Esther 7
Bible Mutal (Kosraean)Translation
Bible Mutal (Kosraean)
Judson Burmese Bible (1840)
1Ouinge tokosra ac Haman som in mongo yorol Esther
1တဖန် ရှင်ဘုရင် နှင့် ဟာမန် သည်၊ မိဖုရား ဧသတာ နှင့်အတူ စပျစ်ရည်သောက် အံ့သောငှါ သွား ကြ၏။
2ke pacl se akluo. Ke pacl eltal nim wain, tokosra el sifilpa siyuk, “Kasra Esther, fahk nu sik ma kom lungse, ac nga ac fah sot nu sum. Kom finne siyuk ke tafu tokosrai luk, ac fah itukot nu sum.”
2ဒုတိယ နေ့ ရက်၌ စပျစ်ရည် သောက်ပွဲ ခံစဉ်၊ ရှင် ဘုရင်က မိဖုရား ဧသတာ ၊ သင် သည် အဘယ် အလို ရှိသနည်း။ အလိုရှိသည်အတိုင်း ငါပေး မည်။ အဘယ်ဆု ကို တောင်း ချင်သနည်း။ တောင်းသမျှကို နိုင်ငံ တော် တဝက် တိုင်အောင် ငါပေး မည်ဟု မိန့် တော်မူလျှင်၊
3Kasra Esther el topuk, “Fin oh lungse lun Tokosra, ac el fin insewowo in porongo mwe siyuk luk, pa inge ma nga kena kac, tuh nga in ku in moul, wi pac mwet srahk.
3မိဖုရား ဧသတာ က၊ အရှင်မင်းကြီး ၊ ကျွန်တော်မ ကို စိတ်နှင့်တွေ့ တော်မူလျှင် ၎င်း ၊ အလို တော်ရှိလျှင် ၎င်း၊ ကျွန်တော် မအလို အတိုင်း ကျွန်တော် မအသက် နှင့် ကျွန်တော် မတောင်းပန် သည်အတိုင်း ၊ အမျိုးသား ချင်းအသက်ကို ချမ်းသာပေးတော်မူပါ။
4Nga ac mwet srahk kukakinyukla tari in anwuki. Funu kukakinyukla kut nu ke mwet kohs, nga lukun misla na ac tia lusrong tokosra. Tusruktu akoeyuk in sikiyukla kut — kut nukewa ac wanginla!”
4ကျွန်တော် မနှင့် ကျွန်တော် မအမျိုးသား ချင်း တို့ကို သတ်ဖြတ် သုတ်သင် ပယ်ရှင်း ခြင်းငှါ ရောင်း ပါပြီ။ ကျွန် ယောက်ျား ကျွန် မိန်းမဖြစ်စေခြင်းငှါ ရောင်း လျှင် ၊ ရန်သူသည် ရှင်ဘုရင် အကျိုးနည်းခြင်းအတွက် အဘိုးကိုပေး နိုင်သော်လည်း၊ ကျွန်တော်မတိတ်ဆိတ်စွာ နေပါမည် ဟု လျှောက်လေ၏။
5Na Tokosra Ahasuerus el siyuk sel Kasra Esther, “Su enum se ku in oru ouinge— Pia mwet sacn?”
5ရှင်ဘုရင် အာရွှေရု ကလည်း ၊ ထိုသို့ ပြု မည်ဟု ကြံဝံ့သောသူကား အဘယ် သူနည်း။ အဘယ်မှာရှိသနည်း ဟု မိဖုရား ဧသတာ အား မေး တော်မူလျှင်၊
6Esther el topuk, “Mwet lokoalok lasr, su akola in kalyei kut, pa mwet koluk se inge Haman!” Haman el ngetang nu sel tokosra ac kasra, ac el rarrar ke sangeng.
6ဧသတာ က၊ ရန် ဘက်ပြုသောရန်သူ သည် ဤ ဆိုးညစ် သော ဟာမန် ဖြစ်ပါ၏ဟု လျှောက် သော်၊ ဟာမန် သည် ရှင်ဘုရင် နှင့် မိဖုရား ရှေ့ မှာ ကြောက်ရွံ့ ခြင်း သို့ ရောက်လေ၏။
7Tokosra el arulana foloyak ac tuyak som liki kufwa uh, ac illa nu likinuma nu ke ima ros lun inkul fulat. Haman el akilen lah tokosra el akola in sang kalya na yohk nu sel ke ma se inge, oru el mutana in kwafe sel Kasra Esther elan molella.
7ထိုအခါ ရှင် ဘုရင်သည် အမျက် ထွက်သဖြင့် ၊ စပျစ်ရည် သောက်ပွဲ မှ ထ ၍ ဥယျာဉ် တော်သို့ သွားတော်မူ ၏။ အပြစ် ပေးတော်မူမည်ဟု ဟာမန် သည်ရိပ်မိ ၍ အသက် ချမ်းသာရမည်အကြောင်းမိဖုရား ဧသတာ ရှေ့ မှာ တောင်းပန် ခြင်းငှါ ထ ၏။
8El tufahna fungyang nu fin mwe oan se Esther el muta fac in kwafe elan nunak munas nu sel, ke pacl se tokosra el sifilpa utyak nu in lohm uh liki imae. Tokosra el wola, “Ya mwet se inge ac sruinkuel kasra ye mutuk in lohm uh?” Ke pacl se tokosra el fahkla kas inge, mwet eunuch uh afinya mutal Haman.
8ရှင် ဘုရင်သည် ဥယျာဉ် တော်မှ စပျစ်ရည် သောက်ပွဲ ခံရာအရပ် သို့ ဝင်ပြန် သောအခါ ၊ ဧသတာ ထိုင် သော သာလွန် နား မှာ ဟာမန် သည် ပြပ်ဝပ် လျက်နေသည် ကို မြင်လျှင်၊ ဤသူသည် နန်းတော် ၌ ငါ့ ရှေ့မှာ မိဖုရား ကို အဓမ္မ ပြုရမည်လောဟု မိန့် တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန် ၏ မျက်နှာ ကိုဖုံး ကြ၏။
9Na sie sin mwet eunuch lal tokosra pangpang Harbona el fahk, “Sie pac ma Haman el oru pa el musaela sie nien loksak fit itngoul limekosr fulata pe lohm sel elan srupsrulak Mordecai kac, el su tuh molela moul lun tokosra!” Tokosra el sapkin, “Srupsrulak Haman olo!”
9မိန်းမစိုး ဟာဗောန ကလည်း ၊ အရှင်မင်းကြီး၏ အကျိုးတော်ကို စောင့်၍ လျှောက်ထားသော မော်ဒကဲ အဘို့ ဟာမန် လုပ် ၍ အတောင် ငါးဆယ် မြင့် သော လည်ဆွဲ ချတိုင်သည်၊ ဟာမန် အိမ် ၌ စိုက် ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲ ချစေဟု ရှင်ဘုရင် မိန့် တော်မူ၏။
10Ouinge sripsripyak Haman ke nien loksak se su el musaela nu sel Mordecai. Na tufah ohula kasrkusrak lal tokosra.
10ထိုသို့ မော်ဒကဲ အဘို့ လုပ် သော လည်ဆွဲ ချတိုင်၌ ဟာမန် ကို ဆွဲ ချကြ၏။ ရှင်ဘုရင် လည်း စိတ် ပြေ တော်မူ ၏။
Tip: use the ← and → keys to turn chapters.