זְכַרְיָה 14
Hebrew Old Testament (Masoretic Text)Original language
Hebrew Old Testament (Masoretic Text)
Judson Burmese Bible (1840)
1הִנֵּ֥ה יֹֽום־בָּ֖א לַֽיהוָ֑ה וְחֻלַּ֥ק שְׁלָלֵ֖ךְ בְּקִרְבֵּֽךְ׃
1ထာဝရဘုရား ၏ နေ့ရက် သည် ရောက် သောအခါ ၊ သူတပါးတို့သည် သင် ၏ဥစ္စာ ကို လုယူ၍ သင့် အလယ် ၌ ဝေဖန် ကြလိမ့်မည်။
2וְאָסַפְתִּ֨י אֶת־כָּל־הַגֹּויִ֥ם ׀ אֶֽל־יְרוּשָׁלַ͏ִם֮ לַמִּלְחָמָה֒ וְנִלְכְּדָ֣ה הָעִ֗יר וְנָשַׁ֙סּוּ֙ הַבָּ֣תִּ֔ים וְהַנָּשִׁ֖ים *תִּשָּׁגַלְנָה (תִּשָּׁכַ֑בְנָה) וְיָצָ֞א חֲצִ֤י הָעִיר֙ בַּגֹּולָ֔ה וְיֶ֣תֶר הָעָ֔ם לֹ֥א יִכָּרֵ֖ת מִן־הָעִֽיר׃
2ယေရုရှလင် မြို့ကို တိုက် စေခြင်းငှါ ၊ လူမျိုး အပေါင်း တို့ကို ငါစုဝေး စေမည်။ မြို့ ကို တိုက် ယူပြီးလျှင် ၊ အိမ် တို့ကို လုယက် ၍ မိန်းမ တို့ကို အဓမ္မ ပြုကြလိမ့်မည်။ မြို့ သားတဝက် ကို သိမ်း သွား၍ တဝက် သာမြို့ ၌ ကျန်ကြွင်းလိမ့်မည်။
3וְיָצָ֣א יְהוָ֔ה וְנִלְחַ֖ם בַּגֹּויִ֣ם הָהֵ֑ם כְּיֹ֥ום הִֽלָּחֲמֹ֖ו בְּיֹ֥ום קְרָֽב׃
3ထာဝရဘုရား သည်လည်း စစ်တိုက် ရာကာလ ၌ တိုက် သကဲ့သို့ ၊ ထို လူမျိုး တို့ကို တိုက် သွားတော်မူမည်။
4וְעָמְד֣וּ רַגְלָ֣יו בַּיֹּום־הַ֠הוּא עַל־הַ֨ר הַזֵּתִ֜ים אֲשֶׁ֨ר עַל־פְּנֵ֥י יְרוּשָׁלַ͏ִם֮ מִקֶּדֶם֒ וְנִבְקַע֩ הַ֨ר הַזֵּיתִ֤ים מֵֽחֶצְיֹו֙ מִזְרָ֣חָה וָיָ֔מָּה גֵּ֖יא גְּדֹולָ֣ה מְאֹ֑ד וּמָ֨שׁ חֲצִ֥י הָהָ֛ר צָפֹ֖ונָה וְחֶצְיֹו־נֶֽגְבָּה׃
4ထိုနေ့ရက် ၌ ခြေ တော်သည် ယေရုရှလင် မြို့ အရှေ့ ၊ သံလွင် တောင် ပေါ် မှာရပ် ၍ ၊ သံလွင် တောင် သည် အရှေ့ ဘက်မှ အနောက် ဘက်တိုင်အောင် အလယ်၌ ကွဲ သဖြင့် ၊ အလွန် ကြီး သော ချိုင့် ဖြစ်လိမ့်မည်။ တောင် တဝက် သည် မြောက် ဘက်သို့ ၎င်း ၊ တဝက် သည် တောင် ဘက်သို့ ၎င်း ရွှေ့ ရလိမ့်မည်။
5וְנַסְתֶּ֣ם גֵּֽיא־הָרַ֗י כִּֽי־יַגִּ֣יעַ גֵּי־הָרִים֮ אֶל־אָצַל֒ וְנַסְתֶּ֗ם כַּאֲשֶׁ֤ר נַסְתֶּם֙ מִפְּנֵ֣י הָרַ֔עַשׁ בִּימֵ֖י עֻזִּיָּ֣ה מֶֽלֶךְ־יְהוּדָ֑ה וּבָא֙ יְהוָ֣ה אֱלֹהַ֔י כָּל־קְדֹשִׁ֖ים עִמָּֽךְ׃
5သင် တို့သည် ငါ့ တောင် ကြားချိုင့် လမ်းဖြင့် ပြေး ကြလိမ့်မည်။ ထိုချိုင့် သည် အာဇလ မြို့တိုင်အောင် မှီ လိမ့်မည်။ ယုဒ ရှင်ဘုရင် ဩဇိ မင်းလက်ထက် ၊ မြေကြီးလှုပ် ၍ သင်တို့သည် ပြေး သကဲ့သို့ တဖန် ပြေး ကြလိမ့်မည်။ ငါ ၏ ဘုရား သခင်ထာဝရဘုရား ကြွလာ တော်မူ၍ ၊ မိမိ သန့်ရှင်း သူအပေါင်း တို့သည် ပါ ကြလိမ့်မည်။
6וְהָיָ֖ה בַּיֹּ֣ום הַה֑וּא לֹֽא־יִהְיֶ֣ה אֹ֔ור יְקָרֹ֖ות *יִקְפְּאוּן (וְקִפָּאֹֽון)׃
6ထိုနေ့ရက် ၌ အလင်း မ ရှိ ၊ မြတ် သောအရာတို့ သည် ယုတ်လျော့ လိမ့်မည်။
7וְהָיָ֣ה יֹום־אֶחָ֗ד ה֛וּא יִוָּדַ֥ע לַֽיהוָ֖ה לֹא־יֹ֣ום וְלֹא־לָ֑יְלָה וְהָיָ֥ה לְעֵֽת־עֶ֖רֶב יִֽהְיֶה־אֹֽור׃
7နေ့ မ ဟုတ်၊ ညဉ့် မ ဟုတ်၊ ထာဝရဘုရား သိ တော်မူသော နေ့ရက် တရက် ဖြစ် ၍ ၊ ညဦးယံ အချိန် ရောက် မှ လင်း လိမ့်မည်။
8וְהָיָ֣ה ׀ בַּיֹּ֣ום הַה֗וּא יֵצְא֤וּ מַֽיִם־חַיִּים֙ מִיר֣וּשָׁלַ֔͏ִם חֶצְיָ֗ם אֶל־הַיָּם֙ הַקַּדְמֹונִ֔י וְחֶצְיָ֖ם אֶל־הַיָּ֣ם הָאַחֲרֹ֑ון בַּקַּ֥יִץ וּבָחֹ֖רֶף יִֽהְיֶֽה׃
8ထိုနေ့ရက် ၌ အသက် ရေ သည် ယေရုရှလင် မြို့မှ ထွက် ၍ ၊ နွေ ကာလဖြစ်စေ ၊ ဆောင်း ကာလဖြစ်စေ ၊ အရှေ့ ပင်လယ် သို့ တဝက် ၊ အနောက် ပင်လယ် သို့ တဝက် စီး သွား လိမ့်မည်။
9וְהָיָ֧ה יְהוָ֛ה לְמֶ֖לֶךְ עַל־כָּל־הָאָ֑רֶץ בַּיֹּ֣ום הַה֗וּא יִהְיֶ֧ה יְהוָ֛ה אֶחָ֖ד וּשְׁמֹ֥ו אֶחָֽד׃
9ထာဝရဘုရား သည် တပြည်လုံး တွင် ရှင်ဘုရင် ဖြစ် တော်မူမည်။ ထိုနေ့ရက် ၌ ထာဝရဘုရား တပါး တည်း၊ နာမတော် တပါး တည်းဖြစ် တော်မူမည်။
10יִסֹּ֨וב כָּל־הָאָ֤רֶץ כָּעֲרָבָה֙ מִגֶּ֣בַע לְרִמֹּ֔ון נֶ֖גֶב יְרֽוּשָׁלָ֑͏ִם וְֽרָאֲמָה֩ וְיָשְׁבָ֨ה תַחְתֶּ֜יהָ לְמִשַּׁ֣עַר בִּנְיָמִ֗ן עַד־מְקֹ֞ום שַׁ֤עַר הָֽרִאשֹׁון֙ עַד־שַׁ֣עַר הַפִּנִּ֔ים וּמִגְדַּ֣ל חֲנַנְאֵ֔ל עַ֖ד יִקְבֵ֥י הַמֶּֽלֶךְ׃
10ဂေဘ မြို့မှ သည် ယေရုရှလင် မြို့ တောင် ဘက်၊ ရိမ္မုန် မြို့တိုင်အောင် တပြည်လုံး ကို ချိုင့် ကဲ့သို့ တညီတည်း ဖြစ်စေတော်မူမည်။ မြို့သည်လည်း ဗင်္ယာမိန် တံခါး မှ သည် အရင် တံခါး ရာ၊ မြို့ထောင့် တံခါး တိုင်အောင် ၎င်း ၊ ဟာနနေလ ရဲတိုက် မှ သည် စပျစ်သီးနယ်ရာ တန်ဆာတော်တိုင်အောင်၎င်း ချီးမြှောက်ခြင်းကိုခံ၍၊ မြို့ဟောင်း ရာ၌ တဖန်တည်ရလိမ့်မည်။
11וְיָ֣שְׁבוּ בָ֔הּ וְחֵ֖רֶם לֹ֣א יִֽהְיֶה־עֹ֑וד וְיָשְׁבָ֥ה יְרוּשָׁלַ֖͏ִם לָבֶֽטַח׃
11နောက် တဖန် ယေရုရှလင် မြို့သည် ကျိန် ခြင်းဘေးကိုမ ခံ ၊ မြို့သား တို့သည် နေရာ ကျ၍ စိုးရိမ် စရာမရှိ ဘဲနေ ကြလိမ့်မည်။
12וְזֹ֣את ׀ תִּֽהְיֶ֣ה הַמַּגֵּפָ֗ה אֲשֶׁ֨ר יִגֹּ֤ף יְהוָה֙ אֶת־כָּל־הָ֣עַמִּ֔ים אֲשֶׁ֥ר צָבְא֖וּ עַל־יְרוּשָׁלָ֑͏ִם הָמֵ֣ק ׀ בְּשָׂרֹ֗ו וְהוּא֙ עֹמֵ֣ד עַל־רַגְלָ֔יו וְעֵינָיו֙ תִּמַּ֣קְנָה בְחֹֽרֵיהֶ֔ן וּלְשֹׁונֹ֖ו תִּמַּ֥ק בְּפִיהֶֽם׃
12ယေရုရှလင် မြို့ကို တိုက် လာသောလူမျိုး အပေါင်း တို့၌ ထာဝရဘုရား ပေးတော်မူသောဘေးဒဏ် ဟူမူကား ၊ ခြေ ဖြင့် ရပ် လျက်ပင်သူ တို့အသား လျော့ ပျက် လိမ့်မည်။ မျက်အိမ် ၌ မျက်လုံး လျော့ ပျက်လိမ့်မည်။ လျှာ သည်လည်း ခံတွင်း ၌ လျော့ ပျက်လိမ့်မည်။
13וְהָיָה֙ בַּיֹּ֣ום הַה֔וּא תִּֽהְיֶ֧ה מְהֽוּמַת־יְהוָ֛ה רַבָּ֖ה בָּהֶ֑ם וְהֶחֱזִ֗יקוּ אִ֚ישׁ יַ֣ד רֵעֵ֔הוּ וְעָלְתָ֥ה יָדֹ֖ו עַל־יַ֥ד רֵעֵֽהוּ׃
13ထို နေ့ရက် ၌ ထာဝရဘုရား ၏ တန်ခိုးတော် ကြောင့် သူ တို့သည် အလွန် ရုန်းရင်းခတ် မျှပြု ၍ ၊ တယောက် ကိုတယောက်လက် ချင်းရိုက် သော်လည်း ၊ တယောက် ကိုတယောက်တိုက် ၍ သတ်ကြလိမ့်မည်။
14וְגַ֨ם־יְהוּדָ֔ה תִּלָּחֵ֖ם בִּירֽוּשָׁלָ֑͏ִם וְאֻסַּף֩ חֵ֨יל כָּל־הַגֹּויִ֜ם סָבִ֗יב זָהָ֥ב וָכֶ֛סֶף וּבְגָדִ֖ים לָרֹ֥ב מְאֹֽד׃
14ယုဒ အမျိုးသားတို့လည်း ယေရုရှလင် မြို့၌ တိုက် ကြလိမ့်မည်။ ပတ်လည် ၌နေသောတပါးအမျိုးသား အပေါင်း တို့၏ဥစ္စာ စည်းစိမ်တည်းဟူသော ၊ များစွာ သော ရွှေ ငွေ အဝတ် တန်ဆာစုပုံ လျက်ရှိကြလိမ့်မည်။
15וְכֵ֨ן תִּֽהְיֶ֜ה מַגֵּפַ֣ת הַסּ֗וּס הַפֶּ֙רֶד֙ הַגָּמָ֣ל וְהַחֲמֹ֔ור וְכָ֨ל־הַבְּהֵמָ֔ה אֲשֶׁ֥ר יִהְיֶ֖ה בַּמַּחֲנֹ֣ות הָהֵ֑מָּה כַּמַּגֵּפָ֖ה הַזֹּֽאת׃
15မြင်း ၊ လား ၊ ကုလားအုပ် ၊ မြည်း မှစ၍ ရန်သူတပ် တွင် ရှိသမျှ သော တိရစ္ဆာန် တို့၌ပေးသော ဘေးဒဏ် သည်၊ အထက်ဆိုခဲ့ပြီးသော ဘေးဒဏ်နှင့် တူလိမ့်မည်။
16וְהָיָ֗ה כָּל־הַנֹּותָר֙ מִכָּל־הַגֹּויִ֔ם הַבָּאִ֖ים עַל־יְרֽוּשָׁלָ֑͏ִם וְעָל֞וּ מִדֵּ֧י שָׁנָ֣ה בְשָׁנָ֗ה לְהִֽשְׁתַּחֲוֹת֙ לְמֶ֙לֶךְ֙ יְהוָ֣ה צְבָאֹ֔ות וְלָחֹ֖ג אֶת־חַ֥ג הַסֻּכֹּֽות׃
16ယေရုရှလင် မြို့ကို တိုက်လာ သောလူမျိုး အပေါင်း တို့တွင် ကျန်ကြွင်း သမျှ သောသူတို့ သည်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား တည်းဟူသောရှင်ဘုရင် ကို ကိုးကွယ် ၍ ၊ သကေနေ ပွဲ ခံ အံ့သောငှါ မြို့တော်သို့ နှစ် တိုင်းအစဉ်တက် လာကြလိမ့်မည်။
17וְ֠הָיָה אֲשֶׁ֨ר לֹֽא־יַעֲלֶ֜ה מֵאֵ֨ת מִשְׁפְּחֹ֤ות הָאָ֙רֶץ֙ אֶל־יְר֣וּשָׁלַ֔͏ִם לְהִֽשְׁתַּחֲוֹ֔ת לְמֶ֖לֶךְ יְהוָ֣ה צְבָאֹ֑ות וְלֹ֥א עֲלֵיהֶ֖ם יִהְיֶ֥ה הַגָּֽשֶׁם׃
17ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟူသော ရှင်ဘုရင် ကို ကိုးကွယ် အံ့သောငှါ ၊ မြို့ တော်သို့ တက် ၍ မ လာသောမြေကြီး သား အဆွေအမျိုး ရှိသမျှအပေါ် သို့ မိုဃ်း မ ရွာရ။
18וְאִם־מִשְׁפַּ֨חַת מִצְרַ֧יִם לֹֽא־תַעֲלֶ֛ה וְלֹ֥א בָאָ֖ה וְלֹ֣א עֲלֵיהֶ֑ם תִּֽהְיֶ֣ה הַמַּגֵּפָ֗ה אֲשֶׁ֨ר יִגֹּ֤ף יְהוָה֙ אֶת־הַגֹּויִ֔ם אֲשֶׁר֙ לֹ֣א יַֽעֲל֔וּ לָחֹ֖ג אֶת־חַ֥ג הַסֻּכֹּֽות׃
18အဲဂုတ္တု ပြည်သား အဆွေအမျိုး သည် မ တက် မလာလျှင် ၊ မိုဃ်း မ ရွာဘဲနေ သဖြင့် ၊ သကေနေ ပွဲ ကို ခံ အံ့သောငှါ တက် ၍ မ လာသောလူမျိုး တို့၌ ၊ ထာဝရဘုရား ပေး တော်မူသောဘေးဒဏ် သည် ထိုသူ တို့ကိုလည်း ထိလိမ့်မည်။
19זֹ֥את תִּהְיֶ֖ה חַטַּ֣את מִצְרָ֑יִם וְחַטַּאת֙ כָּל־הַגֹּויִ֔ם אֲשֶׁר֙ לֹ֣א יַֽעֲל֔וּ לָחֹ֖ג אֶת־חַ֥ג הַסֻּכֹּֽות׃
19ဤ ရွေ့ကား၊ သကေနေ ပွဲ ကို ခံ အံ့သောငှါ တက် ၍ မ လာသော အဲဂုတ္တု အမျိုးသား၊ တပါးအမျိုးသား အပေါင်း တို့ ခံရ သောအပြစ် ပေတည်း။
20בַּיֹּ֣ום הַה֗וּא יִֽהְיֶה֙ עַל־מְצִלֹּ֣ות הַסּ֔וּס קֹ֖דֶשׁ לַֽיהוָ֑ה וְהָיָ֤ה הַסִּירֹות֙ בְּבֵ֣ית יְהוָ֔ה כַּמִּזְרָקִ֖ים לִפְנֵ֥י הַמִּזְבֵּֽחַ׃
20ထို နေ့ရက်ကာလ တွင် ထာဝရဘုရား အား သန့်ရှင်း ခြင်းဟု၊ မြင်း ၌ဆွဲသော ဆည်းလည်း အပေါ် မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား ၏အိမ် တော်၌ အိုး တို့သည် ယဇ် ပလ္လင်ရှေ့ မှာ ရှိသော ဖလား ကဲ့သို့ ဖြစ် ကြလိမ့်မည်။
21וְ֠הָיָה כָּל־סִ֨יר בִּירוּשָׁלַ֜͏ִם וּבִֽיהוּדָ֗ה קֹ֚דֶשׁ לַיהוָ֣ה צְבָאֹ֔ות וּבָ֙אוּ֙ כָּל־הַזֹּ֣בְחִ֔ים וְלָקְח֥וּ מֵהֶ֖ם וּבִשְּׁל֣וּ בָהֶ֑ם וְלֹא־יִהְיֶ֨ה כְנַעֲנִ֥י עֹ֛וד בְּבֵית־יְהוָ֥ה צְבָאֹ֖ות בַּיֹּ֥ום הַהֽוּא׃
21ထိုမျှမက ၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်၌ ရှိသမျှ သော အိုး တို့သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အား သန့်ရှင်း ကြလိမ့်မည်။ ယဇ်ပူဇော် သောသူအပေါင်း တို့သည်လာ ၍ ၊ ထို အိုးတို့ကို ယူ ပြီးလျှင် ချက်ပြုတ် ကြလိမ့်မည်။ ထို နေ့ မှစ၍ နောက် တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏အိမ် တော်၌ ခါနနိ လူမ ရှိ ရ။
Tip: use the ← and → keys to turn chapters.