၆ ရာဇဝင် 32
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Synodal Translation (Синодальный перевод)
1ထိုအမှုများတို့ကို လက်စသတ်သည်နောက်၊ အာရှုရိ ရှင်ဘုရင် သနာခရိပ် သည်၊ ယုဒ ပြည်သို့ စစ်ချီ ၍ ခိုင်ခံ့ သောမြို့ တို့ကို ဝိုင်း ထားလျက် တိုက်ယူခြင်းငှါ အားထုတ်လေ၏။
1После таких дел и верности, пришел Сеннахирим, царь Ассирийский, и вступил в Иудею, и осадил укрепленные города, и думал отторгнуть их себе.
2ထိုသို့ သနာခရိပ် သည်လာ ၍ ၊ ယေရုရှလင် မြို့ကို တိုက် မည့်အကြံရှိကြောင်းကို ၊ ဟေဇကိ သည်သိမြင် လျှင်၊
2Когда Езекия увидел, что пришел Сеннахирим с намерением воевать против Иерусалима,
3မြို့ ပြင် ၌ ရှိသော စမ်း ရေ ကိုဖြတ် ခြင်းငှါ မှူးမတ် ၊ စစ်သူကြီး တို့နှင့် တိုင်ပင် ၍။သူ တို့သည် ဝိုင်း လုပ်ကြ၏။
3тогда решил с князьями своими и с военными людьми своими засыпать источники воды, которые вне города, и те помогли ему.
4အာရှုရိ ရှင် ဘုရင်တို့သည် လာ ၍ ၊ များစွာ သော ရေ ကို အဘယ်ကြောင့် တွေ့ ရမည်နည်းဟု လူများတို့သည် ဆိုလျက်၊ စုဝေး ၍ စမ်းရေ တွင်းရှိသမျှ ကို ပိတ် ကြ၏။ ပြည် အလယ် ၌ စီး သောချောင်း ရေကိုလည်း ဖြတ်ကြ၏။
4И собралось множество народа, и засыпали все источники и поток, протекавший по стране, говоря: да не найдут цари Ассирийские, придя сюда, много воды и да не укрепятся.
5ဟေဇကိသည်လည်း ကိုယ်ကို ခိုင်ခံ့ စေ၏။ ပြို သောမြို့ရိုး ရှိသမျှ ကို ပြုပြင် ၍ ၊ ရဲတိုက် တို့နှင့် တညီတည်း တည်၏။ ပြင် မြို့ရိုး ကိုလည်း တည် ၏။ ဒါဝိဒ် မြို့ ၌ မိလ္လော ရဲတိုက်ကိုလည်း ပြုပြင်၍၊ များစွာ သော လှံလက်နက်ဒိုင်း လွှားတို့ကိုလည်း လုပ်လေ၏။
5И ободрился он, и восстановил всю обрушившуюся стену, и поднял ее до башни, и извне построил другую стену, и укрепил Милло в городе Давидовом, и наготовил множество оружия и щитов.
6လူ များတို့တွင် တပ်မှူး တို့ကိုခန့်ထား ၍ ၊ မြို့ လမ်းမ ၌ စုဝေး စေသဖြင့် ၊ အားပေးသော စကားကို ပြောလျက်၊
6И поставил военачальников над народом, и собрал их к себе на площадь у городских ворот, и говорил к сердцу их, и сказал:
7ခွန်အား ယူ၍ ရဲရင့် ခြင်းရှိကြလော့။ အာရှုရိ ရှင်ဘုရင် နှင့် သူ ၌ ပါသော အလုံး အရင်း အပေါင်း တို့ ကြောင့် မ ကြောက် ကြနှင့်။ စိတ် မ ပျက်ကြနှင့်။ ငါ တို့ ဘက် ၌နေသောသူတို့ သည်၊ သူ့ဘက်၌ နေသောသူ တို့ထက် သာ၍များ ကြ၏။
7будьте тверды и мужественны, не бойтесь и не страшитесь царя Ассирийского и всего множества, которое с ним, потому что с нами более, нежели с ним;
8သူ့ ဘက် ၌ လူ လက်ရုံး ရှိ၏။ ငါ တို့ဘက် ၌ ထောက်မ ၍ ၊ စစ် ကူတော်မူသောငါ တို့၏ဘုရားသခင် ထာဝရဘုရား ရှိတော်မူသည်ဟု မိန့်တော်မူ၏။ လူ များတို့ သည် ယုဒ ရှင်ဘုရင် ဟေဇကိ ၏ စကား ကို ကိုးစား ကြ၏။
8с ним мышца плотская, а с нами Господь Бог наш, чтобы помогать нам и сражаться на бранях наших. И подкрепился народ словами Езекии, царя Иудейского.
9ထိုနောက် အာရှုရိ ရှင်ဘုရင် သနာခရိပ် သည် ဗိုလ်ခြေ အပေါင်း တို့နှင့်တကွ ၊ လာခိရှ မြို့ကို ဝိုင်းထားစဉ်တွင်၊ မိမိ ကျွန် အချို့ကို ယေရုရှလင် မြို့၊ ယုဒ ရှင်ဘုရင် ဟေဇကိ ထံ သို့၎င်း၊ ယေရုရှလင် မြို့၌ ရှိသော ယုဒ လူအပေါင်း တို့ရှိရာသို့ ၎င်း စေလွှတ် ၍၊
9После сего послал Сеннахирим, царь Ассирийский, рабов своих в Иерусалим, - сам он стоял против Лахиса, и вся сила его с ним, - к Езекии, царю Иудейскому, и ко всем Иудеям, которые в Иерусалиме, сказать:
10အာရှုရိ ရှင်ဘုရင် သနာခရိပ် မိန့် တော်မူသည် ကား ၊ သင် တို့သည် ယေရုရှလင် မြို့၌ ဝိုင်း ထားခြင်းကိုခံ ခြင်းငှါ၊ အဘယ်သို့ ခိုလှုံ ကြသနည်း။
10так говорит Сеннахирим, царь Ассирийский: на что вы надеетесь и сидите в крепости в Иерусалиме?
11ဟေဇကိ က၊ ငါ တို့၏ဘုရားသခင် ထာဝရဘုရား သည် ငါ တို့ကို အာရှုရိ ရှင်ဘုရင် လက် မှ ကယ်လွှတ် တော်မူမည်ဟုဆို လျက် ၊ မွတ်သိပ် ခြင်း၊ ရေငတ် ခြင်း အားဖြင့် အသေ ခံရသည်တိုင်အောင် ၊ ကိုယ်ကို စွန့်ပစ် စေ ခြင်းငှါ ၊ သင် တို့ကို ဖြားယောင်း သည်မဟုတ် လော။
11Не обольщает ли вас Езекия, чтобы предать вас смерти от голода и жажды, говоря: Господь Бог наш спасет нас от руки царя Ассирийского?
12ထို ဟေဇကိ သည် ထာဝရ ဘုရား၏ မြင့် သော အရပ်ဌာနနှင့် ယဇ် ပလ္လင်တို့ကို ပယ် ၍ ၊ သင်တို့သည် တခုတည်းသော ယဇ် ပလ္လင်ရှေ့ မှာကိုးကွယ် ရမည်။ ထို ယဇ် ပလ္လင်ပေါ် မှာ နံ့သာပေါင်း ကို မီးရှို့ရမည်ဟု ယုဒ ပြည်သူ ယေရုရှလင် မြို့သားတို့ကို မိန့် တော်မူပြီမဟုတ် လော။
12Не этот ли Езекия разрушил высоты Его и жертвенники Его, и сказал Иудее и Иерусалиму: пред жертвенником единым поклоняйтесь и на нем совершайте курения?
13ငါ နှင့် ငါ့ ဘိုးဘေး တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့၌ အဘယ်သို့ ပြု သည်ကို သင်တို့မ သိ ကြသလော။အတိုင်းတိုင်းအပြည်ပြည်ဘုရားတို့သည် မိမိ တို့ပြည် များကို ငါ့ လက် မှ ကယ်လွှတ် ခြင်းငှါ တတ်စွမ်း နိုင် သလော ။
13Разве вы не знаете, что сделал я и отцы мои со всеми народами земель? Могли ли боги народов земных спасти землю свою от руки моей?
14ငါ့ ဘိုးဘေး အကုန်အစင် ဖျက်ဆီး သော တိုင်း နိုင်ငံတို့၏ ဘုရား တို့တွင် ၊ အဘယ်မည်သောဘုရားသည် မိမိ ပြည် ကို ငါ့ လက် မှ ကယ်လွှတ် ဘူးသနည်း။ သင် တို့၏ ဘုရား သည် သင် တို့ကိုငါ့ လက် မှ အဘယ်သို့ ကယ်လွှတ် မည်နည်း။
14Кто из всех богов народов, истребленных отцами моими, мог спасти народ свой от руки моей? Как же возможет ваш Бог спасти вас от руки моей?
15သို့ဖြစ်၍ ၊ ဟေဇကိ သည် သင် တို့ကိုမ လှည့်စား စေနှင့်။ ထိုသို့ မ ဖြားယောင်း စေနှင့်။ သူ့ စကားကို မ ယုံ ကြနှင့်။ အခြား သော တိုင်း နိုင်ငံ၌ ကိုးကွယ်သော ဘုရား မည်မျှသည်၊ မိမိ ပြည် ကိုငါ့ လက် မှ ၎င်း၊ ငါ့ ဘိုးဘေး လက် မှ ၎င်း မ ကယ် မလွှတ်နိုင်။။ ထိုမျှမက ၊ သင် တို့၏ဘုရား သည် သင် တို့ကို ငါ့ လက် မှ မ ကယ် မလွှတ်နိုင်ဟု မှာလိုက်လေ၏။
15И ныне пусть не обольщает вас Езекия и не отклоняет вас таким образом; не верьте ему: если не в силах был ни один бог ни одного народа и царства спасти народ свой от руки моей и от руки отцов моих, то и ваш Бог не спасет вас от руки моей.
16သူ့ ကျွန် တို့သည် ထာဝရ အရှင်ဘုရားသခင် တစ်ဘက် ၊ ဘုရားသခင် ၏ကျွန် ဟေဇကိ တဘက် ၌ သာ၍ ပြော ဆိုကြ၏။
16И еще многое говорили рабы его против Господа Бога и против Езекии, раба Его.
17ထိုမှတပါး အခြားသော တိုင်းနိုင်ငံဘုရား တို့ သည်၊ မိမိ လူ များကို ငါ့ လက် မှ မ ကယ် မလွှတ်နိုင်သည် နည်းတူ ၊ ဟေဇကိ ကိုးကွယ်သော ဘုရား သည်၊ သူ ၏ လူ များကို ငါ့ လက် မှ မ ကယ် မလွှတ်ရဟုဣသရေလ အမျိုး ၏ ဘုရားသခင် ထာဝရဘုရား ကို ကဲ့ရဲ့ ပြစ်တင်သောစာ ကို ရေး ၍ ပေးလိုက်သေး၏။
17И письма писал он, в которых поносил Господа Бога Израилева и говорил против Него такие слова: как боги народов земных не спасли народов своих от руки моей, так Бог Езекии не спасет народа Своего от руки моей.
18တဖန် မြို့ရိုး ပေါ် မှာရှိသော ယေရုရှလင် မြို့သား တို့ကို ခြိမ်းချောက်နှောက်ရှက်၍၊ မြို့ ကိုတိုက်ယူ နိုင်အောင်၊ ယုဒ ဘာသာစကားအားဖြင့် ကျယ် သော အသံ နှင့် ကြွေးကြော် ကြ၏။
18И кричали громким голосом на Иудейском языке к народу Иерусалимскому, который был на стене, чтоб устрашить его и напугать его, и взять город.
19လူ တို့လက် ဖြင့် လုပ် သောဘုရား ၊ မြေကြီး သား များ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင် မြို့ ဘုရားသခင် ကို ရော၍ ကဲ့ရဲ့ ကြ၏။
19И говорили о Боге Иерусалима, как о богах народов земли, - изделии рук человеческих.
20ထို အကြောင်း ကြောင့်၊ ဟေဇကိ မင်းကြီး နှင့် အာမုတ် သား ပရောဖက် ဟေရှာယ သည် ဆုတောင်း ၍ ၊ ကောင်းကင် ဘုံသို့ ဟစ်ခေါ် သဖြင့်၊
20И помолился царь Езекия и Исаия, сын Амосов, пророк, и возопили к небу.
21ထာဝရဘုရား စေလွှတ် တော်မူသောကောင်းကင် တမန်သည်၊ အာရှုရိ ရှင်ဘုရင် တပ် ၌ ခွန်အား ကြီးသော သူရဲ များ၊ တပ်မှူး ၊ စစ်ကဲ များအပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာ ပျက် လျက် ၊ မိမိ ပြည် သို့ ပြန် သွား၏။ မိမိ ဘုရား ၏ ဗိမာန် သို့ရောက် သောအခါ ၊ မိမိ သားရင်း တို့သည် ထား နှင့် သတ် ကြ၏။
21И послал Господь Ангела, и он истребил всех храбрых и главноначальствующего и начальствующих в войске царя Ассирийского. И возвратился он со стыдом в землю свою; и когда пришел в дом бога своего, - исшедшие из чресл его поразили его там мечом.
22ထိုသို့ ထာဝရဘုရား သည် ဟေဇကိ နှင့် ယေရုရှလင် မြို့သား တို့ကို၊ အာရှုရိ ရှင်ဘုရင် လက် မှ ၎င်း ၊ အခြားသောရန်သူလက် မှ ၎င်း ကယ်လွှတ် ၍ ၊ အရပ်ရပ် ၌ စောင့်မ တော်မူ၏။
22Так спас Господь Езекию и жителей Иерусалима от руки Сеннахирима, царя Ассирийского, и от руки всех и оберегал их отовсюду.
23အများသောသူတို့သည် ယေရုရှလင် မြို့သို့ ထာဝရဘုရား အဘို့ ပူဇော် သက္ကာကို၎င်း ၊ ယုဒ ရှင်ဘုရင် ဟေဇကိ ထံ သို့ လက်ဆောင် ပဏ္ဏာကို၎င်း ဆောင် ခဲ့ကြ သဖြင့် ၊ ဟေဇကိသည် ထိုကာလမှစ၍ခပ်သိမ်း သောလူမျိုး ရှေ့ မှာဘုန်းကြီး တော်မူ၏။
23Тогда многие приносили дары Господу в Иерусалим и дорогие вещи Езекии, царю Иудейскому. И он возвеличился после сего в глазах всех народов.
24ထို ကာလ အခါ ဟေဇကိ မင်းသည် သေ နာစွဲ၍ ထာဝရဘုရား အား ဆုတောင်း သဖြင့်၊ ဗျာဒိတ်တော်နှင့် ထူးဆန်း သော တန်ခိုးတော်ကို ခံရ၏။
24В те дни заболел Езекия смертельно. И помолился Господу, и Он услышал его и дал ему знамение.
25သို့ရာတွင် ဟေဇကိ သည် မိမိ ခံရသောကျေးဇူးတော်နှင့် အထိုက် အလျောက်မ ကျင့်၊ ထောင်လွှား သောစိတ် ရှိ၏။ ထိုကြောင့် သူ ၌ ၎င်း၊ ယုဒ ပြည်နှင့် ယေရုရှလင် မြို့၌ ၎င်း ၊ အမျက် တော်ထွက် လေ၏။
25Но не воздал Езекия за оказанные ему благодеяния, ибо возгордилось сердце его. И был на него гнев Божий и на Иудею, и на Иерусалим.
26သို့ရာတွင် ဟေဇကိ သည် မိမိ စိတ် ထောင်လွှား သော အပြစ်ကြောင့် ၊ ယေရုရှလင် မြို့ သားတို့နှင့်တကွ ကိုယ်တိုင် ကိုယ်ကိုနှိမ့်ချ သောကြောင့် ၊ လက်ထက် တော် ကာလတွင်၊ ထာဝရဘုရား ၏ အမျက် တော်မ သက်ရောက် ။
26Но как смирился Езекия в гордости сердца своего, - сам и жители Иерусалима, то не пришел на них гнев Господень во дни Езекии.
27ဟေဇကိ သည် များစွာ သော စည်းစိမ် ဥစ္စာ ဂုဏ် အသရေရှိ ၏။ ရွှေ ၊ ငွေ ၊ ကျောက် မြတ်၊ နံ့သာမျိုး ၊ ဒိုင်း လွှား၊ နှမြော ဘွယ်သော တန်ဆာ သိုထားရာဘဏ္ဍာတိုက် များကို တည် လေ၏။
27И было у Езекии богатства и славы весьма много, и хранилище он сделал у себя для серебра и золота, и камней драгоценных, и для ароматов и щитов, и для всяких драгоценных сосудов;
28စပါး ကျီများ၊ ဆီ ၊ စပျစ်ရည် သိုထား ရာ တိုက်များ၊ တိရစ္ဆာန် မျိုး တင်းကုပ် များ၊ သိုး ခြံ များကိုလည်း လုပ်လေ ၏။
28и кладовые для произведений земли, для хлеба, вина и масла, и стойла для всякого рода скота, и дворы для стад.
29ကိုယ် အဘို့ မြို့ တို့ကိုတည် ၍ ၊ များစွာ သော သိုး နွား တို့ကိုလည်း ဆည်းဖူးလေ၏။ ဘုရားသခင် သည် များစွာ သောဥစ္စာ ကို ပေး သနားတော်မူ၏။
29И города построил себе. И стад мелкого и крупного скота было у него множество, потому что дал ему Бог весьма большое имущество.
30ထိုမှတပါး ၊ ဟေဇကိ သည် ဂိဟုန် အထက် ချောင်း ရေကို ပိတ် ၍ ၊ ဒါဝိဒ် မြို့ အနောက် သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇကိ သည် ပြု လေရာရာ ၌ အကြံ ထမြောက်၏။
30Он же, Езекия, запер верхний проток вод Геона и провел их вниз к западной стороне города Давидова. И действовал успешно Езекия во всяком деле своем.
31သို့ရာတွင် ၊ နိုင်ငံ တော်၌ ဖြစ် သော အံ့ဘွယ် သော အမှုကို မေးမြန်း စေခြင်းငှါ ၊ ဗာဗုလုန် မင်း တို့သည် သံတမန်ကို စေလွှတ်သော အမှုမှာ၊ ဟေဇကိ မင်း၏ သဘော ကို အကုန်အစင် သိ ခြင်းငှါ ၊ ဘုရားသခင် သည် စုံစမ်း ၍ အလွတ် ထားတော်မူ၏။
31Только при послах царей Вавилонских, которые присылали к нему спросить о знамении, бывшем на земле, оставил его Бог, чтоб испытать его и открыть все, что у него на сердце.
32ဟေဇကိ ပြုမူသောအမှု အရာကြွင်း လေသမျှ တို့နှင့် ကျေးဇူး ပြုခြင်းအရာသည် အာမုတ် သား ပရောဖက် ဟေရှာယ ၏ ရူပါရုံ ကျမ်း၊ ယုဒ ရာဇဝင်၊ ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
32Прочие деяния Езекии и добродетели его описаны в видении Исаии, сына Амосова, пророка, и в книге царей Иудейских и Израильских.
33ဟေဇကိ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဒါဝိဒ် ၏သား တော်မြေးတော်တို့ သင်္ချိုင်းတွင် အမြတ်ဆုံးသော သင်္ချိုင်း ၌ သင်္ဂြိုဟ် ခြင်းကို ခံလေ၏။ ယုဒ ပြည်သူ ယေရုရှလင် မြို့ သားအပေါင်း တို့သည်၊ ဟေဇကိ အနိစ္စ ရောက်သောအခါ ၊ ဂုဏ် အသရေတော်ကို ချီးမြှောက် ကြ ၏။ သား တော်မနာရှေ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
33И почил Езекия с отцами своими, и похоронили его над гробницами сыновей Давидовых, и почесть воздали ему по смерти его все Иудеи и жители Иерусалима. И воцарился Манассия, сын его, вместо него.
Tip: use the ← and → keys to turn chapters.