တရားဟောရာ 24
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Baibal Olcim (Matupi Chin)
1တစုံ တယောက်သောသူသည် မယား နှင့် ထိမ်းမြား ၍ ဆက်ဆံ ပြီးမှတဖန် အပြစ် တင်စရာအကြောင်း ရှိ သောကြောင့် စိတ် မ တွေ့လျှင် ၊ ဖြတ် စာကို ရေး ၍ သူ ၌ အပ်ပေး သဖြင့် လွှတ် လိုက်ရမည်။
1Hlang loh yuu a loh tih a yuunah mai ni. Tedae anih soah olka dongah a yah a hmuh tih a mik ah mikdaithen hmu mai mahpawh. Te vaengah huta ham yuuhlaknah ca daek saeh lamtah a kut ah pae saeh. Te phoeiah anih te a im lamloh tueih saeh.
2ထိုမိန်းမသည် လင် အိမ် မှ ထွက် သွား သော နောက်၊ အခြား သောသူ ၏မယား ဖြစ် ရသောအခွင့်ရှိ၏။
2Tedae anih im lamloh coe tih a caeh van coeng atah hlang tloe hut la om coeng.
3နောက် နေသောလင် သည်လည်း သူ့ ကိုမုန်း လျှင် ၊ ဖြတ် စာကို ရေး ၍ သူ ၌ အပ် သဖြင့် လွှတ် လိုက်သည် ဖြစ်စေ၊ ထို လင် သေ သည်ဖြစ်စေ၊
3A va pabae long khaw a hnoel bal atah yuuhlak ca te daek pah tih a kut dongah tloeng pah phoeiah a im lamloh tueih cakhaw, amah yuu la anih aka lo a va pabae loh duek mai cakhaw,
4အရင် လွှတ် လိုက်သော လင် ဟောင်းသည် ညစ်ညူး ခြင်းရှိသောထိုမိန်းမ ကို နောက် တဖန်မ သိမ်း ရ။ ထာဝရဘုရား ရှေ့ တော်၌ စက်ဆုပ် ဘွယ်သောအမှုဖြစ် ၏။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ ပေး တော်မူသော ပြည် ၌ အပြစ် မ ရောက်စေရ။
4BOEIPA mikhmuh ah tueilaehkoi la a poeih hnukah a yuu la amah taengah om sak ham khaw, anih a loh ham khaw, a mael puei ham khaw, anih aka hla lamhma a boei tah coeng thai boel saeh. Te dongah na Pathen BOEIPA loh nang taengah rho la m'paek khohmuen ah tholh boeh.
5အိမ်ထောင် ဘက်ပြုစရှိသောသူသည် စစ်တိုက် မ သွား ရ။ မင်း အမှုကို မ ဆောင် ရ။ တနှစ် ပတ်လုံးကိုယ် အိမ် ၌ အလွတ် နေ ၍ မယား ကို ကျွေးမွေး ပြုစုရမည်။
5A thai la yuu aka lo hlang loh caempuei taengah nuen boel lamtah a pum dongah bitat pakhat khaw phuei boel saeh. Kum khat tah amah im ah ommongsitoe la om saeh lamtah a yuu a loh te a kohoe puei saeh.
6ကြိတ်ဆုံ အပေါ် ကျောက်ပြားကို ဖြစ်စေ ၊ အောက်ကျောက်ပြားကို ဖြစ်စေ၊ အဘယ်သူမျှအပေါင် မ ယူရ။ ထိုသို့ယူလျှင်၊ သူ့အသက်ကို အပေါင်ယူသည်နှင့် တူ၏။
6Kuelhsum neh leng khaw laikoi boeh, teka te a hinglu ni na laikoi.
7လူသည် မိမိ အမျိုးသား ချင်းဖြစ်သော ဣသရေလ အမျိုးသား ကို ခိုး ၍ ကျွန် အရာ၌ ထားသည်ဖြစ်စေ ၊ ရောင်း သည်ဖြစ်စေ ၊ ထို သူခိုး ကို တွေ့ မိလျှင် အသေ သတ်ရမည်။ သင် တို့တွင် ဒုစရိုက် အပြစ်ကို ထိုသို့ ပယ်ရှား ရကြမည်။
7Israel ca rhoek lamloh a manuca kah hinglu aka huen hlang te a uum mai ni. Te vaengah anih te a tueihhno tih a yoih atah tekah hlanghuen te duek sak lamtah namah khui lamkah boethae te hnawt.
8နူနာ ဘေး ရောက်သောအခါ ၊ လေဝိ သား ယဇ် ပုရောဟိတ် တို့ သွန်သင် သမျှ အတိုင်း သတိ ပြု၍ စေ့စေ့စောင့်ရှောက် လော့။ သူ တို့ကို ငါမှာ ထားသည်အတိုင်း ကျင့် စောင့်ကြလော့။
8Bahoeng ngaithuen ham koi dongah hmaibae tloh he ngaithuen. Te dongah amih ka uen vanbangla Levi khosoih rhoek loh nangmih n'thuinuet boeih te saii ham neh vai hamla ngaithuen.
9သင် တို့သည် အဲဂုတ္တု ပြည်မှ ထွက် ၍ ခရီး သွားကြ စဉ်တွင် ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ မိရိအံ ၌ ပြု တော်မူသောအမှု ကို အောက်မေ့ ကြလော့။
9Egypt lamkah na pawk uh phoeikah longpueng ah BOEIPA na Pathen loh Miriam pum dongah a saii te poek uh.
10သင် သည် အမျိုးသား ချင်း၌ တစုံတခု ကို ချေးငှား လျှင် ၊ အပေါင် ထားသောဥစ္စာကို ယူ ခြင်းငှာ သူ့ အိမ် ထဲသို့ မ ဝင် ရ။
10Na hui taengah laiba pakhat na hlah tih anih kah hnohol hoe ham te a im khuila paan boeh.
11သင်သည် အိမ်ပြင် မှာ ရပ် နေ၍ ၊ ထို သူ သည် အပေါင် ထားသော ဥစ္စာကို သင့် ရှိ ရာအိမ်ပြင် သို့ ဆောင် ခဲ့ ရမည်။
11Kawtpoeng ah ana pai lamtah hnohol te cangpu kung amah loh nang taengah kawtpoeng la hang khuen saeh.
12ထိုသူ သည်ဆင်းရဲ လျှင် ၊ ပေါင် ၍ထားသော ဥစ္စာကို ပြန်မ အပ်ဘဲ ညဉ့် ကိုမလွန်စေရ။
12Tedae tekah hlang ni a mang a daeng oeh atah a hnohol te yalh sak boeh.
13သူ သည် မိမိ အဝတ် ကို ဝတ်ခြုံလျက် အိပ်ပျော် ၍ သင့် ကိုကောင်းကြီး ပေးမည် အကြောင်း ၊ သူပေါင် ၍ထား သော ဥစ္စာကို နေ ဝင် လျှင် ဆက်ဆက်ပြန် အပ်ရမည်။ ထိုသို့ပြုသောအမှုသည် သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် သောအမှု ဖြစ် လိမ့်မည်။
13Khomik a tlak vaengah a hnohol te amah taengah bal rhoe bal. Te daengah ni a himbai khuila a yalh vaengah nang yoethen m'paek vetih nang ham khaw BOEIPA na Pathen kah mikhmuh ah duengnah la a om eh.
14အမျိုးသား ချင်းဖြစ်စေ ၊ သင့် နေရာ မြို့ရွာ တို့၌ တည်းခိုသော တပါး အမျိုးသားဖြစ်စေ၊ ဆင်းရဲ ငတ်မွတ် သောသူငှား ကို မ ညှဉ်းဆဲ ရ။
14Na khohmuen kah na vongka ah na manuca lamkah khaw, na yinlai lamkah khaw mangdaeng neh khodaeng kutloh te hnaemtaek boeh.
15နေ့စဉ် မပြတ် သူ့ အခ ကို ပေး ရမည်။ မ ပေးဘဲ နေ မဝင် စေနှင့်။ သူ သည် ဆင်းရဲ သောကြောင့် ရထိုက် သော အခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည်။ မပေးဘဲနေလျှင် သူသည် သင့်ကို အပြစ်တင်၍ ထာဝရဘုရား ကို အော်ဟစ် သဖြင့် သင် ၌ အပြစ် ရောက် မည်ဟု စိုးရိမ်စရာရှိ၏။
15A thapang te amah khohnin dongah pae lamtah a soah khomik tla boel saeh. A mang a daeng dongah a hinglu khaw a thapang neh a duel. Te daengah ni BOEIPA taengla nang m'pang thil vaengah nang soah tholhnah a om pawt eh.
16အဘ သည် သား ၏အပြစ်ကြောင့် ၎င်း ၊ သား သည် အဘ ၏အပြစ်ကြောင့် ၎င်း၊ အသေ မ ခံရ။ လူတိုင်း မိမိ အပြစ် ကြောင့် သာ အသေ ခံရမည်။
16A ca rhoek kongah a napa rhoek duek boel saeh lamtah a napa rhoek kongah a ca rhoek duek boel saeh. Hlang boeih he amah tholh dongah boeih duek uh saeh.
17တရားတွေ့ခြင်းအမှုမှာ တပါး အမျိုးသားနှင့် မိဘ မရှိသောသူကို အရှုံး မ ပေးရ။ မုတ်ဆိုးမ အဝတ် ကို အပေါင် မ ယူရ။
17Laitloeknah dongah yinlai te maelh boeh. Nuhmai neh cadah kah himbai khaw laikoi boeh.
18သင်သည် အဲဂုတ္တု ပြည်၌ ကျွန် ခံ ခဲ့ဘူးကြောင်း ကို၎င်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ထို ပြည်မှ ရွေးနှုတ် တော်မူကြောင်း ကို၎င်းအောက်မေ့ ရမည်။ ထို့ကြောင့် ဤ ပညတ် ကို ငါ ထား ၏။
18Egypt ah sal la na om tih BOEIPA na Pathen loh nang n'lat te khaw poek. Te dongah ni tahae kah olka he na vai hamla kai loh nang kang uen.
19သင် သည် ကိုယ် လယ် ၌ အသီးအနှံ ကိုရိတ် သောအခါ ၊ မေ့လျော့ သောကောက်လှိုင်း ကို ပြန် ၍ မ ယူ ရ။ သင် ပြု လေရာရာ ၌ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူမည်အကြောင်း ၊ ထိုကောက်လှိုင်းကို တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ အဘို့ ထား ရမည်။
19Na lohma kah na cang na ah tih lohma ah canghmoek na hmaai akhaw loh hamla koep mael boeh. Yinlai ham khaw, cadah neh nuhmai ham khaw om mai saeh. Te daengah ni na kut dongkah bitat cungkuem dongah BOEIPA na Pathen loh nang yoethen m'paek eh.
20သင် ၏သံလွင် သီးကို ရိုက် ချွေသောအခါ ၊ ကျန်ကြွင်းသောအသီး ကို ပြန်၍ မ ရိုက်ချွေရ။ တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ အဘို့ ထား ရမည်။
20Na olive te na hae phoeiah namah loh koep khael voel boeh. Yinlai ham, cadah neh nuhmai ham om pawn saeh.
21သင် ၏စပျစ် ဥယျာဉ်၌ စပျစ်သီးကို ဆွတ် ယူ သောအခါ ပြန်၍ ကောက် သိမ်းခြင်းကို မ ပြုရ။ ကျန်ကြွင်းသောအသီးသည် တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ အဘို့ ဖြစ် ရမည်။
21Na misur na bit tangtae te namah loh koep yoep boeh. Yinlai ham, cadah ham neh nuhmai ham mah om pawn saeh.
22သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ခဲ့ဘူးကြောင်း ကို အောက်မေ့ ရမည်။ ထို့ကြောင့် ဤ ပညတ် ကို ငါ ထား ၏။
22Egypt kho ah sal la na om te khaw poek. Te dongah ni tahae kah olka na vai ham koi he kai loh nang kang uen.
Tip: use the ← and → keys to turn chapters.