サムエル記第一 14
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1ある日、サウルの子ヨナタンは、自分の武器を持つ若者に言った。「さあ、向こう側にあるペリシテ人の守備隊のところへ渡って行こう。」しかし彼は父には告げなかった。
1တနေ့သ၌ရှောလု ၏ သား ယောနသန် သည် ခမည်းတော် ထံ၌ အခွင့် မ ပန်ဘဲ၊ လက်နက် ဆောင် လုလင် ကို ခေါ်၍၊ တစ်ဘက် ၌ နေသော ဖိလိတ္တိ တပ် သို့ သွား ကြကုန်အံ့ဟု ဆို လေ၏။
2サウルはギベアの境界、ミグロンにあるざくろの木の下に留まっていた。彼と一緒にいる民は約六百人であった。
2ရှောလု သည် ဂိဗာ မြို့စွန်း ၊ မိဂြုန် ရွာ၊ ရိမ္မုန် ကျောက်ဆောင်နားမှာ နေ ၍ ၊ အထံတော်၌ လူ ခြောက် ရာ ခန့် မျှရှိ၏။
3シロで主の祭司であったエリの子ピネハスの子で、イカボデの兄弟であるアヒトブの子アヒヤが、エポデを着けていた。民はヨナタンが行ったことを知らなかった。
3သင်တိုင်း ဝတ် ၍ ရှိလော မြို့၌ ထာဝရဘုရား ၏ ယဇ် ပုရောဟိတ်ဖြစ်သောသူ ဧလိ နှင့်ဖိနဟတ် တို့ မှ ဆင်းသက်သော ဣခဗုဒ် ၏အစ်ကို အဟိတုပ် ၏သား အဟိယ လည်း ရှိ၏။ ယောနသန် သွား ကြောင်း ကို လူ များ မ သိ ကြ။
4ヨナタンがペリシテ人の守備隊のところへ渡って行こうとした道の間に、こちら側に一つの険しい岩があり、あちら側に一つの険しい岩があった。一つの名はボツェツ、もう一つの名はセネといった。
4ယောနသန် သည် ဖိလိတ္တိ တပ် သို့ သွား စမ်းသော လမ်း ကြား မှာ၊ တစ်ဘက်တချက် ၌ ကျောက် ငူ ရှိ၏။ ကျောက် ငူ တခု သည် ဗောဇက် ၊ တခု သည် သေနေ အမည် ရှိ၏။
5一つの岩は北の方でミクマスに面して立っており、もう一つの岩は南の方でゲバに面していた。
5တခု ကား မြောက် ဘက်၌ မိတ်မတ် မြို့သို့ ၎င်း ၊ တခု ကား တောင် ဘက်၌ ဂိဗာ မြို့သို့ ၎င်း မျက်နှာပြု သတည်း။
6ヨナタンは自分の武器を持つ若者に言った。「さあ、あの割礼を受けていない者たちの守備隊のところへ渡って行こう。もしかすると、主が私たちのために働いてくださるかもしれない。主が多くの人によって救うか、少ない人によって救うかは、主にとって何らの妨げともならないからである。」
6ယောနသန် က၊ အရေဖျားလှီးခြင်းကိုမခံ သော ထိုတပ်သား တို့ဆီ သို့ သွား ကြကုန်အံ့။ ထာဝရဘုရား သည် ငါ တို့အမှုကို စောင့် ကောင်း စောင့်တော်မူလိမ့်မည်။ လူများ သော်၎င်း၊ နည်း သော်၎င်း၊ ထာဝရဘုရား ကယ်တင် တော်မူခြင်းကို အဆီးအတား မ ရှိနိုင်ဟု လက်နက် ဆောင် လုလင် အား ပြောဆို လျှင်၊
7彼の武器を持つ者は彼に言った。「あなたの心にあるすべてのことをしなさい。進んでください。わたしはあなたと心を一つにしています。」
7လုလင်က၊ စိတ် တော်ရှိသည်အတိုင်း ပြု ပါ။ လှည့် သွားပါ။ အလိုတော်ရှိသည်အတိုင်း ကျွန်တော် လိုက် ပါမည်ဟု ပြန်ပြော သော်၊
8そこでヨナタンは言った。「見よ、私たちはあの男たちのところへ渡って行き、彼らに私たちの姿を見せよう。
8ယောနသန် က၊ ထိုလူ တို့ဆီ သို့ သွား ၍ ကိုယ်ကို ပြ ကြကုန်အံ့။
9もし彼らが私たちに『私たちがそちらへ行くまで待て』と言うなら、私たちは自分の場所に立ち止まり、彼らのところへ上って行かない。
9သူတို့ကနေ ကြ။ ငါ တို့လာ မည်ဟုဆို လျှင် သူ တို့ဆီ သို့မ သွား ဘဲ နေ ကြမည်။
10しかし、もし彼らが『私たちのところへ上って来い』と言うなら、私たちは上って行こう。主が彼らを私たちの手に渡されたからである。これが私たちへのしるしとなる。」
10သို့မဟုတ် ၊ လာ ကြဟုဆို လျှင် သွား ကြမည်။ ထာဝရဘုရား သည် သူ တို့ကို ငါ တို့လက် သို့ အပ် တော်မူ ၏။ ထိုသို့ သော ပုပ္ပ နိမိတ်ရှိရ၏ဟု ဆိုသည်နှင့်အညီ၊
11二人はペリシテ人の守備隊に自分たちの姿を見せた。ペリシテ人は言った。「見よ、ヘブル人たちが隠れていた穴から出て来る。」
11နှစ် ယောက်တို့သည် ဖိလိတ္တိ တပ်သား တို့အား ကိုယ်ကိုပြ သောအခါ ၊ ဖိလိတ္တိ လူတို့က၊ ဟေဗြဲ လူတို့ သည် ပုန်းရှောင် ရာတွင်း ထဲက ထွက် လာပါသည်တကား ဟုဆို လျက်၊
12守備隊の男たちはヨナタンと彼の武器を持つ者に答えて、「私たちのところへ上って来い。おまえたちに一つ教えてやろう」と言った。 ヨナタンは自分の武器を持つ者に言った。「わたしの後に付いて上って来なさい。主が彼らをイスラエルの手に渡されたからである。」
12တပ်သား တို့က၊ လာ ကြ။ တစုံတခုကို ပြ မည်ဟု ယောနသန် နှင့် လက်နက် ဆောင် လုလင်အားဆို လျှင် ၊ ယောနသန်က၊ ငါ့ နောက် သို့ လိုက် လော့။ ထာဝရဘုရား သည် သူ တို့ကို ဣသရေလ လူတို့ လက် သို့ အပ် တော်မူပြီဟု လုလင်အား ဆိုသဖြင့်၊
13ヨナタンは手と足でよじ登り、彼の武器を持つ者もその後を追った。彼らはヨナタンの前に倒れ、彼の武器を持つ者が彼の後ろで彼らを殺した。
13လေးဘက်တွားလျက် တက် ၍၊ လုလင်လည်းလိုက်၏။ ယောနသန် ရှေ့ မှာ ဖိလိတ္တိလူတို့သည် လဲ ၍ လုလင်သည် သူ့သခင့် နောက် မှာ လုပ်ကြံ လေ၏။
14ヨナタンと彼の武器を持つ者が行ったこの最初の攻撃で、二人は一エーカーの畑の畝半分ほどの範囲にいた約二十人を討った。
14ယောနသန် နှင့် လုလင်ပြုသော ပဌမ လုပ်ကြံ ခြင်းအားဖြင့်နွားတရှဉ်း ထွန်နိုင်သော မြေကွက် အတွင်း တွင် လူ နှစ် ဆယ်ခန့် မျှ သေကြ၏။
15陣営、野、およびすべての民の間に恐怖があった。守備隊と略奪隊も恐れ、地は揺れ動いた。それは非常に大きな恐怖となった。
15စစ် သူရဲများ၊ လယ် လုပ်သူများ၊ အခြားသူများအပေါင်း တို့သည် တပ်သား များ၊ လုယူ သောသူများနှင့်တကွ တုန်လှုပ် ကြ၍၊ မြေကြီး လည်း လှုပ် သဖြင့် ၊ အလွန်ကြီးသော တုန်လှုပ် ခြင်းရှိ ၏။
16ベニヤミンのギベアにいたサウルの見張り人たちが見ると、見よ、群衆は溶け去り、あちこちへ散って行った。
16ဗင်္ယာမိန် ခရိုင် ဂိဗာ မြို့၌ ရှောလု ၏ ကင်းစောင့် တို့သည် ကြည့်ရှု သောအခါ ၊ ဖိလိတ္တိလူအလုံးအရင်း သည် လျော့ ၍ တယောက်ကိုတယောက်ထိုးရိုက်လျက်သွား ကြ၏။
17サウルは自分と一緒にいる民に言った。「今、点呼を取り、だれが私たちのもとから出て行ったかを見なさい。」彼らが点呼を取ると、見よ、ヨナタンと彼の武器を持つ者がいなかった。
17ရှောလု ကလည်း ၊ အဘယ်သူ ထွက်သွား သည်ကို သိ ခြင်းငှါလူ များကို ရေတွက် ကြလော့ဟု အထံတော်၌ ရှိသောသူတို့အား စီရင်သည်အတိုင်း ရေတွက် ၍၊ ယောနသန် နှင့် သူ ၏လက်နက် ဆောင် လုလင် မ ရှိ။
18サウルはアヒヤに言った。「神の箱を持って来なさい。」その頃、神の箱はイスラエルの人々とともにあったからである。
18ထို ကာလ အခါ ဘုရား သခင်၏ သေတ္တာ တော်သည် ဣသရေလ အမျိုးသား တို့၌ ရှိ သည်ဖြစ်၍ ၊ ရှောလု က၊ ဘုရား သခင်၏ သေတ္တာ တော်ကိုယူ ခဲ့ပါဟု အဟိယ အား ဆို ၏။
19サウルが祭司と語っている間に、ペリシテ人の陣営の騒ぎはますます大きくなった。サウルは祭司に言った。「あなたの手を引っ込めなさい。」
19ရှောလု သည် ယဇ်ပုရောဟိတ် နှင့် စကားပြော စဉ် တွင်၊ ဖိလိတ္တိ တပ် ၌ အုတ်အုတ် ကျက်ကျက်သော အသံတိုးပွားသောကြောင့်၊ ရှောလု က နေဦးတော့ဟု ယဇ်ပုရောဟိတ် အား ဆို သဖြင့်၊
20サウルと、彼と一緒にいたすべての民はともに集まり、戦いへ行った。すると見よ、彼らは非常に大きな混乱の中で、互いに剣で打ち合っていた。
20မိမိ နှင့် လူ အပေါင်း တို့သည် တယောက်ကိုတယောက်နှိုးဆော် လျက် စစ် ချီ၍ ရောက် သောအခါ ၊ ဖိလိတ္တိလူတို့သည် တယောက် ကိုတယောက်ခုတ်သဖြင့် အလွန် တပ်ပျက် လေ၏။
21これまでペリシテ人とともにいて、彼らとともに陣営に上って来ていたヘブル人たちも、サウルとヨナタンとともにいるイスラエル人の側についた。
21အထက် ကာလ၌ ဖိလိတ္တိ လူတို့ဘက် မှာနေ ၍ အရပ်ရပ် တို့က တပ် သို့ လိုက် လာသော ဟေဗြဲ လူတို့ သည်လည်း ရှောလု နှင့် ယောနသန် ၌ ပါသော ဣသရေလ လူတို့ဘက်သို့ ဝင်ကြ၏။
22また、エフライムの山地に隠れていたイスラエルのすべての男たちも、ペリシテ人が逃げたことを聞いた時、彼らもまた戦いにおいて彼らを激しく追撃した。
22ဧဖရိမ် တောင် ၌ ပုန်းရှောင် ၍ နေသောဣသရေလ လူ အပေါင်း တို့သည်လည်း၊ ဖိလိတ္တိ လူ ပြေး ကြောင်း ကို ကြား သောအခါ စစ် ချီ၍ ကျပ်ကျပ်လိုက် ကြ၏။
23こうして主はその日、イスラエルを救い出された。戦いはベテ・アベンの向こうまで及んだ。
23ထိုသို့ ထာဝရဘုရား သည် ဣသရေလ အမျိုးကို ထို နေ့၌ ကယ်တင် တော်မူသဖြင့် ၊ စစ်မှု သည် ဗေသဝင် မြို့သို့ လွန် သွားလေ၏။
24イスラエルの男たちはその日、窮地に陥っていた。サウルが民に誓いを立てさせて、「わたしが敵に復讐を遂げる夕暮れまでに食べ物を食べる者はのろわれる」と言ったからである。そのため、民はだれも食べ物を口にしなかった。
24ထို နေ့၌ ဣသရေလ လူ တို့သည် ဆင်းရဲ ခံရကြ၏။ အကြောင်းမူကား၊ ရှောလု က၊ ငါသည် ငါ့ ရန်သူ တို့၌ ငါ့စိတ် ပြေမည်အကြောင်း၊ ညဦး ချိန်မ ရောက်မှီ အစာ စား သော သူတိုင်း ကျိန်ဆဲ အပ်စေဟုလူ တို့ အား အကျိန် ပေးသောကြောင့် အဘယ်သူ မျှအစာ မ စား ရ။
25すべての民が森に入ると、地面に蜜があった。
25လူအပေါင်း တို့သည် မြေ ပေါ် ၌ ပျားရည် ရှိ ရာတော သို့ ရောက် သဖြင့်၊
26民が森に入った時、見よ、蜜が滴っていたが、だれも手を口に当てなかった。民はその誓いを恐れたからである。
26တော ထဲသို့ ဝင် သောအခါ ပျားရည် စက်စက် ကျလျက်ရှိသော်လည်း ၊ အကျိန် တော်ကို ကြောက် သောကြောင့် ၊ အဘယ်သူမျှမိမိ လက် ကို မိမိ ပါးစပ် ၌ မ ထည့်။
27しかしヨナタンは、父が民に誓いを立てさせた時に聞いていなかった。それゆえ彼は手に持っていた杖の先を伸ばし、それを蜂の巣に浸し、蜜を口にした。すると彼の目は明るくなった。
27သို့ရာတွင် ခမည်းတော် သည် လူ များတို့အား အကျိန် ပေးသည်ကို ယောနသန် မ ကြား သောကြောင့် ၊ မိမိ ကိုင် သော လှံတံ ဖျား ကို ပျား လပို့၌ နှစ် ၍ မိမိ လက် နှင့် ယူစားသဖြင့် မျက်စိ ကြည်လင် လေ၏။
28その時、民の一人が答えた。「あなたの父は民に厳しく誓いを立てさせて、『今日、食べ物を食べる者はのろわれる』と言いました。」民は疲れ果てていた。
28ခမည်းတော် က၊ ယနေ့ အစာ စား သော သူတိုင်း ကျိန်ဆဲ အပ်စေဟု လူ များတို့အား ကျပ်ကျပ်အကျိန် ပေးတော်မူပြီဟု လူ တယောက်ကြား လျှောက်၏။ လူ တို့သည်လည်း မော လျက်နေကြ၏။
29するとヨナタンは言った。「わたしの父はこの国を苦しめた。わたしがこの蜜を少し味わっただけで、いかにわたしの目が明るくなったかを見なさい。
29ယောနသန် ကလည်း ၊ ငါ့ အဘ သည် ပြည်သား တို့ကို နှောင့်ရှက် လေပြီ။ ဤ ပျားရည် အနည်းငယ် ကို ငါစား သောကြောင့် ငါ့ မျက်စိ ကြည်လင် သည်ကို ကြည့် ပါတော့။
30まして今日、民が敵から見つけた分捕り品を自由に食べていたなら、なおさらではないか。今はペリシテ人への打撃が大きくならなかった。」
30လူ များတို့သည် ယနေ့ တွေ့ မိသော ရန်သူ ၏ ဥစ္စာ ကို စား ချင်တိုင်းစားလျှင် ၊ အဘယ်မျှ လောက်အကျိုးကြီးလိမ့်မည်တကား။ ဖိလိတ္တိ လူတို့ကို သာ၍ လုပ်ကြံ ကြလိမ့်မည်တကားဟု ဆို လေ၏။
31彼らはその日、ミクマスからアヤロンまでペリシテ人を打った。民は非常に疲れ果てていた。
31ထို နေ့၌ ဖိလိတ္တိ လူတို့ကို မိတ်မတ် မြို့မှ အာဇလုန် မြို့တိုင်အောင် လုပ်ကြံ ကြ၏။ ဣသရေလလူ တို့ သည် အလွန် ပင်ပန်း သဖြင့်၊
32民は分捕り品に飛びかかり、羊、牛、および子牛を取り、それらを地面で屠った。そして民はそれを血のまま食べた。
32ရန်သူ၏ ဥစ္စာ ကို လုယူ ၍၊ သိုး ၊ နွား ၊ နွား သငယ်တို့ကို မြေ ပေါ် မှာ သတ် ပြီးလျှင် အသွေး နှင့်တကွ စား ကြ၏။
33その時、人々がサウルに告げて、「見よ、民が血のついたまま肉を食べて、主に対して罪を犯しています」と言った。 彼は言った。「あなたがたは裏切りを行った。今、わたしのところに大きな石を転がして来なさい。」
33ထိုသို့ လူ များတို့သည် အသွေး နှင့်တကွ စား ၍ ထာဝရဘုရား ကို ပြစ်မှား သည်ဟု ရှောလု အား ကြား လျှောက်လျှင် ၊ သင်တို့သည် သစ္စာ ပျက်ကြပြီ။ ကြီးစွာ သော ကျောက် ကို ငါ့ ထံသို့ ယနေ့ လှိမ့် ခဲ့။
34サウルは言った。「民の間に散らばって行き、彼らに言いなさい。『それぞれ自分の牛や羊をわたしのところに持って来て、ここで屠って食べなさい。血のまま食べて主に対して罪を犯してはならない。』」そこで民は皆、その夜、それぞれ自分の牛を携えて来て、そこで屠った。
34လူ များတို့တွင် အရပ်ရပ် သွား၍ လူအသီးအသီးမိမိ တို့ သိုး နွား ကို ဤအရပ်သို့ ယူ ခဲ့ပြီးလျှင် ၊ ဤ အရပ်၌ သတ် စား ကြစေ။ အသွေး နှင့်တကွ စား ၍ ထာဝရဘုရား ကို မ ပြစ်မှား စေနှင့်ဟု မိန့် တော်မူ သည်အတိုင်း ၊ လူ များတို့သည် အသီးအသီး မိမိ တို့ သိုးနွား ကို ထိုညဉ့် ၌ ယူ ခဲ့၍ ထို အရပ်၌ သတ် ကြ၏။
35サウルは主のための祭壇を築いた。これが彼が築いた最初の主のための祭壇であった。
35ရှောလု သည်လည်း ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လေ၏။ ထိုပလ္လင်ကား ထာဝရဘုရား အဘို့ တည် သော ပဌမ ပလ္လင် ဖြစ်သတည်း။
36サウルは言った。「夜のうちにペリシテ人を追って下って行き、朝の光がさすまで彼らを略奪し、彼らの一人も残さないようにしよう。」 彼らは言った。「あなたがよいと思うことをすべて行ってください。」 その時、祭司は言った。「ここで神に近づきましょう。」
36တဖန် ရှောလု က၊ ညဉ့် အခါ ငါတို့သည် ဖိလိတ္တိ လူတို့ကို လိုက်၍ တယောက်ကိုမျှ မ ကျန်ကြွင်း စေဘဲ၊ မိုဃ်းလင်းသည်တိုင်အောင် ဖျက်ဆီး ကြကုန်အံ့ဟု စီရင်၍၊ လူများတို့က စိတ်တော်ရှိသည် အတိုင်း ပြု တော်မူပါဟု ဝန်ခံ ကြသော်၊ ယဇ်ပုရောဟိတ် က၊ ဘုရား သခင့်အထံ တော်သို့ ချဉ်းကပ် ကြကုန်အံ့ဟု ဆို လေ၏။
37サウルは神に伺った。「わたしはペリシテ人を追って下って行くべきでしょうか。あなたは彼らをイスラエルの手に渡されますか。」しかし、神はその日、彼に答えられなかった。
37ရှောလု ကလည်း၊ အကျွန်ုပ်သည် ဖိလိတ္တိ လူတို့ကို လိုက် ရပါမည်လော။ သူ တို့ကို ဣသရေလ လူတို့လက် သို့ အပ် တော်မူမည်လော ဟု ဘုရား သခင့်ထံ အခွင့် ပန်သော်လည်း ၊ ထို နေ့တွင် ပြန် တော်မ မူ။
38サウルは言った。「民のすべてのかしらたちよ、ここへ近づきなさい。今日、この罪がだれにあるかを知り、見なさい。
38ရှောလု ကလည်း ၊ လူ တို့တွင် အရာရှိ အပေါင်း တို့၊ ယနေ့ အဘယ်သူ ပြစ်မှား မိသည်ကို သိ မြင် အံ့သောငှါချဉ်း ၍ လာကြလော့။
39イスラエルを救われる主は生きておられる。たとえそれがわたしの子ヨナタンにあるとしても、彼は必ず死ななければならない。」しかし、すべての民のうちだれ一人として彼に答える者はなかった。
39ဣသရေလ အမျိုးကို ကယ်တင် သော ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း ၊ ငါ့ သား ယောနသန် ဖြစ် သော်လည်း ၊ ဆက်ဆက်သေ ရမည်ဟုဆို သော်၊ အဘယ်သူ မျှပြန် ၍မ လျှောက်ဝံ့။
40彼は全イスラエルに言った。「あなたがたは一方の側に立ち、わたしとわたしの子ヨナタンはもう一方の側に立とう。」 民はサウルに言った。「あなたがよいと思うことを行ってください。」
40ရှောလုကလည်း၊ သင် တို့သည် တစ်ဘက် ၊ ငါ နှင့် ငါ့ သား ယောနသန် သည် တစ်ဘက် နေ ရကြမည်ဟု ဆို လျှင် ၊ လူ များတို့က စိတ်တော်ရှိသည်အတိုင်း ပြု တော်မူပါဟု လျှောက် ကြသော်၊
41そこでサウルはイスラエルの神、主に言った。「正しい者を示してください。」するとヨナタンとサウルが選ばれ、民は逃れた。
41ရှောလု က၊ ဖြောင့်မတ် စွာ စီရင်တော်မူပါဟု ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား အား ဆုတောင်း သဖြင့် ၊ လူ များတို့သည် လွတ် ကြ၍ ၊ ရှောလု နှင့် ယောနသန် ကို မှတ် တော်မူ၏။
42サウルは言った。「わたしとわたしの子ヨナタンとの間にくじを引きなさい。」するとヨナタンが選ばれた。
42ရှောလု ကလည်း ၊ ငါ နှင့် ငါ့ သား ယောနသန် အဘို့ စာရေးတံ ပြုလော့ဟု ဆို သဖြင့် ၊ ယောနသန် ကို မှတ် တော်မူ၏။
43サウルはヨナタンに言った。「あなたが何をしたのか、わたしに告げなさい。」 ヨナタンは彼に告げて言った。「わたしは確かに、手に持っていた杖の先で少しの蜜を味わいました。そして見よ、わたしは死ななければなりません。」
43ရှောလု ကလည်း ၊ သင်ပြု သောအမှုကို ပြော လော့ဟု ယောနသန် အား ဆို လျှင် ၊ ယောနသန် က၊ အကျွန်ုပ် ကိုင်သော လှံ ဖျား နှင့် ပျားရည် အနည်းငယ် ကို ယူ၍ မြည်းစမ်း မိပါပြီ။ ထိုအမှုကြောင့်သာ သေ ရပါမည်ဟု ပြန်ပြော ၏။
44サウルは言った。「神がわたしにそうされ、さらにそれ以上のことをされるように。ヨナタン、あなたは必ず死ななければならない。」
44ရှောလု ကလည်း ၊ ယောနသန် ၊ သင်သည် ဆက်ဆက်မသေ လျှင် ၊ ဘုရား သခင်သည် ထို မျှမကငါ၌ ပြု တော်မူပါစေသောဟု ဆို သော်လည်း၊
45民はサウルに言った。「イスラエルにこの大きな救いをもたらしたヨナタンが死ななければならないのでしょうか。断じてありえません。主は生きておられます。彼の頭の髪の毛一本も地に落ちてはなりません。今日、彼は神とともに働いたからです。」こうして民はヨナタンを救い出し、彼は死ななかった。
45လူ များတို့က၊ ဣသရေလ အမျိုး၌ ဤ ကယ်တင် ခြင်း ကျေးဇူးကို ပြု ပြီးသော ယောနသန် သည် သေ ရမည်လော။ ထိုသို့ မဖြစ်ပါစေနှင့်။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း သူ ၏ ဆံခြည် တပင်မျှ မြေ ပေါ် မှာ မ ကျ ရ။ သူသည် ဘုရား သခင်နှင့်အတူ ယနေ့ ဝိုင်း၍ ပြု ပါပြီဟု ဆို သဖြင့် ၊ အသက် ချမ်းသာစေခြင်းငှါယောနသန် ကို ကယ်နှုတ် ကြ၏။
46それからサウルはペリシテ人を追うことから引き上げ、ペリシテ人は自分たちの場所へ行った。
46ထိုနောက် ရှောလု သည်ဖိလိတ္တိ လူတို့ကို မလိုက်။ သူတို့သည် နေရင်းအရပ် သို့ ပြန် သွားကြ၏။
47サウルがイスラエルに対する王権を握った時、彼は周囲のすべての敵、すなわちモアブ、アンモンの子ら、エドム、ツォバの王たち、およびペリシテ人と戦った。彼がどこへ向かっても、彼は彼らを打ち負かした。
47ထိုသို့ ရှောလု သည် ဣသရေလ အမျိုးကို စိုးစံ ၍ ပတ်ဝန်းကျင် ရန်သူ ၊ မောဘ ပြည်သား၊ အမ္မုန် ပြည်သား ၊ ဧဒုံ ပြည်သား၊ ဇောဘ မင်း များ၊ ဖိလိတ္တိ လူများတို့ကို စစ်တိုက်၍ စစ်ချီလေရာရာ ၌ သူတို့ကို အောင် လေ၏။
48彼は力強く戦い、アマレク人を打ち、イスラエルを彼らを略奪する者たちの手から救い出した。
48ဗိုလ်ခြေ များကို နှိုးဆော် ၍ အာမလက် အမျိုးသားတို့ကို လုပ်ကြံ သဖြင့် ၊ ဣသရေလ အမျိုးသားတို့ကို လုယက် ဖျက်ဆီးသောသူတို့ လက် မှ ကယ်နှုတ် လေ၏။
49サウルの息子たちはヨナタン、イシュビ、およびマルキ・シュアであった。彼の二人の娘の名は、姉の名がメラブ、妹の名がミカルといった。
49သား တော် ကားယောနသန် ၊ ဣရွှိ ၊ မေလခိရွှ တည်း။ သမီး တော်နှစ် ယောက်တွင် အကြီး ကားမေရပ်။ အငယ် ကား၊ မိခါလ တည်း။
50サウルの妻の名は、アヒマアツの娘アヒノアムであった。彼の軍の長の名は、サウルのおじネルの子アブネルであった。
50မြောက်သားတော်ကား အဟိမတ် ၏ သမီး အဟိနောင် တည်း။ ဗိုလ်ချုပ် မင်းကား၊ ဘထွေး တော် နေရ သား အာဗနာ တည်း။
51サウルの父はキシュであり、アブネルの父ネルはアビエルの子であった。
51ခမည်းတော် ကိရှ နှင့် အာဗနာ ၏ အဘ နေရ သည် အဗျေလ ၏ သား ဖြစ်၏။
52サウルの生きている間、ペリシテ人との激しい戦いがあった。サウルは力ある勇士や勇敢な者を見ると、その者を自分のところに召し抱えた。
52ရှောလု လက်ထက် ကာလပတ်လုံး ၊ ဖိလိတ္တိ လူတို့ကို ကျပ်ကျပ်စစ်တိုက် ရကြ၏။ ခွန်အား ကြီးသောသူ၊ ရဲရင့် သောသူ တွေ့ သမျှ တို့ကို ရှောလု သည် ရွေးကောက် ခန့်ထားလေ့ရှိ၏။
Tip: use the ← and → keys to turn chapters.