Joshua
Chapter 4
Bible Mutal (Kosraean)
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Joshua 4

Bible Mutal (Kosraean)
Judson Burmese Bible (1840)
1Tukun mwet Israel nukewa utyak tari nu finmes ah liki Infacl Jordan, LEUM GOD El fahk nu sel Joshua,
1လူ အပေါင်း တို့သည် တယောက်မျှမကြွင်း ယော်ဒန် မြစ်ကို ကူး ကြပြီး မှ၊ ထာဝရဘုရား က၊
2“Sulela mwet singoul luo, mwet se sin kais sie sruf,
2လူ များတို့တွင် တမျိုး တယောက် စီ၊ လူ တဆယ် နှစ် ယောက်ကို ရွေးကောက် ၍၊
3ac sap elos in srukak kais sie eot liki infacl an yen mwet tol elos tu we, ac us welulos ac oakiya yen kowos ac mongla we ofong an.”
3သူတို့သည် ယော်ဒန် မြစ်အလယ် ၊ ယဇ်ပုရောဟိတ် တို့ မြဲမြံစွာနင်း ရာ၊ ဤ အရပ် ထဲက ကျောက် တဆယ် နှစ်လုံးကို ယူ ပြီးလျှင် ထမ်း သွား၍ ၊ ယနေ့ညဉ့် စားခန်းချ ရာအရပ် ၌ ထား ရမည်အကြောင်းဆင့်ဆို လော့ဟု ယောရှု အား မိန့် တော်မူသည်အတိုင်း၊
4Ouinge Joshua el pangonma mwet singoul luo liki inmasrlon mwet uh su el srisrngiya liki inmasrlon kais sie sruf,
4ယောရှု သည် ခန့် ထားနှင့်သော ဣသရေလ အမျိုးတ မျိုး တ ယောက်စီ၊ လူ တဆယ် နှစ်ယောက်ကို ခေါ် ၍၊
5ac fahk nu selos, “Fahsrot nu infulwen Infacl Jordan. Fahsr meet liki Tuptup in Wuleang lun LEUM GOD lowos, ac srukak kais sie eot nu finpisowos, fal nu ke pisen sruf lun Israel.
5သင် တို့ဘုရား သခင်ထာဝရဘုရား ၏ သေတ္တာ တော်ရှေ့ ၊ ယော်ဒန် မြစ်အလယ် သို့ ကူး သွား၍ ၊ ဣသရေလ အမျိုးအရေအတွက် အတိုင်း ၊ လူတယောက် ကျောက် တလုံးစီ ယူ ၍ ထမ်း သွားကြလော့။
6Lela tuh ma inge in mwe akul nu suwos nu ke pacl tulik nutuwos uh ac mau siyuk in pacl tok uh lah mea kalmen eot inge,
6သို့ပြုလျှင် သက်သေ ကို ရ ကြလိမ့်မည်။ နောင် ကာလ၌ သင် တို့၏ သားသမီး တို့က၊ ဤ ကျောက် တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု မေးမြန်း လျှင်၊
7na kowos fah akkalemye nu selos lah kof ke Infacl Jordan tuh tui nwe ke Tuptup in Wuleang lun LEUM GOD utukyak liki infacl ah. Eot inge ac fah mwe asmakin nu sin mwet Israel ke ma inge nwe tok.”
7သင်တို့က၊ ထာဝရဘုရား ၏ သေတ္တာ တော်သည် ယော်ဒန် မြစ်ကို ကူး သောအခါ ၊ သေတ္တာတော်ရှေ့ မှာ မြစ် ရေ ပြတ် လေသည်ဟု ပြန်ပြော ရကြမည်။ ထိုသို့ ဤ ကျောက် တို့သည် အစဉ်မပြတ် ဣသရေလ အမျိုးသား အောက်မေ့ စရာဘို့ ဖြစ် ကြလိမ့်မည်ဟု ယောရှုမှာထား သည်အတိုင်း၊
8Na elos oru oana ke Joshua el sapkin nu selos. Elos srukak eot singoul luo liki infacl uh, fal nu ke pisen sruf lun Israel, oana ma LEUM GOD El sapkin nu sel Joshua, ac elos us eot inge nwe ke acn elos mongla we, ac filiya we.
8ဣသရေလ အမျိုးသား တို့သည် ပြု ကြ၏။ ထာဝရဘုရားသည် ယောရှု အား မိန့် တော်မူသည်နှင့်အညီ ၊ ဣသရေလ အမျိုး အရေအတွက် အတိုင်း ၊ ယော်ဒန် မြစ်ထဲက ကျောက် တဆယ် နှစ် လုံးကို ယူ ပြီးမှ၊ စားခန်းချ ရာအရပ်သို့ ထမ်း သွား၍ ထား ကြ၏။
9Ac Joshua el oayapa oakiya eot singoul luo ke infulwen Infacl Jordan, yen ma mwet tol su us Tuptup in Wuleang elos tuh tu we ah, ac eot inge oasr na we nu misenge.
9တဖန်တုံ ၊ ပဋိညာဉ် သေတ္တာ တော်ကို ထမ်း သော ယဇ်ပုရောဟိတ် တို့နင်း ရာအရပ် ယော်ဒန် မြစ်အလယ် ၌ ကျောက် တဆယ် နှစ် လုံးကို ယောရှု သည် စိုက် ထား၍ ယနေ့ တိုင်အောင် ရှိ ကြ၏။
10Mwet tol inge tuh tu na infulwen Infacl Jordan nwe ke na ma nukewa ma LEUM GOD El sapkin nu sel Joshua tuh elan fahk nu sin mwet uh ac safla, oapana ke Moses el tuh sapkin nu sel Joshua. Ouinge mwet uh fahsr sulaklak in sun finmes uh.
10ယောရှု သည် မောရှေ မှာ ထားသည်အတိုင်း ၊ လူ များတို့အား ဆင့်ဆို စေခြင်းငှါ ထာဝရဘုရား မိန့် တော်မူသမျှတို့ကို အကုန်အစင် ပြု သည်တိုင်အောင် သေတ္တာ တော်ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ ယော်ဒန် မြစ်အလယ် ၌ ရပ် နေကြ၏။ လူ များတို့သည်လည်း ကြိုးစား ၍ ကူး ကြ၏။
11Ac tukun mwet nukewa utyak tari nu finmes, na mwet tol su us Tuptup in Wuleang lun LEUM GOD elos utyak ac sifil fahsr meet liki mwet uh.
11လူ များအပေါင်း တို့သည် အကုန်အစင်ကူး ကြပြီး မှ၊ ထာဝရဘုရား ၏ သေတ္တာ တော်နှင့်တကွ ယဇ်ပုရောဟိတ် တို့သည် လူ များမျက်မှောက် တွင် ကူး ကြ၏။
12Ac mukul ke sruf lal Reuben, ac sruf lal Gad, ac tafu sruf lal Manasseh, elos us mwe mweun ac fahsr meet liki mwet uh, oana ke Moses el tuh sapkin nu selos.
12ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသား၊ မနာရှေ အမျိုးသား တဝက် တို့သည် မောရှေ မှာ ခဲ့သည်အတိုင်း လက်နက် ကို စွဲကိုင်၍၊ ဣသရေလ အမျိုးသား တို့ရှေ့ မှာ ကူး သွား ကြ၏။
13Apkuran in tausin angngaul pisen mwet su akola nu ke mweun pa utyak ye mutun LEUM GOD nu yen tupasrpasr sisken acn Jericho.
13ထိုအမျိုးသားတို့သည် အရေအတွက်အားဖြင့်လေးသောင်း ခန့် မျှရှိ၍၊ စစ်တိုက် ခြင်းငှါ ပြင်ဆင်လျက် ထာဝရဘုရား ရှေ့ တော်၌ ယေရိခေါ လွင်ပြင် သို့ ကူး သွား ကြ၏။
14LEUM GOD El akfulatyal Joshua ke mwenmen ma el sang Joshua el oru ye mutun mwet Israel nukewa in len sac, ac mwet Israel nukewa elos oayapa akfulatyal Joshua ke lusen moul lal nufon, oana ke elos tuh akfulatyal Moses in pacl lal ah.
14ထို နေ့ ၌ ထာဝရဘုရား သည် ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ မှာ ယောရှု ကို ချီးမြှင့် တော်မူ၍ ၊ သူတို့ သည် မောရှေ ကို ကြောက်ရွံ့ သကဲ့သို့ ယောရှု ကိုလည်း သူ ၏အသက် တည်သည် ကာလ ပတ်လုံး ကြောက်ရွံ့ ကြ၏။
15Na LEUM GOD El fahk nu sel Joshua,
15တဖန် ထာဝရဘုရား က၊ သက်သေခံချက် သေတ္တာ တော်ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊
16“Fahkang nu sin mwet tol su us Tuptup in Wuleang tuh elos in utyak liki Infacl Jordan.”
16ယော်ဒန် မြစ်ထဲက တက်လာ ရမည်အကြောင်း ဆင့်ဆို လော့ဟုမိန့် တော်မူသည်အတိုင်း၊
17Na Joshua el oru oana.
17ယော်ဒန် မြစ်ထဲက တက် လာကြလော့ဟု ယဇ်ပုရောဟိတ် တို့အား ယောရှု သည် ဆင့်ဆို လေ၏။
18Ouinge ke pacl se mwet tol elos tufahna sroak liki infacl ah nu finmes ah, na kof ke infacl ah sifilpa soror ac sronoti oana meet ah.
18ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ ယော်ဒန် မြစ်အလယ် ထဲက တက် လာ၍၊ ခြေဘဝါး တို့သည် ကုန်း ကို နင်းမိကြ သောအခါ၊ ယော်ဒန် မြစ်ရေ သည် မိမိ နေရာ သို့ ပြန် လာ၍ ၊ အရင် ကဲ့သို့ ကမ်း တရှောက်လုံး ကို လျှံလျက်နေ၏။
19Mwet uh elos tuh fahsr sasla Infacl Jordan ke len aksingoul in malem se meet, ac elos tulokunak lohm nuknuk selos in acn Gilgal, kutulap in Jericho.
19ပဌမ လ ၊ ဒသမ နေ့ရက်တွင် ၊ လူ များတို့သည် ယော်ဒန် မြစ်ထဲက တက် လာ၍ ၊ ယေရိခေါ မြို့အရှေ့ ဘက် နား မှာ ၊ ဂိလဂါလ အရပ်၌ တပ်ချ ကြ၏။
20Na eot singoul luo ma elos tuh us liki Infacl Jordan, Joshua el oakiya in acn Gilgal.
20ယော်ဒန် မြစ်ထဲက ထုတ် ယူသော ကျောက် တဆယ် နှစ် လုံးကို ယောရှု သည် ဂိလဂါလ အရပ်၌ စိုက် ထား ၏။
21Ac el fahk nu sin mwet Israel, “In pacl fahsru, tulik nutuwos fin siyuk suwos lah mea kalmen eot inge,
21ဣသရေလ အမျိုးသား တို့အား လည်း ၊ နောင် ကာလ ၌ သင် တို့၏သားသမီး တို့က၊ ဤ ကျောက် တို့သည် အဘယ်သို့ ဆိုလိုသနည်းဟု အဘ တို့အား မေးမြန်း လျှင်၊
22na kowos fah srumun nu selos, ke pacl se mwet Israel tuh fahsr sasla Infacl Jordan elos fahsr ke acn pao.
22သင်တို့က၊ ဣသရေလ လူတို့သည် မြေ ပေါ် မှာ ရှောက်သကဲ့သို့ဤ ယော်ဒန် မြစ်ကို ကူး လာကြသည်ဟု သားသမီး တို့အား ကြားပြော ရကြမည်။
23Fahkang nu selos lah LEUM GOD lowos el tuh akpaoyela Infacl Jordan nwe ke na kut nukewa fahsr sasla infacl ah, oana El tuh oru nu sin mwet matu lasr meet ah ke El akpaoyela Meoa Srusra.
23ထာဝရဘုရား သည် တန်ခိုးကြီး တော်မူသည်ကို မြေကြီးသား အပေါင်း တို့သည်သိ ကြမည်အကြောင်း နှင့် သင် တို့၏ဘုရားသခင် ထာဝရဘုရား ကို သင်တို့သည်အစဉ်အမြဲ ကြောက်ရွံ့ ရမည်အကြောင်း ၊
24El tuh oru ma inge tuh mwet in faclu nufon elos in etu ke ku lulap lun LEUM GOD , ac tuh kowos fah etu in akfulatye ac sunakin LEUM GOD lowos ma pahtpat.”
24ငါတို့သည်ဧဒုံ ပင်လယ် ကို ကူး၍ ကမ်း တဘက်သို့မ ရောက်မှီတိုင်အောင်၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည် ငါ တို့ရှေ့ မှာ ပင်လယ်ရေကိုခန်းခြောက် စေတော်မူသည်နည်းတူ ၊ သင်တို့သည်ယော်ဒန် မြစ်ကိုကူး၍ ကမ်း တဘက်သို့မ ရောက်မှီတိုင်အောင်၊ သင် တို့ရှေ့ မှာ မြစ်ရေ ကို ခန်းခြောက် စေတော်မူသည်ဟု ယောရှုမှာထားလေ၏။

Tip: use the ← and → keys to turn chapters.