ထွက်မြောက် 23
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Hebrew Old Testament (Masoretic Text)
1သင်သည် မှား သော သိတင်း စကားကို မ ကြား မပြောရ။ မတရား သောသူတို့နှင့် ဝိုင်းညီ၍ မ မှန်သော သက်သေ ကို မ ခံ ရ။
1לֹ֥א תִשָּׂ֖א שֵׁ֣מַע שָׁ֑וְא אַל־תָּ֤שֶׁת יָֽדְךָ֙ עִם־רָשָׁ֔ע לִהְיֹ֖ת עֵ֥ד חָמָֽס׃ ס
2လူများ နောက် သို့ လိုက် ၍ မတရား သဖြင့် မ ပြုရ။ တရား တွေ့သည်အမှုမှာ ကြီး သောသူဘက် ၌ နေ၍၊ တရားလမ်းမှ လွဲ စေခြင်းငှါ မ ပြော ရ။
2לֹֽא־תִהְיֶ֥ה אַחֲרֵֽי־רַבִּ֖ים לְרָעֹ֑ת וְלֹא־תַעֲנֶ֣ה עַל־רִ֗ב לִנְטֹ֛ת אַחֲרֵ֥י רַבִּ֖ים לְהַטֹּֽת׃
3ဆင်းရဲ သောသူဘက်၌လည်း မ ငဲ့ကွက် ရ။
3וְדָ֕ל לֹ֥א תֶהְדַּ֖ר בְּרִיבֹֽו׃ ס
4သင် သည် ရန်သူ ၏မြင်း နွား လမ်း လွဲသည်ကို တွေ့မြင် လျှင် ၊ အမှန်ပြန်ပို့ ရမည်။
4כִּ֣י תִפְגַּ֞ע שֹׁ֧ור אֹֽיִבְךָ֛ אֹ֥ו חֲמֹרֹ֖ו תֹּעֶ֑ה הָשֵׁ֥ב תְּשִׁיבֶ֖נּוּ לֹֽו׃ ס
5သင့် ကို မုန်း သောသူ ၏မြည်း သည်၊ မိမိ ဆောင်ရွက်သော ဝန် အောက် မှာ လဲ နေသည်ကို တွေ့မြင် လျှင် ၊ မ မစဘဲ နေနိုင်သလော။ အမှန်ဝိုင်းညီ၍ မစ ရမည်။
5כִּֽי־תִרְאֶ֞ה חֲמֹ֣ור שֹׂנַאֲךָ֗ רֹבֵץ֙ תַּ֣חַת מַשָּׂאֹ֔ו וְחָדַלְתָּ֖ מֵעֲזֹ֣ב לֹ֑ו עָזֹ֥ב תַּעֲזֹ֖ב עִמֹּֽו׃ ס
6သင် ၌ ဆင်းရဲ သောသူသည် တရား တွေ့သောအခါ ၊ သူ့ကို မတရား သဖြင့် မ စီရင် ရ။
6לֹ֥א תַטֶּ֛ה מִשְׁפַּ֥ט אֶבְיֹנְךָ֖ בְּרִיבֹֽו׃
7မ ဟုတ်မမှန်သော အမှု ကို ရှောင် ရမည်။ အပြစ် မရှိသောသူ၊ ဖြောင့်မတ် သောသူကို မ ကွပ်မျက် ရ။ အကြောင်း မူကား၊ ငါသည် မတရား သောသူကို အပြစ်မ လွှတ်။
7מִדְּבַר־שֶׁ֖קֶר תִּרְחָ֑ק וְנָקִ֤י וְצַדִּיק֙ אַֽל־תַּהֲרֹ֔ג כִּ֥י לֹא־אַצְדִּ֖יק רָשָֽׁע׃
8သင်သည် တံစိုး မ စား ရ။ တံစိုး သည် ပညာရှိ တို့၏မျက်စိကို ကွယ် စေ၍ ၊ ဖြောင့်မတ် သောသူတို့၏ စကား ကို လွဲ စေတတ်၏။
8וְשֹׁ֖חַד לֹ֣א תִקָּ֑ח כִּ֤י הַשֹּׁ֙חַד֙ יְעַוֵּ֣ר פִּקְחִ֔ים וִֽיסַלֵּ֖ף דִּבְרֵ֥י צַדִּיקִֽים׃
9တကျွန်းတနိုင်ငံသားဖြစ်သော ဧည့်သည် ကို မ ညှဉ်းဆဲ ရ။ သင်တို့သည် အဲဂုတ္တု ပြည် ၌ ဧည့်သည် ဖြစ် ခဲ့ ဘူးသောကြောင့် ၊ ဧည့်သည် ၏စိတ် သဘောကို သိ ကြ၏။
9וְגֵ֖ר לֹ֣א תִלְחָ֑ץ וְאַתֶּ֗ם יְדַעְתֶּם֙ אֶת־נֶ֣פֶשׁ הַגֵּ֔ר כִּֽי־גֵרִ֥ים הֱיִיתֶ֖ם בְּאֶ֥רֶץ מִצְרָֽיִם׃
10ခြောက် နှစ် ပတ်လုံးလယ် လုပ် ၍ အသီး ကို သိမ်း ရမည်။
10וְשֵׁ֥שׁ שָׁנִ֖ים תִּזְרַ֣ע אֶת־אַרְצֶ֑ךָ וְאָסַפְתָּ֖ אֶת־תְּבוּאָתָֽהּ׃
11သတ္တမ နှစ်တွင် လယ် ကို မလုပ် ဘဲ အလွတ် ထားရမည်။ သို့ပြုလျှင် ဆင်းရဲ သောအမျိုးသား ချင်းတို့သည်၊ စား ရသောအခွင့် ရှိလိမ့်မည်။ ကြွင်း သောအရာကိုလည်း ၊ မြေ တိရစ္ဆာန် တို့သည် စား ရကြလိမ့်မည်။ ထိုနည်းတူ ၊ စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်ကိုလည်း ပြု ရမည်။
11וְהַשְּׁבִיעִ֞ת תִּשְׁמְטֶ֣נָּה וּנְטַשְׁתָּ֗הּ וְאָֽכְלוּ֙ אֶבְיֹנֵ֣י עַמֶּ֔ךָ וְיִתְרָ֕ם תֹּאכַ֖ל חַיַּ֣ת הַשָּׂדֶ֑ה כֵּֽן־תַּעֲשֶׂ֥ה לְכַרְמְךָ֖ לְזֵיתֶֽךָ׃
12ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ ရက်၌ ငြိမ်ဝပ် စွာနေရမည်။ သို့ပြုလျှင် သင် ၏နွား မြည်း တို့သည် ငြိမ်ဝပ် စွာ နေရသောအခွင့် ရှိလိမ့်မည်။ သင် ၏ ငယ်သား များ၊ ဧည့်သည် များတို့လည်း သက်သာ ရ ကြလိမ့်မည်။
12שֵׁ֤שֶׁת יָמִים֙ תַּעֲשֶׂ֣ה מַעֲשֶׂ֔יךָ וּבַיֹּ֥ום הַשְּׁבִיעִ֖י תִּשְׁבֹּ֑ת לְמַ֣עַן יָנ֗וּחַ שֹֽׁורְךָ֙ וַחֲמֹרֶ֔ךָ וְיִנָּפֵ֥שׁ בֶּן־אֲמָתְךָ֖ וְהַגֵּֽר׃
13ငါပညတ် သမျှ တို့၌ သတိပြု ကြလော့။ အခြား သောဘုရား ၏ နာမ ကို မ မြွက် မဆိုနှင့်။ သင် ၏နှုတ် ထဲက မြွက်သံကို သူတပါးမ ကြား စေနှင့်။
13וּבְכֹ֛ל אֲשֶׁר־אָמַ֥רְתִּי אֲלֵיכֶ֖ם תִּשָּׁמֵ֑רוּ וְשֵׁ֨ם אֱלֹהִ֤ים אֲחֵרִים֙ לֹ֣א תַזְכִּ֔ירוּ לֹ֥א יִשָּׁמַ֖ע עַל־פִּֽיךָ׃
14တနှစ် တွင် သုံး ကြိမ် ငါ့ အဘို့ ပွဲခံ ရမည်။
14שָׁלֹ֣שׁ רְגָלִ֔ים תָּחֹ֥ג לִ֖י בַּשָּׁנָֽה׃
15ငါမှာ ထားခဲ့ပြီးသည်အတိုင်း ၊ အဗိဗ လ ချိန်းချက် သော နေ့ရက်အချိန်၌ အဇုမ ပွဲကိုခံ ၍၊ ခုနစ် ရက် ပတ်လုံးတဆေး မဲ့သော မုန့်ကို စား ရမည်။ အကြောင်း မူကား၊ ထို လတွင် သင်သည် အဲဂုတ္တု ပြည်က ထွက် လာသတည်း။ ထိုပွဲကို ခံစဉ် ငါ့ ထံသို့ အဘယ်သူမျှလက်ချည်း မ ပေါ် မလာရ။
15אֶת־חַ֣ג הַמַּצֹּות֮ תִּשְׁמֹר֒ שִׁבְעַ֣ת יָמִים֩ תֹּאכַ֨ל מַצֹּ֜ות כּֽ͏ַאֲשֶׁ֣ר צִוִּיתִ֗ךָ לְמֹועֵד֙ חֹ֣דֶשׁ הָֽאָבִ֔יב כִּי־בֹ֖ו יָצָ֣אתָ מִמִּצְרָ֑יִם וְלֹא־יֵרָא֥וּ פָנַ֖י רֵיקָֽם׃
16လယ်လုပ်၍ အသီးအနှံ ကို သိမ်းစရှိသည်ကာလ၊ သိမ်း ပွဲ ကို၎င်း၊ လယ် လုပ် ၍ အသီးအနှံ ကို သိုထား သည်ကာလ၊ နှစ် လဲ သောအခါ ၊ သိုထား ပွဲ ကို၎င်း ခံရမည်။
16וְחַ֤ג הַקָּצִיר֙ בִּכּוּרֵ֣י מַעֲשֶׂ֔יךָ אֲשֶׁ֥ר תִּזְרַ֖ע בַּשָּׂדֶ֑ה וְחַ֤ג הָֽאָסִף֙ בְּצֵ֣את הַשָּׁנָ֔ה בְּאָסְפְּךָ֥ אֶֽת־מַעֲשֶׂ֖יךָ מִן־הַשָּׂדֶֽה׃
17သင် တို့တွင် ယောက်ျား အပေါင်း တို့သည်၊ တနှစ် လျှင် သုံး ကြိမ် ထာဝရ အရှင်ဘုရားသခင့် ရှေ့ တော်၌ မျက်နှာ ပြရကြမည်။
17שָׁלֹ֥שׁ פְּעָמִ֖ים בַּשָּׁנָ֑ה יֵרָאֶה֙ כָּל־זְכ֣וּרְךָ֔ אֶל־פְּנֵ֖י הָאָדֹ֥ן ׀ יְהוָֽה׃
18ငါ့ ယဇ်ကောင် ၏ အသွေး ကို၊ တဆေး ပါသောမုန့်နှင့် ရော၍ မ ပူဇော် ရ။ ငါ့ ယဇ်ကောင် ဆီဥ ကို နံနက် တိုင်အောင် မ ကြွင်း စေရ။
18לֹֽא־תִזְבַּ֥ח עַל־חָמֵ֖ץ דַּם־זִבְחִ֑י וְלֹֽא־יָלִ֥ין חֵֽלֶב־חַגִּ֖י עַד־בֹּֽקֶר׃
19သင် ၏မြေ ၌ အဦး သီးသော အသီးအနှံအကောင်း ဆုံးကို၊ သင် ၏ဘုရား သခင်ထာဝရ ဘုရား၏ အိမ် တော်ထဲသို့ ဆောင် သွင်းရမည်။ ဆိတ် သငယ်ကို အမိ နို့ ရည်နှင့် မ ချက် မပြုတ်ရ။
19רֵאשִׁ֗ית בִּכּוּרֵי֙ אַדְמָ֣תְךָ֔ תָּבִ֕יא בֵּ֖ית יְהוָ֣ה אֱלֹהֶ֑יךָ לֹֽא־תְבַשֵּׁ֥ל גְּדִ֖י בַּחֲלֵ֥ב אִמֹּֽו׃ ס
20ကြည့်ရှု လော့။ လမ်း ခရီး၌ သင့် ကို စောင့်ရှောက် ၍ ၊ ငါပြင်ဆင် နှင့်သော အရပ် သို့ ပို့ စေခြင်းငှာ ၊ ကောင်းကင်တမန် ကို သင့် ရှေ့ ၌ ငါ စေလွှတ် ၏။
20הִנֵּ֨ה אָנֹכִ֜י שֹׁלֵ֤חַ מַלְאָךְ֙ לְפָנֶ֔יךָ לִשְׁמָרְךָ֖ בַּדָּ֑רֶךְ וְלַהֲבִ֣יאֲךָ֔ אֶל־הַמָּקֹ֖ום אֲשֶׁ֥ר הֲכִנֹֽתִי׃
21ထိုတမန် ကို ရိုသေ စွာပြုလော့။ စကား တော်ကို နားထောင် လော့။ အာဏာတော်ကို မ ဆန် နှင့်။ သင် တို့ပြစ်မှားသောအပြစ် ကို သူသည် မ လွှတ်။ ငါ့ နာမ သည် သူ ၌ တည်ရှိ၏။
21הִשָּׁ֧מֶר מִפָּנָ֛יו וּשְׁמַ֥ע בְּקֹלֹ֖ו אַל־תַּמֵּ֣ר בֹּ֑ו כִּ֣י לֹ֤א יִשָּׂא֙ לְפִשְׁעֲכֶ֔ם כִּ֥י שְׁמִ֖י בְּקִרְבֹּֽו׃
22အကယ်စင်စစ်သင်သည် သူ့ စကား ကို နားထောင် ၍ ငါပညတ် သမျှ အတိုင်း ပြု လျှင် ၊ သင် ၏ ရန်သူ တို့ကို ငါသည် ရန်ဘက် ပြုမည်။ သင့် ကို ဆီးတား သောသူတို့ကိုလည်း ငါဆီးတား မည်။
22כִּ֣י אִם־שָׁמֹ֤עַ תִּשְׁמַע֙ בְּקֹלֹ֔ו וְעָשִׂ֕יתָ כֹּ֖ל אֲשֶׁ֣ר אֲדַבֵּ֑ר וְאָֽיַבְתִּי֙ אֶת־אֹ֣יְבֶ֔יךָ וְצַרְתִּ֖י אֶת־צֹרְרֶֽיךָ׃
23ငါ့ တမန် သည် သင့် ရှေ့ ၌သွား ၍ သင့် ကို အာမောရိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ခါနနိ လူ၊ ဂိရဂါရှိလူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့ရှိရာသို့ ဆောင် သွင်း၍ ၊ သူ တို့ကို ပယ်ရှင်း မည်။
23כִּֽי־יֵלֵ֣ךְ מַלְאָכִי֮ לְפָנֶיךָ֒ וֶהֱבִֽיאֲךָ֗ אֶל־הָֽאֱמֹרִי֙ וְהַ֣חִתִּ֔י וְהַפְּרִזִּי֙ וְהַֽכְּנַעֲנִ֔י הַחִוִּ֖י וְהַיְבוּסִ֑י וְהִכְחַדְתִּֽיו׃
24သူ တို့ဘုရား များကို ဦး မ ချဝတ် မ ပြုရ။ သူ တို့ဘာသာ အတိုင်း မ ကျင့် ရ။ သူ တို့ကို အကုန်အစင်မှောက် လှဲ၍ ၊ ရုပ်တု ဆင်းတုများကိုလည်း ရှင်းရှင်းဖြိုဖျက် ရမည်။
24לֹֽא־תִשְׁתַּחֲוֶ֤ה לֵאלֹֽהֵיהֶם֙ וְלֹ֣א תָֽעָבְדֵ֔ם וְלֹ֥א תַעֲשֶׂ֖ה כְּמַֽעֲשֵׂיהֶ֑ם כִּ֤י הָרֵס֙ תְּהָ֣רְסֵ֔ם וְשַׁבֵּ֥ר תְּשַׁבֵּ֖ר מַצֵּבֹתֵיהֶֽם׃
25သင် တို့၏ဘုရား သခင်ထာဝရဘုရား ကို ဝတ်ပြု ရမည်။ သင် ၏မုန့် ကို၎င်း ၊ ရေ ကို၎င်း၊ ကောင်းကြီး ပေး တော်မူမည်။ အနာရောဂါ ကိုလည်း သင် ၏အထဲ က နှုတ်ယူ ပယ်ရှားတော်မူမည်။
25וַעֲבַדְתֶּ֗ם אֵ֚ת יְהוָ֣ה אֱלֹֽהֵיכֶ֔ם וּבֵרַ֥ךְ אֶֽת־לַחְמְךָ֖ וְאֶת־מֵימֶ֑יךָ וַהֲסִרֹתִ֥י מַחֲלָ֖ה מִקִּרְבֶּֽךָ׃
26သင် ၏ပြည် တွင် ကိုယ်ဝန် ပျက်သော သတ္တဝါ၊ မြုံ သောသတ္တဝါနှင့် ကင်းလွတ် လိမ့်မည်။ သင် ၏အသက် တန်း ကို ငါစုံလင် စေမည်။
26לֹ֥א תִהְיֶ֛ה מְשַׁכֵּלָ֥ה וַעֲקָרָ֖ה בְּאַרְצֶ֑ךָ אֶת־מִסְפַּ֥ר יָמֶ֖יךָ אֲמַלֵּֽא׃
27ငါ့ ကိုကြောက် တတ်သော သဘောကို သင့် ရှေ့ သို့ ငါစေလွှတ် ၍ ၊ သင်ရောက်လေရာရာအရပ်၌ ခပ်သိမ်း သောလူမျိုး ကို ငါဖျက်ဆီး မည်။ သင် ၏ရန်သူ အပေါင်း တို့ကို နောက် သို့ လှည့်စေ မည်။
27אֶת־אֵֽימָתִי֙ אֲשַׁלַּ֣ח לְפָנֶ֔יךָ וְהַמֹּתִי֙ אֶת־כָּל־הָעָ֔ם אֲשֶׁ֥ר תָּבֹ֖א בָּהֶ֑ם וְנָתַתִּ֧י אֶת־כָּל־אֹיְבֶ֛יךָ אֵלֶ֖יךָ עֹֽרֶף׃
28ပျားတူ များကိုလည်း သင့် ရှေ့ သို့ ငါစေလွှတ် ၍ ၊ သူတို့သည် ဟိဝိ လူ၊ ခါနနိ လူ၊ ဟိတ္တိ လူတို့ကို သင့် ရှေ့ မှာ နှင်ထုတ် ကြလိမ့်မည်။
28וְשָׁלַחְתִּ֥י אֶת־הַצִּרְעָ֖ה לְפָנֶ֑יךָ וְגֵרְשָׁ֗ה אֶת־הַחִוִּ֧י אֶת־הַֽכְּנַעֲנִ֛י וְאֶת־הַחִתִּ֖י מִלְּפָנֶֽיךָ׃
29ထိုလူများကို တ နှစ်ခြင်းတွင် သင့် ရှေ့ မှာ ငါမ နှင်ထုတ်။ သို့ပြုလျှင်ပြည် သည် လူဆိတ်ညံ ၍ သားရဲ သည် သင့် တဘက်၌ များပြား လိမ့်မည်။
29לֹ֧א אֲגָרְשֶׁ֛נּוּ מִפָּנֶ֖יךָ בְּשָׁנָ֣ה אֶחָ֑ת פֶּן־תִּהְיֶ֤ה הָאָ֙רֶץ֙ שְׁמָמָ֔ה וְרַבָּ֥ה עָלֶ֖יךָ חַיַּ֥ת הַשָּׂדֶֽה׃
30သင်သည် တိုးပွား ၍ တပြည် လုံးကို ဝင်စား သည်တိုင်အောင် ၊ သူ တို့ကို သင့် ရှေ့ မှာ ဖြည်းဖြည်း ငါနှင်ထုတ် မည်။
30מְעַ֥ט מְעַ֛ט אֲגָרְשֶׁ֖נּוּ מִפָּנֶ֑יךָ עַ֚ד אֲשֶׁ֣ר תִּפְרֶ֔ה וְנָחַלְתָּ֖ אֶת־הָאָֽרֶץ׃
31သင့် နေရာ နယ် အပိုင်းအခြားကို၊ ဧဒုံ ပင်လယ် မှ သည် ဖိလိတ္တိ ပင်လယ် တိုင်အောင် ၎င်း ၊ တော မှ သည် မြစ် တိုင်အောင် ၎င်း ငါမှတ်သား မည်။ ထိုအရပ် သား များကို သင့် လက် သို့ ငါအပ် ၍၊ သင်သည် နှင်ထုတ် ရ လိမ့်မည်။
31וְשַׁתִּ֣י אֶת־גְּבֻלְךָ֗ מִיַּם־סוּף֙ וְעַד־יָ֣ם פְּלִשְׁתִּ֔ים וּמִמִּדְבָּ֖ר עַד־הַנָּהָ֑ר כִּ֣י ׀ אֶתֵּ֣ן בְּיֶדְכֶ֗ם אֵ֚ת יֹשְׁבֵ֣י הָאָ֔רֶץ וְגֵרַשְׁתָּ֖מֹו מִפָּנֶֽיךָ׃
32သူ တို့နှင့် ၎င်း၊ သူ တို့ဘုရား များနှင့်၎င်း၊ သင် သည် မိဿဟာယ မ ဖွဲ့ ရ။
32לֹא־תִכְרֹ֥ת לָהֶ֛ם וְלֵאלֹֽהֵיהֶ֖ם בְּרִֽית׃
33သင် သည် ငါ့ ကို ပြစ်မှား စေခြင်းငှာ၊ သူတို့သည် ပြုမည်ကို စိုးရိမ်စရာရှိသောကြောင့်၊ သူတို့သည် သင့် ပြည် ၌ မ နေ ရကြ။ သင်သည် သူ တို့ဘုရား ကို ဝတ်ပြု လျှင် ၊ ထိမိ ၍ လဲစရာအကြောင်းအမှန် ဖြစ် လိမ့်မည်ဟု မောရှေအား မိန့်တော်မူ၏။
33לֹ֤א יֵשְׁבוּ֙ בְּאַרְצְךָ֔ פֶּן־יַחֲטִ֥יאוּ אֹתְךָ֖ לִ֑י כִּ֤י תַעֲבֹד֙ אֶת־אֱלֹ֣הֵיהֶ֔ם כִּֽי־יִהְיֶ֥ה לְךָ֖ לְמֹוקֵֽשׁ׃ פ
Tip: use the ← and → keys to turn chapters.