ထွက်မြောက်

Old Testament

Chapter 27
Judson Burmese Bible (18…
Compare
Aa
Text size
Line width
Verse numbers

ထွက်မြောက် 27

Kadede Kap (Pohnpeian New Testament and Psalms) has no text for this chapter yet.

1တနည်းကား၊ အလျား ငါး တောင် ၊ အနံ ငါး တောင် ရှိ၍ စတုရန်း လေးထောင့်ဖြစ်သော ယဇ် ပလ္လင်ကို၊ အကာရှ သား နှင့်လုပ် ရမည်။ အမြင့် လည်း သုံး တောင် ရှိ ရမည်။

2ယဇ်ပလ္လင် လေး ထောင့် အပေါ် မှာ၊ ဦးချို လေးချောင်းကို အကာရှသားနှင့်လုပ် ၍ ကြေးဝါ နှင့် မွမ်းမံ ရမည်။

3ခံ စရာအိုး နှင့်တကွ တူးရွင်း ပြား၊ အင်တုံ ၊ အမဲသား ချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာ ရှိသမျှ တို့ကို ကြေးဝါ နှင့် လုပ်ရမည်။

4ကြေးဝါ ဆန်ခါ ကို၎င်း ၊ ဆန်ခါ လေး ထောင့် အပေါ် မှာ ကြေးဝါ လေး ကွင်း ကို၎င်းလုပ် ပြီးလျှင် ၊ 5ယဇ်ပလ္လင် ခါးပန်း အောက် ၊ အလယ် ၌ ထား ရမည်။

5ယဇ်ပလ္လင် ထမ်း စရာ အကာရှ သား ထမ်းဘိုး တို့ကို လုပ် ၍ ကြေးဝါ နှင့် မွမ်းမံ ပြီးမှ ၊

6ယဇ် ပလ္လင်ကို ထမ်း စရာဘို့ တဘက် တချက် ကွင်း များ၌ လျှို ထားရမည်။

7တောင် ပေါ် မှာ သင့် အား ပြ သည်အတိုင်း ၊ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်း ဖြစ်စေခြင်းငှာ၊ ပျဉ်ပြား နှင့် လုပ် ရမည်။

8တဲ တော်ဝင်း ကာရန်မူကား၊ အလျားအတောင် တရာ ရှိသော ပိတ်ချော နှင့် တောင် ဘက် ၌ ကုလားကာ ကို လုပ် ရမည်။

9ထိုကုလားကာဘို့ တိုင် နှစ်ဆယ် ၊ တိုင်ခြေစွပ် နှစ်ဆယ် ကို ကြေးဝါ နှင့်လုပ်၍ တိုင် တံစို့ ၊ တိုင်တန်း တို့ကို ငွေ ဖြင့် ပြီးစေရမည်။

10ထိုနည်းတူ ၊ မြောက် ဘက် ၌ ကာရန် အလျား အတောင်တရာ ရှိသော ကုလားကာနှင့်တကွ ငွေတံစို့ ၊ ငွေ တန်း ပါသောကြေးဝါတိုင် နှစ်ဆယ်၊ ကြေးဝါ ခြေစွပ် နှစ်ဆယ် ရှိရမည်။

11ဝင်း အနောက် ဘက် အနံ၌ ကာရန်၊ အလျားအတောင် ငါးဆယ် ရှိသောကုလားကာနှင့်တကွတိုင်တဆယ် ၊ ခြေစွပ် တဆယ် ရှိရမည်။

12ဝင်း အရှေ့ ဘက်၌ လည်း အနံ အတောင် ငါးဆယ် ရှိရမည်။

13တံခါးဝတဘက်တချက်၌ ကာရန်၊ အလျားဆယ် ငါး တောင် ရှိသောကုလားကာ နှင့်တကွ တိုင် သုံး တိုင်၊

14ခြေစွပ် သုံး ခုရှိရမည်။

15ဝင်း တံခါးဝ ၌ ကာရန် ၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့်ပြီး ၍၊ ချယ်လှယ် သော ကုလားကာ အတောင် နှစ်ဆယ် နှင့်တကွတိုင် လေး တိုင် ခြေစွပ် လေး ခုရှိရမည်။

16ဝင်း ပတ်လည် ၌ တိုင် ရှိသမျှ တို့သည် ငွေ တံစို့ ၊ ငွေ တန်း၊ ကြေးဝါ ခြေစွပ် နှင့် ပြည့်စုံ ရမည်။

17ဝင်း သည် အလျား အတောင် တရာ ၊ အနံ ငါးဆယ် ၊ အမြင့် ငါး တောင် ရှိ၍၊ ပိတ်ချော နှင့်ကြေးဝါ ခြေစွပ် ဖြင့် ပြီး ရမည်။

18အမှု တော်ထမ်းဘို့ တဲ တော်အသုံးအဆောင် ရှိသမျှ ကို၎င်း၊ တဲ တော်တံသင် ၊ ဝင်း နှင့်ဆိုင်သော တံသင် ရှိသမျှ ကို၎င်း ကြေးဝါ နှင့်လုပ်ရမည်။

19ပရိသတ်စည်းဝေးရာ တဲတော်တွင်၊ သက်သေခံချက်ထားရာအရပ်ကို ကာသော ကုလားကာပြင်မှာ၊ မီးခုံ၌ အစဉ် မပြတ်မီး ထွန်း စရာဘို့ ၊ သံလွင်သီးကို ထောင်း ၍ယူသော သံလွင် ဆီ စစ် ကို၊ ဣသရေလ အမျိုးသား တို့သည် ဆောင် ခဲ့ရကြမည်အကြောင်း ဆင့်ဆို လော့။

20အာရုန် နှင့် သူ ၏သား တို့သည်၊ ညဦး မှသည် နံနက် တိုင်အောင် ၊ ထာဝရဘုရား ရှေ့ တော်၌ ထိုအမှု ကို စီရင် ရမည်။ ဣသရေလ အမျိုး တို့သည်၊ သား အစဉ် အဆက်စောင့်ရသောပညတ် တော် ဖြစ်သတည်း။

21သင် ၏ အစ်ကို အာရုန် သည်၊ ငါ့ ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင် ရမည်အကြောင်း ၊ သူ နှင့် သူ ၏ သား တည်းဟူသောနာဒပ် ၊ အဘိဟု ၊ ဧလာဇာ ၊ ဣသမာ တို့ကို၊ ဣသရေလ အမျိုးသား တို့အထဲ က ရွေးချယ်၍ သင့် အောက်၌ ခန့် ထားလော့။

Tip: use the ← and → keys to turn chapters.