יְהוֹשֻׁעַ
Chapter 13
Hebrew Old Testament (Ma…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

יְהוֹשֻׁעַ 13

Hebrew Old Testament (Masoretic Text)
Judson Burmese Bible (1840)
1וִיהֹושֻׁ֣עַ זָקֵ֔ן בָּ֖א בַּיָּמִ֑ים וַיֹּ֨אמֶר יְהוָ֜ה אֵלָ֗יו אַתָּ֤ה זָקַ֙נְתָּה֙ בָּ֣אתָ בַיָּמִ֔ים וְהָאָ֛רֶץ נִשְׁאֲרָ֥ה הַרְבֵּֽה־מְאֹ֖ד לְרִשְׁתָּֽהּ׃
1ယောရှု သည် အို ၍ အသက် ကြီးရင့် သောအခါ ၊ ထာဝရဘုရား က၊ သင် သည် အို ၍ အသက် ကြီးရင့် ပြီ။ သိမ်းယူ ရမည့်မြေ လည်း အများ ကျန် သေး၏။
2זֹ֥את הָאָ֖רֶץ הַנִּשְׁאָ֑רֶת כָּל־גְּלִילֹ֥ות הַפְּלִשְׁתִּ֖ים וְכָל־הַגְּשׁוּרִֽי׃
2ကျန် သောမြေ ဟူမူကား ၊ ဖိလိတ္တိ ပြည် မှစ၍ ဂေရှုရိ ပြည်တရှောက်လုံး၊
3מִֽן־הַשִּׁיחֹ֞ור אֲשֶׁ֣ר ׀ עַל־פְּנֵ֣י מִצְרַ֗יִם וְעַ֨ד גְּב֤וּל עֶקְרֹון֙ צָפֹ֔ונָה לַֽכְּנַעֲנִ֖י תֵּחָשֵׁ֑ב חֲמֵ֣שֶׁת ׀ סַרְנֵ֣י פְלִשְׁתִּ֗ים הָעַזָּתִ֤י וְהָאַשְׁדֹּודִי֙ הָאֶשְׁקְלֹונִ֣י הַגִּתִּ֔י וְהָעֶקְרֹונִ֖י וְהָעַוִּֽים׃
3အဲဂုတ္တု ပြည်အရှေ့ ၊ ရှိဟောရ မြစ်မှစ၍ မြောက် မျက်နှာ၌ ဧကြုန် မြို့နယ် တိုင်အောင် ၊ ခါနနိ လူနေသောပြည်၊ ဖိလိတ္တိ မင်း ငါး ပါးတည်းဟူသောဂါဇသိ လူ၊ အာဇောတိ လူ၊ ဧရှကလောနိ လူ၊ ဂိတ္တိ လူ၊ ဧကြောနိ လူနှင့်တကွ ၊ အာဝိ လူနေသောပြည်၊
4מִתֵּימָ֞ן כָּל־אֶ֣רֶץ הַֽכְּנַעֲנִ֗י וּמְעָרָ֛ה אֲשֶׁ֥ר לַצִּידֹנִ֖ים עַד־אֲפֵ֑קָה עַ֖ד גְּב֥וּל הָאֱמֹרִֽי׃
4တောင် မျက်နှာမှစ၍ အာမောရိ ပြည် အာဖက် မြို့တိုင်အောင် ၊ ခါနနိ ပြည် တရှောက်လုံး နှင့် ဇိဒုန် ပြည် အနားမှာရှိသော မာရာ ပြည်၊
5וְהָאָ֣רֶץ הַגִּבְלִ֗י וְכָל־הַלְּבָנֹון֙ מִזְרַ֣ח הַשֶּׁ֔מֶשׁ מִבַּ֣עַל גָּ֔ד תַּ֖חַת הַר־חֶרְמֹ֑ון עַ֖ד לְבֹ֥וא חֲמָֽת׃
5နေ ထွက် ရာဘက်၊ ဟေရမုန် တောင် ခြေရင်း ၌ ဗာလဂဒ် မြို့မှစ၍ ဟာမတ် ပြည်အဝင်တိုင်အောင် ဂေဗလ ပြည် ၊ လေဗနုန် ပြည် တရှောက်လုံး ကျန်သတည်း။
6כָּל־יֹשְׁבֵ֣י הָ֠הָר מִֽן־הַלְּבָנֹ֞ון עַד־מִשְׂרְפֹ֥ת מַ֙יִם֙ כָּל־צִ֣ידֹנִ֔ים אָֽנֹכִי֙ אֹורִישֵׁ֔ם מִפְּנֵ֖י בְּנֵ֣י יִשְׂרָאֵ֑ל רַ֠ק הַפִּלֶ֤הָ לְיִשְׂרָאֵל֙ בְּֽנַחֲלָ֔ה כַּאֲשֶׁ֖ר צִוִּיתִֽיךָ׃
6လေဗနုန် တောင်မှစ၍ မိသရဖေါသမိမ် မြို့တိုင်အောင် ၊ တောင် ပေါ်၌နေ သောသူနှင့် ဇိဒေါနိ လူအပေါင်း တို့ကို ဣသရေလ အမျိုးသားရှေ့ မှ ငါနှင်ထုတ် မည်။ သို့ဖြစ်၍ ငါမှာ ထားသည်အတိုင်း စာရေးတံ ပြုလျက် ထိုမြေကို ဣသရေလ လူတို့အား အမွေ ဝေဖန်လော့။
7וְעַתָּ֗ה חַלֵּ֞ק אֶת־הָאָ֧רֶץ הַזֹּ֛את בְּנַחֲלָ֖ה לְתִשְׁעַ֣ת הַשְּׁבָטִ֑ים וַחֲצִ֖י הַשֵּׁ֥בֶט הַֽמְנַשֶּֽׁה׃
7ယခု မှာ ဤ ပြည် ကို ဣသရေလအမျိုး ကိုး မျိုးနှင့် မနာရှေ အမျိုး တဝက် တို့အား အမွေ ဝေဖန် လော့။
8עִמֹּ֗ו הָרֽאוּבֵנִי֙ וְהַגָּדִ֔י לָקְח֖וּ נַחֲלָתָ֑ם אֲשֶׁר֩ נָתַ֨ן לָהֶ֜ם מֹשֶׁ֗ה בְּעֵ֤בֶר הַיַּרְדֵּן֙ מִזְרָ֔חָה כַּאֲשֶׁר֙ נָתַ֣ן לָהֶ֔ם מֹשֶׁ֖ה עֶ֥בֶד יְהוָֽה׃
8ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေအမျိုးတဝက်တို့သည် ယော်ဒန် မြစ်အရှေ့ ဘက် ၊ မောရှေ ပေး သည်အတိုင်း မိမိ တို့အမွေ မြေကို ခံ ကြပြီဟု မိန့်တော်မူ၏။
9מֵעֲרֹועֵ֡ר אֲשֶׁר֩ עַל־שְׂפַת־נַ֨חַל אַרְנֹ֜ון וְהָעִ֨יר אֲשֶׁ֧ר בְּתֹוךְ־הַנַּ֛חַל וְכָל־הַמִּישֹׁ֥ר מֵידְבָ֖א עַד־דִּיבֹֽון׃
9ထာဝရဘုရား ၏ကျွန် မောရှေ ပေး သော မြေဟူမူကား ၊ အာနုန် မြစ် နား ၌ ရှိသော အာရော် မြို့၊ မြစ် အကွေ့ ၌ ရှိသမျှသော မြို့ တို့နှင့်တကွ ၊ ဒိဘုန် မြို့တိုင်အောင် မေဒဘ လွင်ပြင်တရှောက်လုံး၊
10וְכֹ֗ל עָרֵי֙ סִיחֹון֙ מֶ֣לֶךְ הָאֱמֹרִ֔י אֲשֶׁ֥ר מָלַ֖ךְ בְּחֶשְׁבֹּ֑ון עַד־גְּב֖וּל בְּנֵ֥י עַמֹּֽון׃
10အမ္မုန် ပြည် စွန်းတိုင်အောင် ၊ ဟေရှဘုန် မြို့၌ မင်းပြု သောအာမောရိ ရှင်ဘုရင် ရှိဟုန် အစိုးရသောမြို့ ရှိသမျှ၊
11וְהַגִּלְעָ֞ד וּגְב֧וּל הַגְּשׁוּרִ֣י וְהַמַּעֲכָתִ֗י וְכֹ֨ל הַ֥ר חֶרְמֹ֛ון וְכָל־הַבָּשָׁ֖ן עַד־סַלְכָֽה׃
11ဂိလဒ် ပြည်၊ ဂေရှုရိ လူ၊ မာခါသိ လူနေသောပြည် ၊ ဟေရမုန် တောင် ရှိသမျှ ၊ သာလက ပြည်တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး၊
12כָּל־מַמְלְכ֥וּת עֹוג֙ בַּבָּשָׁ֔ן אֲשֶׁר־מָלַ֥ךְ בְּעַשְׁתָּרֹ֖ות וּבְאֶדְרֶ֑עִי ה֤וּא נִשְׁאַר֙ מִיֶּ֣תֶר הָרְפָאִ֔ים וַיַּכֵּ֥ם מֹשֶׁ֖ה וַיֹּרִשֵֽׁם׃
12အလွန် ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူ၊ အာရှတရုတ် မြို့၊ ဧဒြိ မြို့၌ မင်းပြု သော ဗာရှန် ရှင်ဘုရင်ဩဃ ၏ နိုင်ငံ တရှောက်လုံး ပါသတည်း။ ထိုမင်း တို့ကို မောရှေ သည် လုပ်ကြံ ၍ ပယ်ရှား လေ၏။
13וְלֹ֤א הֹורִ֙ישׁוּ֙ בְּנֵ֣י יִשְׂרָאֵ֔ל אֶת־הַגְּשׁוּרִ֖י וְאֶת־הַמַּעֲכָתִ֑י וַיֵּ֨שֶׁב גְּשׁ֤וּר וּמַֽעֲכָת֙ בְּקֶ֣רֶב יִשְׂרָאֵ֔ל עַ֖ד הַיֹּ֥ום הַזֶּֽה׃
13သို့ရာတွင် ဣသရေလ လူတို့သည် ဂေရှုရိ လူ၊ မာခါသိ လူတို့ကို မ နှင်ထုတ် ကြ။ ထိုလူမျိုးတို့သည် ယနေ့ တိုင်အောင် ဣသရေလ အမျိုးသားတို့နှင့်အတူ နေ ကြ၏။
14רַ֚ק לְשֵׁ֣בֶט הַלֵּוִ֔י לֹ֥א נָתַ֖ן נַחֲלָ֑ה אִשֵּׁ֨י יְהוָ֜ה אֱלֹהֵ֤י יִשְׂרָאֵל֙ ה֣וּא נַחֲלָתֹ֔ו כַּאֲשֶׁ֖ר דִּבֶּר־לֹֽו׃ ס
14လေဝိ အမျိုး အား အမွေ ကိုမ ပေး။ ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား အား မီး ဖြင့်ပူဇော်သောယဇ်တို့သည် အမိန့် တော်ရှိသည်အတိုင်း သူ တို့အမွေ ဖြစ်သတည်း။
15וַיִּתֵּ֣ן מֹשֶׁ֔ה לְמַטֵּ֥ה בְנֵֽי־רְאוּבֵ֖ן לְמִשְׁפְּחֹתָֽם׃
15မောရှေ သည်၊ ရုဗင် အမျိုးသား အဆွေအမျိုး အသီးအသီး တို့အား အမွေပေး သောပြည်များဟူမူကား၊
16וַיְהִ֨י לָהֶ֜ם הַגְּב֗וּל מֵעֲרֹועֵ֡ר אֲשֶׁר֩ עַל־שְׂפַת־נַ֨חַל אַרְנֹ֜ון וְהָעִ֨יר אֲשֶׁ֧ר בְּתֹוךְ־הַנַּ֛חַל וְכָל־הַמִּישֹׁ֖ר עַל־מֵידְבָֽא׃
16အာနုန် မြစ် နား ၌ ရှိသော အာရော် မြို့ ၊ မြစ် အကွေ့ ၌ ရှိသမျှသော မြို့ တို့နှင့်တကွ ၊ မေဒဘ လွင်ပြင်တရှောက်လုံး၊
17חֶשְׁבֹּ֥ון וְכָל־עָרֶ֖יהָ אֲשֶׁ֣ר בַּמִּישֹׁ֑ר דִּיבֹון֙ וּבָמֹ֣ות בַּ֔עַל וּבֵ֖ית בַּ֥עַל מְעֹֽון׃
17ဟေရှဘုန် မြို့နှင့်တကွလွင်ပြင် ၌ ရှိသမျှ သော မြို့ ၊ ဒိဘုန် မြို့၊ ဗာမုတ်ဗာလ မြို့၊ ဗက်ဗာလမောင် မြို့၊
18וְיַ֥הְצָה וּקְדֵמֹ֖ת וּמֵפָֽעַת׃
18ယဟာဇ မြို့၊ ကေဒမုတ် မြို့၊ မေဖတ် မြို့၊
19וְקִרְיָתַ֣יִם וְשִׂבְמָ֔ה וְצֶ֥רֶת הַשַּׁ֖חַר בְּהַ֥ר הָעֵֽמֶק׃
19ကိရယသိမ် မြို့၊ စိဗမာ မြို့၊ ချိုင့် တွင်တောင် ပေါ် မှာရှိသော ဇာရက်ရှာဟာ မြို့၊
20וּבֵ֥ית פְּעֹ֛ור וְאַשְׁדֹּ֥ות הַפִּסְגָּ֖ה וּבֵ֥ית הַיְשִׁמֹֽות׃
20ဗက်ပေဂုရ မြို့၊ အာဇုတ် ပိသကာ မြို့၊ ဗက်ယေရှိမုတ် မြို့၊
21וְכֹל֙ עָרֵ֣י הַמִּישֹׁ֔ר וְכָֽל־מַמְלְכ֗וּת סִיחֹון֙ מֶ֣לֶךְ הָאֱמֹרִ֔י אֲשֶׁ֥ר מָלַ֖ךְ בְּחֶשְׁבֹּ֑ון אֲשֶׁר֩ הִכָּ֨ה מֹשֶׁ֜ה אֹתֹ֣ו ׀ וְאֶת־נְשִׂיאֵ֣י מִדְיָ֗ן אֶת־אֱוִ֤י וְאֶת־רֶ֙קֶם֙ וְאֶת־צ֤וּר וְאֶת־חוּר֙ וְאֶת־רֶ֔בַע נְסִיכֵ֣י סִיחֹ֔ון יֹשְׁבֵ֖י הָאָֽרֶץ׃
21လွင်ပြင် ၌ရှိသမျှ သော မြို့ တို့နှင့်တကွ ၊ ဟေရှဘုန် မြို့၌ မင်းပြု ရသော အာမောရိ ရှင်ဘုရင် ရှိဟုန် ၏နိုင်ငံ တရှောက်လုံး ကိုပေးသတည်း။ ထိုရှင် ဘုရင်ကို၎င်း ၊ ထိုရှင်ဘုရင်ချီးမြှောက်၍ သူ့ပြည် ၌နေ သောမိဒျန် မင်းကြီး ငါးပါး၊ ဧဝိ ၊ ရေကင် ၊ ဇုရ ၊ ဟုရ ၊ ရေဘ တို့ကို၎င်း၊ မောရှေ သည် လုပ်ကြံ လေ၏။
22וְאֶת־בִּלְעָ֥ם בֶּן־בְּעֹ֖ור הַקֹּוסֵ֑ם הָרְג֧וּ בְנֵֽי־יִשְׂרָאֵ֛ל בַּחֶ֖רֶב אֶל־חַלְלֵיהֶֽם׃
22ပရောဖက် လုပ်သော ဗောရ သား ဗာလမ် ကိုလည်း ၊ အသေခံ ရသောသူ တို့နှင့်ရော ၍ ဣသရေလ လူတို့သည် ထား နှင့် ကွပ်မျက် ကြ၏။
23וַיְהִ֗י גְּבוּל֙ בְּנֵ֣י רְאוּבֵ֔ן הַיַּרְדֵּ֖ן וּגְב֑וּל זֹ֣את נַחֲלַ֤ת בְּנֵֽי־רְאוּבֵן֙ לְמִשְׁפְּחֹתָ֔ם הֶעָרִ֖ים וְחַצְרֵיהֶֽן׃ פ
23ရုဗင် အမျိုးသား နေရာအပိုင်း အခြားကား၊ ယော်ဒန် မြစ်နှင့် မြစ်ကမ်းပါး တည်း။ ဤရွေ့ကား၊ ရုဗင် အမျိုးသား အဆွေ အမျိုးအလိုက် အမွေခံ ရသောမြို့ ရွာ များပေတည်း။
24וַיִּתֵּ֤ן מֹשֶׁה֙ לְמַטֵּה־גָ֔ד לִבְנֵי־גָ֖ד לְמִשְׁפְּחֹתָֽם׃
24မောရှေ သည် ဂဒ် အမျိုးသား အဆွေ အမျိုးအသီး အသီးတို့အား အမွေပေး သော ပြည်များဟူမူကား၊
25וַיְהִ֤י לָהֶם֙ הַגְּב֔וּל יַעְזֵר֙ וְכָל־עָרֵ֣י הַגִּלְעָ֔ד וַחֲצִ֕י אֶ֖רֶץ בְּנֵ֣י עַמֹּ֑ון עַד־עֲרֹועֵ֕ר אֲשֶׁ֖ר עַל־פְּנֵ֥י רַבָּֽה׃
25ယာဇာ မြို့ မှစ၍ ဂိလဒ် မြို့ ရှိသမျှ တို့နှင့်တကွ ၊ ရဗ္ဗာ မြို့ရှေ့ ၌ ရှိသော အာရော် မြို့တိုင်အောင် အမ္မုန် ပြည် တဝက်၊
26וּמֵחֶשְׁבֹּ֛ון עַד־רָמַ֥ת הַמִּצְפֶּ֖ה וּבְטֹנִ֑ים וּמִֽמַּחֲנַ֖יִם עַד־גְּב֥וּל לִדְבִֽר׃
26ဟေရှဘုန် မြို့မှစ၍ ရာမတ် မိဇပါ မြို့၊ ဗေတောနိမ် မြို့တိုင်အောင်၎င်း ၊ မဟာနိမ် မြို့မှစ၍ ဒေဗိရ မြို့နယ် တိုင်အောင် ၎င်း ပါသောပြည်၊
27וּבָעֵ֡מֶק בֵּ֣ית הָרָם֩ וּבֵ֨ית נִמְרָ֜ה וְסֻכֹּ֣ות וְצָפֹ֗ון יֶ֚תֶר מַמְלְכ֗וּת סִיחֹון֙ מֶ֣לֶךְ חֶשְׁבֹּ֔ון הַיַּרְדֵּ֖ן וּגְבֻ֑ל עַד־קְצֵה֙ יָם־כִּנֶּ֔רֶת עֵ֥בֶר הַיַּרְדֵּ֖ן מִזְרָֽחָה׃
27ချိုင့် ၌ လည်း ၊ ဗေသာရံ မြို့၊ ဗက်နိမရ မြို့၊ သုကုတ် မြို့၊ ဇာဖုန် မြို့အစရှိသော ယော်ဒန် မြစ်အရှေ့ ဘက် ယော်ဒန် မြစ်အပိုင်း အခြား၊ ဂင်္နေသရက် အိုင် နား တိုင်အောင် ၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ပိုင်သော နိုင်ငံ ကျန်ကြွင်း သမျှကိုပေးသတည်း။
28זֹ֛את נַחֲלַ֥ת בְּנֵי־גָ֖ד לְמִשְׁפְּחֹתָ֑ם הֶעָרִ֖ים וְחַצְרֵיהֶֽם׃
28ဤရွေ့ကား၊ ဂဒ် အမျိုးသား အဆွေအမျိုး အလိုက် အမွေခံ ရသောမြို့ ရွာ များပေတည်း။
29וַיִּתֵּ֣ן מֹשֶׁ֔ה לַחֲצִ֖י שֵׁ֣בֶט מְנַשֶּׁ֑ה וַיְהִ֗י לַחֲצִ֛י מַטֵּ֥ה בְנֵֽי־מְנַשֶּׁ֖ה לְמִשְׁפְּחֹותָֽם׃
29မောရှေ သည် မနာရှေ အမျိုး တဝက် အား အမွေပေး ၍ ၊ မနာရှေ အမျိုးသား တဝက် သည် အဆွေအမျိုး အလိုက် အမွေခံရသောပြည်များဟူမူကား၊
30וַיְהִ֣י גְבוּלָ֗ם מִמַּחֲנַ֨יִם כָּֽל־הַבָּשָׁ֜ן כָּֽל־מַמְלְכ֣וּת ׀ עֹ֣וג מֶֽלֶךְ־הַבָּשָׁ֗ן וְכָל־חַוֹּ֥ת יָאִ֛יר אֲשֶׁ֥ר בַּבָּשָׁ֖ן שִׁשִּׁ֥ים עִֽיר׃
30မဟာနိမ် မြို့မှစ၍ ဗာရှန် ပြည်တည်းဟူသောဗာရှန် ရှင်ဘုရင် ဩဃ ၏ နိုင်ငံ တရှောက်လုံး ၊ ဗာရှန် ပြည်၌ ပါသော ယာဣရ မြို့ခြောက် ဆယ်ကို အမွေခံရသတည်း။
31וַחֲצִ֤י הַגִּלְעָד֙ וְעַשְׁתָּרֹ֣ות וְאֶדְרֶ֔עִי עָרֵ֛י מַמְלְכ֥וּת עֹ֖וג בַּבָּשָׁ֑ן לִבְנֵ֤י מָכִיר֙ בֶּן־מְנַשֶּׁ֔ה לַחֲצִ֥י בְנֵֽי־מָכִ֖יר לְמִשְׁפְּחֹותָֽם׃
31ဂိလဒ် ပြည်တဝက် ၊ ဗာရှန် ပြည်၌ ဩဃ ၏ နိုင်ငံ အဝင်၊ အာရှတရုတ် မြို့နှင့် ဧဒြိ မြို့တို့ကို မနာရှေ သား မာခိရ ၏ သား မြေးတဝက် အဆွေ အမျိုးအလိုက် ပိုင်ရကြ၏။
32אֵ֕לֶּה אֲשֶׁר־נִחַ֥ל מֹשֶׁ֖ה בְּעַֽרְבֹ֣ות מֹואָ֑ב מֵעֵ֛בֶר לְיַרְדֵּ֥ן יְרִיחֹ֖ו מִזְרָֽחָה׃ ס
32ဤရွေ့ကား၊ မောရှေ သည် ယော်ဒန် မြစ်အရှေ့ ၊ ယေရိခေါ မြို့တစ်ဘက် ၊ မောဘ လွင်ပြင် ၌ အမွေ ဝေဖန်သော ပြည်များပေတည်း။
33וּלְשֵׁ֙בֶט֙ הַלֵּוִ֔י לֹֽא־נָתַ֥ן מֹשֶׁ֖ה נַחֲלָ֑ה יְהוָ֞ה אֱלֹהֵ֤י יִשְׂרָאֵל֙ ה֣וּא נַחֲלָתָ֔ם כַּאֲשֶׁ֖ר דִּבֶּ֥ר לָהֶֽם׃
33လေဝိ အမျိုး အား အမွေ ကိုမ ပေး။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် အမိန့် တော်ရှိသည်အတိုင်း သူ တို့အမွေ ဖြစ်တော်မူသတည်း။

Tip: use the ← and → keys to turn chapters.