ထွက်မြောက်

Old Testament

Chapter 16
Judson Burmese Bible (18…
vs Bíblia Portuguesa …
Aa
Text size
Line width
Verse numbers

ထွက်မြောက် 16

Judson Burmese Bible (1840)
Bíblia Portuguesa Mundial (Brazilian Portuguese)
1တဖန် ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ ဧလိမ် အရပ်မှ ထွက်၍ ခရီးသွား ကြ၏။ အဲဂုတ္တု ပြည် မှ ထွက်သွား သောနောက်၊ ဒုတိယ လ ဆယ် ငါး ရက် နေ့တွင် ၊ ဧလိမ် အရပ်နှင့် သိနာ တောင် စပ်ကြား မှာ သိန် တော သို့ ရောက် ကြ၏။
1Eles partiram de Elim, e toda a congregação dos filhos de Israel chegou ao deserto de Sim, que fica entre Elim e Sinai, no décimo quinto dia do segundo mês após a sua saída da terra do Egito.
2ထိုတော ၌ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့က၊
2Toda a congregação dos filhos de Israel murmurou contra Moisés e contra Arão no deserto;
3ငါတို့သည် အဲဂုတ္တု ပြည် ၌ အမဲသား ချက်သော အိုး ကင်းနား မှာ ထိုင် ၍ ဝ စွာစား ရသောအခါ ၊ ထာဝရဘုရား ၏ လက် တော်ဖြင့် သေ လျှင် သာ၍ကောင်း၏။ ယခု မူကား၊ ဤ စည်းဝေး လျက်ရှိသောလူအပေါင်း တို့ကို ငတ်မွတ် ခြင်းအားဖြင့် သတ် လိုသောငှာ ၊ ဤ တော အရပ်သို့ ဆောင် ခဲ့ပြီတကားဟု မောရှေ နှင့် အာရုန် ကို အပြစ်တင် ၍ မြည်တမ်းလျက်ဆို ကြ၏။
3e os filhos de Israel lhes disseram: “Quem dera tivéssemos morrido pela mão do SENHOR na terra do Egito, quando nos sentávamos junto às panelas de carne, quando comíamos pão até nos fartarmos, pois vocês nos trouxeram para este deserto para matar de fome toda esta assembleia.”
4ထိုအခါ ထာဝရဘုရား က ကြည့်ရှု လော့။ ငါ သည် သင် တို့အဘို့ မိုဃ်းကောင်းကင် က မုန့် မိုဃ်း ကို ရွာစေမည်။ လူ တို့သည် နေ့တိုင်းထွက် ၍ တနေ့ စားလောက်အောင် သိမ်း ယူရကြမည်။ ငါ ၏တရား အတိုင်း ကျင့် မည်လော၊ မ ကျင့်လောဟု ထို သို့သောအားဖြင့် သူ တို့ကို ငါစုံစမ်း မည်။
4Então o SENHOR disse a Moisés: “Eis que farei chover pão do céu para vocês, e o povo sairá e colherá a porção de cada dia, para que eu os prove, se andarão na minha lei ou não.
5နေ့ တိုင်းသိမ်းယူ သော အရာ ထက် ၊ ခြောက် ရက်မြောက်သောနေ့ ၌ နှစ်ဆ ကို သိမ်းယူ ၍ ပြင် ရကြမည်ဟု မောရှေ အား မိန့် တော်မူ၏။
5Acontecerá que, no sexto dia, eles prepararão o que trouxerem, e será o dobro do que colhem diariamente.”
6မောရှေ နှင့် အာရုန် တို့ကလည်း ၊ ထာဝရဘုရား သည် သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် တော်မူသည် ဟု ယနေ့ညဦး ယံ၌ သင်တို့သိ ကြလိမ့်မည်။
6Moisés e Arão disseram a todos os filhos de Israel: “À tarde, vocês saberão que o SENHOR os tirou da terra do Egito.
7နံနက် ယံ၌ လည်း ၊ ထာဝရဘုရား ၏ ဘုန်း တော်ကို မြင် ရကြလိမ့်မည်။ ထာဝရဘုရား ကို အပြစ်တင်လျက် မြည်တမ်း ကြသောအသံကိုကြား တော်မူပြီ။ ငါ တို့ကို အပြစ်တင်လျက် မြည်တမ်း စေခြင်းငှာ ၊ ငါ တို့သည် အဘယ်သို့ သောသူဖြစ် သနည်းဟု ဣသရေလ အမျိုးသား အပေါင်း တို့အား ဆို လေ၏။
7Pela manhã, vocês verão a glória do SENHOR; porque ele ouve as suas murmurações contra o SENHOR. Quem somos nós, para que vocês murmurem contra nós?”
8တဖန် လည်းမောရှေ က၊ ထာဝရဘုရား သည် ညဦး ယံ၌ သင် တို့စား စရာအမဲသား ကို၎င်း ၊ နံနက် ယံ၌ ဝ လောက်အောင် မုန့် ကို၎င်းပေး တော်မူသောအခါ ၊ ဤစကားပြည့်စုံလိမ့်မည်။ သင် တို့သည် အပြစ်တင်လျက် မြည်တမ်း ကြသော အသံကို ထာဝရဘုရား ကြား တော်မူပြီ။ ငါ တို့သည် အဘယ်သို့ သောသူဖြစ် သနည်း။ သင် တို့သည် အပြစ်တင်လျက် မြည်တမ်း ကြသော စကားသည်၊ ငါ တို့ကို မ ထိ မခိုက်၊ ထာဝရဘုရား ကို ထိခိုက် သည်ဟု ဆို လေ၏။
8Moisés disse: “Agora o SENHOR lhes dará carne para comer à tarde, e pela manhã pão para saciá-los, porque o SENHOR ouve as suas murmurações que vocês murmuram contra ele. E quem somos nós? Suas murmurações não são contra nós, mas contra o SENHOR.”
9တဖန် သင် တို့သည် အပြစ်တင်လျက်၊ မြည်တမ်း သောအသံကို ထာဝရဘုရား ကြား တော်မူသည် ဖြစ်၍ ၊ အထံ တော်သို့ ချဉ်းကပ် ကြလော့ဟု ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အား ဆင့်ဆို လော့ဟု အာရုန် ကို မှာ ထားသည်အတိုင်း ၊
9Moisés disse a Arão: “Diga a toda a congregação dos filhos de Israel: 'Aproximem-se do SENHOR, pois ele ouviu as suas murmurações.'”
10အာရုန် သည် ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အား ဆင့်ဆို သောအခါ၊ သူတို့သည် တော သို့ မြော် ကြည့်၍ ၊ မိုဃ်းတိမ် ၌ ထင်ရှား သော ထာဝရဘုရား ၏ ဘုန်း တော်ကို မြင် ရကြ၏။
10Enquanto Arão falava a toda a congregação dos filhos de Israel, eles olharam para o deserto, e eis que a glória do SENHOR apareceu na nuvem.
11ထာဝရဘုရား ကလည်း ၊ ဣသရေလ အမျိုးသား တို့သည် အပြစ်တင်လျက် မြည်တမ်း သောအသံကို ငါကြား ရပြီ။
11O SENHOR falou a Moisés, dizendo:
12ညဦး ယံ၌ သင်တို့သည် အမဲသား ကို စား ရကြလိမ့်မည်။ နံနက် ယံ၌ လည်း မုန့် နှင့် ဝ ရကြလိမ့်မည်။ ငါ သည် သင် တို့၏ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်းကို သိ ကြလိမ့်မည်ဟု သူ တို့ကို ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
12“Eu ouvi as murmurações dos filhos de Israel. Fale com eles, dizendo: 'À tarde vocês comerão carne, e pela manhã se fartarão de pão. Então vocês saberão que eu sou o SENHOR, o seu Deus.'”
13ညဦး ယံ၌ ငုံး ငှက်တို့သည် တပ် ကိုအနှံ့အပြားတက် လာကြ၏။ နံနက် ယံ၌ လည်း တပ် ပတ်လည် အရပ်ရပ်တွင် နှင်း ကျ လျက်ရှိ၏။
13À tarde, codornizes subiram e cobriram o acampamento; e pela manhã o orvalho repousava ao redor do acampamento.
14နှင်း တက် ပြီးသောအခါ ၊ နှင်းခဲ ကဲ့သို့ သေးသေး လုံးလုံး အရာသည် မြေ မျက်နှာပေါ် မှာ ရှိရစ်လေ၏။
14Quando o orvalho que repousava se evaporou, eis que sobre a superfície do deserto havia uma coisa pequena e redonda, pequena como a geada sobre a terra.
15ထို အရာကို ဣသရေလ အမျိုးသား တို့သည် မြင် သောအခါ ၊ အဘယ် အရာနည်းဟု မ သိ သောကြောင့် ၊ တ ယောက်ကို တယောက်မေး ကြ၏။ မောရှေ ကလည်း ၊ ဤ အရာသည်သင် တို့စားစရာ ဘို့ ထာဝရဘုရား ပေး သနားတော်မူသော မုန့် ဖြစ်၏။
15Quando os filhos de Israel viram isso, disseram uns aos outros: “O que é isso?” Pois eles não sabiam o que era. Moisés lhes disse: “Este é o pão que o SENHOR lhes deu para comer.
16လူတိုင်း မိမိ တဲ ၌ ရှိသော သူ အရေအတွက် နှင့်အညီ၊ လူအသီးအသီး စား လောက်အောင် တယောက်တဩမဲ စီ သိမ်းယူ ကြလော့ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ပြန်ပြော လေ၏။
16Esta é a palavra que o SENHOR ordenou: 'Colham disso, cada um de acordo com o que puder comer; um ômer por cabeça, de acordo com o número de suas pessoas, vocês pegarão, cada homem para aqueles que estão em sua tenda.'”
17ဣသရေလ အမျိုးသား တို့သည် ထိုသို့ ပြု ၍ ၊ အနည်း အများ အလိုက် သိမ်းယူ ကြ၏။
17Os filhos de Israel fizeram assim, e alguns colheram mais, outros menos.
18ဩမဲ တောင်းနှင့် ခြင် ကြသောအခါ ၊ များ များရသောသူမ ပို ၊ နည်းနည်း ရသောသူ မ လို ၊ အသီးအသီး တို့သည် စား လောက်အောင် သိမ်း ယူကြ၏။
18Quando mediram com um ômer, aquele que colheu muito não teve sobra, e aquele que colheu pouco não teve falta. Cada um colheu de acordo com o que podia comer.
19မောရှေ ကလည်း ၊ နံနက် တိုင်အောင် အဘယ်သူမျှ မ ကျန် စေနှင့်ဟု ဆို သော်လည်း ၊
19Moisés lhes disse: “Ninguém deixe nada disso até a manhã.”
20အချို့တို့သည် မောရှေ စကားကို နား မ ထောင်ဘဲ၊ နံနက် တိုင်အောင် ကျန် စေသဖြင့် ၊ ပိုး ဖြစ် ၍ နံ လေသော် ၊ မောရှေ သည် အမျက် ထွက်၏။
20Apesar disso, eles não deram ouvidos a Moisés, mas alguns deles deixaram uma parte até a manhã, de modo que criou vermes e cheirou mal; e Moisés ficou irado com eles.
21ထိုသူ အသီးအသီးတို့သည် နေ့ တိုင်း မိမိ တို့စား လောက် သမျှကို သိမ်းယူ ကြ၏။ နေ ပူ သောအခါ အရေ ဖြစ်လေ၏။
21Eles o colhiam manhã após manhã, cada um de acordo com o que podia comer. Quando o sol esquentava, ele derretia.
22ခြောက် ရက်မြောက်သောနေ့ ၌ ၊ မုန့် နှစ်ဆ တည်းဟူသောတယောက်နှစ် ဩမဲ စီ သိမ်း ရကြ၏။ ထိုအကြောင်းကို ပရိသတ် အုပ် အပေါင်း တို့သည် မောရှေ အား ကြားပြော လေ၏။
22No sexto dia, eles colheram o dobro de pão, dois ômeres para cada um; e todos os líderes da congregação vieram e contaram a Moisés.
23သူကလည်း၊ နက်ဖြန် နေ့သည် ထာဝရဘုရား ရှေ့ ၌ သန့်ရှင်း သောဥပုသ် နေ့၊ ငြိမ်ဝပ် စွာနေရသောနေ့ဖြစ်၏။ မုန့်ကို ပေါင်း ချင်သည်အတိုင်း ပေါင်း ကြလော့။ ပြုတ် ချင်သည်အတိုင်း ပြုတ် ကြလော့။ ကျန် သောအရာ ကို နံနက် တိုင်အောင် စောင့် ၍ သို ထားကြလော့ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ပြန်ပြော လေ၏။
23Ele lhes disse: “Isto é o que o SENHOR falou: 'Amanhã é um descanso solene, um sábado santo ao SENHOR. Assem o que quiserem assar, e cozinhem o que quiserem cozinhar; e tudo o que sobrar, guardem para vocês, para ser mantido até a manhã.'”
24မောရှေ မှာ ထားသည်အတိုင်း ၊ နံနက် တိုင်အောင် သို ထားကြ၏။ နံ ခြင်းနှင့် ကင်းလွတ် ၏။ ပိုး လည်း မ ရှိ။
24Eles o guardaram até a manhã, como Moisés ordenou, e não cheirou mal, e não havia vermes nele.
25မောရှေ ကလည်း ၊ ကျန်သောအရာကို ယနေ့ စား ကြလော့။ ယနေ့ သည် ထာဝရဘုရား ၏ ဥပုသ် နေ့ဖြစ်၏။ ယနေ့ တွင် ထိုအရာကို တော ၌ မ တွေ့ ရ။
25Moisés disse: “Comam isso hoje, pois hoje é um sábado ao SENHOR. Hoje vocês não o encontrarão no campo.
26ခြောက် ရက် ပတ်လုံးသိမ်းယူ ရကြ၏။ ဥပုသ် နေ့တည်းဟူသောခုနစ် ရက်မြောက်သောနေ့ တွင် မ ရှိ မတွေ့ရဟု ဆို လေ၏။
26Seis dias vocês o colherão, mas no sétimo dia é o sábado. Nele não haverá nenhum.”
27ခုနစ် ရက်မြောက်သောနေ့ ၌ ၊ အချို့ တို့သည် သိမ်းယူ ခြင်းငှာ ထွက်သွား ရာတွင်၊ ရှာ၍ မ တွေ့ ရကြ။
27No sétimo dia, algumas pessoas saíram para colher, e não encontraram nada.
28ထာဝရဘုရား ကလည်း၊သင်တို့သည်ငါ့ ပညတ် တရား များတို့ကိုအဘယ် မျှကာလ ပတ်လုံးငြင်းပယ် ကြလိမ့်မည်နည်း။
28O SENHOR disse a Moisés: “Até quando vocês se recusarão a guardar os meus mandamentos e as minhas leis?
29ထာဝရဘုရား သည် ဥပုသ် နေ့ကို သင် တို့အား ပေး တော်မူပြီ။ ထိုကြောင့် ခြောက် ရက်မြောက်သောနေ့ ၌ နှစ်ရက် အတွက်မုန့် ကိုပေး တော်မူ၏။ လူ တိုင်းမိမိ နေရာ ၌နေ စေ၊ ခုနစ် ရက်မြောက်သောနေ့ ၌ မိမိ နေရာ မှ အဘယ်သူမျှ မ သွား စေနှင့်ဟု မောရှေ အား မိန့် တော်မူ၏။
29Vejam, porque o SENHOR lhes deu o sábado, portanto ele lhes dá no sexto dia o pão para dois dias. Fique cada um no seu lugar. Que ninguém saia do seu lugar no sétimo dia.”
30ထိုကြောင့် လူ များတို့သည်ခုနစ် ရက်မြောက်သောနေ့ ၌ ငြိမ်ဝပ် စွာနေကြ၏။
30Assim, o povo descansou no sétimo dia.
31ဣသရေလ အမျိုးသား တို့သည် ထို စားစရာကို မန္န ဟုခေါ်ဝေါ် ကြ၏။ နံနံ စေ့ ကဲ့သို့ ဖြစ်၍ ဖြူ သောအဆင်းရှိ၏။ ပျားရည် နှင့် ရောသောမုန့်ကြွပ် နှင့် အရသာ တူ ၏။
31A casa de Israel o chamou de “Maná”, e era como semente de coentro, branco; e o seu sabor era como o de biscoitos com mel.
32မောရှေ ကလည်း ၊ သင် တို့ကိုအဲဂုတ္တု ပြည် မှ ငါ နှုတ်ဆောင် သောအခါ ၊ တော ၌ သင် တို့အား ကျွေး သော မုန့် ကို၊ သင် တို့အမျိုး အစဉ်အဆက်တို့သည်မြင် စေခြင်းငှာ ၊ သူတို့အဘို့သို ထားရသောဩမဲ တဩမဲကိုဖြည့် ကြလော့ဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို ပြန်ပြော လေ၏။
32Moisés disse: “Isto é o que o SENHOR ordenou: 'Que um ômer cheio dele seja guardado por todas as suas gerações, para que vejam o pão com o qual os alimentei no deserto, quando os tirei da terra do Egito.'”
33တဖန် အာရုန် ကို လည်း၊ အိုး တလုံး ကိုယူ ၍ မန္န တဩမဲ ကိုအပြည့် ထည့် ပြီးလျှင်၊ သင် တို့လူမျိုး အစဉ်အဆက်ဘို့ စောင့် စေခြင်းငှာ ၊ ထာဝရ ဘုရားရှေ့တော်၌ သို ထားလော့ဟုဆို ၍၊
33Moisés disse a Arão: “Pegue uma vasilha, coloque nela um ômer cheio de maná, e coloque-a diante do SENHOR, para ser guardada por todas as suas gerações.”
34မောရှေ ကို ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ထိုမန္နကိုအာရုန် စောင့် စေခြင်းငှာ ၊ သက်သေ တော်ရှေ့ မှာသို ထားလေ၏။
34Como o SENHOR ordenou a Moisés, assim Arão a colocou diante do Testemunho, para ser guardada.
35ဣသရေလ အမျိုးသား တို့သည်၊ လူနေ ရာပြည် သို့ မ ရောက် မှီတိုင်အောင်၊ အနှစ် လေးဆယ် ပတ်လုံးမန္န ကိုစား ကြ၏။ ခါနာန် ပြည် နယ်နိမိတ် သို့ မ ရောက် မှီတိုင်အောင် မန္န ကိုစား ကြ၏။
35Os filhos de Israel comeram o maná por quarenta anos, até chegarem a uma terra habitada. Eles comeram o maná até chegarem às fronteiras da terra de Canaã.
36ဩမဲ မူကား ၊ ဧဖာ ဆယ်စု တစုဖြစ်သတည်း။
36Ora, um ômer é a décima parte de um efa.

Tip: use the ← and → keys to turn chapters.