列王記第一 13
Freedom Bible (フリーダム・バイブル)Translation
Freedom Bible (フリーダム・バイブル)
Judson Burmese Bible (1840)
1ヤロブアムが香をたくために祭壇のそばに立っていたとき、神の人が主のことばによってユダからベテルにやって来た。
1ထိုအခါ ယေရောဗောင် သည် နံ့သာပေါင်းကို မီးရှို့ ခြင်းငှါ ယဇ် ပလ္လင်နား မှာရပ် နေစဉ်တွင်၊ ဘုရားသခင် ၏ လူ တယောက်သည် ထာဝရဘုရား ၏ နှုတ်ကပတ် တော်အတိုင်း ၊ ယုဒ ပြည်မှ ဗေသလ မြို့သို့ ရောက် လာ၍၊
2彼は祭壇に向かって主のことばによって叫んで言った。「祭壇よ、祭壇よ、主はこう言われる。『見よ、ダビデの家にヨシヤという名の子が生まれる。彼はあなたの上で香をたく高き所の祭司たちをあなたの上でいけにえとし、人の骨があなたの上で焼かれる。』」
2ထာဝရဘုရား ၏ နှုတ်ကပတ် တော်အတိုင်း ယဇ် ပလ္လင်တဘက် ၌ ကြွေးကြော် လျက် ၊ အိုယဇ် ပလ္လင်၊ ယဇ် ပလ္လင်၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဒါဝိဒ် မင်း မျိုး ၌ ယောရှိ အမည် ရှိသောသူကို ဘွားမြင် လိမ့်မည်။ သင့် အပေါ် မှာ နံ့သာပေါင်းကို မီးရှို့ ၍၊ မြင့် သောအရပ်၌ ယဇ်ပုရောဟိတ် လုပ်သောသူတို့ကို ထိုသူသည် သင့် အပေါ် မှာပူဇော် ၍ ၊ လူ သေအရိုး တို့ကို မီးရှို့ လိမ့်မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို၏။
3彼はその日、一つのしるしを与えて言った。「これは主が語られたしるしである。見よ、祭壇は裂け、その上の灰は注ぎ出される。」
3ထို နေ့ခြင်းတွင် ပုပ္ပ နိမိတ်ကိုလည်း ပေး ၍ ထာဝရဘုရား မိန့် တော်မူသော ပုပ္ပ နိမိတ်ဟူမူကား ၊ ယဇ် ပလ္လင် သည် ကွဲ ၍ ပလ္လင်ပေါ် မှာရှိသော ပြာ လည်း ယိုကျ လိမ့်မည်ဟု ဟော လေ၏။
4ヤロブアム王は、神の人がベテルの祭壇に向かって叫ぶのを聞くと、祭壇から手を伸ばして、「彼を捕らえよ!」と言った。すると、彼に向かって伸ばした手が動かなくなり、引き戻すことができなくなった。
4ထိုသို့ ဘုရားသခင် ၏ လူ သည် ဗေသလ မြို့ ယဇ် ပလ္လင်တဘက် ၌ ကြွေးကြော် သော စကား ကို ယေရောဗောင်မင်းကြီး သည် ကြား လျှင် ၊ ယဇ် ပလ္လင်ပေါ် မှာရှိသော မိမိ လက် ကိုဆန့် ၍ ထိုသူ ကို ဘမ်းဆီး ကြဟုဆို လျက်၊ ဆန့် သော လက် သည် သွေ့ခြောက် ၍ နောက် တဖန် မ ရုပ်နိုင်။။
5神の人が主のことばによって与えたしるしにしたがって、祭壇は裂け、灰は祭壇から注ぎ出された。
5ဘုရားသခင် ၏ လူ သည်ထာဝရဘုရား ၏ နှုတ်ကပတ် တော်အတိုင်း ပေး သော ပုပ္ပ နိမိတ်နှင့်အညီ ယဇ် ပလ္လင် ကွဲ ၍ ၊ ပြာ သည်လည်း ပလ္လင် ပေါ်က ယိုကျ လေ၏။
6王は神の人に言った。「どうか、あなたの神、主に取りなし、わたしの手が元どおりになるよう祈ってくれ。」神の人が主に祈ると、王の手は元どおりになり、以前のようになった。
6ရှင် ဘုရင်ကလည်း၊ ငါ့ လက် ၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း ၊ ငါ့ အတွက် ပဌနာ ပြု ၍ သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ တောင်းပန် ပါလော့ဟုဘုရားသခင် ၏ လူ ကို ပြောဆို ၏။ ဘုရားသခင် ၏လူ သည် ထာဝရဘုရား ကို တောင်းပန် သဖြင့် ၊ ရှင်ဘုရင် လက် သည် ရောဂါပျောက်၍ ပကတိ အတိုင်း ဖြစ် လေ၏။
7王は神の人に言った。「わたしと一緒に家に来て、食事をして力をつけてくれ。あなたに贈り物をしよう。」
7ရှင် ဘုရင်ကလည်း ၊ ငါ နှင့်အတူ လိုက် ၍ အားဖြည့် လော့။ လက်ဆောင် ပေး မည်ဟု ဘုရားသခင် ၏ လူ အား ဆို လျှင်၊
8神の人は王に言った。「たとえあなたがあなたの家の半分をわたしに与えても、わたしはあなたと一緒には行きません。わたしはこの場所でパンを食べず、水を飲むこともしません。
8ဘုရားသခင် ၏လူ က၊ နန်း တော်တဝက် ကိုပေး သော်လည်း သင် နှင့်အတူ ငါမ လိုက်။ ဤ အရပ် ၌ မုန့် ကိုမ စား ၊ ရေ ကိုလည်း မ သောက် ရ။
9『パンを食べず、水を飲まず、来た道を帰ってはならない』と、主のことばによってわたしに命じられたからです。」
9ထာဝရဘုရား ၏ နှုတ်ကပတ် တော်က၊ မုန့် ကို မ စား နှင့်။ ရေ ကို မ သောက် နှင့်။ လာ သော လမ်း ဖြင့် မ ပြန် နှင့်ဟု ငါ့ အား ပညတ် တော်မူပြီဟု ရှင်ဘုရင် အား ပြောဆို ၏။
10そこで彼は別の道から行き、ベテルに来た道を帰らなかった。
10ထိုနောက် ဗေသလ မြို့သို့ လာ သော လမ်း ကို ရှောင် ၍ အခြား သောလမ်း ဖြင့် ပြန် သွား၏။
11さて、ベテルには一人の年老いた預言者が住んでいた。その息子たちの一人が来て、神の人がその日ベテルで行ったすべてのことを彼に告げた。神の人が王に語った言葉も、彼らは父に告げた。
11ထိုကာလ၌ ဗေသလ မြို့တွင် အသက် ကြီးသော ပရောဖက် တယောက် ရှိ ၏။ သူ ၏သား တို့သည်လာ ၍ ဘုရားသခင် ၏လူ သည် ထိုနေ့ ၌ ဗေသလ မြို့မှာ ပြု သော အမှု ရှိသမျှ နှင့် ရှင်ဘုရင် အား ပြော သော စကား များကို အဘ အား ပြန်ကြား လျှင်၊
12父は彼らに言った。「その人はどの道を行ったのか。」息子たちは、ユダから来た神の人が行った道を見ていた。
12ယုဒ ပြည်မှ လာ သော ဘုရားသခင် ၏ လူ သည် အဘယ်လမ်း ဖြင့် ပြန်သွား သည်ကို မြင် ကြသောကြောင့် ၊ အဘ က ထိုသူသည် အဘယ် လမ်း ဖြင့်ပြန်သွား သနည်းဟုမေး ပြီးလျှင်၊
13彼は息子たちに言った。「わたしのためにろばに鞍を置いてくれ。」彼らが彼のためにろばに鞍を置くと、彼はそれに乗り、
13မြည်း ကို ကုန်းနှီး တင်ကြလော့ဟု ဆို သည် အတိုင်း ၊ သား တို့သည် မြည်း ကိုကုန်းနှီး တင်၍ အဘသည် စီး သွားလျက်၊
14預言者は神の人の後を追い、彼が樫の木の下に座っているのを見つけて言った。「あなたがユダから来た神の人ですか。」 彼は「わたしです」と言った。
14ဘုရားသခင် ၏ လူ ကိုလိုက် လေ၏။ သပိတ် ပင် အောက် မှာထိုင် လျက် ရှိသည်ကိုတွေ့ လျှင် ၊ သင် သည် ယုဒ ပြည်မှ လာ သော ဘုရားသခင် ၏ လူ မှန် သလောဟုမေး သော် ၊ ငါ မှန်သည်ဟု ပြန်ဆို ၏။
15預言者は言った。「わたしと一緒に家に来て、パンを食べてください。」
15ပရောဖက်ကလည်း၊ ငါ နှင့်အတူ ငါ့အိမ် သို့ လိုက် ၍ မုန့် ကို စား ပါလော့ဟု ခေါ်ပင့်လျှင်၊
16彼は言った。「わたしはあなたとともに引き返し、あなたと一緒に行くことはできません。またわたしはこの場所であなたとともにパンを食べず、水を飲むこともしません。
16ငါသည် သင် နှင့်အတူ မ လိုက် ရ၊ သင့်အိမ်သို့မဝင်ရ။ ဤ အရပ် ၌ မုန့် ကိုမ စား ၊ ရေ ကိုလည်း မ သောက် ရ။
17主のことばによってわたしに言われたからです。『あなたはそこでパンを食べず、水を飲んではならない。来た道を引き返してはならない。』」
17ထာဝရဘုရား က၊ ထို အရပ်၌ မုန့် ကိုမ စား နှင့်။ ရေ ကိုမ သောက် နှင့်။ လာ သော လမ်း ဖြင့် မ ပြန် နှင့်ဟု ငါ့ အား မိန့် တော်မူကြောင်းကို ပြောဆို ၏။
18彼は言った。「わたしもあなたと同じ預言者です。そして御使いが主のことばによってわたしに語り、『彼をあなたの家に連れ帰り、パンを食べ、水を飲ませよ』と言いました。」しかし、彼はその人に嘘をついていた。
18ပရောဖက်ကလည်း ၊ ငါ သည် သင် ကဲ့သို့ ပရောဖက် ဖြစ်၏။ သင်သည်မုန့် ကိုစား ၍ ရေ ကိုသောက် စေခြင်းငှါသင့် ကိုငါ့အိမ် သို့ ခေါ် ရမည်အကြောင်း၊ ကောင်းကင် တမန်သည် ထာဝရဘုရား ၏ နှုတ်ကပတ် တော် အားဖြင့် မှာ ထားပြီဟု မုသာ သုံး၍ ပြောဆို ၏။
19そこで神の人は預言者とともに引き返し、その家でパンを食べ、水を飲んだ。
19ထိုကြောင့် ဘုရားသခင်၏လူသည် ပရောဖက် နှင့်အတူ ပြန် လာ၍ ၊ သူ ၏အိမ် မှာ မုန့် ကိုစား ၏။ ရေ ကို လည်း သောက် ၏။
20彼らが食卓に座っていたとき、彼を連れ帰った預言者に主のことばが臨んだ。
20ထိုသူ နှစ်ပါးတို့သည် စားပွဲ နား မှာ ထိုင် စဉ်တွင် ၊ ခေါ် ခဲ့သော ပရောဖက် သို့ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ရောက် ၍၊
21彼はユダから来た神の人に向かって叫んだ。「主はこう言われる。『あなたは主のことばに背き、あなたの神、主が命じられた戒めを守らず、
21ယုဒ ပြည်မှ လာ သော ဘုရားသခင် ၏လူ အား ၊ သင်သည် ထာဝရဘုရား ၏နှုတ်တော် ထွက်ကို နား မထောင်၊ သင် ၏ဘုရားသခင် ထာဝရဘုရား ထား တော်မူသော ပညတ် တော်ကို မ စောင့်၊
22引き返して、「パンを食べず、水を飲んではならない」と彼があなたに言われた場所でパンを食べ、水を飲んだので、あなたの死体はあなたの父祖たちの墓に入らない。』」
22ဤမည်သောအရပ်၌ မုန့် ကိုမ စား နှင့်။ ရေ ကို မ သောက် နှင့်ဟု ပညတ် တော်မူသော အရပ် သို့ ပြန် လာ၍ မုန့် နှင့် ရေ ကိုစား သောက် သောကြောင့် ၊ သင် ၏အလောင်း သည် ဘိုးဘေး တို့၏ သင်္ချိုင်း သို့ မ ရောက် ရဟု ထာဝရဘုရား မိန့် တော်မူကြောင်း ကို အော်ဟစ် ၍ ဆင့်ဆို ၏။
23彼がパンを食べ、水を飲んだ後、彼を連れ帰った預言者は、その人のためにろばに鞍を置いた。
23မုန့် နှင့် ရေကို စား သောက် ပြီးမှ ၊ ထိုပရောဖက်သည် ပြန် လာသော ပရောဖက် အဘို့ မိမိမြည်း ကို ကုန်းနှီး တင်၍ လွှတ်လိုက်လေ၏။
24神の人が立ち去ると、道で獅子に出会い、殺された。その死体は道に倒れ、ろばはそのそばに立ち、獅子も死体のそばに立っていた。
24လမ်း မှာ ခြင်္သေ့ တွေ့ ၍ သတ် ၏။ အသေ ကောင်သည် လမ်း ၌ လဲ ၍ ၊ မြည်း နှင့် ခြင်္သေ့ သည် အနား မှာ ရပ် နေ၏။
25通りかかった人々は、道に倒れている死体と、そのそばに立つ獅子を見て、年老いた預言者の住む町へ行き、それを告げた。
25အသေ ကောင်သည် လမ်း ၌ လဲ ၍ မြည်းနှင့်ခြင်္သေ့ သည် အနား မှာ ရပ် နေသည်ကို ခရီး သွားသောသူတို့ သည် မြင် လျှင် ၊ အသက် ကြီးသော ပရောဖက် နေ သော မြို့ သို့ လာ ၍ သိတင်း ပြောကြ၏။
26彼を道から連れ帰った預言者はそれを聞いて言った。「それは主のことばに背いた神の人だ。主は語られたことばどおり、彼を獅子に渡された。獅子が彼を襲い、殺したのだ。」
26ခေါ် ခဲ့သော ပရောဖက် သည် ထိုသိတင်းကိုကြား လျှင် ၊ ထာဝရဘုရား ၏ အမိန့် တော်ကို နား မထောင်သော ဘုရားသခင် ၏ လူ ဖြစ်လိမ့်မည်။ ထာဝရဘုရား သည် ထိုသူ အား မိန့် တော်မူသော စကား အတိုင်း ၊ သူ့ ကိုခြင်္သေ့ ၌ အပ် တော်မူသဖြင့် ၊ ခြင်္သေ့သည် ကိုက် သတ် လေပြီတကား ဟု ဆို လျက်၊
27彼は息子たちに語って、「わたしのためにろばに鞍を置いてくれ」と言った。彼らは鞍を置いた。
27မြည်း ပေါ်မှာ ကုန်းနှီး ကို တင်ကြလော့ဟု သား တို့အား ဆို သည်အတိုင်း သူတို့သည် ကုန်းနှီး တင်ကြ၏။
28彼が行ってみると、死体は道に倒れ、ろばと獅子がそのそばに立っていた。獅子は死体を食べず、ろばにも襲いかかっていなかった。
28ပရောဖက်သွား ၍ အသေ ကောင်သည် လမ်း ၌ လဲ လျက် ၊ မြည်း နှင့် ခြင်္သေ့ သည် အနား မှာ ရပ် နေလျက် ရှိသည်ကိုတွေ့ ၏။ ခြင်္သေ့ သည် အသေ ကောင်ကိုမ စား ၊ မြည်း ကိုလည်း မ ကိုက်။
29預言者は神の人の死体を取り上げ、それをろばに載せて持ち帰った。年老いた預言者は彼のために泣き悲しみ、彼を葬るために町に来た。
29အသက် ကြီးသော ပရောဖက် သည် ဘုရားသခင် ၏လူ အလောင်း ကောင်ကို မြည်း ပေါ် သို့ ချီ ၍ တင် ပြီးလျှင် ငိုကြွေး မြည်တမ်းခြင်းကို ပြု၍ ၊ သင်္ဂြိုဟ် ခြင်းငှါ မိမိမြို့ သို့ ဆောင် သွား၏။
30彼はその死体を自分の墓に納めた。人々は彼のために、「ああ、わたしの兄弟よ!」と言って泣き悲しんだ。
30အလောင်း ကောင်ကို မိမိ သင်္ချိုင်း တွင်း၌ ထား လျက် ၊ အို ငါ့ ညီ ဟူ၍ငိုကြွေး မြည်တမ်းခြင်းကို ပြု၏။
31彼を葬った後、彼は息子たちに言った。「わたしが死んだら、神の人が葬られた墓にわたしを葬り、わたしの骨を彼の骨のそばに置いてくれ。
31သင်္ဂြိုဟ် ပြီးမှ သား တို့ကိုခေါ်၍၊ ငါ သေ သောအခါ ဘုရားသခင် ၏ လူ သင်္ချိုင်း တွင်း၌ သင်္ဂြိုဟ် ကြလော့။ ငါ့ အရိုး တို့ကို သူ့ အရိုး တို့အနား မှာထား ကြလော့။
32彼が主のことばによって、ベテルの祭壇と、サマリアの町々にある高き所のすべての神殿に向かって叫んだことばは、必ず実現するからだ。」
32ဗေသလ မြို့ယဇ် ပလ္လင်တစ်ဘက် ရှမာရိ မြို့ ရွာတွင် ၊ မြင့် သောအရပ်ပေါ်မှာ ဆောက်သော အိမ် များ တစ်ဘက် ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်အတိုင်း ကြွေးကြော် သော စကား သည် စင်စစ်ပြည့်စုံ လိမ့်မည်ဟု မှာ ထားလေ၏။
33このことの後にも、ヤロブアムはその悪い道から立ち返らず、再びすべての民の中から高き所の祭司たちを任命した。彼はだれでも望む者を聖別し、その者が高き所の祭司たちの一人となるようにした。
33ထိုနောက်မှ ယေရောဗောင် သည် မိမိ အဓမ္မ လမ်း ကို မ ရှောင်။ သာမညလူ တို့ကို မြင့် သောအရပ်တွင် ယဇ်ပုရောဟိတ် အရာ၌ ထပ်၍ ခန့်ထား ၏။ ယဇ်ပုရောဟိတ်လုပ်ချင် သောသူ ရှိသမျှကို ချီးမြှောက် သဖြင့် ၊ သူတို့သည် မြင့် သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ် ကြ၏။
34このことはヤロブアムの家にとって罪となり、それを地の面から絶ち、滅ぼすことになった。
34ထိုသို့ ပြုသောကြောင့်ယေရောဗောင် အမျိုး ကို မြေကြီး ပြင် မှ သုတ်သင် ပယ်ရှင်းစေသော အပြစ် ရောက် သတည်း။
Tip: use the ← and → keys to turn chapters.