エステル記 2
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1これらのことの後、アハシュエロス王の怒りが静まると、王はワシュティのこと、彼女がしたこと、そして彼女について定められたことを思い起こした。
1တဖန် ရှင်ဘုရင် အာရွှေရု သည် စိတ် တော်ပြေ သောအခါ ၊ ဝါရှိတိ ကို၎င်း ၊ သူပြု သောအမှုနှင့် သူ့ တစ်ဘက် ၌စီရင်သော အမှု ကို၎င်း အောက်မေ့ တော်မူ၏။
2そこで王に仕える侍臣たちは言った。「王のために、容姿の美しい若い処女たちを捜させましょう。
2အထံတော်၌ ခစား သော ကျွန် တော်တို့ကလည်း ၊ အဆင်း လှ သော သမီးကညာ တို့ကို အရှင်မင်းကြီး အဘို့ ရှာ ရပါမည်အကြောင်းအခွင့်ပေးတော်မူပါ။
3王国の全州に役人を任命し、美しい若い処女たちをスサの宮殿の後宮に集め、女たちを預かる王の宦官ヘガイの管理下に置かせてください。また、彼女たちに身支度の品を与えさせてください。
3အဆင်း လှ သော သမီးကညာ အပေါင်း တို့ကို ရှုရှန် နန်းတော် တွင် အပျို တော်နေရာသို့ စုဝေး စေ၍ ၊ နန်းတော်မိန်းမစိုး ၊ အပျိုတော်အုပ်ဟေဂဲ ၌ အပ်စေခြင်းငှါ၊ နိုင်ငံ တော်အတိုင်း တိုင်း အပြည်ပြည် မင်း အရာရှိ တို့ကို ခန့် ထားတော်မူပါ။ စင်ကြယ်စေခြင်းငှါ ဆေးမျိုးကို အပ်ပေးတော်မူပါ။
4そして王の心にかなう娘を、ワシュティに代わる王妃としてください。」この提案は王の心にかない、王はそのようにした。
4နှစ်သက် တော်မူသောသမီးကညာ ကို မိဖုရား ဝါရှတိ အရာ ၌ ခန့် ထားတော်မူပါဟု လျှောက်သော စကား ကို ရှင်ဘုရင် နှစ်သက် ၍ ထိုသို့ စီရင် တော်မူ၏။
5さて、スサの宮殿にモルデカイというユダヤ人がいた。彼はベニヤミン人キシュの子シムイの子ヤイルの子であった。
5ထိုကာလတွင် ရှုရှန် မြို့တော်၌ ၊ ဗင်္ယာမိန် အမျိုး ကိရှ ၊ ရှိမိ ၊ ယာဣရ တို့မှ ဆင်းသက်သော မော်ဒကဲ အမည် ရှိသောယုဒ လူ တယောက်ရှိ ၏။
6このキシュは、バビロンの王ネブカデネザルがユダの王エコニヤとともに捕らえ移した捕囚の民とともに、エルサレムから連れ去られた者であった。
6ထိုသူသည် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သိမ်း သွားသော ယုဒ ရှင်ဘုရင် ယေခေါနိ မှစ၍ ၊ ဘမ်းဆီး သိမ်း သွားခြင်းကို ခံရသောလူစု၌ ပါသတည်း။
7モルデカイは、叔父の娘ハダサ、すなわちエステルを育てていた。彼女には父も母もなかった。この娘は姿も顔立ちも美しかった。父母の死後、モルデカイは彼女を自分の娘として引き取ったのである。
7ထိုသူသည် အထွေးသမီး ဟဒဿ တည်းဟူသော ဧသတာ ကို မွေးမြူ ၏။ ထိုသတို့သမီးသည် မိဘ မ ရှိ၊ ပုံပြင်ယဉ်ကျေး ၍ အသွေး အဆင်းလည်း လှ ၏။ မိဘ သေ သောအခါ ၊ မော်ဒကဲ သည် ယူ ၍ ကိုယ် သမီး ကဲ့သို့ မှတ်သတည်း။
8王の命令と法令が布告され、多くの娘たちがスサの宮殿に集められてヘガイの管理下に置かれたとき、エステルも王宮に連れて来られ、女たちを預かるヘガイの管理下に置かれた。
8ရှင်ဘုရင် အမိန့် တော်ကိုထုတ်၍ ကျော်သောအခါ ၊ အပျို များတို့ကို ရှုရှန် နန်းတော် သို့ စုဝေး စေ၍ ၊ မိန်းမစိုးဟေဂဲ ၌ အပ်ရာတွင်၊ ဧသတာ ကိုလည်း နန်းတော် သို့ ခေါ် ဆောင်၍ ဟေဂဲ ၌ အပ်ကြ၏။
9この娘はヘガイの心にかない、その好意を得た。彼はすぐに身支度の品と特別な食事を彼女に与え、王宮から選ばれた七人の侍女も付けた。そして彼女と侍女たちを後宮の最良の場所に移した。
9ဧသတာသည် ဟေဂဲ စိတ် နှင့်တွေ့၍ မျက်နှာ ရသဖြင့် ၊ ဟေဂဲသည် စင်ကြယ် စေသော ဆေးမျိုးနှင့် ပေး ရသောအဝတ် အစားကို အလျင် အမြန်ပေး၏။ နန်းတော် ၌ ရွေး ကောက်သော ကျွန် မခုနစ် ယောက် တို့ကိုလည်းပေး ၍ ၊ ဧသတာ နှင့် သူ ၏ကျွန် မတို့ကို အပျိုတော်နန်း တွင် အမြတ် ဆုံးသောနေရာ၌ ချီးမြှောက်လေ၏။
10エステルは自分の民族も親族も明かさなかった。モルデカイが、明かしてはならないと命じていたからである。
10ဧသတာ သည် မိမိ အမျိုး နှင့် မိမိ ဆွေညာ တကာကို မ ဘော် မပြမည်အကြောင်း၊ မော်ဒကဲ သတိပေး သည်အတိုင်း မ ဘော် မပြဘဲ နေ၏။
11モルデカイは毎日、エステルが無事でいるか、これからどうなるかを知ろうとして、後宮の中庭の前を行き来した。
11ဧသတာ သည် အဘယ်သို့ရှိသည်ကို၎င်း၊ သူ ၌ အဘယ်သို့ ပြု ကြလိမ့်မည်ကို၎င်း၊ မော်ဒကဲ သည် သိ ခြင်းငှါ အပျိုတော်နန်း ဝင်း ရှေ့ မှာ နေ့ တိုင်းသွား လာ၏။
12それぞれの娘がアハシュエロス王のもとへ行く番は、十二か月に及ぶ身を清める期間を終えた後に来た。その期間は、六か月を没薬の油で、さらに六か月を香料や女の身支度の品で整えるものだった。
12ထိုအပျိုတော်တို့ ထုံးစံ အတိုင်း ၊ တနှစ် စေ့ သောအခါ တယောက်နောက်တယောက် အလှည့် သင့်သည် အတိုင်း ၊ ရှင်ဘုရင် အာရွှေရု ထံ သို့ ဝင် ရ၏။ ခြောက် လ ပတ်လုံးမုရန် ဆီ ၊ ခြောက် လ ပတ်လုံးနံ့သာ မျိုးအစရှိ သော စင်ကြယ် စေသောဆေးမျိုးကိုသုံး၍၊ စင်ကြယ် ခြင်းအမှုသည် ပြီး သည် တိုင်အောင် ထိုမျှကာလ ကိုလွန် စေရ၏။
13娘が王のもとへ行くときには、後宮から王宮へ携えて行きたいものは何でも与えられた。
13ထိုနောက်မှအပျို တော်သည် ရှင်ဘုရင် ထံ သို့ဝင် ချိန်ရောက်သောအခါ ၊ အလို ရှိသမျှ တို့ကို တောင်း၍၊ အပျိုတော်နန်း မှ ရှင်ဘုရင် နန်းတော် သို့ ယူ သွားရ၏။
14夕方に王のもとへ入り、翌朝には、側女たちを預かる王の宦官シャアシュガズの管理する第二の後宮へ移された。王が彼女を気に入り、名を呼んで召さない限り、二度と王のもとへ行くことはなかった。
14ည ဦးအချိန်၌ ဝင် ၍ နံနက် အချိန်၌ နန်းတော်မိန်းမစိုး ၊ မောင်းမမိဿံ အုပ် ၊ ရှာရှဂါဇ စောင့် ဒုတိယ မိန်းမနန်း သို့ ပြန် ရ၏။ ရှင်ဘုရင် ချစ် ၍ နာမည် အားဖြင့် ခေါ် တော်မမူလျှင် နောက် တဖန် အထံတော်သို့ မ ဝင် ရ။
15モルデカイが娘として引き取った、叔父アビハイルの娘エステルの番が来たとき、彼女は女たちを預かる王の宦官ヘガイが勧めたもの以外、何も求めなかった。エステルは見る者すべてから好意を受けた。
15မိမိ သမီး ကဲ့သို့ မော်ဒကဲ မွေးမြူ သော ဘထွေး အဘိဟဲလ သမီး ဧသတာ သည် အလှည့် သင့်၍၊ ရှင်ဘုရင် ထံ သို့ဝင် ရသောအခါ ၊ နန်းတော်မိန်းမစိုး ၊ အပျို တော်အုပ် ဟေဂဲ စီရင် သော အရာမှတပါး အဘယ် အရာကိုမျှ မ တောင်း ၊ ဧသတာ ကို တွေ့မြင် သမျှ သောသူတို့ သည် ချစ် တတ်ကြ၏။
16エステルがアハシュエロス王の王宮へ迎え入れられたのは、王の治世第七年、第十の月、すなわちテベテの月であった。
16ထိုသို့ ရှင်ဘုရင် အာရွှေရု သည် နန်းစံ ခုနစ် နှစ် ၊ တေဗက် အမည်ရှိသောဒသမ လ တွင် ၊ ဧသတာ ကို နန်းတော် ၌ သိမ်း တော်မူပြီးလျှင်၊
17王はどの女よりもエステルを愛した。彼女はほかのすべての処女にまさって王の好意と慈しみを受けたので、王はその頭に王冠を置き、ワシュティに代わる王妃とした。
17အခြားသော သမီး ကညာအပေါင်း တို့ထက် ဧသတာ သည် စိတ်တော်ကိုနူးညွတ် စေ၍ ၊ အထံ တော်၌ မျက်နှာ ရသဖြင့် ၊ ရှင်ဘုရင်သည် အခြားသော မိန်းမ တကာ တို့ကို ချစ်သည်ထက် ဧသတာကိုသာ၍ ချစ်သောကြောင့်၊ သူ့ ခေါင်း ပေါ် မှာ ရာဇ သရဖူ ကိုတင် ၍ မိဖုရား ဝါရှတိ အရာ ၌ ချီးမြှောက် တော်မူ၏။
18王はすべての高官と家臣のために、エステルの祝宴と呼ばれる盛大な宴を催した。また諸州に休日を布告し、王の気前のよさにふさわしく贈り物を配った。
18ထိုအခါ ရှင် ဘုရင်သည် ဧသတာ ပွဲ ဟူ၍ကြီး သောပွဲ ကို မှူး တော်မတ်တော်ကျွန် တော်တို့အဘို့ လုပ် သဖြင့် ၊ နိုင်ငံ တော်တိုင်းပြည်တို့ကို မင်းမှုလွှတ် ၍ ၊ စည်းစိမ်တော်နှင့် လျော်စွာ ဆု ချတော်မူ၏။
19処女たちが二度目に集められたとき、モルデカイは王の門に座っていた。
19သမီး ကညာတို့သည် ဒုတိယ အချိန်၌ စုဝေး သောအခါ ၊ မော်ဒကဲ သည် နန်းတော်၌ တံခါးမှူး ဖြစ် ၏။
20エステルはモルデカイに命じられたとおり、まだ自分の親族も民族も明かしていなかった。彼女は養育されていたころと同じように、モルデカイの言いつけに従っていた。
20ဧသတာ သည် မော်ဒကဲထံမွေးမြူ ခြင်းကိုခံ ၍ နေစဉ် အခါ၊ သူ ၏စကား ကို နားထောင်သည်နည်းတူ နားထောင် သေးသည်ဖြစ်၍၊ မော်ဒကဲ သတိ ပေးသည်အတိုင်း ၊ မိမိ အမျိုး ၊ မိမိ ဆွေညာ တကာတို့ကို မ ဘော် မပြဘဲနေ သတည်း။
21そのころ、モルデカイが王の門に座っていると、入口を守る王の宦官ビッグタンとテレシュの二人が怒りを抱き、アハシュエロス王に手を下そうと企てた。
21ထို ကာလ တွင် ၊ မော်ဒကဲ သည် နန်းတော်၌ တံခါးမှူး ဖြစ် စဉ် ၊ ဗိဂသန် နှင့် တေရက် တည်းဟူသောနန်းတော်မိန်းမစိုး ၊ တံခါး စောင့် နှစ် ယောက်တို့သည် ဒေါသစိတ်ရှိ၍ ရှင်ဘုရင် အာရွှေရု ကို လုပ်ကြံ မည်ဟု အားထုတ် ကြ၏။
22この企てを知ったモルデカイは王妃エステルに知らせ、エステルはモルデカイの名によって王に報告した。
22ထိုအမှုကို မော်ဒကဲ သိ ၍ မိဖုရား ဧသတာ အား ဘော်ပြ ၏။ ထိုသို့ မော်ဒကဲ ဘော်ပြကြောင်းကို ဧသတာ သည် ရှင်ဘုရင် အား လျှောက် လေ၏။
23この件は調査され、事実であると判明したので、二人は木に掛けられた。このことは王の前で年代記に記された。
23ထိုအမှု ကို စစ်ကြော ၍ အမှန် သိသောအခါ ၊ ထိုသူ နှစ် ယောက်တို့ကို သစ်ပင် ၌ လည်ဆွဲ ချပြီးမှ ၊ ရှင်ဘုရင် ရှေ့ ၊ နန်းတော်မှတ် စာ၌ ရေး မှတ်သတည်း။
Tip: use the ← and → keys to turn chapters.