၆ ရာဇဝင် 25
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Bíblia Portuguesa Mundial (Brazilian Portuguese)
1အာမဇိ သည် အသက် နှစ်ဆယ် ငါး နှစ်ရှိသော်နန်းထိုင် ၍ ယေရုရှလင် မြို့၌ နှစ်ဆယ် ကိုး နှစ် စိုးစံ ၏။ မယ်တော် ကား ၊ ယေရုရှလင် မြို့သူယုဒ္ဒန် အမည် ရှိ၏။
1Amazias tinha vinte e cinco anos de idade quando começou a reinar, e reinou vinte e nove anos em Jerusalém. O nome de sua mãe era Jeoadã, de Jerusalém.
2ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု သော်လည်း ၊ စိတ်နှလုံး မ စုံလင်။
2Ele fez o que era reto aos olhos do SENHOR, mas não com um coração perfeito.
3အာမဇိ သည်မင်း အာဏာတည် သောအခါ ၊ ခမည်းတော် မင်းကြီး ကိုသတ် သောကျွန် တို့ကိုသတ် လေ၏။
3Ora, quando o reino se firmou sob o seu domínio, ele matou os seus servos que haviam matado o rei, seu pai.
4သား အတွက် အဘ သည် အသေ မ ခံရ။ အဘ အတွက် သား သည်အသေ မ ခံရ။ လူ တိုင်း မိမိ အပြစ် ကြောင့် အသေ ခံရ၏ဟုမောရှေ ပညတ္တိ ကျမ်းစာ ၌ ရေးထား လျက်ရှိသော ထာဝရဘုရား ၏ပညတ် တော်ကိုစောင့်ရှောက်၍၊ ထိုကျွန်တို့၏သား များကိုမ သတ် ဘဲနေ၏။
4Contudo, ele não matou os filhos deles, mas fez segundo o que está escrito na lei, no livro de Moisés, como o SENHOR ordenou, dizendo: “Os pais não morrerão pelos filhos, nem os filhos morrerão pelos pais; mas cada um morrerá pelo seu próprio pecado.”
5အာမဇိ မင်းသည် ယုဒ လူတို့ကိုစုဝေး စေ၍ ယုဒ လူနှင့် ဗင်္ယာမိန် လူတို့တွင်၊ အဆွေ အမျိုးအလိုက် လူ တထောင် အုပ်၊ တရာ အုပ် တို့ကို ခန့်ထား ၏။ အသက် နှစ်ဆယ် လွန်၍၊ လှံ နှင့် ဒိုင်း ကို ကိုင် တတ်သောစစ်သူရဲကောင်းတို့သည်၊ စာရင်းဝင်သည်အတိုင်း သုံး သိန်းရှိ ကြ ၏။
5Além disso, Amazias reuniu Judá e os organizou segundo as casas de seus pais, sob capitães de milhares e capitães de centenas, por todo o Judá e Benjamim. Ele os contou de vinte anos de idade para cima, e descobriu que havia trezentos mil homens escolhidos, capazes de sair para a guerra, que podiam manusear lança e escudo.
6ခွန်အား ကြီးသော ဣသရေလ သူရဲ တသိန်း ကိုလည်း ငွေ အခွက် တထောင် နှင့် ငှါး ၏။
6Ele também contratou cem mil homens valentes de Israel por cem talentos de prata.
7သို့ရာတွင် ဘုရားသခင် ၏လူ တယောက်သည် လာ ၍ အိုမင်းကြီး ၊ ဣသရေလ တပ် ကိုမ လိုက် စေနှင့်။ ထာဝရဘုရား သည် ဣသရေလ လူတည်းဟူသောဧဖရိမ် အမျိုးသား အပေါင်း တို့နှင့်အတူ ရှိတော်မ မူ။
7Um homem de Deus, porém, veio a ele, dizendo: “Ó rei, não deixe o exército de Israel ir com você, pois o SENHOR não está com Israel, com nenhum dos filhos de Efraim.
8မင်းကြီးသွားလိုလျှင်သွား၍ စစ်တိုက် ခြင်းငှါ ခိုင်ခံ့ သော်လည်း ၊ ရန်သူ ရှေ့ မှာ ဘုရားသခင် ရှုံး စေတော်မူမည်။ ဘုရားသခင် သည် မစ ခြင်းငှါ ၎င်း၊ နှိမ့်ချခြင်းငှါ၎င်း တတ်နိုင်တော်မူ၏ဟု ပြောဆိုလျှင်၊
8Mas se você for, aja e seja forte para a batalha. Deus o fará cair diante do inimigo; pois Deus tem poder para ajudar e para fazer cair.”
9အာမဇိ က၊ ဣသရေလ တပ် ကိုငှါး၍ ငွေအခွက် တထောင် ကိုပေး မိသောကြောင့် ၊ အဘယ်သို့ ပြု ရမည်နည်းဟု ဘုရားသခင် ၏လူ ကို မေးမြန်း သော် ၊ ဘုရားသခင် ၏လူ က၊ ထိုမျှမက ထာဝရဘုရား သည် သာ၍ပေး နိုင်တော်မူသည်ဟု ပြန်ပြော ၏။
9Amazias disse ao homem de Deus: “Mas o que faremos com os cem talentos que dei ao exército de Israel?” O homem de Deus respondeu: “O SENHOR é capaz de lhe dar muito mais do que isso.”
10ထိုအခါ အာမဇိ သည် ဧဖရိမ် ပြည်မှ ရောက် လာသော စစ်သူရဲ တို့ ကိုခွဲထား ၍၊ မိမိ တို့နေရာ သို့ ပြန်သွား စေခြင်းငှါ လွှတ်လိုက်သဖြင့်၊ သူတို့သည် အလွန် အမျက်ထွက်၍ ယုဒ ပြည်သားတို့၌ အငြိုးထားလျက်၊ မိမိ တို့ နေရာ သို့ပြန် သွားကြ၏။
10Então Amazias os separou, o exército que tinha vindo a ele de Efraim, para que voltassem para casa. Por isso a ira deles se acendeu grandemente contra Judá, e eles voltaram para casa com ira ardente.
11အာမဇိ သည်လည်း ကိုယ်ကိုခိုင်ခံ့ စေ၍ ဆား ချိုင့် ကို တပ်ချီ သဖြင့် ၊ စိရ တောင်သား တသောင်း ကို လုပ်ကြံ လေ၏။
11Amazias encorajou-se, conduziu o seu povo e foi ao Vale do Sal, e feriu dez mil dos filhos de Seir.
12ယုဒ အမျိုးသား တို့သည် လူတသောင်း ကို အရှင် ဘမ်း ပြီးလျှင် ၊ ကျောက် တောင်ထိပ် သို့ ဆောင် သွား၍ ၊ ကျိုးပဲ့ စေခြင်းငှါအောက် သို့ တွန်းချ ကြ၏။
12Os filhos de Judá levaram outros dez mil vivos, e os trouxeram para o topo da rocha, e os atiraram para baixo do topo da rocha, de modo que todos foram despedaçados.
13ဝိုင်း၍တိုက်ရသောအခွင့်ကို အာမဇိ မပေး၊ လွှတ် လိုက်သော စစ်သူရဲ တို့မူကား ၊ ရှမာရိ မြို့မှစ၍ ဗေသောရုန် မြို့တိုင်အောင် ၊ ယုဒ မြို့ တို့ကို တိုက် သဖြင့် ၊ လူသုံး ထောင် ကိုသတ် ၍ ၊ လက်ရ ဥစ္စာအများ ကို သိမ်းသွား ကြ၏။
13Mas os homens do exército que Amazias mandou de volta, para que não fossem com ele à batalha, atacaram as cidades de Judá, desde Samaria até Bete-Horom, e feriram três mil deles, e tomaram muitos despojos.
14အာမဇိ သည် ဧဒုံ အမျိုးသားတို့ကို လုပ်ကြံ ရာမှ ပြန်လာ သောအခါ ၊ စိရ တောင်သား ကိုးကွယ်သော ဘုရား တို့ကိုဆောင် ခဲ့၍ ၊ ကိုယ်တိုင် ကိုးကွယ်ရာဘုရား ဖြစ်စေ ခြင်းငှါ၊ တည်ထောင် လျက် သူ တို့ရှေ့ မှာ ဦးညွှတ် ချ၍ နံ့သာပေါင်းကို မီးရှို့ လေ၏။
14Ora, depois que Amazias voltou da matança dos edomitas, ele trouxe os deuses dos filhos de Seir, e os estabeleceu para serem os seus deuses, e prostrou-se diante deles e lhes queimou incenso.
15ထာဝရဘုရား သည် အာမဇိ ကို အမျက် ထွက် ၍ ၊ ပရောဖက် ကို စေလွှတ် တော်မူသည်ကား ၊ မိမိ လူ တို့ကို ရန်သူ လက် မှ မ ကယ်နိုင် သော တပါး အမျိုးသားဘုရား တို့ကို အဘယ်ကြောင့် ဆည်းကပ် သနည်းဟုပြောဆို လျှင်၊
15Por isso a ira do SENHOR se acendeu contra Amazias, e ele lhe enviou um profeta que lhe disse: “Por que você buscou os deuses do povo, que não livraram o seu próprio povo da sua mão?”
16ရှင် ဘုရင်က၊ သင်သည်တိုင်ပင် မှုးမတ်ဖြစ် သလော ။တိတ်ဆိတ်စွာနေလော့။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟုဆိုသော်၊ ပရောဖက် က၊ မင်းကြီးသည် ငါ ပေးသောသတိ စကားကို နား မ ထောင်၊ ဤ အမှုကို ပြု မိသောကြောင့် ၊ ဘုရားသခင် သည် မင်းကြီး ကို ဖျက်ဆီး မည် ကြံ တော်မူသည် ကို ငါသိ မြင်သည်ဟု ပြောဆို ပြီးလျှင် တိတ်ဆိတ်စွာ နေလေ၏။
16Enquanto ele falava com ele, o rei lhe disse: “Por acaso nós o nomeamos conselheiro do rei? Pare! Por que você deveria ser morto?” Então o profeta parou, e disse: “Eu sei que Deus determinou destruí-lo, porque você fez isso e não deu ouvidos ao meu conselho.”
17ထိုနောက် ၊ အာမဇိ သည်တိုင်ပင် ပြီးမှ၊ ဣသရေလ ရှင်ဘုရင် ယေဟု သား ဖြစ်သော ယောခတ် ၏သား ယဟောရှ ထံ သို့ သံတမန်ကို စေလွှတ် ၍ ၊ ငါတို့သည် မျက်နှာချင်း ဆိုင်မိ ကြကုန်အံ့ဟု မှာ လိုက်လျှင်၊
17Então Amazias, rei de Judá, consultou os seus conselheiros, e mandou mensageiros a Joás, filho de Jeoacaz, filho de Jeú, rei de Israel, dizendo: “Venha! Vamos nos enfrentar face a face.”
18ဣသရေလ ရှင်ဘုရင် ယဟောရှ က၊ လေဗနုန် ဆူး ပင်သည် လေဗနုန် အာရဇ် ပင်ထံသို့ စေလွှတ် ၍၊ သင့် သမီး ကို ငါ့ သား နှင့်ပေးစားပါဟု ဆို စဉ်တွင်၊ လေဗနုန် သားရဲ တကောင်သည် ရှောက်သွား ၍ ဆူး ပင်ကို နင်း မိ၏။
18Joás, rei de Israel, mandou dizer a Amazias, rei de Judá: “O cardo que estava no Líbano mandou dizer ao cedro que estava no Líbano: 'Dê a sua filha ao meu filho por esposa'. Então um animal selvagem que estava no Líbano passou e pisoteou o cardo.
19သင်ကငါသည် ဧဒုံ လူတို့ကို လုပ်ကြံ ပြီဟု ဆို လျက် ၊ ဝါကြွား ချင်သောစိတ် မြင့် လှ၏။ သို့ရာတွင်ကိုယ် နေရာ ၌ နေ လော့။ သင့်ကိုယ်တိုင်နှင့် ယုဒ ပြည်သည် ဘေး ရောက် ၍ ဆုံးရှုံးစေခြင်းငှါ၊ အဘယ်ကြောင့် အမှု ရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန်၍မှာလိုက် လေ၏။
19Você diz a si mesmo que feriu Edom; e o seu coração se exalta para se gloriar. Agora fique em casa. Por que você deveria se meter em problemas, para que venha a cair, você e Judá com você?”
20ထို စကားကို အာမဇိ သည် နား မ ထောင်။ အကြောင်း မူကား၊ ဧဒုံ ပြည်ဘုရား တို့ကို ဆည်းကပ် သောကြောင့် ၊ ရန်သူ လက် သို့ အပ် ခြင်းငှါ ၊ ဘုရားသခင် စီရင်တော်မူ၏။
20Mas Amazias não quis ouvir; pois isso vinha de Deus, para que os entregasse nas mãos de seus inimigos, porque haviam buscado os deuses de Edom.
21ဣသရေလ ရှင် ဘုရင်သည် စစ်ချီ ၍ ၊ ရှင်ဘုရင် နှစ်ပါးတို့သည် ယုဒ ပြည်ဗက်ရှေမက် မြို့၌ မျက်နှာချင်း ဆိုင် မိကြသဖြင့်၊
21Então Joás, rei de Israel, subiu, e ele e Amazias, rei de Judá, se enfrentaram face a face em Bete-Semes, que pertence a Judá.
22ဣသရေလ အမျိုးသားရှေ့ မှာ ယုဒ အမျိုးသားရှုံး ၍ ၊ အသီးအသီး တို့သည် မိမိ တို့နေရာ သို့ ပြေး ကြ၏။
22Judá foi derrotado por Israel; de modo que cada homem fugiu para a sua tenda.
23ဣသရေလ ရှင်ဘုရင် ယဟောရှ သည် ယုဒ ရှင်ဘုရင် အာခဇိသားဖြစ်သော ယောရှ ၏သား အာမဇိ ကို ဗက်ရှေမက် မြို့မှာ ဘမ်းမိ ၍ ၊ ယေရုရှလင် မြို့သို့ သွားပြီးလျှင်၊ ယေရုရှလင် မြို့ရိုး အတောင် လေးရာ ကို၊ ဧဖရိမ် တံခါး မှ သည် ထောင့် တံခါး တိုင်အောင် ဖြိုဖျက် လေ၏။
23Joás, rei de Israel, capturou Amazias, rei de Judá, filho de Joás, filho de Jeoacaz, em Bete-Semes e o trouxe a Jerusalém, e derrubou o muro de Jerusalém desde a porta de Efraim até a porta da esquina, quatrocentos côvados.
24ဩဗဒေဒုံ လက်တွင်၊ ဗိမာန် တော်၌ ရှိသမျှ သော ရွှေ ငွေ မှစ၍ ၊ တန်ဆာ အလုံးစုံ နှင့် နန်းတော် ဘဏ္ဍာ အလုံးစုံကို၎င်း၊ အာမခံ သော သူ အချို့တို့ကို၎င်း ၊ ယူ၍ ရှမာရိ မြို့သို့ပြန် သွား၏။
24Ele tomou todo o ouro e a prata, e todos os utensílios que se acharam na casa de Deus com Obede-Edom, e os tesouros da casa do rei, e os reféns, e voltou para Samaria.
25ဣသရေလ ရှင်ဘုရင် ယောခတ် သား ယဟောရှ သေ သောနောက် ၊ ယုဒ ရှင်ဘုရင် ယောရှ သား အာမဇိ သည် တဆယ် ငါး နှစ် အသက်ရှင် သေး၏။
25Amazias, filho de Joás, rei de Judá, viveu quinze anos após a morte de Joás, filho de Jeoacaz, rei de Israel.
26အာမဇိ ပြုမူသော အမှုအရာ ကြွင်း သမျှ အစ အဆုံး တို့သည်၊ ယုဒ ရာဇဝင်နှင့် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
26Ora, o restante dos atos de Amazias, desde os primeiros até os últimos, eis que não estão escritos no livro dos reis de Judá e de Israel?
27အာမဇိ သည် ထာဝရဘုရား နောက် တော်သို့ လိုက်ရာမှလွှဲ သွားသော နောက်၊ သူ ၏တစ်ဘက် ၊ ယေရုရှလင် မြို့၌ သင်းဖွဲ့ ကြ၍ ၊ သူ သည်လာခိရှ မြို့သို့ ပြေး သည်တွင် ၊ ထို မြို့သို့ စေလွှတ် ၍ သတ် စေပြီးမှ၊
27Ora, desde o tempo em que Amazias se desviou de seguir ao SENHOR, fizeram uma conspiração contra ele em Jerusalém. Ele fugiu para Laquis, mas mandaram persegui-lo até Laquis e o mataram lá.
28မြင်း ပေါ် ၌ တင် လျက် ၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍၊ ဘိုးဘေး တို့နှင့်အတူ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ် ကြ၏။
28Eles o trouxeram sobre cavalos e o sepultaram com seus pais na Cidade de Judá.
Tip: use the ← and → keys to turn chapters.