၄ ဓမ္မရာဇဝင် 20
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Bíblia Portuguesa Mundial (Brazilian Portuguese)
1ထို ကာလ အခါ ဟေဇကိ မင်းသည် သေ နာ စွဲသဖြင့် ၊ အာမုတ် သား ပရောဖက် ဟေရှာယ သည် လာ ၍ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကိုယ် အိမ် အမှုကို စီရင် လော့။ သင်သည် အသက် မ ရှင်သေ ရမည်ဟု အမိန့်တော်ကို ပြန် လေ၏
1Naqueles dias, Ezequias adoeceu e estava à beira da morte. O profeta Isaías, filho de Amoz, foi até ele e lhe disse: “Assim diz o SENHOR: 'Ponha a sua casa em ordem; pois você morrerá, e não viverá.'”
2ဟေဇကိ မင်းသည်လည်း ထရံ သို့ မျက်နှာ လှည့် ၍၊ အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ရှေ့ တော်၌သစ္စာစောင့် လျက် ၊ စုံလင် သောစိတ်နှလုံး နှင့် ကျင့် ၍နှစ်သက် တော်မူသည်အတိုင်းပြု ကြောင်း ကို အောက်မေ့ တော်မူပါ
2Então ele virou o rosto para a parede e orou ao SENHOR, dizendo:
3အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန် ငိုကြွေး လျက် ထာဝရဘုရား ကို ဆုတောင်း လေ၏
3“Lembra-te agora, SENHOR, eu te peço, de como tenho andado diante de ti em verdade e com coração íntegro, e tenho feito o que é bom aos teus olhos.” E Ezequias chorou amargamente.
4ဟေရှာယ သည် နန်းတော်အလယ် တန်တိုင်း သို့ မ ရောက် မှီ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရောက် ၍၊ “
4Antes que Isaías saísse para a parte central da cidade, a palavra do SENHOR veio a ele, dizendo:
5သင်သည် ငါ့ လူ တို့၏ ဗိုလ်ချုပ် ဟေဇကိ မင်းထံသို့ တဖန် သွားပြီးလျှင် ၊ သင့် အဘ ဒါဝိဒ် ၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် ၏ပဌနာ စကားကို ငါကြား ပြီ။ သင် ၏မျက်ရည် ကိုလည်း ငါမြင် ပြီ။ သင်၏အနာ ကို ငါ ပျောက်စေသဖြင့်၊ သင် သည်သုံး ရက် လွန်လျှင် ဗိမာန် တော်သို့ တက် ရလိမ့်မည်
5“Volte e diga a Ezequias, o príncipe do meu povo: 'Assim diz o SENHOR, o Deus de Davi, seu pai: “Ouvi a sua oração e vi as suas lágrimas. Eis que eu o curarei. No terceiro dia, você subirá à casa do SENHOR.
6သင့် အသက် ၌ တဆယ် ငါး နှစ် ကို ငါဆက် ၍ ပေးမည်။ သင် နှင့် ဤ မြို့ ကို အာရှုရိ ရှင်ဘုရင် လက် မှ ငါကယ်လွှတ် မည်။ ငါ့မျက်နှာကို၎င်း၊ ငါ့ ကျွန် ဒါဝိဒ် ၏ မျက်နှာ ကို၎င်း ထောက်၍ ဤမြို့ ကို ကွယ်ကာ စောင့်မမည် အရာကို ပြောလော့ဟု မိန့်တော်မူ၏
6Acrescentarei quinze anos aos seus dias. Livrarei você e esta cidade das mãos do rei da Assíria. Defenderei esta cidade por amor de mim mesmo e por amor do meu servo Davi.”'”
7ဟေရှာယ ကလည်း ၊ သင်္ဘော သဖန်းသီးအလုံး အထွေးကို ယူ ခဲ့လော့ဟုဆို သည်အတိုင်း ယူ ခဲ့၍ အနာ ကို အုံ ပြီးမှ မင်းကြီးသက်သာ လေ၏
7Isaías disse: “Peguem uma pasta de figos.” Eles a pegaram e a colocaram sobre a úlcera, e ele se recuperou.
8ဟေဇကိ မင်းကလည်း၊ ထာဝရဘုရား သည် ငါ့ အနာ ကို ပျောက်စေ၍ သုံး ရက် လွန်လျှင် ငါသည် ဗိမာန် တော်သို့တက် လိမ့်မည်ဆို သော်၊ အဘယ် လက္ခဏာ သက်သေရှိသနည်းဟုမေး လျှင်၊”
8Ezequias disse a Isaías: “Qual será o sinal de que o SENHOR me curará, e de que subirei à casa do SENHOR no terceiro dia?”
9ဟေရှာယ က၊ ထာဝရဘုရား အမိန့် တော်ရှိသည် အတိုင်း ပြု တော်မူမည်ဟု ထာဝရဘုရား သည် သင့် အား ပေး တော်မူသောလက္ခဏာ သက်သေဟူမူကား ၊ အရိပ် သည် ဆယ် ချက် တိုး ရမည်လော။ ဆယ် ချက် ဆုတ် ရမည် လောဟု မေးသော်၊”
9Isaías disse: “Este será o sinal para você da parte do SENHOR, de que o SENHOR fará aquilo que falou: a sombra deve avançar dez graus ou recuar dez graus?”
10ဟေဇကိ က၊ အရိပ် သည် ဆယ် ချက် တိုး လွယ်၏။ ထိုသို့ အလိုမ ရှိ။ ဆယ် ချက် ဆုတ် ပါစေဟု ပြန်ပြော ၏
10Ezequias respondeu: “É fácil para a sombra avançar dez graus. Não, em vez disso, que a sombra recue dez graus.”
11ပရောဖက် ဟေရှာယ သည်လည်း ၊ ထာဝရဘုရား အား ဆုတောင်း သောအခါ ၊ အာခတ် ၏နေတိုင်း နာရီပေါ် မှာဆယ် ချက် ရွေ့ ပြီးသော အရိပ် ကို ဆယ်ချက် ပြန် စေတော်မူ၏
11O profeta Isaías clamou ao SENHOR; e ele fez a sombra recuar dez graus, pelos quais ela havia descido no relógio de sol de Acaz.
12ထို ကာလ အခါ ဗာလဒန် သား ဗာဗုလုန် မင်းကြီး မေရောဒဗာလဒန် သည်၊ ဟေဇကိ မင်းနာ ၍ အနာ ပျောက်သည် ကို ကြား သောကြောင့် ၊ မေတ္တာစာ နှင့် လက်ဆောင် ပါလျက် တမန်တို့ကို စေလွှတ် လေ၏
12Naquele tempo, Berodaque-Baladã, filho de Baladã, rei da Babilônia, enviou cartas e um presente a Ezequias, pois tinha ouvido que Ezequias estivera doente.
13ဟေဇကိ မင်းသည် သူ တို့ရောက် သောကြောင့် ဝမ်းမြောက်၍ ရွှေတိုက် မှစသောရွှေ ၊ ငွေ ၊ နံ့သာမျိုး ၊ အဘိုး ထိုက်သော နံ့သာ ဆီ၊ လက်နက် တိုက် နှင့် ဘဏ္ဍာ တော်အလုံးစုံ တို့ကိုပြ လေ၏။ နန်းတော် မှစ၍ နိုင်ငံ တော်အရပ်ရပ် ၌ မ ပြ သော အရာ တစုံတခုမျှမ ရှိ။
13Ezequias os ouviu, e lhes mostrou todo o depósito de suas coisas preciosas — a prata, o ouro, as especiarias e o óleo precioso, o seu arsenal e tudo o que se encontrava em seus tesouros. Não houve nada em sua casa, nem em todo o seu domínio, que Ezequias não lhes mostrasse.
14ထိုအခါ ပရောဖက် ဟေရှာယ သည် ဟေဇကိ မင်းကြီး ထံ တော်သို့ သွား ၍ ၊ ထို လူ တို့သည် အဘယ် သို့ပြော ကြပါသနည်း။ အဘယ် ပြည်မှ အထံ တော်သို့ လာ ကြ ပါသနည်းဟု မေးလျှောက် သော် ၊ ဟေဇကိ မင်းက ၊ ဝေး သောအရပ် ဗာဗုလုန် ပြည်မှ ရောက် လာကြသည်ဟု ပြန်ပြော ၏
14Então o profeta Isaías foi ao rei Ezequias e lhe disse: “O que esses homens disseram? De onde vieram até você?” Ezequias disse: “Eles vieram de uma terra distante, da Babilônia.”
15နန်းတော် ၌ အဘယ် အရာကို မြင် ကြပြီနည်းဟုမေး ပြန်လျှင် ၊ ဟေဇကိ မင်းက၊ နန်းတော် ၌ ရှိသမျှ ကို မြင် ရ ကြပြီ။ ဘဏ္ဍာ တော်တွင် ငါမ ပြ သော အရာ တစုံတခုမျှ မ ရှိ ဟု ပြန်ပြော ၏
15Ele disse: “O que eles viram em sua casa?” Ezequias respondeu: “Eles viram tudo o que há em minha casa. Não há nada entre os meus tesouros que eu não lhes tenha mostrado.”
16ထိုအခါ ဟေရှာယ က၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် လော့
16Isaías disse a Ezequias: “Ouça a palavra do SENHOR.
17နန်းတော် ၌ ရှိသမျှ ကို ၎င်း ၊ ယနေ့ တိုင်အောင် ဘိုးဘေး တို့သည် ဆည်းဖူး သမျှကို၎င်း ၊ ဗာဗုလုန် မြို့သို့ ယူ သွားရသောကာလ သည် ရောက် လိမ့်မည်။ တစုံ တခုမျှ မ ကျန်ကြွင်း ရဟု ထာဝရဘုရား မိန့် တော်မူ၏
17'Eis que vêm dias em que tudo o que há em sua casa, e o que os seus pais acumularam até o dia de hoje, será levado para a Babilônia. Nada restará', diz o SENHOR.
18သင် နှင့် နွှယ်၍ရသော သင် ၏ သား မြေးတို့ကိုလည်း ယူ သွား၍ ၊ သူတို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ နန်းတော် ၌ လူပျို တော်လုပ် ရကြလိမ့်မည်ဟု ဟေဇကိမင်း အား ပြောဆိုလေ၏
18'Eles levarão alguns dos seus filhos que descenderão de você, os quais você irá gerar; e eles serão eunucos no palácio do rei da Babilônia.'”
19ဟေဇကိ မင်းကလည်း ၊ သင်ပြန်ရသောထာဝရဘုရား ၏ နှုတ်ကပတ် တော်ကောင်း ပါ၏ဟူ၍၎င်း၊ အကယ်၍ ငါ့ လက်ထက် ၌ ငြိမ်သက် ခြင်းနှင့် သစ္စာ စောင့်ခြင်းရှိ လျှင် ကောင်းပါသည် မ ဟုတ်လော ဟူ၍၎င်း၊ ဟေရှာယ အား ဆို လေ၏
19Então Ezequias disse a Isaías: “A palavra do SENHOR que você falou é boa.” Ele disse ainda: “Não é assim, se houver paz e verdade nos meus dias?”
20ဟေဇကိ ပြုမူသော အမှု အရာ ကြွင်း လေသမျှ တို့ နှင့် တန်ခိုး ကြီးခြင်း၊ ရေကန် နှင့် ရေပြွန် ကို လုပ် ၍ မြို့ ထဲသို့ ရေ ကို ဆောင် ခြင်းအရာတို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
20Ora, os demais atos de Ezequias, todo o seu poder, e como ele fez o tanque e o aqueduto, e trouxe água para a cidade, não estão escritos no livro das crônicas dos reis de Judá?
21ဟေဇကိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ သား တော်မနာရှေ သည် ခမည်းတော် အရာ ၌နန်းထိုင် ၏
21Ezequias dormiu com os seus pais, e Manassés, seu filho, reinou em seu lugar.
Tip: use the ← and → keys to turn chapters.