၁ ဓမ္မရာဇဝင် 7
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Reina-Valera 1909
1ကိရယတ်ယာရိမ် မြို့သား တို့သည် လာ ၍ ထာဝရဘုရား ၏ သေတ္တာ တော်ကို ဆောင် သွားသဖြင့် ၊ တောင် ပေါ် မှာရှိသော အမိနဒပ် အိမ် ၌ ထား၍ သေတ္တာ တော်ကို စောင့် စေခြင်းငှါ ၊ သူ ၏သား ဧလာဇာ ကို သန့်ရှင်း စေကြ၏။
1Y VINIERON los de Chîriath-jearim, y llevaron el arca de Jehová, y metiéronla en casa de Abinadab, situada en el collado; y santificaron á Eleazar su hijo, para que guardase el arca de Jehová.
2သေတ္တာ တော်သည် အနှစ် နှစ် ဆယ်ပတ်လုံးကြာမြင့် စွာ ကိရယတ်ယာရိမ် မြို့၌ ရှိစဉ်အခါ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထာဝရဘုရား ကို အောက်မေ့၍ မြည်တမ်း ကြ၏။
2Y aconteció que desde el día que llegó el arca á Chîriath-jearim pasaron muchos días, veinte años; y toda la casa de Israel lamentaba en pos de Jehová.
3တဖန် ရှမွေလ က၊ သင်တို့သည် အခြား တပါးသော ဘုရား တည်းဟူသောဗာလဘုရား၊ အာရှတရက် ဘုရားတို့ကို ပယ် ၍ ထာဝရဘုရား အဘို့ သင် တို့စိတ် နှလုံးကို ပြင်ဆင် လျက် ၊ ထာဝရဘုရား ထံ တော်သို့ စိတ် နှလုံးအကြွင်းမဲ့ ပြန် လာသဖြင့်၊ ထိုဘုရားကိုသာ ဝတ်ပြု ကြလျှင် ၊ ဖိလိတ္တိ လူတို့လက် မှ ကယ်တင် တော်မူမည်ဟု ဣသရေလ အမျိုးသားအပေါင်း တို့အား ဆုံးမသည်အတိုင်း၊
3Y habló Samuel á toda la casa de Israel, diciendo: Si de todo vuestro corazón os volvéis á Jehová, quitad los dioses ajenos y á Astaroth de entre vosotros, y preparad vuestro corazón á Jehová, y á sólo él servid, y os librará de mano de los Filisteos.
4ဣသရေလ အမျိုးသား တို့သည် ဗာလ ဘုရား၊ အာရှတရက် ဘုရားတို့ကို ပယ် ၍ ထာဝရဘုရား ကိုသာ ဝတ်ပြု ကြ၏။
4Entonces los hijos de Israel quitaron á los Baales y á Astaroth, y sirvieron á solo Jehová.
5ရှမွေလ ကလည်း ဣသရေလ အမျိုးသားအပေါင်း တို့ကို မိဇပါ မြို့၌ စုဝေး စေကြလော့။ သင် တို့အဘို့ ထာဝရဘုရား ကို ငါဆုတောင်း မည်ဟု မှာ ခဲ့သည်အတိုင်း၊
5Y Samuel dijo: Juntad á todo Israel en Mizpa, y yo oraré por vosotros á Jehová.
6သူတို့သည် မိဇပါ မြို့၌ စည်းဝေး သဖြင့် ၊ ရေ ကို ခပ် ၍ ထာဝရဘုရား ရှေ့ တော်၌ သွန်းလောင်း ခြင်း၊ အစာရှောင် ခြင်း အကျင့်တို့ကို ကျင့်လျက်၊ အကျွန်ုပ်တို့သည် ထာဝရဘုရား ကို ပြစ်မှား ပါပြီဟု ဝန်ခံ ကြ၏။ ရှမွေလ သည် မိဇပါ မြို့၌ ဣသရေလ အမျိုးသား တရားမှုတို့ကို စစ်ကြော စီရင်လေ၏။
6Y juntándose en Mizpa, sacaron agua, y derramáronla delante de Jehová, y ayunaron aquel día, y dijeron allí: Contra Jehová hemos pecado. Y juzgó Samuel á los hijos de Israel en Mizpa.
7ဣသရေလ အမျိုးသား တို့သည် မိဇပါ မြို့၌ စည်းဝေး ကြောင်း ကို ဖိလိတ္တိ လူတို့သည် ကြား လျှင် ၊ ဖိလိတ္တိ မင်း တို့သည် ဣသရေလ အမျိုးရှိရာသို့ စစ်ချီ ကြ၏။ ထိုသိတင်းကို ဣသရေလ လူ တို့သည် ကြား လျှင် ၊ ဖိလိတ္တိ လူတို့ကို ကြောက် ၍၊
7Y oyendo los Filisteos que los hijos de Israel estaban reunidos en Mizpa, subieron los príncipes de los Filisteos contra Israel: lo cual como hubieron oído los hijos de Israel, tuvieron temor de los Filisteos.
8ရှမွေလ အား ၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား သည် အကျွန်ုပ် တို့ကို ဖိလိတ္တိ လူတို့လက် မှ ကယ်တင် တော်မူမည်အကြောင်း အကျွန်ုပ် တို့အဘို့ အစဉ် မပြတ်ဆုတောင်းပါလော့ဟု ဆို ကြ၏။
8Y dijeron los hijos de Israel á Samuel: No ceses de clamar por nosotros á Jehová nuestro Dios, que nos guarde de mano de los filisteos.
9ရှမွေလ သည်လည်း နို့စို့ သိုးသငယ် ကိုယူ ၍ ထာဝရဘုရား အား တကောင်လုံး မီးရှို့ ရာယဇ်ပူဇော် လျက် ၊ ဣသရေလ အမျိုးအဘို့ ဆုတောင်း၍ ထာဝရဘုရား နားထောင် တော်မူ၏။
9Y Samuel tomó un cordero de leche, y sacrificólo entero á Jehová en holocausto: y clamó Samuel á Jehová por Israel, y Jehová le oyó.
10ရှမွေလ သည် မီး ရှို့ရာယဇ်ကို ပူဇော် စဉ်အခါ၊ ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးကို တိုက် ခြင်းငှါ ချဉ်း လာကြ၏။ ထာဝရဘုရား သည်လည်း၊ ထို နေ့၌ ဖိလိတ္တိ လူတို့အပေါ် မှာ ပြင်းစွာ မိုဃ်းချုန်း စေ၍ ၊ သူ တို့တပ်ကို ဖျက် တော်မူသဖြင့် ၊ ဣသရေလ အမျိုးရှေ့ မှာ ရှုံး ကြ၏။
10Y aconteció que estando Samuel sacrificando el holocausto, los Filisteos llegaron para pelear con los hijos de Israel. Mas Jehová tronó aquel día con grande estruendo sobre los Filisteos, y desbaratólos, y fueron vencidos delante de Israel.
11ဣသရေလ လူ တို့သည် မိဇပါ မြို့မှ ထွက် ၍ ဖိလိတ္တိ လူတို့ကို လုပ်ကြံ လျက် ၊ ဗက်ကာ မြို့တိုင်အောင် လိုက် ကြ၏။
11Y saliendo los hijos de Israel de Mizpa, siguieron á los Filisteos, hiriéndolos hasta abajo de Beth-car.
12ထိုအခါ ရှမွေလ သည် ကျောက် ကို ယူ ၍ မိဇပါ မြို့နှင့် ရှင် မြို့စပ်ကြား မှာ ထူထောင် သဖြင့် ၊ ထာဝရဘုရား သည် ငါ တို့ကို ယခု တိုင်အောင် မစ တော်မူပြီဟုဆို လျက် ၊ ထိုကျောက်ကို ဧဗနေဇာ အမည် ဖြင့် မှည့် လေ၏။
12Tomó luego Samuel una piedra, y púsola entre Mizpa y Sen, y púsole por nombre Eben-ezer, diciendo: Hasta aquí nos ayudó Jehová.
13ထိုသို့ ဖိလိတ္တိ လူတို့သည် ရှုံး သဖြင့် ၊ နောက် တဖန် ဣသရေလ အမျိုးနေရာ အရပ်သို့ မ လာ ကြ။ ရှမွေလ လက်ထက်ကာလ ပတ်လုံး ထာဝရဘုရား ၏ လက် တော်သည် ဖိလိတ္တိ လူတို့ကို ဆီးတားတော်မူ၏။
13Fueron pues los Filisteos humillados, que no vinieron más al término de Israel; y la mano de Jehová fué contra los Filisteos todo el tiempo de Samuel.
14ဖိလိတ္တိ လူတို့သည် သိမ်းယူ သော ဣသရေလ မြို့ ရွာတို့ကို ဧကြုန် မြို့မှစ၍ ဂါသ မြို့တိုင်အောင် ပြန် ပေးရကြ၏။ မြို့နယ် တို့ကိုလည်း ဣသရေလ လူတို့သည် ဖိလိတ္တိ လူတို့လက် မှ နှုတ်ယူ ကြ၏။ ဣသရေလ လူနှင့် အာမောရိ လူတို့သည်လည်း စစ်မရှိ အသင့် အတင့်နေ ကြ၏။
14Y fueron restituídas á los hijos de Israel las ciudades que los Filisteos habían tomado á los Israelitas, desde Ecrón hasta Gath, con sus términos: é Israel las libró de mano de los Filisteos. Y hubo paz entre Israel y el Amorrheo.
15ရှမွေလ သည် တသက်လုံး ဣသရေလ အမျိုးကို အုပ်စိုး လေ၏။
15Y juzgó Samuel á Israel todo el tiempo que vivió.
16ဗေသလ မြို့၊ ဂိလဂါလ မြို့၊ မိဇပါ မြို့တို့ကို နှစ် တိုင်းလှည့်ပတ် ၍ အရပ်ရပ် တွင် ဣသရေလ အမျိုး၌ စီရင်ရန် အမှုတို့ကို စစ်ကြော စီရင်လေ့ရှိ၏။
16Y todos los años iba y daba vuelta á Beth-el, y á Gilgal, y á Mizpa, y juzgaba á Israel en todos estos lugares.
17ပြန် လာသောအခါ ၊ မိမိ အိမ် ရှိသောရာမ မြို့သို့ ပြန်လာ၍ ထိုမြို့မှာလည်းဣသရေလ အမျိုး၌ စီရင် ရန် အမှုတို့ကို စစ်ကြော စီရင်လျက် ၊ ထာဝရဘုရား ဘို့ ယဇ် ပလ္လင်ကိုတည် လျက် နေလေ၏။
17Volvíase después á Rama, porque allí estaba su casa, y allí juzgaba á Israel; y edificó allí altar á Jehová.
Tip: use the ← and → keys to turn chapters.