣הַר וּמַתָּ֔ן וְאֶ֨תְּנָ֔ה כַּאֲשֶׁ֥ר תֹּאמְר֖וּ אֵלָ֑י וּתְנוּ־לִ֥י אֶת־הַֽנַּעֲרָ֖ לְאִשָּֽׁה׃
13ယာကုပ် ၏ သား တို့သည်၊ နှမ ဒိန ကို ရှေခင် မင်းသားရှုတ်ချ သောအကြောင်း ကို ဆင်ခြင် ၍ ၊ မင်းသား နှင့်အဘ ဟာမော် ကို ပရိယာယ် ဖြင့် ပြန် ပြောသည်မှာ၊
13וַיַּעֲנ֨וּ בְנֵֽי־יַעֲקֹ֜ב אֶת־שְׁכֶ֨ם וְאֶת־חֲמֹ֥ור אָבִ֛יו בְּמִרְמָ֖ה וַיְדַבֵּ֑רוּ אֲשֶׁ֣ר טִמֵּ֔א אֵ֖ת דִּינָ֥ה אֲחֹתָֽם׃
14ကျွန်ုပ်တို့ နှမ ကို အရေဖျား လှီးမင်္ဂလာကို မခံ သော သူ အား မ ပေးစား နိုင် ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ ဘွယ် သောအကြောင်းဖြစ်ပါ၏။
14וַיֹּאמְר֣וּ אֲלֵיהֶ֗ם לֹ֤א נוּכַל֙ לַעֲשֹׂות֙ הַדָּבָ֣ר הַזֶּ֔ה לָתֵת֙ אֶת־אֲחֹתֵ֔נוּ לְאִ֖ישׁ אֲשֶׁר־לֹ֣ו עָרְלָ֑ה כִּֽי־חֶרְפָּ֥ה הִ֖וא לָֽנוּ׃
15သင် တို့သည် ကျွန်ုပ် တို့ ဘာသာအတိုင်း ပြု ၍ ၊ ယောက်ျား တိုင်း အရေဖျား လှီးမင်္ဂလာကို ခံလျှင် ၊ ကျွန်ုပ်တို့သည် ဝန်ခံ ကြပါမည်။
15אַךְ־בְּזֹ֖את נֵאֹ֣ות לָכֶ֑ם אִ֚ם תִּהְי֣וּ כָמֹ֔נוּ לְהִמֹּ֥ל לָכֶ֖ם כָּל־זָכָֽר׃
16သို့ပြုလျှင် ၊ ကျွန်ုပ် တို့သမီး ကို သင် တို့အား ပေးစား ၍ ၊ သင် တို့၏သမီး နှင့် လည်း စုံဘက် ကြသဖြင့် ၊ သင် တို့နှင့်အတူ နေထိုင် ၍ ၊ တမျိုး တည်းဖြစ် ကြလိမ့်မည်။
16וְנָתַ֤נּוּ אֶת־בְּנֹתֵ֙ינוּ֙ לָכֶ֔ם וְאֶת־בְּנֹתֵיכֶ֖ם נִֽקַּֽח־לָ֑נוּ וְיָשַׁ֣בְנוּ אִתְּכֶ֔ם וְהָיִ֖ינוּ לְעַ֥ם אֶחָֽד׃
17သို့မဟုတ် ကျွန်ုပ် တို့စကားကို နား မ ထောင်၊ အရေဖျား လှီးမင်္ဂလာကိုမခံလျှင် ၊ ကျွန်ုပ် တို့ သမီး ကိုယူ ၍ သွား မည်ဟုဆို ကြ၏။
17וְאִם־לֹ֧א תִשְׁמְע֛וּ אֵלֵ֖ינוּ לְהִמֹּ֑ול וְלָקַ֥חְנוּ אֶת־בִּתֵּ֖נוּ וְהָלָֽכְנוּ׃
18ထို စကား ကို ဟာမော် မင်းနှင့် သား တော်ရှေခင် သည် နှစ်သက် ၍၊၊
18וַיִּֽיטְב֥וּ דִבְרֵיהֶ֖ם בְּעֵינֵ֣י חֲמֹ֑ור וּבְעֵינֵ֖י שְׁכֶ֥ם בֶּן־חֲמֹֽור׃
19ထိုမင်းသား သည်၊ ယာကုပ် ၏သမီး ကို ချစ် အားကြီး သောကြောင့် ၎င်း၊ အဘ ၏ အမျိုးသား ချင်းအပေါင်း တို့ထက် အသရေ ရှိသောကြောင့် ၎င်း၊ ချက်ခြင်းဝန်ခံလေ ၏။
19וְלֹֽא־אֵחַ֤ר הַנַּ֙עַר֙ לַעֲשֹׂ֣ות הַדָּבָ֔ר כִּ֥י חָפֵ֖ץ בְּבַֽת־יַעֲקֹ֑ב וְה֣וּא נִכְבָּ֔ד מִכֹּ֖ל בֵּ֥ית אָבִֽיו׃
20ထိုအခါ ၊ ဟာမော် မင်းနှင့် သား တော် ရှေခင် သည်၊ မိမိ မြို့ တံခါး သို့ သွား ၍ ၊ မြို့ သား တို့နှင့် နှုတ်ဆက်လျက်၊
20וַיָּבֹ֥א חֲמֹ֛ור וּשְׁכֶ֥ם בְּנֹ֖ו אֶל־שַׁ֣עַר עִירָ֑ם וַֽיְדַבְּר֛וּ אֶל־אַנְשֵׁ֥י עִירָ֖ם לֵאמֹֽר׃
21အချင်းတို့၊ ဤ သူ တို့သည် ငါ တို့နှင့် သင့်တင့် ကြပြီ။ ငါတို့ပြည် ၌ နေ ၍ ဖေါက်ကား ရောင်းဝယ်မှုကို ပြုကြပါစေ။ ငါတို့ပြည် သည် သူ တို့နေသာအောင် ကျယ် ပေ၏။ သူ တို့သမီး များနှင့် အိမ်ထောင် ဘက် ပြု ကြ စို့။ ငါ တို့သမီး များကိုလည်း သူ တို့အား ထိမ်းမြား ပေးစားကြစို့။
21הָאֲנָשִׁ֨ים הָאֵ֜לֶּה שְֽׁלֵמִ֧ים הֵ֣ם אִתָּ֗נוּ וְיֵשְׁב֤וּ בָאָ֙רֶץ֙ וְיִסְחֲר֣וּ אֹתָ֔הּ וְהָאָ֛רֶץ הִנֵּ֥ה רַֽחֲבַת־יָדַ֖יִם לִפְנֵיהֶ֑ם אֶת־בְּנֹתָם֙ נִקַּֽח־לָ֣נוּ לְנָשִׁ֔ים וְאֶת־בְּנֹתֵ֖ינוּ נִתֵּ֥ן לָהֶֽם׃
22သို့ရာတွင်သူ တို့သည် အရေဖျား လှီးမင်္ဂလာ ကိုခံသကဲ့သို့ ၊ ငါ တို့တွင် ယောက်ျား တိုင်း အရေဖျား လှီး မင်္ဂလာကို ခံမှ သာ၊ ထိုလူ တို့သည် ငါ တို့တွင် နေ ၍ တမျိုး တည်း ဖြစ်စေ ခြင်းငှါ ဝန်ခံ ကြလိမ့်မည်။
22אַךְ־בְּ֠זֹאת יֵאֹ֨תוּ לָ֤נוּ הָאֲנָשִׁים֙ לָשֶׁ֣בֶת אִתָּ֔נוּ לִהְיֹ֖ות לְעַ֣ם אֶחָ֑ד בְּהִמֹּ֥ול לָ֙נוּ֙ כָּל־זָכָ֔ר כַּאֲשֶׁ֖ר הֵ֥ם נִמֹּלִֽים׃
23သူ တို့၏သိုး နွားမှစ၍ တိရစ္ဆာန် များ၊ ဥစ္စာ များတို့ သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော။ သူတို့ အလိုသို့လိုက်ကြစို့။ သို့ပြုလျှင် သူ တို့သည် ငါ တို့တွင် နေ ကြလိမ့်မည်ဟု၊
23מִקְנֵהֶ֤ם וְקִנְיָנָם֙ וְכָל־בְּהֶמְתָּ֔ם הֲלֹ֥וא לָ֖נוּ הֵ֑ם אַ֚ךְ נֵאֹ֣ותָה לָהֶ֔ם וְיֵשְׁב֖וּ אִתָּֽנוּ׃
24ဟာမော် မင်းနှင့် သား တော်ရှေခင် ပြောသော စကားကို၊ မြို့ တံခါး မှ ထွက် သောသူအပေါင်း တို့သည် နားထောင် ၍ ယောက်ျား ရှိသမျှ တို့သည် အရေဖျား လှီး မင်္ဂလာကိုခံကြ၏။
24וַיִּשְׁמְע֤וּ אֶל־חֲמֹור֙ וְאֶל־שְׁכֶ֣ם בְּנֹ֔ו כָּל־יֹצְאֵ֖י שַׁ֣עַר עִירֹ֑ו וַיִּמֹּ֙לוּ֙ כָּל־זָכָ֔ר כָּל־יֹצְאֵ֖י שַׁ֥עַר עִירֹֽו׃
25ထိုသို့ခံ ၍ သုံး ရက်မြောက်သောနေ့ ၌ ၊ အလွန် နာကြသောအခါ ၊ ယာကုပ် သား ၊ ဒိန ၏မောင် ရှိမောင် နှင့် လေဝိ ညီနောင်နှစ် ယောက်တို့သည်၊ ထား လက်နက်တယောက်တစင်းစီ စွဲကိုင်လျက်၊ သတိ မရှိသော ထိုမြို့ ကို တိုက် ၍ ၊ ယောက်ျား အပေါင်း တို့ကိုသတ် လေ၏။
25וַיְהִי֩ בַיֹּ֨ום הַשְּׁלִישִׁ֜י בִּֽהְיֹותָ֣ם כֹּֽאֲבִ֗ים וַיִּקְח֣וּ שְׁנֵֽי־בְנֵי־יַ֠עֲקֹב שִׁמְעֹ֨ון וְלֵוִ֜י אֲחֵ֤י דִינָה֙ אִ֣ישׁ חַרְבֹּ֔ו וַיָּבֹ֥אוּ עַל־הָעִ֖יר בֶּ֑טַח וַיַּֽהַרְג֖וּ כָּל־זָכָֽר׃
26ဟာမော် မင်းနှင့် သား တော်ရှေခင် ကိုလည်း ထား လက်နက် ဖြင့် သတ် ပြီးလျှင်၊ ဒိန ကို ရှေခင် အိမ် မှ နှုတ် ယူ၍ ပြန် သွားကြ၏။
26וְאֶת־חֲמֹור֙ וְאֶת־שְׁכֶ֣ם בְּנֹ֔ו הָרְג֖וּ לְפִי־חָ֑רֶב וַיִּקְח֧וּ אֶת־דִּינָ֛ה מִבֵּ֥ית שְׁכֶ֖ם וַיֵּצֵֽאוּ׃
27မိမိ တို့နှမ ရှုတ်ချ ခြင်းကို ခံရသောကြောင့် ၊ တဖန်ယာကုပ် သား တို့သည် အသေ သတ်ပြီးသောသူတို့ ဆီသို့ သွား ပြန်၍၊ မြို့ ကိုလုယက် ဖျက်ဆီးသဖြင့်၊
27בְּנֵ֣י יַעֲקֹ֗ב בָּ֚אוּ עַל־הַ֣חֲלָלִ֔ים וַיָּבֹ֖זּוּ הָעִ֑יר אֲשֶׁ֥ר טִמְּא֖וּ אֲחֹותָֽם׃
28သူ တို့ သိုး ၊ ဆိတ်၊ နွား ၊ မြည်း မှစ၍ ၊ မြို့ ၌ ရှိသမျှ ၊ လယ် ၌ ရှိသမျှ သော ဥစ္စာကို၎င်း၊
28אֶת־צֹאנָ֥ם וְאֶת־בְּקָרָ֖ם וְאֶת־חֲמֹרֵיהֶּ֑ם וְאֵ֧ת אֲשֶׁר־בָּעִ֛יר וְאֶת־אֲשֶׁ֥ר בַּשָּׂדֶ֖ה לָקָֽחוּ׃
29သူ တို့သားမယား သူငယ် အပေါင်း ကို၎င်းသိမ်းယူ ၍ ၊ အိမ် တို့၌ ရှိသမျှ ကိုလည်း လုယက် ဖျက်ဆီးကြ၏။
29וְאֶת־כָּל־חֵילָ֤ם וְאֶת־כָּל־טַפָּם֙ וְאֶת־נְשֵׁיהֶ֔ם שָׁב֖וּ וַיָּבֹ֑זּוּ וְאֵ֖ת כָּל־אֲשֶׁ֥ר בַּבָּֽיִת׃
30ထိုအခါ ယာကုပ် က၊ သင်တို့သည် ငါ့ကို ညှဉ်းဆဲကြပြီတကား။ ခါနနိ လူ၊ ဖေရဇိ လူတည်းဟူသော၊ ဤပြည် သား တို့သည် ငါ့ ကို ရွံရှာ အောင် ပြုကြပြီတကား။ ငါ တို့၌ လူ အရေ အတွက် အားနည်းသောကြောင့်၊ သူတို့သည် စုဝေး ၍ ငါ့ ကိုတိုက် သတ်သဖြင့် ၊ ငါ နှင့် ငါ့ အိမ်သူ အိမ်သားတို့ကို ဖျက်ဆီး ကြလိမ့်မည်ဟု ၊ ရှိမောင် နှင့် လေဝိ တို့အား ဆို လေသော်၊
30וַיֹּ֨אמֶר יַעֲקֹ֜ב אֶל־שִׁמְעֹ֣ון וְאֶל־לֵוִי֮ עֲכַרְתֶּ֣ם אֹתִי֒ לְהַבְאִישֵׁ֙נִי֙ בְּיֹשֵׁ֣ב הָאָ֔רֶץ בַּֽכְּנַעֲנִ֖י וּבַפְּרִזִּ֑י וַאֲנִי֙ מְתֵ֣י מִסְפָּ֔ר וְנֶאֶסְפ֤וּ עָלַי֙ וְהִכּ֔וּנִי וְנִשְׁמַדְתִּ֖י אֲנִ֥י וּבֵיתִֽי׃
31သူတို့က၊ ငါ တို့နှမ ကို ပြည်တန်ဆာ ကဲ့သို့ မှတ်၍ ပြု ရမည်လောဟု ပြန် ဆိုလေ၏။
31וַיֹּאמְר֑וּ הַכְזֹונָ֕ה יַעֲשֶׂ֖ה אֶת־אֲחֹותֵֽנוּ׃ פ
Tip: use the ← and → keys to turn chapters.