တရားဟောရာ

Old Testament

Chapter 15
Judson Burmese Bible (18…
vs Westminster Lening…
Aa
Text size
Line width
Verse numbers

တရားဟောရာ 15

Judson Burmese Bible (1840)
Westminster Leningrad Codex (Hebrew Old Testament)
1ခုနစ် နှစ် တခါ လွှတ် ခြင်းကို ပြု ရမည်။
1מִקֵּ֥ץ שֶֽׁבַע־שָׁנִ֖ים תַּעֲשֶׂ֥ה שְׁמִטָּֽה׃
2လွှတ် ခြင်းတရား ဟူမူကား ၊ ကိုယ် နှင့်စပ်ဆိုင် သောသူအား ဥစ္စာကို ချေးငှားသော ကြွေးရှင် မည်သည်ကား၊ ထို ကြွေး ကို လွှတ် ရမည်။ ထာဝရဘုရား လွှတ် ခြင်းကာလဖြစ်သောကြောင့် ၊ ထိုကြွေးကို အိမ်နီးချင်း၊ ညီအစ်ကို ချင်း၌ မ တောင်း ရ။
2וְזֶה֮ דְּבַ֣ר הַשְּׁמִטָּה֒ שָׁמ֗וֹט כָּל־בַּ֙עַל֙ מַשֵּׁ֣ה יָד֔וֹ אֲשֶׁ֥ר יַשֶּׁ֖ה בְּרֵעֵ֑הוּ לֹֽא־יִגֹּ֤שׂ אֶת־רֵעֵ֙הוּ֙ וְאֶת־אָחִ֔יו כִּֽי־קָרָ֥א שְׁמִטָּ֖ה לַֽיהוָֽה׃
3တကျွန်း တနိုင်ငံသား၌ တောင်း ရသောအခွင့် ရှိ၏။ ညီအစ်ကို ၌ ရှိ သောကိုယ် ဥစ္စာ ကို မတောင်းဘဲ လွှတ် ရမည်။
3אֶת־הַנָּכְרִ֖י תִּגֹּ֑שׂ וַאֲשֶׁ֨ר יִהְיֶ֥ה לְךָ֛ אֶת־אָחִ֖יךָ תַּשְׁמֵ֥ט יָדֶֽךָ׃
4သင် ၌ ဆင်းရဲသား မ ရှိ စေခြင်းငှာ ၊ ထိုသို့ပြုရ မည်။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် အမွေခံ ဘို့ ရာအပိုင် ပေး တော်မူသော ပြည် ၌ သင့် ကို အလွန် ကောင်းကြီး ပေးတော်မူမည်။
4אֶ֕פֶס כִּ֛י לֹ֥א יִֽהְיֶה־בְּךָ֖ אֶבְי֑וֹן כִּֽי־בָרֵ֤ךְ יְבָֽרֶכְךָ֙ יְהוָ֔ה בָּאָ֕רֶץ אֲשֶׁר֙ יְהוָ֣ה אֱלֹהֶ֔יךָ נֹֽתֵן־לְךָ֥ נַחֲלָ֖ה לְרִשְׁתָּֽהּ׃
5ယနေ့ ငါ မှာ ထားသမျှ သော ဤ ပညတ် တို့ကို ကျင့် မည်အကြောင်း စောင့်ရှောက် ခြင်းငှာ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို စေ့စေ့နားထောင် လော့။
5רַ֚ק אִם־שָׁמ֣וֹעַ תִּשְׁמַ֔ע בְּק֖וֹל יְהוָ֣ה אֱלֹהֶ֑יךָ לִשְׁמֹ֤ר לַעֲשׂוֹת֙ אֶת־כָּל־הַמִּצְוָ֣ה הַזֹּ֔את אֲשֶׁ֛ר אָנֹכִ֥י מְצַוְּךָ֖ הַיּֽוֹם׃
6သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ ဂတိတော် ရှိသည်အတိုင်း ကောင်းကြီး ပေးတော်မူသဖြင့် ၊ သင် သည် လူမျိုး များတို့အား ချေးငှား ရသောအခွင့်ရှိ လိမ့်မည်။ သူတို့သည် သင့် အား ချေးငှား သော အခွင့်မ ရှိရ။ သင်သည် လူမျိုး များတို့ကို အစိုး ပိုင်ရလိမ့်မည်။ သူတို့ သည် သင့် ကို အစိုး မ ပိုင်ရကြ။
6כִּֽי־יְהוָ֤ה אֱלֹהֶ֙יךָ֙ בֵּֽרַכְךָ֔ כַּאֲשֶׁ֖ר דִּבֶּר־לָ֑ךְ וְהַֽעֲבַטְתָּ֞ גּוֹיִ֣ם רַבִּ֗ים וְאַתָּה֙ לֹ֣א תַעֲבֹ֔ט וּמָֽשַׁלְתָּ֙ בְּגוֹיִ֣ם רַבִּ֔ים וּבְךָ֖ לֹ֥א יִמְשֹֽׁלוּ׃ ס
7သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် တွင် ၊ မြို့ တစုံတမြို့၌ ဆင်းရဲ သော ညီအစ်ကို ချင်း ရှိ လျှင် ၊ ထိုဆင်းရဲ သော ညီအစ်ကို ၌ သင် သည် သနားသောစိတ် ကို မ ချုပ်တည်း ရ။ လက် ကိုလည်း မ ပိတ် ရ။
7כִּֽי־יִהְיֶה֩ בְךָ֨ אֶבְי֜וֹן מֵאַחַ֤ד אַחֶ֙יךָ֙ בְּאַחַ֣ד שְׁעָרֶ֔יךָ בְּאַ֨רְצְךָ֔ אֲשֶׁר־יְהוָ֥ה אֱלֹהֶ֖יךָ נֹתֵ֣ן לָ֑ךְ לֹ֧א תְאַמֵּ֣ץ אֶת־לְבָבְךָ֗ וְלֹ֤א תִקְפֹּץ֙ אֶת־יָ֣דְךָ֔ מֵאָחִ֖יךָ הָאֶבְיֽוֹן׃
8သင် ၏လက် ကို သူ့ အဘို့ ကျယ်ကျယ်ဖွင့် ၍ ၊ သူ ၏ ဆင်းရဲ ပျောက်လောက် အောင် ချေးငှား ရမည်။
8כִּֽי־פָתֹ֧חַ תִּפְתַּ֛ח אֶת־יָדְךָ֖ ל֑וֹ וְהַעֲבֵט֙ תַּעֲבִיטֶ֔נּוּ דֵּ֚י מַחְסֹר֔וֹ אֲשֶׁ֥ר יֶחְסַ֖ר לֽוֹ׃
9သင့် စိတ် နှလုံး၌ ဆိုးညစ် သော သဘော ရှိ ၍ ၊ သတ္တမ နှစ် တည်းဟူသောလွှတ်ရာနှစ်နီးပြီဟု အောက်မေ့လျက်၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ ၍၊ ဘာမျှမပေးဘဲနေလျှင် သူ သည်ထာဝရဘုရား အား အော်ဟစ် သဖြင့် ၊ သင် ၌ အပြစ် မ ရောက် မည်အကြောင်း သတိ ပြုလော့။
9הִשָּׁ֣מֶר לְךָ֡ פֶּן־יִהְיֶ֣ה דָבָר֩ עִם־לְבָבְךָ֨ בְלִיַּ֜עַל לֵאמֹ֗ר קָֽרְבָ֣ה שְׁנַֽת־הַשֶּׁבַע֮ שְׁנַ֣ת הַשְּׁמִטָּה֒ וְרָעָ֣ה עֵֽינְךָ֗ בְּאָחִ֙יךָ֙ הָֽאֶבְי֔וֹן וְלֹ֥א תִתֵּ֖ן ל֑וֹ וְקָרָ֤א עָלֶ֙יךָ֙ אֶל־יְהוָ֔ה וְהָיָ֥ה בְךָ֖ חֵֽטְא׃
10အကယ်စင်စစ်သူ့ အား ပေး ရမည်။ ပေး သောအခါ နှမြော သောစိတ်မ ရှိရ။ အကြောင်း မူကား၊ ထို ဒါန ကြောင့် သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် ပြု လေရာရာ ၊ လုပ်ဆောင် လေရာရာ ၌ ကောင်းကြီး ပေးတော်မူမည်။
10נָת֤וֹן תִּתֵּן֙ ל֔וֹ וְלֹא־יֵרַ֥ע לְבָבְךָ֖ בְּתִתְּךָ֣ ל֑וֹ כִּ֞י בִּגְלַ֣ל ׀ הַדָּבָ֣ר הַזֶּ֗ה יְבָרֶכְךָ֙ יְהוָ֣ה אֱלֹהֶ֔יךָ בְּכָֽל־מַעֲשֶׂ֔ךָ וּבְכֹ֖ל מִשְׁלַ֥ח יָדֶֽךָ׃
11သင့်နေရာပြည် ၌ ဆင်းရဲသား မ ပြတ် ရ။ ထို့ကြောင့် ၊ သင့် ပြည် ၌ ဆင်းရဲ ငတ်မွတ်သော ညီအစ်ကို ချင်းတို့အား သင် ၏လက် ကို ကျယ်ကျယ်ဖွင့် ရမည်အကြောင်း ငါ မှာ ထား၏။
11כִּ֛י לֹא־יֶחְדַּ֥ל אֶבְי֖וֹן מִקֶּ֣רֶב הָאָ֑רֶץ עַל־כֵּ֞ן אָנֹכִ֤י מְצַוְּךָ֙ לֵאמֹ֔ר פָּ֠תֹחַ תִּפְתַּ֨ח אֶת־יָדְךָ֜ לְאָחִ֧יךָ לַעֲנִיֶּ֛ךָ וּלְאֶבְיֹנְךָ֖ בְּאַרְצֶֽךָ׃ ס
12သင် ၏ညီအစ်ကို ချင်း၊ ဟေဗြဲ အမျိုးယောက်ျား မိန်းမ သည် သင် ၌ ကျွန် ဖြစ်၍ ၊ ခြောက် နှစ် အစေခံ ပြီးမှ ၊ သတ္တမ နှစ် ရောက် လျှင် လွှတ် ရမည်။
12כִּֽי־יִמָּכֵ֨ר לְךָ֜ אָחִ֣יךָ הָֽעִבְרִ֗י א֚וֹ הָֽעִבְרִיָּ֔ה וַעֲבָֽדְךָ֖ שֵׁ֣שׁ שָׁנִ֑ים וּבַשָּׁנָה֙ הַשְּׁבִיעִ֔ת תְּשַׁלְּחֶ֥נּוּ חָפְשִׁ֖י מֵעִמָּֽךְ׃
13လွှတ် သောအခါ ၊ လက်ချည်း မ လွှတ် ဘဲ၊
13וְכִֽי־תְשַׁלְּחֶ֥נּוּ חָפְשִׁ֖י מֵֽעִמָּ֑ךְ לֹ֥א תְשַׁלְּחֶ֖נּוּ רֵיקָֽם׃
14သင် ၏ဘုရားသခင် ထာဝရဘုရား သည် ကောင်းကြီး ပေးတော်မူသည်အတိုင်း ၊ သင် ၏သိုးစု ၊ ကောက်နယ် တလင်း၊ စပျစ်သီး နယ်ရာကျင်းထဲက များစွာပေး ရမည်။
14הַעֲנֵ֤יק תַּעֲנִיק֙ ל֔וֹ מִצֹּ֣אנְךָ֔ וּמִֽגָּרְנְךָ֖ וּמִיִּקְבֶ֑ךָ אֲשֶׁ֧ר בֵּרַכְךָ֛ יְהוָ֥ה אֱלֹהֶ֖יךָ תִּתֶּן־לֽוֹ׃
15သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ခဲ့ဘူးကြောင်းကို ၎င်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ရွေးနှုတ် တော်မူကြောင်း ကို၎င်း၊ အောက်မေ့ ရမည်။ ထိုကြောင့် ဤ ပညတ် ကို ယနေ့ ငါ ထား ၏။
15וְזָכַרְתָּ֗ כִּ֣י עֶ֤בֶד הָיִ֙יתָ֙ בְּאֶ֣רֶץ מִצְרַ֔יִם וַֽיִּפְדְּךָ֖ יְהוָ֣ה אֱלֹהֶ֑יךָ עַל־כֵּ֞ן אָנֹכִ֧י מְצַוְּךָ֛ אֶת־הַדָּבָ֥ר הַזֶּ֖ה הַיּֽוֹם׃
16သို့ရာတွင် ကျွန်က၊ ကျွန်တော်သည် မ ထွက် မသွားလိုပါ။ ကိုယ်တော်နှင့် ကိုယ်တော် အိမ်သူ အိမ်သားတို့ကို ချစ် ပါ၏။ နေ၍ပျော် ပါ၏ ဟုဆို လျှင်၊
16וְהָיָה֙ כִּֽי־יֹאמַ֣ר אֵלֶ֔יךָ לֹ֥א אֵצֵ֖א מֵעִמָּ֑ךְ כִּ֤י אֲהֵֽבְךָ֙ וְאֶת־בֵּיתֶ֔ךָ כִּי־ט֥וֹב ל֖וֹ עִמָּֽךְ׃
17သင်သည် စူး ကိုယူ ၍ တံခါး ၌ ကျွန် ၏နားရွက် ကို ဖောက် ပြီးမှ ၊ သူသည် အစဉ်အမြဲ ကျွန် ခံ ရမည်။ ထိုအတူ ကျွန် မ၌ လည်း ပြု ရမည်။
17וְלָקַחְתָּ֣ אֶת־הַמַּרְצֵ֗עַ וְנָתַתָּ֤ה בְאָזְנוֹ֙ וּבַדֶּ֔לֶת וְהָיָ֥ה לְךָ֖ עֶ֣בֶד עוֹלָ֑ם וְאַ֥ף לַאֲמָתְךָ֖ תַּעֲשֶׂה־כֵּֽן׃
18သင် ၏ကျွန် ကို လွှတ် သောအခါ ခက် သည်ဟူ၍မ ထင် ရ။ အကြောင်း မူကား၊ ခြောက် နှစ် ပတ်လုံးအစေခံ သဖြင့် ၊ သူငှား ဆောင်ရွက် သောအမှု နှစ်ဆ ကို သူသည်ဆောင်ရွက်လေပြီ။ သင် ၏ဘုရားသခင် ထာဝရဘုရား သည်လည်း သင်ပြု လေရာရာ ၌ ကောင်းကြီး ပေးတော်မူမည်။
18לֹא־יִקְשֶׁ֣ה בְעֵינֶ֗ךָ בְּשַׁלֵּֽחֲךָ֙ אֹת֤וֹ חָפְשִׁי֙ מֵֽעִמָּ֔ךְ כִּ֗י מִשְׁנֶה֙ שְׂכַ֣ר שָׂכִ֔יר עֲבָֽדְךָ֖ שֵׁ֣שׁ שָׁנִ֑ים וּבֵֽרַכְךָ֙ יְהוָ֣ה אֱלֹהֶ֔יךָ בְּכֹ֖ל אֲשֶׁ֥ר תַּעֲשֶֽׂה׃ פ
19သင် ၏သိုး နွားတို့တွင် အဦး ဘွား သော အထီး ရှိသမျှ တို့ ကို သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း စေရမည်။ အဦး ဘွားသောနွား ၊ အဦး ဘွားသော သိုး ကို မ သုံးဆောင် ရ။
19כָּֽל־הַבְּכ֡וֹר אֲשֶׁר֩ יִוָּלֵ֨ד בִּבְקָרְךָ֤ וּבְצֹֽאנְךָ֙ הַזָּכָ֔ר תַּקְדִּ֖ישׁ לַיהוָ֣ה אֱלֹהֶ֑יךָ לֹ֤א תַעֲבֹד֙ בִּבְכֹ֣ר שׁוֹרֶ֔ךָ וְלֹ֥א תָגֹ֖ז בְּכ֥וֹר צֹאנֶֽךָ׃
20ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်မှာ ထိုသိုးနွားတို့ကို နှစ် စဉ်မပြတ် အိမ်သူ အိမ်သားတို့နှင့်တကွ ကိုယ်တိုင် စား ရမည်။
20לִפְנֵי֩ יְהוָ֨ה אֱלֹהֶ֤יךָ תֹאכֲלֶ֙נּוּ֙ שָׁנָ֣ה בְשָׁנָ֔ה בַּמָּק֖וֹם אֲשֶׁר־יִבְחַ֣ר יְהוָ֑ה אַתָּ֖ה וּבֵיתֶֽךָ׃
21ထို သိုးနွားတို့၌ ခြေဆွံ့ ၊ မျက်စိကန်း အစ ရှိသော အင်္ဂါချို့တဲ့ခြင်းအပြစ် ၊ အခြားသောအပြစ် တစုံတခု ရှိ လျှင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား ယဇ် မ ပူဇော်ရ။
21וְכִֽי־יִהְיֶ֨ה ב֜וֹ מ֗וּם פִּסֵּ֙חַ֙ א֣וֹ עִוֵּ֔ר כֹּ֖ל מ֣וּם רָ֑ע לֹ֣א תִזְבָּחֶ֔נּוּ לַיהוָ֖ה אֱלֹהֶֽיךָ׃
22သင့် နေရာ အရပ်၌ စား ရမည်။ သမင် ၊ ဒရယ် ကို စားသကဲ့သို့ စင်ကြယ် သောသူ၊ မ စင်ကြယ်သောသူတို့ သည် အတူ စားရကြမည်။
22בִּשְׁעָרֶ֖יךָ תֹּאכֲלֶ֑נּוּ הַטָּמֵ֤א וְהַטָּהוֹר֙ יַחְדָּ֔ו כַּצְּבִ֖י וְכָאַיָּֽל׃
23သို့ရာတွင် အသွေး ကို မ စား ရ။ ရေ ကို သွန် သကဲ့သို့ မြေ ပေါ် မှာသွန်ရမည်။
23רַ֥ק אֶת־דָּמ֖וֹ לֹ֣א תֹאכֵ֑ל עַל־הָאָ֥רֶץ תִּשְׁפְּכֶ֖נּוּ כַּמָּֽיִם׃ פ

Tip: use the ← and → keys to turn chapters.