Ester 8
Diodati Bibbia 1885Translation
Diodati Bibbia 1885
Judson Burmese Bible (1840)
1In quello stesso giorno il re Assuero donò alla regina Ester la casa di Haman, nemico de' Giudei. E Mardocheo venne davanti al re; perciocchè Ester gli avea dichiarato ciò ch'egli le era .
1ထို နေ့ခြင်းတွင် ၊ ရှင်ဘုရင် အာရွှေရု သည် ယုဒ အမျိုး၏ ရန်သူ ဟာမန် အိမ် ကို မိဖုရား ဧသတာ အား ပေး တော်မူ၏။ ဧသတာ သည် မော်ဒကဲ နှင့် အဘယ်သို့ ပေါက်ဘော်တော်သည်ကို ဧသတာလျှောက် သဖြင့် ၊ မော်ဒကဲ သည် ရှင်ဘုရင် ထံ တော်သို့ ဝင် ရ၏။
2E il re si trasse il suo anello, il quale egli avea tolto ad Haman, e lo diede a Mardocheo. Ed Ester costituì Mardocheo sopra la casa di Haman.
2ရှင် ဘုရင်သည်လည်း ၊ ဟာမန် လက်မှ နှုတ် သော လက်စွပ် တော်ကို တဖန်ချွတ် ၍ မော်ဒကဲ အား ပေး တော်မူ ၏။ ဧသတာ သည်လည်း ၊ ဟာမန် အိမ် ကို မော်ဒကဲ ၌ အပ် လေ၏။
3POI Ester parlò di nuovo in presenza del re, e gli si gittò a' piedi; e piangendo, lo supplicava di far che la malvagità di Haman Agageo, e la sua macchinazione contro a' Giudei, non avesse effetto.
3တဖန် ဧသတာ သည် ရှင်ဘုရင် ခြေ တော်ရင်း၌ ပြပ်ဝပ် ၍ ၊ အာဂတ် အမျိုး ဟာမန် ပြုသောအပြစ် ၊ ယုဒ အမျိုးတစ်ဘက် ၌ ကြံစည်သော အကြံ အစည်ကို ပယ် တော်မူ မည်အကြောင်း ၊ မျက်ရည် ကျလျက် တောင်းပန် လေ၏။
4E il re stese la verga d'oro verso Ester. Ed Ester si levò, e si tenne in piè davanti al re;
4ရှင် ဘုရင်သည် ရွှေ ရာဇ လှံတံကို ဧသတာ သို့ ကမ်း တော်မူသဖြင့် ၊ ဧသတာ သည် ထ ၍ ရှင်ဘုရင် ရှေ့ တော်၌ ရပ် လျက်၊
5e disse: Se così piace al re, e se io ho trovata grazia appo lui, e se la cosa gli pare convenevole, e se io gli sono a grado, scrivasi per rivocar le lettere della macchinazione di Haman, figliuol di Hammedata, Agageo; le quali egli avea scritte per distruggere i Giudei, che sono per tutte le provincie del re.
5အရှင်မင်းကြီး အလို တော်ရှိ၍ ၊ ကျွန်တော်မကို စိတ် နှင့်တွေ့တော်မူလျှင် ၎င်း၊ ကျွန်တော်မအမှု သည် ရှေ့ တော်၌ လျောက်ပတ် ၍ ကိုယ်တော် သည် ကျွန်တော် မ ကိုလည်း ချစ် တော်မူလျှင် ၎င်း၊ နိုင်ငံတော်အတိုင်း တိုင်း အပြည်ပြည်တို့၌ ရှိသော ယုဒ လူတို့ကို ဖျက်ဆီး ခြင်းငှါ ၊ အာဂတ် အမျိုး ဟမ္မေဒါသ သား ဟာမန် စီရင် သောစာ ကို ပယ်မည်အကြောင်း ၊ ထပ်၍စာရေး စေတော်မူပါ။
6Perciocchè, come potrei io vivere , veggendo il male che avverrebbe al mio popolo? anzi, come potrei io vivere , veggendo la distruzione del mio parentado?
6ကျွန်တော် မအမျိုး အပေါ်သို့ ရောက် ရသော ဘေး ကို၎င်း၊ ကျွန်တော် မအမျိုးသား ချင်းပျက်စီးသောအမှု ကို၎င်း၊ ကျွန်တော်မသည် ကြည့်ရှု ခြင်းငှါ၊ အဘယ်သို့ တတ်နိုင် ပါအံ့နည်းဟု လျှောက် ဆို၏။
7E il re Assuero disse alla regina Ester, ed a Mardocheo Giudeo: Ecco, io ho donata ad Ester la casa di Haman, ed egli è stato appiccato al legno; perciocchè egli avea voluto metter la mano sopra i Giudei.
7ရှင်ဘုရင် အာရွှေရု ကလည်း ၊ ဟာမန်သည် ယုဒ လူတို့ကို ထိခိုက် သောကြောင့် ၊ သူ ၏အိမ် ကို ဖိဖုရား ဧသတာ အား ငါပေး ပြီ။ ထိုသူ ကိုလည်း လည်ဆွဲ ချတိုင်၌ ကွပ်မျက် စေပြီ။
8Or voi scrivete lettere a' Giudei, nella maniera che vi parrà meglio, a nome del re; e suggellate le con l'anello del re; perciocchè quello ch'è scritto a nome del re, ed è suggellato col suo anello, non si può rivocare.
8သို့ရာတွင် ရှင်ဘုရင် လက်စွပ် နှင့် တံဆိပ် ခတ် သော ရှင်ဘုရင် အမိန့် တော်စာကို အဘယ်သူမျှမ ပယ် ရသည် ဖြစ်၍၊ စိတ် ရှိသည်အတိုင်း ယုဒ လူတို့အဘို့ အမိန့် တော်စာကို တဖန်ရေး ၍ ၊ လက်စွပ် တော်နှင့် တံဆိပ် ခတ် ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏။
9Ed in quell'istesso tempo, al ventesimoterzo giorno del terzo mese, che è il mese di Sivan, furono scritte lettere , interamente come ordinò Mardocheo, ai Giudei, ed a' satrapi, ed a' governatori, ed a' principi delle provincie, ch' erano dall'India fino in Etiopia, in numero di cenventisette provincie; a ciascuna provincia, secondo la sua maniera di scrivere, e a ciascun popolo, secondo il suo linguaggio; ed a' Giudei, secondo la lor maniera di scrivere, e secondo il lor linguaggio.
9ထိုအခါ သိဝန် အမည်ရှိသောတတိယ လ နှစ်ဆယ် သုံး ရက်နေ့တွင် ၊ စာရေး တော်ကြီးတို့ကိုခေါ် ၍ ၊ အိန္ဒိယ ပြည်မှ ကုရှ ပြည်တိုင်အောင် တိုင်းပြည် တရာ နှစ်ဆယ် ခုနစ် ပြည်တို့၌ ရှိသောယုဒ လူ၊ ကိုယ်စား တော် မင်း၊ အပြည် ပြည်အုပ်သော မြို့ဝန် ၊ မြို့ သူကြီးတို့ကို မော်ဒကဲ မှာ ထားသမျှ အတိုင်း ၊ ယုဒဘာသာစကားမှစ၍လူအမျိုးမျိုးပြောသောစကားအသီးအသီး အားဖြင့်၊
10Mardocheo adunque scrisse lettere a nome del re Assuero, e le suggellò con l'anello del re, e le mandò per corrieri a cavallo, che cavalcano dromedari, muli corsieri, nati di cavalle;
10ရှင်ဘုရင် အာရွှေရု ၏ အမိန့်တော်စာကိုရေး ၍ ရှင်ဘုရင် လက်စွပ် တော်နှင့် တံဆိပ် ခတ်ပြီးမှ ၊ မြင်း၊ လား ၊ ကုလားအုပ် ၊ မြည်း စီး သော စာပို့ လုလင်တို့ဖြင့် ပေး လိုက် လေ၏။
11il cui tenore era: Che il re concedeva ai Giudei ch' erano in ciascuna città, di raunarsi, e di stare alla difesa della lor vita, per distruggere, per uccidere, e per isterminare ogni moltitudine di gente armata di qualunque popolo, o provincia, che li assalisse; insieme co' piccoli figliuoli, e le mogli; e per predar le loro spoglie;
11အမိန့်တော်စာချက်ဟူမူကား၊ အာဒါ အမည် ရှိသောဒွါဒသမ လ တဆယ် သုံး ရက် တ နေ့ ခြင်းတွင် ၊ နိုင်ငံတော်အတိုင်းတိုင်းအပြည်ပြည်အမြို့မြို့၌ရှိသောယုဒ လူတို့သည် စုဝေး ၍၊
12e ciò in un medesimo giorno, per tutte le provincie del re Assuero, cioè , nel tredicesimo giorno del duodecimo mese, che è il mese di Adar.
12မိမိ တို့အသက် ကို စောင့် ရသောအခွင့်၊ တိုက်လာ သောပြည်သူ ၊ စစ်သူရဲ အပေါင်း တို့ကို မိန်းမ သူငယ် နှင့်တကွ သတ်ဖြတ် သုတ်သင် ပယ်ရှင်း ၍၊ သူ တို့ဥစ္စာ ကိုလုယူ သိမ်းရုံးရသောအခွင့်ကိုရှင်ဘုရင် ပေး တော်မူ၏။
13In quelle lettere si conteneva ancora, che si bandisse un decreto per ciascuna provincia, sì che fosse palese a tutti i popoli: Che i Giudei stessero presti per quel giorno, per vendicarsi de' lor nemici.
13ဤရွေ့ကား၊ ယုဒ လူတို့သည် ထို နေ့ ရက်တွင် ရန်သူ တို့ကို ရန်တုံ့ ပြုစေခြင်းငှါ ၊ အတိုင်း တိုင်း အပြည် ပြည်၌ နေသောလူမျိုး အပေါင်း တို့အား ကျော် ရသောအမိန့် တော်စာချက်ဖြစ် သတည်း။
14Così i corrieri, cavalcando dromedari, e muli corsieri, si misero in cammino, affrettati, e sollecitati per lo comandamento del re. Il decreto fu eziandio bandito in Susan, stanza reale.
14ထိုအမိန့်တော်စာ ကို ရှုရှန် နန်းတော် ၌ ကြော်ပြီးမှ၊ ရှင်ဘုရင် ကျပ်တည်း စွာ စီရင် သည်အတိုင်း ၊ စာပို့ လုလင်တို့သည် အလျင် အမြန်ပြေး သွားကြ၏။
15E Mardocheo uscì d'innanzi al re, con un vestimento reale di color violato e bianco, e con una gran corona d'oro, e con un ammanto di bisso e di scarlatto; e la città di Susan ne giubilò, e se ne rallegrò.
15မော်ဒကဲ သည်လည်း ၊ မင်း မြောက်တန်ဆာတည်းဟူသောအဝတ်အဖြူ အပြာ ကို ဝတ်ဆင်လျက်၊ ကြီးစွာ သော ရွှေ သရဖူ ကို ဆောင်းလျက်၊ ပိတ် ချောနှင့် မောင်း သော အထည်ဖြင့် ပြီးသောဝတ်လုံ ကို ခြုံလျက်၊ ရှင်ဘုရင် ထံ တော်မှ ထွက်သွား ၍၊
16E per li Giudei vi fu serenità, e allegrezza, e letizia, ed onore.
16ရှုရှန် မြို့ တော်သည် ဝမ်းမြောက် ရွှင်လန်း ခြင်းသို့ ရောက်လေ၏။ ယုဒ လူတို့သည်လည်း၊ သက်သာ ရွှင်လန်း ၍ ဝမ်းမြောက် ခြင်း၊ အသရေ ထွန်းလင်းခြင်းသို့ ရောက် ကြ၏။
17Parimente, in ciascuna provincia, ed in ciascuna città, dovunque la parola del re e il suo decreto pervenne, vi fu allegrezza e letizia per li Giudei, conviti, e giorni lieti; e molti d'infra i popoli della terra si facevano Giudei; perciocchè lo spavento de' Giudei era caduto sopra loro.
17ရှင်ဘုရင် အမိန့် တော်စာရောက်လေသော အပြည် ပြည်အမြို့မြို့၌ ၊ ယုဒ လူတို့သည် ဝမ်းမြောက် ရွှင်လန်း ခြင်း၊ ပွဲ ခံခြင်း၊ မင်္ဂလာ နေ့ စောင့်ခြင်းကို ပြု၍၊ ပြည်သူ ပြည်သားအများတို့သည် ယုဒ လူတို့ကို ကြောက်ရွံ သောကြောင့် ယုဒ ဘာသာကို ဝင်ကြ၏။
Tip: use the ← and → keys to turn chapters.