Isaia
Chapter 35
Diodati Bibbia 1885
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Isaia 35

Diodati Bibbia 1885
Judson Burmese Bible (1840)
1IL deserto, e il luogo asciutto si rallegreranno di queste cose; e la solitudine festeggerà, e fiorirà come una rosa.
1တော နှင့် လွင်ပြင် သည် ဝမ်းမြောက် လိမ့်မည်။ ဆိတ်ညံ သော အရပ်သည်လည်း ရွှင်လန်း ၍ ၊ နှင်းပွင့် ကဲ့သို့ အပွင့် ပွင့် လိမ့်မည်။
2Fiorirà largamente, e festeggerà, eziandio con giubilo, e grida di allegrezza; la gloria del Libano, la magnificenza di Carmel, e di Saron, le sarà data; quei luoghi vedranno la gloria del Signore, la magnificenza del nostro Dio.
2အလွန်ပွင့်လန်း ၍ ဝမ်းမြောက် ခြင်း၊ သီချင်း ဆို ခြင်းနှင့်တကွ မြူးထူး လိမ့်မည်။ လေဗနုန် တောင်၏ ဘုန်း နှင့်၎င်း၊ ကရမေလ တောင်၊ ရှာရုန် အရပ်တို့၏ တင့်တယ်ခြင်း အသရေ နှင့်၎င်း ပြည့်စုံ လိမ့်မည်။ ထာဝရဘုရား ၏ ဘုန်း တော်ကို၎င်း၊ ငါ တို့ဘုရား သခင်၏ တန်ခိုး အာနုဘော် တော်ကို၎င်းမြင် ရကြလိမ့်မည်။
3Confortate le mani fiacche, e fortificate le ginocchia vacillanti.
3အား မရှိသောလက် တို့ကို ခိုင်ခံ့ စေကြလော့။ လှုပ် တတ်သော ဒူး တို့ကို မြဲမြံ စေကြလော့။
4Dite a quelli che sono smarriti d'animo: Confortatevi, non temiate; ecco l'Iddio vostro; la vendetta verrà, la retribuzione di Dio; egli stesso verrà, e vi salverà.
4အား ယူကြလော့၊ မ စိုးရိမ် ကြနှင့်ဟု ကြောက် တတ်သောသူတို့ အား ဆို ကြလော့။ အကြောင်းမူကား၊ သင် တို့၏ ဘုရား သခင်သည် အပြစ် ပေးလျက်၊ ဒဏ် စီရင် လျက်ကြွ လာတော်မူလိမ့်မည်။ ဘုရား သခင်သည် ကိုယ်တော် တိုင် ကြွ လာ၍ ၊ သင် တို့ကို ကယ်တင် တော်မူလိမ့်မည်။
5Allora saranno aperti gli occhi de' ciechi, e le orecchie de' sordi saranno disserrate.
5ထိုအခါ မျက်စိ ကန်း သောသူတို့သည် မျက်စိပွင့် လင်းကြလိမ့်မည်။ နား ပင်း သောသူတို့သည် နားပင်းခြင်း နှင့် လွတ် ကြလိမ့်မည်။
6Allora lo zoppo salterà come un cervo, e la lingua del mutolo canterà; perciocchè acque scoppieranno nel deserto, e torrenti nella solitudine.
6ခြေဆွံ့ သောသူတို့သည် ဒရယ် ကဲ့သို့ ခုန် ကြ လိမ့်မည်။ စကား အ သောသူတို့သည် သီချင်း ဆိုကြလိမ့်မည်။ အကြောင်း မူကား၊ တော ၌ စမ်းရေ ထွက်၍ ၊ လွင်ပြင် ၌ မြစ် ရေစီး လိမ့်မည်။
7E il luogo arido diventerà uno stagno, e la terra asciutta vene di acque; il ricetto che accoglieva gli sciacalli diventerà un luogo da canne e giunchi.
7တံလျှပ် သည် ရေကန် ဖြစ် လိမ့်မည်။ သွေ့ခြောက် သောမြေသည် စမ်း ရေတွင်း ဖြစ်လိမ့်မည်။ မြေခွေး အိပ်ရာ နေရာ ၌ ကျူပင် နှင့် ဂမာပင် အစား ၊ မြက်ပင် ပေါက်လိမ့်မည်။
8E quivi sarà una strada, ed una via, che sarà chiamata: La via santa; gl'immondi non vi passeranno; anzi ella sarà per coloro; i viandanti e gli stolti non andranno più errando.
8ထို အရပ်၌ လမ်းမ ကြီး ရှိ လိမ့်မည်။ ထိုလမ်းကို သန့်ရှင်း ရာလမ်း ဟု သမုတ် ကြလိမ့်မည်။ မစင်ကြယ် သောသူသည် ထိုလမ်း ကို မ ရှောက် မသွားရ။ သွား သောသူတို့ နှင့်အတူကိုယ်တော် တိုင်ခရီးသွားလျက် ရှိတော်မူသည် ဖြစ်၍၊ မိုက် သောသူသော်လည်းလမ်း မ လွဲ ရ။
9Ivi non sarà leone, ed alcuna delle fiere rapaci non vi salirà, niuna vi se ne troverà; e quelli che saranno stati riscattati cammineranno per essa .
9ထို လမ်း၌ ခြင်္သေ့ မ ရှိ ရ။ သားရဲ တကောင်မျှ မ တက် မလာရ။ ရှာ ၍ မ တွေ့ရ။ ရွေးနှုတ် သောသူတို့သာ လျှင် ခရီးသွား ကြလိမ့်မည်။
10E quelli che dal Signore saranno stati riscattati ritorneranno, e verranno in Sion con canto; ed allegrezza eterna sarà sopra il capo di loro; otterranno gioia e letizia; e il dolore ed i gemiti fuggiranno.
10ထာဝရဘုရား ကယ် လွှတ်တော်မူသောသူတို့ သည် ပြန်လာ ၍ ၊ သီချင်း ဆိုလျက် ၊ ထာဝရ ဝမ်းမြောက် ခြင်း သရဖူ ကို ဆောင်း လျက်၊ ဇိအုန် မြို့သို့ ရောက် ကြ လိမ့်မည်။ ဝမ်းမြောက် ရွှင်လန်း ခြင်း အခွင့် ကို ရကြ၍၊ ဝမ်းနည်း ခြင်းနှင့် ညည်းတွား ခြင်းသည် ပြေး သွားရ လိမ့်မည်။

Tip: use the ← and → keys to turn chapters.